မျက်နှာနဲ့ လက်ချောင်း ခြေချောင်း အသားရေလေးတွေ စိုပြေနေစေဖို့သဘာသ နည်းလမ်း…
အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။အသားအရေကျန်းမာရေးကလည်း သိပ်ကိုအရေးကြီးပါတယ်။ဓါတုပစ္စည်းတွေ မကြာခဏ ထိတွေ့လို့ အသားအရေတွေက တဖြည်းဖြည်း ညစ်နွမ်းလာပါတယ်။
ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေလည်း ထပ်မံပြုလုပ်ပေးဖို့ လိုအပ်ပါတယ်….မျက်နှာအသားအရေသာမက လက်ချောင်း ခြေချောင်းလေးတွေက အသားအရေလည်း လှပနေဖို့ လိုပါတယ်။
နေလောင်ထားလို့ မည်းညှစ်နေတဲ့ မျက်နှာနဲ့ လက်ချောင်း ခြေချောင်းကအသားအရေ ပြန်လည်နုပျို ဖြူဝင်းစေမယ့် သဘာဝ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်….အခုပြောပြမယ့် နည်းလမ်းက သဘာဝ နည်းလမ်းလေးတွေ ဖြစ်ပြီး အလွယ်တကူ ရှာလို့ရတဲ့ သဘာဝ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်း…
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း…
ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း…
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း…
မလောက်ဘူးဆိုရင် အခုပြောပြထားတဲ့ ပမာဏရဲ့ ၂ ဆစီ ရောပါ….
ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေ အားလုံးကို ရောပြီး သေချာ မွှေလိုက်ပါ။
ပြီးရင် မျက်နှာနဲ့ လက်တွေ အထူးသဖြင့် နေလောင်ထားတဲ့ နေရာတွေမှာ လိမ်းပေးပြီး ၁၅ မိနစ် (သို့) ခြောက်သွားအောင် ထားပါ…
ခြောက်သွေ့နေတဲ့ မျက်နှာအသားအရေကိုလည်း ပြန်လည် စိုပြေလာစေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ….
credit
Zawgyi
ပါဝင်ပစ္စည်း…
credit