သင်ကြွက်တက်တတ်တဲ့သူဆိုရင် ဒီဆေးနည်းလေးမှတ်ထားပါ

အေထြအေထြဗဟုသုတ

သင်ကြွက်တက်တတ်တဲ့သူဆိုရင် ဒီဆေးနည်းလေးမှတ်ထားပါ

မိတ်ဆွေ အမျိုးသမီးတစ်ယောက်က ညဆိုကြွက်တက်တတ်တယ် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး မေးလာပါတယ်။ ကြွက်တက်တယ်ဆိုတာ အသက် အန္တရာယ်မရှိပေမဲ့ တောင့်တင်းနာကျင်တဲ့ အတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာကကြွက်သားတွေ တအားနာကျင်လာ တတ်တဲ့ ခံစားမှုမျိုးပါ။ စက္ကန့်ပိုင်းနဲ့ မိနစ် အနည်းငယ်လောက် ကြာတတ်ပြီး တချို့လူတွေမှာ

၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ ကြွက်တက်ပြီ ဆိုရင်တော့ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးပြီပေါ့။ အေးတဲ့အချိန်ဖြစ်တတ်သလို ၊ခြေ၊လက်ကို အညောင်းဆန့်ရာကနေလည်းဖြစ်တတ်ပါတယ်။ အလုပ်လုပ်ရင်း၊ အားကစားလုပ်ရင်းကြွက်တက်တတ်ကြပါတယ်။ ကြွက်သားကိုအလွန်အကျွံ သုံးမိတာကြောင့် ဖြစ်နိုင်သလို ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း ကြွက်တက်တာ ဖြစ်နိုင်ပါတယ်။ နေ့စဉ်ရေများများသောက်ပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ညဘက်မှာ ကြွက်တက်တတ်ပါတယ်။ တစ်ခြားသောရောဂါတွေကြောင့်လည်း ဆက်စပ်ပြီးကြွက်တက်တတ်တယ်လို့ ဆေးပညာရှင်တွေကဆိုပါတယ်။ကြွက်တက်တဲ့ဝေဒနာကိုဘယ်လိုသက်သာအောင်လုပ်မလဲဆိုရင် ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာဆန့်တန်းပြီး အိပ်ပါ။ ခြေတောက်မအေးအောင်ဂရုပြုရပါမယ်

ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင်ထားပြီး အိပ်စက်ဖို့လိုပါတယ်။ ကြွက်တက်တတ်သူဟာ ကြွက်တက်တာကိုကာကွယ်နိုင်ဖို့ ထမင်းစားတဲ့အခါ ပျားရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို သောက်ပေးပါ။ ငှက်ပျောသီး၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဒိန်ချဉ် စတာတွေကို နေ့စဉ်စားသုံးသင့်ပါတယ်။

ကြွက်တက်လာရင် နိပ်ကွက်တွေကိုလည်း တင်ပြလိုက်ပါတယ်….

ညင်သာစွာ နှိပ်နယ်ပေးတာက ကြွက်သားတွေကို ပျော့ပျောင်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ကြွက်တက်တာကို သက်သာစေပါတယ်။ ကြွက်တက်လာရင် ခြေတောက်ကို ဆန့်တန်းပြီး ခြေဖဝါးအလယ်ကိုနိပ်ပေးပါ။ ခြေဖဝါးအတွင်းဘေးစောင်း၊ခြေဖဝါးအပြင်ဘေးစောင်း၊ခြေမဂွကြားအပေါ်၊ခြေမျက်စိ အတွင်းအပြင်၊ခြေကျင်းဝတ်အထက်နားကို နိပ်နှယ်ပြင်ဆင်ပေးပါ။

ခြေသလုံးအလယ်၊ အပြင်တကောက်ကြော ၊ အတွင်းတကောက်ကြောကို ဂုံညင်းအထက်ရှေ့ဘက်အထက်နား တစ်လက်မခန့် (ရေအိုးတင်ကြော) ကို ဖိထောက်နှိပ်နှယ်ပေးပါ။ လက်ဝါးစောင်းဖြင့် ထောက်ပေးပါ။ ဒူးဖျားအောက်ရှိ ညို့သကြီး ကို နှိပ်ပေးပါ။ ဒူးဆစ်အောက်မှာရှိတဲ့ ပါဒရက်ဗဟိုကြောကြီးကို ပျော့ပျောင်းလာတဲ့အထိပြုပြင်ပေးပါ။သက်သာသွားမယ်ဆိုရင်တော့ နာကျန်ခဲ့တဲ့နေရာတွေကို အကြောလိမ်းဆေးဆီတစ်မျိုးမျိုး လိမ်းပေးရပါမယ်။ အောက်မှာဖေါ်ပြထားတဲ့ဆေးမျိုးကို ကိုယ်တိုင်ဖေါ်စပ်ပြီး လိမ်းလို့ရပါတယ်

(၁) နှမ်းဆီ ၁၀ကျပ်သား

(၂) မှင်သော် ၁ ကျပ်သား

(၄) သိုင်းမို ၁ကျပ်သား

(၅)ပရုပ် ၂ကျပ်သား တို့ကို ရောစပ် ဖျော်ပြီး လိမ်းဆေးအဖြစ် လိမ်းပေးမယ်ဆိုရင် ကြွက်တက်လို့နာကျင်ပြီးကျန်ရစ်တာကို သက်သာ ပျောက်ကင်းစေပါတယ်။

ကြွက်တက်တတ်သူတွေဟာ ခြေတောက်နာကျင်တာကျန်ခဲ့ပြီး ညကိုအိပ်ဖို့ကြောက်လာတတ်ပါတယ်။ ကြွက်တက်တတ်သူတွေအနေနဲ့ . ကြွက်သားများကို အလွန်အမင်းအသုံးပြုတာကိုလျှော့ပါ။ အချိန်ကြာမြင့်စွာမတ်တပ်ရပ်တာ ၊ ထိုင်တာတွေကိုလျှော့ပါ၊ အိပ်တဲ့အခါ ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာဆန့်တန်းပြီး အိပ်ပါ။

မအိပ်ခင်အကြောလိမ်းဆေးဆီကိုလိမ်းပြီး နွေးထွေးအောင်ထားပါ။ ဆီးဝမ်းမှန်အောင်ဂရုစိုက်ပါ။ ဆက်တိုက်ကြွက်တက်လာပြီဆိုရင်တော့ တစ်ခြားသောရောဂါတွေကြောင့် ဆက်စပ်ပြီး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ သေချာစစ်ဆေးကုသဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ခရက်ဒစ် – ကျန်းမာရေးအတွက် ဆေးတစ်ခွက်

Unicode







ညင်သာစြာ နွိပ္နယ်ပေးတာက ကြက်သားတြေကို ပော့်ပော်င်းစေပြီး သြေးလွည့္ပတ္မှုကို ကောင်းစေပါတယ်။ ကြက္တက္တာကို သက်သာစေပါတယ်။ ကြက္တက္လာရင်ျေခေတာက္ကို ဆန့္တန်းပြီးျေခဖဝါးအလယ္ကိုနိပ်ပေးပါ။ျေခဖဝါးအတြင်းဘေးစောင်း၊ျေခဖဝါးအျပင်ဘေးစောင်း၊ျေခမဂြကြားအေပါ်၊ျေခမ်က္စိ အတြင်းအျပင်၊ျေခက်င်းဝတ်အထက္နားကို နိပ္နွယ်ျပင္ဆင်ပေးပါ။


(၁) နွမ်းဆီ ၁၀က်ပ်သား

(၂) မှင်သော် ၁ ကျပ်သား

(၄) သိုင်းမို ၁ကျပ်သား




Leave a Reply

Your email address will not be published. Required fields are marked *