ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာစေမယ့် အတည်ပြုချက် (၅) ခု…

အေထြအေထြဗဟုသုတ

ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာစေမယ့် အတည်ပြုချက် (၅) ခု…

၁။ ငါက ငါဆန္ဒရှိတဲ့ ပုံစံအတိုင်း ပြောင်းလဲလာပြီ

သင်က ခန္ဓာကိုယ် လှတဲ့ လူတစ်ယောက် ဖြစ်ချင်တာလား၊ ဒါမှမဟုတ် စတိုင်ကျပြီး အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်တာလား။

စသဖြင့် ကိုယ့် လိုအင်ဆန္ဒအလိုက် ဒီဖြစ်ချင်တဲ့ အရာကို ဖြစ်မြောက်နေပြီလို့ ယုံကြည်ပေးရပါမယ်။

ဥပမာ ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင် “ငါက ကိုယ်အလေးချိန်ကျပြီး လှတဲ့ မိန်းကလေးတစ်ယောက်” လို့ ပြောပေးသင့်ပါတယ်။

၂။ ငါက လိုတာထက် ပိုပြည့်စုံနေပြီ

ငါက လှတာထက် ပိုလှတယ်၊ တော်တာထက် ပိုတော်တယ် စသဖြင့် ကိုယ်က တော်ပြီးသား ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြုသင့်ပါတယ်။

၃။ ငါ့အိပ်မက်တွေအတိုင်း ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနေတယ်

ကိုယ့် ပန်းတိုင်တွေက ဘာတွေလဲ။ ဒီပန်းတိုင်တွေ အတိုင်း ယုံကြည်မှုရှိရှိ လျှောက်လှမ်းနေတဲ့ အကြောင်း ကိုယ့်ကိုကိုယ် အတည်ပြု ပြောဆိုသင့်ပါတယ်။

၄။ ငါ့ကိုယ်ငါ သက်တောင့် သက်သာရှိတယ်

ငါက ငါ့ကိုယ်ငါနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာ အဆင်ပြေပြေရှိကြောင်း အတည်ပြုပေးသင့်ပါတယ်။

ကိုယ့်ကိုကိုယ် ချစ်ခင်မှုအပြည့်၊ လေးစားမှု အပြည့်နဲ့ တန်ဖိုးထားကြောင်း အတည်ပြုပေးရပါမယ်။

၅။ ငါက ရဲရင့်တယ်

ငါက အလုပ်တစ်ခုကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်နိုင်ကြောင်း အတည်ပြုစကား ဆိုရပါမယ်။

ငါက သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြုပေးသင့်ပါတယ်။

Zawgyi

ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ပိုတိုးလာေစမယ့္ အတည္ျပဳခ်က္ (၅) ခု…

၁။ ငါက ငါဆႏၵရွိတဲ့ ပုံစံအတိုင္း ေျပာင္းလဲလာၿပီ

သင္က ခႏၶာကိုယ္ လွတဲ့ လူတစ္ေယာက္ ျဖစ္ခ်င္တာလား၊ ဒါမွမဟုတ္ စတိုင္က်ၿပီး ေအာင္ျမင္တဲ့ အမ်ိဳးသမီး တစ္ေယာက္ျဖစ္ခ်င္တာလား။

စသျဖင့္ ကိုယ့္ လိုအင္ဆႏၵအလိုက္ ဒီျဖစ္ခ်င္တဲ့ အရာကို ျဖစ္ေျမာက္ေနၿပီလို႔ ယုံၾကည္ေပးရပါမယ္။

ဥပမာ ကိုယ္အေလးခ်ိန္ က်ခ်င္တယ္ဆိုရင္ “ငါက ကိုယ္အေလးခ်ိန္က်ၿပီး လွတဲ့ မိန္းကေလးတစ္ေယာက္” လို႔ ေျပာေပးသင့္ပါတယ္။

၂။ ငါက လိုတာထက္ ပိုျပည့္စုံေနၿပီ

ငါက လွတာထက္ ပိုလွတယ္၊ ေတာ္တာထက္ ပိုေတာ္တယ္ စသျဖင့္ ကိုယ္က ေတာ္ၿပီးသား ျဖစ္ေၾကာင္း ကိုယ့္ကိုကိုယ္ အတည္ျပဳသင့္ပါတယ္။

၃။ ငါ့အိပ္မက္ေတြအတိုင္း ယုံၾကည္ခ်က္ရွိရွိ ေလွ်ာက္လွမ္းေနတယ္

ကိုယ့္ ပန္းတိုင္ေတြက ဘာေတြလဲ။ ဒီပန္းတိုင္ေတြ အတိုင္း ယုံၾကည္မႈရွိရွိ ေလွ်ာက္လွမ္းေနတဲ့ အေၾကာင္း ကိုယ့္ကိုကိုယ္ အတည္ျပဳ ေျပာဆိုသင့္ပါတယ္။

၄။ ငါ့ကိုယ္ငါ သက္ေတာင့္ သက္သာရွိတယ္

ငါက ငါ့ကိုယ္ငါနဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈအျပည့္နဲ႔ သက္ေတာင့္သက္သာ အဆင္ေျပေျပရွိေၾကာင္း အတည္ျပဳေပးသင့္ပါတယ္။

ကိုယ့္ကိုကိုယ္ ခ်စ္ခင္မႈအျပည့္၊ ေလးစားမႈ အျပည့္နဲ႔ တန္ဖိုးထားေၾကာင္း အတည္ျပဳေပးရပါမယ္။

၅။ ငါက ရဲရင့္တယ္

ငါက အလုပ္တစ္ခုကို ရဲရဲရင့္ရင့္ ျပတ္ျပတ္သားသား လုပ္ႏိုင္ေၾကာင္း အတည္ျပဳစကား ဆိုရပါမယ္။

ငါက သတၱိရွိတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္း ကိုယ့္ကိုကိုယ္ အတည္ျပဳေပးသင့္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *