Facebook ပေါ်မှာမလုပ်သင့်တဲ့ အချက် (၁၀) ချက်……..

အေထြအေထြဗဟုသုတ

Facebook ပေါ်မှာမလုပ်သင့်တဲ့ အချက် (၁၀) ချက်…

ဒီနေ့ခေတ်မှာ Facebook က လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာတစ်ခု အဖြစ်ရပ်တည်နေပြီး၊တစ်ကမ္ဘာလုံးမှာ Facebook အသုံးပြုသူဟာ တစ်ရက်ကို ၁.၂၈ ဘီလီယံခန့်ရှိတယ် လို့ မတ် လ စာရင်းများအရ သိရပါတယ်။ဒါ့အပြင် Facebook အသုံးပြုသူ လူဦးရေဟာ တစ်နှစ်ကို ၁၈ % ခန့် ပိုများလာနေတဲ့အတွက်Facebook ရဲ့ အသုံးပြုတဲ့လူဦးရေဟာ တစ်နေ့တခြားပိုများလာနေပါတယ်။

Facebook အသုံးပြုသူအများစုဟာ အချင်းချင်းဆက်သွယ်ကြပြီး၊အတွေးအခေါ်တွေကို မျှဝေကြပြီး သတင်းအချက်အလက်တွေကို ရယူကြပါတယ်။ဒါပေမဲ့ Facebook မှာလည်း ပြင်ပလောကလိုပဲ ကျင့်ဝတ်စည်းကမ်းလေးတွေရှိကြပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့ Facebook Friends တွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး၊သင့်အနေနဲ့လည်း Facebook ကို လုံခြုံစွာ အသုံးပြုချင်တယ်ဆိုရင်Facebook ပေါ်မှာ ၊မလုပ်သင့်တဲ့ အချက် (၁၀) ချက် ကိုဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်တင်ထားတဲ့ Status တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင်ဒိုင်ခံ Like ပေးနေခြင်း။

Facebook ပေါ်မှာ Post တင်ကတည်းက သင်ကြိုက်လို့ တင်လိုက်တာပါ။ဒါ့ကြောင့် ဒါကြီးကို Like နှိပ်ပြီး သင့်လည်း ကြိုက်ကြောင်း ပြစရာမလိုပါဘူး။ဒါပေမဲ့ ကိုယ့် ပိုစ့်ကို ကိုယ် Like လုပ်ကြတဲ့ လူတွေရဲ့ စိတ်တွေထဲမှာတော့ ကိုယ်ရဲ့ပိုစ်ကို ကိုယ် Like မယ်ဆိုရင် ကိုယ်ရဲ့ ပိုစ်ဟာ သူငယ်ချင်းတွေ တွေပိုသိကြမလားဆိုပြီး Like နှိပ်ထားလေ့ရှိပါတယ်။ဒီလိုလုပ်တာကလည်း ကိုယ်တင်ထားတဲ့ Post ကို ကိုယ်ကိုတိုင် မယုံသလိုဖြစ်နေပါတယ်။ဒါ့ကြောင့် ကိုယ့် Post ကို ကိုယ်တိုင်ပြန် Like လေ့ရှိတယ်ဆိုရင် အဲ့လိုလုပ် ရပ်လိုက်ပါတော့။ ဒါက လုံးဝသဘာဝ မကြပါဘူး။

၂။ Page အသစ် Invites လုပ်တာမျိုး။

တစ်ခါတစ်လေ လူတွေက သူတို့ရဲ့ Page အသစ်တွေ စလုပ်ပြီး သူရဲ့ Friend List အကုန္လုံးကို Invites တွေ လိုက်ပို့လေ့ရှိပါတယ်။ဒီလိုလုပ်တာကလည်း သဘာဝမကြပါဘူး။တကယ်လို့ သင့် Page ကတင်တဲ့ ပိုစ့်တွေဟာ ဆွဲဆောင်မှုရှိနေတယ်ဆိုရင် သူတို့ကို Invites တောင်လုပ်စရာမလိုပဲ Like လာပါလိမ့်မယ်။ဒါ့ကြောင့် လူတွေကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ သွားမပြောပါနဲ့။လူတွေက သူတို့ ယုံကြည်တဲ့ အရာတစ္ခုကိုပဲ လုပ်ကြတာ ဖြစ်ပါတယ်။

၃။ လူတကာကို လျှောက် Tag နေခြင်း။

ဒီ ကိစ္စကတော့ Facebook စသုံးလာကတည်းက ဆွေးနွေးလာကြတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ အတွက် အခုချိန်မှာတော့ လူတော်တော်များများ သဘောပေါက်နေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် မဖြစ်မ‌ နေTag တွဲရမယ်ဆိုရင်တော့ လုံးဝအားမနာပဲ Tag တွဲလိုက်ပါ။လူတွေက သင်အဲ့လို သူတို့ကို သတိတရ Tag တွဲတဲ့ အတွက် ပျော်ကြမှာပါ။ဒါပေမဲ့ သင်ကိုယ်တိုင်တောင် မသိတဲ့လူတွေကိုတော့ Tag သွားမတွဲမိပါစေနဲ့။Like များများလိုချင်လို့ လူ ၅၀ လောက်ကို Tag တွဲပြီး Post တင်လိုက်တာမျိုးက တကယ်စိတ်ပျက်ဖို့ ကောင်းပါတယ်။

၄။ အသုံးမဝင်တဲ့ Event တွေ Invites တွေလုပ်ခြင်း။

မလိုအပ်ဘဲ Invites တွေ လိုက်ပို့တာကိုက အဓိပ္ပါယ မရှိပါဘူး။ဒါကြောင့် Event တွေ Invite လုပ်မယ်ဆိုလည်း တကယ်သွားချင်လောက်တဲ့ လူကိုပဲ Invite လုပ်ပါ။လူတကာကို Invite လုပ်နေမယ်ဆိုရင် သင်က Facebook ပေါ်မှာပါ ကြောင်တောင်တောင် လူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။

၅။ Twitter တို့ Instagram တို့နဲ့ Cross-Post မတင်ပါနဲ့။

သင့်ရဲ့ Facebook က Follower တွေနဲ့ Twitter က Follower ဆိုတာလည်း မတူပါဘူး။Facebook post ကောင်းကောင်းတစ်ခုဆိုတာလည်း Tweet ကောင်းကောင်းနဲ့ မတူပါဘူး။ဒါ့ကြောင့် အကြောင်းအရာတစ်ခုတည်းကိုပဲ ဆိုရှယ်မီဒီယာ ၂ ခု၊ ၃ခုပေါ် တင်မနေပါနဲ့။ဒါ့ကြောင့် ဒီလိုလုပ်မယ်ဆိုရင် သင့်ရဲ့ Friends တွေနဲ့ Follower တွေကို အာရုံပဲနောက်စေမှာပါ။

၆။ Like ရရန် Attention မယူပါနဲ့။

Facebook Post တစ်ခုမှာLike လိုချင်ကို Attention တောင်းတာက ကြည့်ရတာ အဆင်မပြေပါဘူး။ဒါ့ပေမဲ့ အများစုက ဒီလိုလုပ်နေကြဆဲပါ။ လူတွေကသင့်ကို အရမ်းအားနာလို့ပဲ Like လုပ်သွားရင် သွားပါလိမ့်မယ်၊သူတို့အတွက်လည်း အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် Like ရဖို့ သူတို့အတွက် အသုံးမဝင်တာတွေကို Like မလုပ်ခိုင်းပါနဲ့။

၇။ Message တစ်စောင်တည်းကို လူအများကြီးလျှောက်ပို့တာမျိုးမလုပ်ပါနဲ့။

Facebook ကို မျက်နှာပြောင်ဖို့အတွက်သုံးပြီး သင်ပို့လိုက်တဲ့ သူတွေကလည်း သင့်လိုပဲ မျက်နှာပြောင်တဲ့ သူတွေပဲဆိုရင်တော့ ပြဿနာ မရှိပါဘူး။ဒါပေမဲ့ သင်ကို သင်မလိုချင်တဲ့ ကြော်ငြာလိုလို စာတစ်စောင်ကို သင်ဆီပို့လိုက်ရင် သင်ချက်ချင်းလွှင့်ပစ်လိုက်တာပဲမှလား။သင်တစ်ယောက်တည်းကို ဦးတည်ပြီးပို့ရင်တော့ သင့်အတွက်ရတနာ တစ်ခုပေါ့။ Facebook မွာ Message ပို့တာကလည်း ဒီလိုပါပဲ။လူတွေက သူတို့ကို ဒီလို Message တွေပို့တာမျိုးကို မကြိုက်ကြပါဘူး။

၈။ Check-in ဝင်ခြင်း။

ဆိုရှယ်မီဒီယာ စွဲလမ်းသူတစ်ယောက်ဆိုရင်တောင် သင် Facebook ပေါ်ကို အကုန်တင်စရာမလိုပါဘူး။သင်ရဲ့ ပုဂ္ဂိုလ်ရေးရာ ဘဝကိုလည်း ဖုံးကွယ်ထားဖို့ လိုပါလိမ့်မယ်။သင်တစ်နေ့ကို နေရာ ၅ နေရာလောက် သွားရင် ၅ နေရာလုံးကို Check In တင်စရာမလိုပါဘူး။ဒါ့အပြင် ဒါ့ဟာ သင့်နောက်ကိုလိုက်ချင်တဲ့ သူတွေအတွက် သတင်းပေးထားသလိုလည်း ဖြစ်နေပါတယ်။

၉။ App Request တွေ။

Cafeworld, Candycrush နဲ့ Farmville စတဲ့ ဂိမ်းတွေကို သင့်က သင့်ရဲ့ သူငယ်ချင်းတွေကို Request တွေပို့ပြီး သင့်ရဲ့ စွဲလမ်းမှုကိုပြစရာမလိုပါဘူး။တကယ်စိတ်ဝင်စားလောက်မယ့် သူတွေကိုပဲ Request ပို့ပြီး အကုန်လုံးကို မပို့မိပါစေနဲ့။

၁၀။ Friends တွေကို အကြံပြုခြင်း။

ဒီအရာကို Facebook သုံးတဲ့ သူတွေ သိပ်လုပ်လေ့မရှိပါဘူး။ဒါ့ပေမဲ့ မလုပ်သင့်တဲ့ အရာတွေထဲ ဒီအချက်လည်း ပါတဲ့အတွက် ရေးလိုက်တာပါ။သင့်ရဲ့ Friend တွေကို တခြားတစ်ယောက်နဲ့ Friend ဖြစ်ဖို့ အကြံပြုစရာ မလိုပါဘူး။ သူတို့ Friend ဖြစ်ချင်တယ်ဆိုရင် သြား Add ပါလိမ့်မယ်။သင်ကကြားထဲက အောင်သွယ်ပေးစရာ မလိုပါဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Zawgyi

Facebook ေပၚမွာမလုပ္သင့္တဲ့ အခ်က္ (၁၀) ခ်က္…

ဒီေန႔ေခတ္မွာ Facebook က လူႀကိဳက္အမ်ားဆုံး ဆိုရွယ္မီဒီယာတစ္ခု အျဖစ္ရပ္တည္ေနၿပီး၊တစ္ကမာၻလုံးမွာ Facebook အသုံးျပဳသူဟာ တစ္ရက္ကို ၁.၂၈ ဘီလီယံခန႔္ရွိတယ္ လို႔ မတ္ လ စာရင္းမ်ားအရ သိရပါတယ္။ဒါ့အျပင္ Facebook အသုံးျပဳသူ လူဦးေရဟာ တစ္ႏွစ္ကို ၁၈ % ခန႔္ ပိုမ်ားလာေနတဲ့အတြက္Facebook ရဲ႕ အသုံးျပဳတဲ့လူဦးေရဟာ တစ္ေန႔တျခားပိုမ်ားလာေနပါတယ္။

Facebook အသုံးျပဳသူအမ်ားစုဟာ အခ်င္းခ်င္းဆက္သြယ္ၾကၿပီး၊အေတြးအေခၚေတြကို မွ်ေဝၾကၿပီး သတင္းအခ်က္အလက္ေတြကို ရယူၾကပါတယ္။ဒါေပမဲ့ Facebook မွာလည္း ျပင္ပေလာကလိုပဲ က်င့္ဝတ္စည္းကမ္းေလးေတြရွိၾကပါတယ္။ဒါ့ေၾကာင့္ သင့္အေနနဲ႔ သင့္ရဲ႕ Facebook Friends ေတြကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္ဘူး၊သင့္အေနနဲ႔လည္း Facebook ကို လုံၿခဳံစြာ အသုံးျပဳခ်င္တယ္ဆိုရင္Facebook ေပၚမွာ ၊မလုပ္သင့္တဲ့ အခ်က္ (၁၀) ခ်က္ ကိုေဖာ္ျပလိုက္ပါတယ္။

၁။ ကိုယ္တင္ထားတဲ့ Status ေတြ၊ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြကို ကိုယ္တိုင္ဒိုင္ခံ Like ေပးေနျခင္း။

Facebook ေပၚမွာ Post တင္ကတည္းက သင္ႀကိဳက္လို႔ တင္လိုက္တာပါ။ဒါ့ေၾကာင့္ ဒါႀကီးကို Like ႏွိပ္ၿပီး သင့္လည္း ႀကိဳက္ေၾကာင္း ျပစရာမလိုပါဘူး။ဒါေပမဲ့ ကိုယ့္ ပိုစ့္ကို ကိုယ္ Like လုပ္ၾကတဲ့ လူေတြရဲ႕ စိတ္ေတြထဲမွာေတာ့ ကိုယ္ရဲ႕ပိုစ္ကို ကိုယ္ Like မယ္ဆိုရင္ ကိုယ္ရဲ႕ ပိုစ္ဟာ သူငယ္ခ်င္းေတြ ေတြပိုသိၾကမလားဆိုၿပီး Like ႏွိပ္ထားေလ့ရွိပါတယ္။ဒီလိုလုပ္တာကလည္း ကိုယ္တင္ထားတဲ့ Post ကို ကိုယ္ကိုတိုင္ မယုံသလိုျဖစ္ေနပါတယ္။ဒါ့ေၾကာင့္ ကိုယ့္ Post ကို ကိုယ္တိုင္ျပန္ Like ေလ့ရွိတယ္ဆိုရင္ အဲ့လိုလုပ္ ရပ္လိုက္ပါေတာ့။ ဒါက လုံးဝသဘာဝ မၾကပါဘူး။

၂။ Page အသစ္ Invites လုပ္တာမ်ိဳး။

တစ္ခါတစ္ေလ လူေတြက သူတို႔ရဲ႕ Page အသစ္ေတြ စလုပ္ၿပီး သူရဲ႕ Friend List အကုႏႅဳံးကို Invites ေတြ လိုက္ပို႔ေလ့ရွိပါတယ္။ဒီလိုလုပ္တာကလည္း သဘာဝမၾကပါဘူး။တကယ္လို႔ သင့္ Page ကတင္တဲ့ ပိုစ့္ေတြဟာ ဆြဲေဆာင္မႈရွိေနတယ္ဆိုရင္ သူတို႔ကို Invites ေတာင္လုပ္စရာမလိုပဲ Like လာပါလိမ့္မယ္။ဒါ့ေၾကာင့္ လူေတြကို ဟိုဟာလုပ္ပါ ဒီဟာလုပ္ပါ သြားမေျပာပါနဲ႔။လူေတြက သူတို႔ ယုံၾကည္တဲ့ အရာတစၡဳကိုပဲ လုပ္ၾကတာ ျဖစ္ပါတယ္။

၃။ လူတကာကို ေလွ်ာက္ Tag ေနျခင္း။

ဒီ ကိစၥကေတာ့ Facebook စသုံးလာကတည္းက ေဆြးေႏြးလာၾကတဲ့ ျပႆနာတစ္ခုျဖစ္တဲ့ အတြက္ အခုခ်ိန္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ား သေဘာေပါက္ေနၾကတဲ့ အရာတစ္ခုျဖစ္ပါတယ္။ဒါေၾကာင့္ မျဖစ္မ‌ ေနTag တြဲရမယ္ဆိုရင္ေတာ့ လုံးဝအားမနာပဲ Tag တြဲလိုက္ပါ။လူေတြက သင္အဲ့လို သူတို႔ကို သတိတရ Tag တြဲတဲ့ အတြက္ ေပ်ာ္ၾကမွာပါ။ဒါေပမဲ့ သင္ကိုယ္တိုင္ေတာင္ မသိတဲ့လူေတြကိုေတာ့ Tag သြားမတြဲမိပါေစနဲ႔။Like မ်ားမ်ားလိုခ်င္လို႔ လူ ၅၀ ေလာက္ကို Tag တြဲၿပီး Post တင္လိုက္တာမ်ိဳးက တကယ္စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။

၄။ အသုံးမဝင္တဲ့ Event ေတြ Invites ေတြလုပ္ျခင္း။

မလိုအပ္ဘဲ Invites ေတြ လိုက္ပို႔တာကိုက အဓိပၸါယ မရွိပါဘူး။ဒါေၾကာင့္ Event ေတြ Invite လုပ္မယ္ဆိုလည္း တကယ္သြားခ်င္ေလာက္တဲ့ လူကိုပဲ Invite လုပ္ပါ။လူတကာကို Invite လုပ္ေနမယ္ဆိုရင္ သင္က Facebook ေပၚမွာပါ ေၾကာင္ေတာင္ေတာင္ လူတစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။

၅။ Twitter တို႔ Instagram တို႔နဲ႔ Cross-Post မတင္ပါနဲ႔။

သင့္ရဲ႕ Facebook က Follower ေတြနဲ႔ Twitter က Follower ဆိုတာလည္း မတူပါဘူး။Facebook post ေကာင္းေကာင္းတစ္ခုဆိုတာလည္း Tweet ေကာင္းေကာင္းနဲ႔ မတူပါဘူး။ဒါ့ေၾကာင့္ အေၾကာင္းအရာတစ္ခုတည္းကိုပဲ ဆိုရွယ္မီဒီယာ ၂ ခု၊ ၃ခုေပၚ တင္မေနပါနဲ႔။ဒါ့ေၾကာင့္ ဒီလိုလုပ္မယ္ဆိုရင္ သင့္ရဲ႕ Friends ေတြနဲ႔ Follower ေတြကို အာ႐ုံပဲေနာက္ေစမွာပါ။

၆။ Like ရရန္ Attention မယူပါနဲ႔။

Facebook Post တစ္ခုမွာLike လိုခ်င္ကို Attention ေတာင္းတာက ၾကည့္ရတာ အဆင္မေျပပါဘူး။ဒါ့ေပမဲ့ အမ်ားစုက ဒီလိုလုပ္ေနၾကဆဲပါ။ လူေတြကသင့္ကို အရမ္းအားနာလို႔ပဲ Like လုပ္သြားရင္ သြားပါလိမ့္မယ္၊သူတို႔အတြက္လည္း အသုံးမဝင္ပါဘူး။ ဒါ့ေၾကာင့္ Like ရဖို႔ သူတို႔အတြက္ အသုံးမဝင္တာေတြကို Like မလုပ္ခိုင္းပါနဲ႔။

၇။ Message တစ္ေစာင္တည္းကို လူအမ်ားႀကီးေလွ်ာက္ပို႔တာမ်ိဳးမလုပ္ပါနဲ႔။

Facebook ကို မ်က္ႏွာေျပာင္ဖို႔အတြက္သုံးၿပီး သင္ပို႔လိုက္တဲ့ သူေတြကလည္း သင့္လိုပဲ မ်က္ႏွာေျပာင္တဲ့ သူေတြပဲဆိုရင္ေတာ့ ျပႆနာ မရွိပါဘူး။ဒါေပမဲ့ သင္ကို သင္မလိုခ်င္တဲ့ ေၾကာ္ျငာလိုလို စာတစ္ေစာင္ကို သင္ဆီပို႔လိုက္ရင္ သင္ခ်က္ခ်င္းလႊင့္ပစ္လိုက္တာပဲမွလား။သင္တစ္ေယာက္တည္းကို ဦးတည္ၿပီးပို႔ရင္ေတာ့ သင့္အတြက္ရတနာ တစ္ခုေပါ့။ Facebook မြာ Message ပို႔တာကလည္း ဒီလိုပါပဲ။လူေတြက သူတို႔ကို ဒီလို Message ေတြပို႔တာမ်ိဳးကို မႀကိဳက္ၾကပါဘူး။

၈။ Check-in ဝင္ျခင္း။

ဆိုရွယ္မီဒီယာ စြဲလမ္းသူတစ္ေယာက္ဆိုရင္ေတာင္ သင္ Facebook ေပၚကို အကုန္တင္စရာမလိုပါဘူး။သင္ရဲ႕ ပုဂၢိဳလ္ေရးရာ ဘဝကိုလည္း ဖုံးကြယ္ထားဖို႔ လိုပါလိမ့္မယ္။သင္တစ္ေန႔ကို ေနရာ ၅ ေနရာေလာက္ သြားရင္ ၅ ေနရာလုံးကို Check In တင္စရာမလိုပါဘူး။ဒါ့အျပင္ ဒါ့ဟာ သင့္ေနာက္ကိုလိုက္ခ်င္တဲ့ သူေတြအတြက္ သတင္းေပးထားသလိုလည္း ျဖစ္ေနပါတယ္။

၉။ App Request ေတြ။

Cafeworld, Candycrush နဲ႔ Farmville စတဲ့ ဂိမ္းေတြကို သင့္က သင့္ရဲ႕ သူငယ္ခ်င္းေတြကို Request ေတြပို႔ၿပီး သင့္ရဲ႕ စြဲလမ္းမႈကိုျပစရာမလိုပါဘူး။တကယ္စိတ္ဝင္စားေလာက္မယ့္ သူေတြကိုပဲ Request ပို႔ၿပီး အကုန္လုံးကို မပို႔မိပါေစနဲ႔။

၁၀။ Friends ေတြကို အႀကံျပဳျခင္း။

ဒီအရာကို Facebook သုံးတဲ့ သူေတြ သိပ္လုပ္ေလ့မရွိပါဘူး။ဒါ့ေပမဲ့ မလုပ္သင့္တဲ့ အရာေတြထဲ ဒီအခ်က္လည္း ပါတဲ့အတြက္ ေရးလိုက္တာပါ။သင့္ရဲ႕ Friend ေတြကို တျခားတစ္ေယာက္နဲ႔ Friend ျဖစ္ဖို႔ အႀကံျပဳစရာ မလိုပါဘူး။ သူတို႔ Friend ျဖစ္ခ်င္တယ္ဆိုရင္ ၾသား Add ပါလိမ့္မယ္။သင္ကၾကားထဲက ေအာင္သြယ္ေပးစရာ မလိုပါဘူး။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *