ရောင်းစားဖို့ ကားပေါ်ပါသွားတဲ့ သူငယ်ချင်းနွားနောက် ကို တောက်လျှောက်လိုက်ခဲ့တဲ့ နွားလေး။ လူတော်တော်များများက တိရစ္ဆာန်တွေဟာ အဟိတ်တိရစ္ဆာန်ဖြစ်တာကြောင့် အသိဉာဏ်နဲ့ချစ်ခြင်းမေတ္တာ မရှိနိုင်ဘူးလို့ ထင်နေကြပုံပါပဲ။ တစ်ကယ်တမ်းတော့ သက်ရှိအရာမှန်သမျှမှာ ချစ်ခြင်းမေတ္တာဆိုတာ ရှိပါတယ်။
ဒါကို သက်သေပြသွားတာကတော့ နွားကလေးတစ်ကောင်နဲ့ကျွဲကလေးတစ်ကောင်ပါပဲ။ ပိုင်ရှင်ဟာ ငွေလိုတာကြောင့် သူ့ရဲ့နွားကို ရောင်းဖို့ ကားပေါ်ဆင်ပြီးမောင်းထွက်သွားတဲ့ အနောက်ကို သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ အဆိုကားနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့ကြောင်း Storypickသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ၊ Madurai ပြည်နယ်ရှိ Palamedu မြို့မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမြို့မှာ နေထိုင်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် Muniandiraja လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဆီမှာ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင် ရှိပါတယ်။
အဆိုပါနှစ်ကောင်လုံးဟာ ငယ်ငယ်လေးကတည်းက မွေးမြူရေးခြံထဲမှာ အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ကျတော့ Muniandiraja ဟာ ငွေရေးကြေးရေးအခက်အခဲကြောင့်နွားကလေးကို အခြားလူတစ်ယောက်ဆီမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါနွားကလေးကို အခြားပိုင်ရှင်သစ်ဆီကို လွှဲပြောင်းပေးဖို့အတွက် ထရပ်ကားတစ်စီးငှားပြီး ကားပေါ် တင်ကာ မောင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားထွက်သွားတာနဲ့ နွားကလေးရဲ့ သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ ကားနောက်ကနေတောက်လျှောက်လိုက်လာခဲ့ပါတယ်။
နောက်ဆုံးတော့ ကားကိုပါ ရက်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွဲကလေးဟာ ကားအနားမှာရပ်ပြီး သူ့သူငယ်ချင်းနွားကလေးကို နောက်ဆုံးအနေနဲ့အချိန်တော်တော်ကြာန ှုတ်ဆက်ခဲ့ပုံပါပဲ။ ဒီအဖြစ်အပျက်ကို Muniandiraja က ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်တဲ့လူ တော်တော်များများကလည်းမတူညီတဲ့ တိရစ္ဆာန်နှစ်ကောင်ရဲ့ သူငယ်ချင်းမေတ္တာကို စုပ်တသပ်သပ် ဖြစ်နေကြပါတယ်။
နောက်ဆုံးမှာတော့ ဒီဗီဒီယိုကို Tamil Nadu ပြည်နယ်ဝန်ကြီးရဲ့ သားဖြစ်သူ OP Jayapradeep ကမြင်သွားခဲ့ပြီး ပိုင်ရှင်အသစ်ဆီက နွားကလေးကို ပိုက်ဆံပေးပြီး ပြန်ဝယ်ကာ Muinandiraja ဆီ ပြန်ပို့ပေးခဲ့ကာ သူငယ်ချင်းနှစ်ယောက်ကို ပြန်လည်စုံစည်းစေခဲ့ပါတယ်။
ရုပ္သံၾကည့္ရန္
ေရာင္းစားဖို႔ ကားေပၚပါသြားတဲ့ သူငယ္ခ်င္းႏြားေနာက္ ကို ေတာက္ေလွ်ာက္လိုက္ခဲ့တဲ့ ႏြားေလး။ လူေတာ္ေတာ္မ်ားမ်ားက တိရစာၦန္ေတြဟာ အဟိတ္တိရစာၦန္ျဖစ္တာေၾကာင့္ အသိဉာဏ္နဲ႔ခ်စ္ျခင္းေမတၱာ မရွိႏိုင္ဘူးလို႔ ထင္ေနၾကပုံပါပဲ။ တစ္ကယ္တမ္းေတာ့ သက္ရွိအရာမွန္သမွ်မွာ ခ်စ္ျခင္းေမတၱာဆိုတာ ရွိပါတယ္။
ဒါကို သက္ေသျပသြားတာကေတာ့ ႏြားကေလးတစ္ေကာင္နဲ႔ကြၽဲကေလးတစ္ေကာင္ပါပဲ။ ပိုင္ရွင္ဟာ ေငြလိုတာေၾကာင့္ သူ႔ရဲ႕ႏြားကို ေရာင္းဖို႔ ကားေပၚဆင္ၿပီးေမာင္းထြက္သြားတဲ့ အေနာက္ကို သူငယ္ခ်င္းျဖစ္သူ ကြၽဲကေလးဟာ အဆိုကားေနာက္ကေန တစ္ေကာက္ေကာက္လိုက္ခဲ့ေၾကာင္း Storypickသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။
အိႏၵိယႏိုင္ငံ၊ Madurai ျပည္နယ္ရွိ Palamedu ၿမိဳ႕မွာ ေၾကကြဲဝမ္းနည္းဖြယ္ရာ အျဖစ္အပ်က္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဆိုပါၿမိဳ႕မွာ ေနထိုင္သူ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ Muniandiraja လို႔ အမည္ရတဲ့ အမ်ိဳးသားတစ္ေယာက္ဆီမွာ ႏြားတစ္ေကာင္နဲ႔ ကြၽဲတစ္ေကာင္ ရွိပါတယ္။
အဆိုပါႏွစ္ေကာင္လုံးဟာ ငယ္ငယ္ေလးကတည္းက ေမြးျမဴေရးၿခံထဲမွာ အတူတူႀကီးျပင္းလာတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ပါတယ္။ တစ္ေန႔က်ေတာ့ Muniandiraja ဟာ ေငြေရးေၾကးေရးအခက္အခဲေၾကာင့္ႏြားကေလးကို အျခားလူတစ္ေယာက္ဆီမွာ ေရာင္းခ်ဖို႔ သေဘာတူခဲ့ပါတယ္။ ဒီလိုနဲ႔ အဆိုပါႏြားကေလးကို အျခားပိုင္ရွင္သစ္ဆီကို လႊဲေျပာင္းေပးဖို႔အတြက္ ထရပ္ကားတစ္စီးငွားၿပီး ကားေပၚ တင္ကာ ေမာင္းထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ မထင္မွတ္ထားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ကားထြက္သြားတာနဲ႔ ႏြားကေလးရဲ႕ သူငယ္ခ်င္းျဖစ္သူ ကြၽဲကေလးဟာ ကားေနာက္ကေနေတာက္ေလွ်ာက္လိုက္လာခဲ့ပါတယ္။
ေနာက္ဆုံးေတာ့ ကားကိုပါ ရက္ပစ္ခဲ့ရပါတယ္။ ဒီလိုနဲ႔ ကြၽဲကေလးဟာ ကားအနားမွာရပ္ၿပီး သူ႔သူငယ္ခ်င္းႏြားကေလးကို ေနာက္ဆုံးအေနနဲ႔အခ်ိန္ေတာ္ေတာ္ၾကာန ႈတ္ဆက္ခဲ့ပုံပါပဲ။ ဒီအျဖစ္အပ်က္ကို Muniandiraja က ဗီဒီယို႐ိုက္ၿပီး ဆိုရွယ္မီဒီယာေပၚ တင္ခဲ့ပါတယ္။ ဒီဗီဒီယိုကို ၾကည့္တဲ့လူ ေတာ္ေတာ္မ်ားမ်ားကလည္းမတူညီတဲ့ တိရစာၦန္ႏွစ္ေကာင္ရဲ႕ သူငယ္ခ်င္းေမတၱာကို စုပ္တသပ္သပ္ ျဖစ္ေနၾကပါတယ္။
ေနာက္ဆုံးမွာေတာ့ ဒီဗီဒီယိုကို Tamil Nadu ျပည္နယ္ဝန္ႀကီးရဲ႕ သားျဖစ္သူ OP Jayapradeep ကျမင္သြားခဲ့ၿပီး ပိုင္ရွင္အသစ္ဆီက ႏြားကေလးကို ပိုက္ဆံေပးၿပီး ျပန္ဝယ္ကာ Muinandiraja ဆီ ျပန္ပို႔ေပးခဲ့ကာ သူငယ္ခ်င္းႏွစ္ေယာက္ကို ျပန္လည္စုံစည္းေစခဲ့ပါတယ္။
႐ုပ္သံၾကၫ့္ရႏ္