မသေကောင်းမပျောက်ကောင်း ခြင်္သေ့ရုံထဲ ဝင်သွားတဲ့အမျိုးသမီး (ရုပ်သံ)
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ The Bronx Zoo တိရိစ္ဆာန်ရုံထဲက ခြင်္သေ့တွေပြသထားတဲ့ နေရာကို အမျိုးသမီးတစ်ဦးက ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီးနောက်
အာဖရိက ခြင်္သေ့ကြီးတစ်ကောင်ကို သွားစနေတဲ့ ကျောချမ်းစရာအဖြစ်ပျက်တစ်ခု စက်တင်ဘာ ၂၈ ရက် စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။
တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ အမျိုးသမီးဟာ ခြင်္သေ့တစ်ကောင်ရဲ့ ရှေ့မလှမ်းမကမ်းကို သွားကာ ကပြနေတာတွေ၊ စနောက်နေတာတွေ တွေ့ခဲ့ရပါတယ်။
ခြင်္သေ့က ရှေ့ကို တစ်လှမ်း နှစ်လှမ်းတိုးလာတာတောင် အမျိုးသမီးဟာ လုံးဝကြောက်ရွံပုံမရပါဘူး။
“ဒီလုပ်ရပ်ဟာ တားမြစ်ထားတဲ့နေရာကို ဥပဒေချိုးဖောက်ကာ ကျူးကျော်ဝင်ရောက်တာဖြစ်ပြီး အရမ်းအန္တရာယ်များတဲ့ ကိစ္စဖြစ်ကြောင်း အသက်သေဆုံးတဲ့ထိ ဖြစ်သွားနိုင်တယ်လို့” တိရိစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲတွေက ဒီအမျိုးသမီးကို ရှာဖွေနေဆဲဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြပါရှိသည်။
Zawgyi
မေသေကာင္းမေပ်ာက္ေကာင္း ျခေသၤ့႐ုံထဲ ဝင္သြားတဲ့အမ်ိဳးသမီး (႐ုပ္သံ)
အေမရိကန္ႏိုင္ငံ နယူးေယာ့ခ္ၿမိဳ႕မွာရွိတဲ့ The Bronx Zoo တိရိစာၦန္႐ုံထဲက ျခေသၤ့ေတြျပသထားတဲ့ ေနရာကို အမ်ိဳးသမီးတစ္ဦးက ေက်ာ္ျဖတ္ဝင္ေရာက္ခဲ့ၿပီးေနာက္
အာဖရိက ျခေသၤ့ႀကီးတစ္ေကာင္ကို သြားစေနတဲ့ ေက်ာခ်မ္းစရာအျဖစ္ပ်က္တစ္ခု စက္တင္ဘာ ၂၈ ရက္ စေနေန႔က ျဖစ္ပြားခဲ့ပါတယ္။
တိရိစာၦန္႐ုံကို လာေရာက္လည္ပတ္သူတစ္ဦး ႐ိုက္ကူးထားတဲ့ ဗီဒီယိုမွာ အမ်ိဳးသမီးဟာ ျခေသၤ့တစ္ေကာင္ရဲ႕ ေရွ႕မလွမ္းမကမ္းကို သြားကာ ကျပေနတာေတြ၊ စေနာက္ေနတာေတြ ေတြ႕ခဲ့ရပါတယ္။
ျခေသၤ့က ေရွ႕ကို တစ္လွမ္း ႏွစ္လွမ္းတိုးလာတာေတာင္ အမ်ိဳးသမီးဟာ လုံးဝေၾကာက္႐ြံပုံမရပါဘူး။
“ဒီလုပ္ရပ္ဟာ တားျမစ္ထားတဲ့ေနရာကို ဥပေဒခ်ိဳးေဖာက္ကာ က်ဴးေက်ာ္ဝင္ေရာက္တာျဖစ္ၿပီး အရမ္းအႏၲရာယ္မ်ားတဲ့ ကိစၥျဖစ္ေၾကာင္း အသက္ေသဆုံးတဲ့ထိ ျဖစ္သြားႏိုင္တယ္လို႔” တိရိစာၦန္႐ုံရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ရဲေတြက ဒီအမ်ိဳးသမီးကို ရွာေဖြေနဆဲျဖစ္ေၾကာင္း CNN သတင္းတြင္ ေဖာ္ျပပါရွိသည္။