သုံးရက်အတွင်း ခြေလက်တွေ ဖွေးလာစေချင်တာလား

Beauty

သုံးရက်အတွင်း ခြေလက်တွေ ဖွေးလာစေချင်တာလား

သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင်

နှစ်သစ်မှာ ဆေးနည်းသစ်တခုပေးပါရစေသုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့်အသားအရေ ထူးခြားလာစေရပါမယ် ။

အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းစေပါတယ်။

ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုပါတယ် ။

ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။

ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့် ။

ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆက်တိုက်လုပ်ထားဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့်

သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာပဲ ဖြစ်ပါတယ် ။

ပထမအဆင့် Scrub

ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပေးပါ ။

ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေးတွေ ပိုင်းပြီးထည့်ပါ ။(တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)

သကြား၊စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ ။

ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင် ပထမအဆင့် ပြီးပါပြီ ။

ဒုတိယအဆင့် Whitening Pack

ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုမိုအရေးကြီးတယ်။

အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender (ကြိတ်စက်)ထဲ ထည့်ကြိတ်ပါ ။

(blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်)။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို

သန့်စင်တဲ့ ပိတ်ဖြူစ(အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ ။

ဒါဆိုရင် အာလူးသီးအရည်ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး

ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ အရင် ရောစပ်ပါ ။

ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး

သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ Pack တခုရရှိမှာ ဖြစ်ပါတယ် ။

ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး

နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေး လိုက်ပါ

နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ

ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် ။ ။

ဒေါက်တာ အေးမင်းထူး

Zawgyi

သုံးရက္အတြင္း ေျခလက္ေတြ ေဖြးလာေစခ်င္တာလား

သုံးရက္အတြင္း ေျခလက္ေတြ ျဖဴေဖြးလာေအာင္

ႏွစ္သစ္မွာ ေဆးနည္းသစ္တခုေပးပါရေစသုံးရက္မဟုတ္ဘဲ တစ္ရက္နဲ႔ကို သင့္အသားအေရ ထူးျခားလာေစရပါမယ္ ။

အထူးသျဖင့္ ေနေလာင္ထားတဲ့ ေျခ၊လက္ အသားအေရအတြက္ ဒီနည္းက အသုံးဝင္လြန္းေစပါတယ္။

ပ်က္ဆီးေနတဲ့ အသားအေရ ျပန္လည္ ျဖဴေဖြးခ်င္တယ္ ဆိုရင္ အဆင့္(၂)ဆင့္ ျပဳလုပ္ဖို႔ လိုပါတယ္ ။

ပထမအဆင့္က ဆဲလ္ေသေတြ ဖယ္ရွားတဲ့အဆင့္ျဖစ္တယ္။ scrub လို႔ ေခၚပါတယ္။

ဒုတိယအဆင့္က ေျခလက္ေတြ ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့အဆင့္ ။

ဒီအဆင့္ႏွစ္ဆင့္ကို တခ်ိန္တည္း ဆက္တိုက္လုပ္ထားဖို႔ လိုပါတယ္။ ဒီလိုျပဳလုပ္ျခင္းအားျဖင့္

သင့္အသားအေရဟာ သုံးရက္အတြင္း သိသာလာမွာပဲ ျဖစ္ပါတယ္ ။

ပထမအဆင့္ Scrub

ဆဲလ္ေသေတြ ဖယ္ရွားတဲ့အဆင့္ျဖစ္တယ္။ ဒီအဆင့္မွာ သၾကား လက္ဖက္ရည္တစ္ဇြန္းစာ နဲ႔ စႏၵာကူးမႈန႔္ ထမင္းစားဇြန္း တစ္ဇြန္းစာကို ေရာစပ္ေပးပါ ။

ၿပီးရင္ အဆိုပါအေရာထဲ ခရမ္းခ်ဥ္သီးကို အတုံး ခပ္ေသးေသးေလးေတြ ပိုင္းၿပီးထည့္ပါ ။(တခ်ိဳ႕က အထဲက အႏွစ္ကိုလည္း အသုံးျပဳၾကတယ္)

သၾကား၊စႏၵာကူးမႈန႔္နဲ႔ ခရမ္းခ်ဥ္းသီး သုံးမ်ိဳးအေရာကို ေျခေထာက္ သို႔မဟုတ္ လက္ စတဲ့ေနရာေတြမွာ ၅-၁၀ မိနစ္ခန႔္ ၾကာေအာင္ ပြတ္ေပးပါ ။

ၿပီးတာနဲ႔ ေရခပ္ေႏြးေႏြးနဲ႔ ေဆးခ်ၿပီး အဝတ္ေျခာက္တခုနဲ႔ ေသခ်ာသုတ္ပါ။ ဒါဆိုရင္ ပထမအဆင့္ ၿပီးပါၿပီ ။

ဒုတိယအဆင့္ Whitening Pack

ဒီအဆင့္က ေျခလက္ေတြကို ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့အဆင့္ျဖစ္လို႔ ပိုမိုအေရးႀကီးတယ္။

အရင္ဆုံး အာလူးသီးကို အခြံခြာၿပီး blender (ႀကိတ္စက္)ထဲ ထည့္ႀကိတ္ပါ ။

(blender မရွိရင္ ႏုတ္ႏုတ္စင္းၿပီး ညက္ေအာင္ ေထာင္းလို႔လည္းရပါတယ္)။ ၿပီးရင္ ထြက္လာတဲ့ အႏွစ္ကို

သန႔္စင္တဲ့ ပိတ္ျဖဴစ(အဝတ္စ)တစ္ခုထဲထည့္ၿပီး အရည္ခ်ည္းထြက္ေအာင္ စစ္ထုတ္ယူပါ ။

ဒါဆိုရင္ အာလူးသီးအရည္ရလာလိမ့္မယ္။ အာလူးသီးအရည္ကို ထမင္းစားဇြန္း (၄)ဇြန္းစာေလာက္ယူၿပီး

ေရွာက္သီးရည္ ထမင္းစားဇြန္း (၃)ဇြန္းစာ အရင္ ေရာစပ္ပါ ။

ၿပီးရင္ ဆန္မႈန႔္ ထမင္းစားဇြန္း(၂)ဇြန္းထပ္ထည့္ပါ။ ေနာက္ဆုံးမွ ပ်ားရည္ ထမင္းစားဇြန္း(၁)ဇြန္း ေရာထည့္လိုက္ၿပီး

သမေအာင္ ေမႊရင္ အသားျဖဴေဖြးေစတဲ့ Pack တခုရရွိမွာ ျဖစ္ပါတယ္ ။

ရလာတဲ့ ေလးမ်ိဳးစပ္ အေရာကို ေျခ၊လက္၊ကုပ္ စတဲ့ေနရာေတြမွာ လိမ္းၿပီး

နာရီဝက္ျပည့္ေအာင္ လိမ္းထားလိုက္ပါ။ ၿပီးရင္ ေရေဆး လိုက္ပါ

နဂိုမည္းေနတဲ့အသားအေရေတြ သုံးရက္အတြင္း သိသိသာသာ

ျပန္လည္ျဖဴေဖြးလာတာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ေနာ္ ။ ။

ေဒါက္တာ ေအးမင္းထူး

Leave a Reply

Your email address will not be published. Required fields are marked *