Auto gear မောင်းတဲ့အခါ ဒီငါးချက်ကို လုံးဝမလုပ်မိဖို့ သတိပြုပါ

အေထြအေထြဗဟုသုတ

Auto gear နဲ့ ပတ်သတ်ပြီး လုံးဝ မလုပ်သင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။

locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။

၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။

parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။

သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။

၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။

အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။

manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။

ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။

နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။

၄။ အဲလိုပါပဲ မီးပိုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။

ဒါ့အပြင် plainဂျီး လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။

၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။

ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။

transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။

ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။

လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။

မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …

ကား-Car အကြောင်းစုံ

Unicode

Auto gear နဲ႔ ပတ္သတ္ျပီး လံုးဝ မလုပ္သင့္တဲ့ အခ်က္ (၅) ခ်က္ရွိပါတယ္။

၁။ auto gear က Parking (P) ကိုထိုးေတာ့မယ္ဆိုရင္ ကားကိုလံုးဝဘရိတ္နင္းျပီးရပ္သြားမွ ထိုးပါ။ P ကိုထိုးလိုက္တာနဲ႔ transmission ကို ေသာ့ခတ္လိုက္သလိုပါပဲ။

locking pin လို႔ေခၚတဲ့ သံေခ်ာင္းဟာ transmission က ဂီယာအသြားေတြၾကားထဲ ထိုးပိတ္လိုက္ပါတယ္။ ကားမရပ္ေသးဘဲ P ထိုးလိုက္ရင္ အဲ့ lock pin က်ိဳးနိုင္ပါတယ္။

၂။ အေပၚကအခ်က္လိုပါပဲ auto gear ကို reverse (R) မွ drive (D) ကိုေျပာင္းတာျဖစ္ျဖစ္ D မွ R ေျပာင္းတာျဖစ္ျဖစ္ ကားကို ဘရိတ္နင္းျပီး ရပ္သြားမွ ေျပာင္းရပါမယ္။

parking ထိုးတဲ့အခ်ိန္ ျဖစ္တတ္ပါတယ္။ ကားရွင္းလို႔အျမန္ထြက္/ဝင္လုပ္တဲ့အခါ သတိထားဖို႔လိုပါတယ္။ ကားေရွ႕ေရြ႕ေနတုန္း R ထိုးတာျဖစ္ျဖစ္ ေနာက္ေရြ႕ေနတုန္း D ျပန္ထိုးတာျဖစ္ျဖစ္လုပ္မိရင္ transmission ထိခိုက္ေစပါတယ္။

သေဘာက ကားရပ္ျပီးမွ ဂီယာေျပာင္းရမွာျဖစ္လို႔ transmission က brake လုပ္ရမယ့္အလုပ္ကိုလုပ္ေပးရလို႔ပါ။

၃။ ကုန္းဆင္းေတြမွာ neutral မထိုးရပါ။ အငွားယာဥ္ေမာင္းေတြ လုပ္ေလ့ရွိပါတယ္။ က်ြန္ေတာ္တို႔လို ဆင္းရဲတဲ့နိုင္ငံအေနနဲ႔ ဆီစားသက္သာေအာင္ ကုန္းဆင္းမွာ free ရိုက္တာ အျပစ္မေျပာပါဘူး။

အေမရိကန္မွာေတာင္ အဲ့လိုလုပ္ၾကလို႔ ျပည္နယ္ ၁၅ ခုမွာ ကုန္းဆင္း ဂီယာ N မထိုးရ ဥပေဒ ပါထုတ္ျပန္ထားပါတယ္။ ကုန္းဆင္း N ထိုးရင္ ဆီစားသက္သာတာမွန္ေပမယ့္ ကားရဲ႕ ျပည့္ဝတဲ့ ထိန္းခ်ဳပ္မႈမရေတာ့ပါဘူး။

manual ကားေတြ free ရိုက္တဲ့အခါ safe မျဖစ္သလိုပါပဲ။ ကား ကြန္ပ်ဳတာ ECU ဟာ N မွာရပ္ေနတယ္လို႔ သိရွိတဲ့အတြက္ ကားသြားေနတဲ့ အရွိန္အတိုင္း ဆီမေပးေတာ့ပါဘူး။

ဆီစားေလ်ာ့သြားေပမယ့္ transmission အတြက္လိုအပ္တဲ့ ေခ်ာဆီ အဝင္အထြက္ေလ်ာ့နည္းေစျပီး ဂီယာေဘာက္စ္ အတြင္းပိုင္း ပြတ္တိုက္မႈကေန ပ်က္စီးနိုင္ပါတယ္။

ေနာက္ပိုင္းကားေတြမွာေတာ့ ကုန္းဆင္းမွာ D နဲ႔သြားရင္ေတာင္ auto ဆီျဖတ္ေပးတဲ့ နည္းပညာေတြ ပါပါတယ္။

၄။ အဲလိုပါပဲ မီးပိုင့္ေတြမွာ ေစာင့္တဲ့အခ်ိန္ N ကိုမထိုးရပါဘူး။ မီးပိုင့္မွာ D နဲ႔ brake နင္းျပီးေစာင့္ေနတာထက္္ ဆီစားသက္သာတာ မွန္ေပမယ့္ မီးစိိမ္းလို႔ သတိေမ့ျပီး N နဲ႔လီဗာနင္း ထြက္တဲ့အခါ ကားကမေရြ႕ဘဲ အင္ဂ်င္သံဂ်ီးထြက္လာမွ ခ်က္ခ်င္း သတိရျပီး D ကိုတန္းထိုးရင္ transmission ထိပါမယ္။

ဒါ့အျပင္ plainဂ်ီး လီီဗာနင္းမိလိုက္တဲ့ အတြက္ ေျခြတာထားတဲ့ ဆီထက္ပိုိကုန္သြားပါျပီ။

၅။ ေနာက္ဆံုးအခ်က္ကေတာ့ လူငယ္ေတြြအေနနဲ႔ Fast & Furious ဇာတ္ကားေတြၾကည့္ျပီး ကားမထြက္ခင္္ ဂီယာကို N မွာအသင့္ထားျပီး တ ျဗဲျဗဲနဲ႔ လီဗာေၾကြးထားမယ္။

ျပီးတာနဲ႔ ဒံုးဆို D ကိုိတန္းထိုးျပီး အျမန္ထြက္တဲ့ လုပ္ရပ္ေတြဟာ transmission bands ေတြကိုလည္္း အျမန္ဆံုးပြန္းစားေစပါတယ္။

transmission band ဆိုိတာကေတာ့ အင္ဂ်င္နဲ႔ transmission အခ်ိတ္/အျဖဳတ္မွာ ဂီယာအံုေတြကို လိုသလိုိ ဆြဲဖမ္းေပးရတဲ့ စတီးလက္ေကာက္ေတြပါ။

ဂီယာN အေျခအေနမွာ transmission ဘက္ျခမ္းက ဂီယာအံုကို band ကဆြဲဖမ္းထားျပီး အင္ဂ်င္ဘက္ျခမ္္း (torque converter ရဲ႕ impeller အျခမ္း) ကေတာ့လည္ေနပါမယ္။

လီဗာနင္းထားျပီးD ကိုတန္းထိုးတာနဲ႔ band ကဆြဲဖမ္းထားတဲ့ ဂီယာအံုကို high rpm နဲ႔ဆြဲလွည့္လိုက္လို႔ band ေတြပြန္းစား ကုုန္တာပါ။

မိမိိရဲ႕စနစ္မက်မႈနဲ႔ ဆီတစ္ေပါက္ နွစ္ေပါက္ေျခြတာမိျခင္းရဲ႕ေနာက္ကြယ္မွာ ဂီယာေဘာက္အႀကီးစားျပင္ဆင္မႈေတြျဖစ္ေပၚေစနိုင္ပါေၾကာင္းျဖင့္ …

ကား-Car အေျကာင္းစုံ

Leave a Reply

Your email address will not be published. Required fields are marked *