ရန်ကုန်သားတွေ သည်းခြေကြိုက်လွန်းတဲ့ စကားတခွန်း (ဒီလို အချိန်မှာ သေချာပေါက် ကြိုက်မှာပါ)
ပြောမယ့်သာပြောရတယ် ရန်ကုန်ဆိုတာ အနွေးထည် သိပ်မလိုတဲ့မြို့ (လိုကိုမလိုတာ)စဉ်းစားကြည့်ကြ ဆောင်းတွင်းဆိုတာ အေးရင်လည်းခဏပဲ ပြီးရင်ပြန်ပူတာ အိမ်တိုင်း အဲယားကွန်းဖွင့်ထားရတာ မိုးတွင်းလည်းကြည့် သူ့ဟာသူမိုးရွာတာက ရွာတာပဲ ပူတာကပူတာပဲ အဲဒါကြောင့် ရန်ကုန်မှာအနွေးထည်က မလိုအပ်တဲ့ အရာထဲမှာ ပါတယ်..
ဒါပေမယ့် ခက်တာက မြို့သူမြို့သားတွေက အနွေးထည်သိပ်ဝတ်ချင်တယ် ကိုရီးယားကားတွေထဲမှာလို သိုးမွှေးကုတ်ကြီးတွေ လောင်းကုတ်အရှည်ကြီးတွေဝတ် မာဖလာတွေ လည်ပင်းစီး အဲလိုရှိုးထုတ်ချင်ကြတာ… ပိုခက်နေတာက ဝတ်ပြီးသွားရမယ့်နေရာမရှိတာ ကိုယ့်ကားနဲ့ကိုယ်မောင်း ဖက်ရှင်ကျကျလေးဝတ်လို့ရပေမယ့် ကားရပ်ပြီး ရှိုးပြရမယ့်နေရာမရှိတာ သိတဲ့အတိုင်း
ရန်ကုန်မှာက အဲကွန်းကို အေးစိမ့်နေအောင် လွှတ်ထားပြီး အလုပ်လုပ်ရတဲ့ နေရာတွေ ရုံးခန်းတွေ ရှိတယ် ဓါတ်လှေကားနဲ့တက်သွားရုံပဲ (လူသိပ်မရှပ်ဘူး) ဒီတော့ ရှိုးထုတ်ရတာ မနှိပ်ဘူး… လူများများမြင်ရမယ့် public နေရာတွေကျပြန်တော့လည်း
ကုတ်ကြီးနဲ့ မာဖလာကြီးနဲ့ မျက်မှန်ကြီးနဲ့ သွားချလိုက်ရင် ၅မိနစ်ကြာတဲ့အခါ ခေါင်းပေါ်က ချွေးတွေက မျက်နှာပေါ်စီးကျလာပြီး တကိုယ်လုံးက ချွေးထုတ်ခန်းထဲရောက်သွားသလို အငွေ့တွေထွက်လာသလို ဖိန်းဖိန်းရှိန်းရှိန်းတွေ ဖြစ်လာတာ ချွေးတွေက ပေါင်ကြားထဲထိ စီးကျလာတာ…
ကိုယ်က သရုပ်ပျက်မှာစိုးလို့ ပဲလေးနဲ့တစ်ရှူးလေးနဲ့ချွေးသုတ်လိုက်ရင် လိမ်းထားတဲ့မိတ်ကပ်တွေက ကွက်ကုန်ရော အဲဒီတော့ မနှိပ်သေးပြန်ဘူး ဆိုတော့ကာ ရန်ကုန်သူ ရန်ကုန်သားတွေက အနွေးထည်သိပ်ဝတ်ချင်ကြတယ် မိုးလေးများ နည်းနည်းအေးပြီဆိုရင် ကော်ဖီခွက်လေးကိုင် အနွေးထည်လေးဝတ် ပြတင်းပေါက်နားသွားပြီး “ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း” ဆိုပြီး ပုံတင်ကြတော့တာပဲ။
ဆောင်းတွင်းများ နည်းနည်းအေးပြီဆိုရင် ဝယ်စုထားတဲ့အနွေးထည်တွေ ချဝတ်ပြီး “ဒီဇင်ဘာည” လင်းနစ်သီချင်းနဲ့ ပုံတင်ကြတော့တာပဲ အမယ်.. နွေရာသီ မဝတ်ဘူး မထင်နဲ့နော် ပွဲဈေးတွေမှာ ကုတ်ကြီးနဲ့ဖလန်းနေတာတွေ Hot pot ဆိုင်မှာ အနွေးထည်ကြီးဝတ် မာဖလာပတ်ပြီး “စားကြပါဦး” လို့ ပုံတင်တဲ့လူတွေမှ အများကြီး..
သူတို့ ရှမ်းပြည်တို့ ချင်းပြည်တို့ သွားကြတာ သွားချင်လို့ မဟုတ်ဘူး အနွေးထည်ဝတ်ချင်လို့ကို သွားကြတာ… အာ့ကြောင့် ရန်ကုန်ကလူတွေ အနွေးထည်ဝတ်တာမြင်ရင် “လှလိုက်တာ” လို့ပြောပေးကြ အနွေးထည်ဝတ်ပြီးပုံတင်ရင် “အရမ်းလှတယ်နော်” “အရမ်းမိုက်တယ်”လို့ ကွမ်းမန့်ပေးကြ… ဒီက အရမ်းဝတ်ချင်နေတာ…..
Crd
Zawgyi
ရန္ကုန္သားေတြ သည္းေျခႀကိဳက္လြန္းတဲ့ စကားတခြန္း (ဒီလို အခ်ိန္မွာ ေသခ်ာေပါက္ ႀကိဳက္မွာပါ)
ေျပာမယ့္သာေျပာရတယ္ ရန္ကုန္ဆိုတာ အေႏြးထည္ သိပ္မလိုတဲ့ၿမိဳ႕ (လိုကိုမလိုတာ)စဥ္းစားၾကည့္ၾက ေဆာင္းတြင္းဆိုတာ ေအးရင္လည္းခဏပဲ ၿပီးရင္ျပန္ပူတာ အိမ္တိုင္း အဲယားကြန္းဖြင့္ထားရတာ မိုးတြင္းလည္းၾကည့္ သူ႔ဟာသူမိုးရြာတာက ရြာတာပဲ ပူတာကပူတာပဲ အဲဒါေၾကာင့္ ရန္ကုန္မွာအေႏြးထည္က မလိုအပ္တဲ့ အရာထဲမွာ ပါတယ္..
ဒါေပမယ့္ ခက္တာက ၿမိဳ႕သူၿမိဳ႕သားေတြက အေႏြးထည္သိပ္ဝတ္ခ်င္တယ္ ကိုရီးယားကားေတြထဲမွာလို သိုးေမႊးကုတ္ႀကီးေတြ ေလာင္းကုတ္အရွည္ႀကီးေတြဝတ္ မာဖလာေတြ လည္ပင္းစီး အဲလိုရွိုးထုတ္ခ်င္ၾကတာ… ပိုခက္ေနတာက ဝတ္ၿပီးသြားရမယ့္ေနရာမရွိတာ ကိုယ့္ကားနဲ႔ကိုယ္ေမာင္း ဖက္ရွင္က်က်ေလးဝတ္လို႔ရေပမယ့္ ကားရပ္ၿပီး ရွိုးျပရမယ့္ေနရာမရွိတာ သိတဲ့အတိုင္း
ရန္ကုန္မွာက အဲကြန္းကို ေအးစိမ့္ေနေအာင္ လႊတ္ထားၿပီး အလုပ္လုပ္ရတဲ့ ေနရာေတြ ႐ုံးခန္းေတြ ရွိတယ္ ဓါတ္ေလွကားနဲ႔တက္သြား႐ုံပဲ (လူသိပ္မရွပ္ဘူး) ဒီေတာ့ ရွိုးထုတ္ရတာ မႏွိပ္ဘူး… လူမ်ားမ်ားျမင္ရမယ့္ public ေနရာေတြက်ျပန္ေတာ့လည္း
ကုတ္ႀကီးနဲ႔ မာဖလာႀကီးနဲ႔ မ်က္မွန္ႀကီးနဲ႔ သြားခ်လိုက္ရင္ ၅မိနစ္ၾကာတဲ့အခါ ေခါင္းေပၚက ေခၽြးေတြက မ်က္ႏွာေပၚစီးက်လာၿပီး တကိုယ္လုံးက ေခၽြးထုတ္ခန္းထဲေရာက္သြားသလို အေငြ႕ေတြထြက္လာသလို ဖိန္းဖိန္းရွိန္းရွိန္းေတြ ျဖစ္လာတာ ေခၽြးေတြက ေပါင္ၾကားထဲထိ စီးက်လာတာ…
ကိုယ္က သ႐ုပ္ပ်က္မွာစိုးလို႔ ပဲေလးနဲ႔တစ္ရွူးေလးနဲ႔ေခၽြးသုတ္လိုက္ရင္ လိမ္းထားတဲ့မိတ္ကပ္ေတြက ကြက္ကုန္ေရာ အဲဒီေတာ့ မႏွိပ္ေသးျပန္ဘူး ဆိုေတာ့ကာ ရန္ကုန္သူ ရန္ကုန္သားေတြက အေႏြးထည္သိပ္ဝတ္ခ်င္ၾကတယ္ မိုးေလးမ်ား နည္းနည္းေအးၿပီဆိုရင္ ေကာ္ဖီခြက္ေလးကိုင္ အေႏြးထည္ေလးဝတ္ ျပတင္းေပါက္နားသြားၿပီး “ရန္ကုန္ၿမိဳ႕ေကာင္းကင္မွာ ဒီမိုးေတြသည္းေနတုန္း” ဆိုၿပီး ပုံတင္ၾကေတာ့တာပဲ။
ေဆာင္းတြင္းမ်ား နည္းနည္းေအးၿပီဆိုရင္ ဝယ္စုထားတဲ့အေႏြးထည္ေတြ ခ်ဝတ္ၿပီး “ဒီဇင္ဘာည” လင္းနစ္သီခ်င္းနဲ႔ ပုံတင္ၾကေတာ့တာပဲ အမယ္.. ေႏြရာသီ မဝတ္ဘူး မထင္နဲ႔ေနာ္ ပြဲေစ်းေတြမွာ ကုတ္ႀကီးနဲ႔ဖလန္းေနတာေတြ Hot pot ဆိုင္မွာ အေႏြးထည္ႀကီးဝတ္ မာဖလာပတ္ၿပီး “စားၾကပါဦး” လို႔ ပုံတင္တဲ့လူေတြမွ အမ်ားႀကီး..
သူတို႔ ရွမ္းျပည္တို႔ ခ်င္းျပည္တို႔ သြားၾကတာ သြားခ်င္လို႔ မဟုတ္ဘူး အေႏြးထည္ဝတ္ခ်င္လို႔ကို သြားၾကတာ… အာ့ေၾကာင့္ ရန္ကုန္ကလူေတြ အေႏြးထည္ဝတ္တာျမင္ရင္ “လွလိုက္တာ” လို႔ေျပာေပးၾက အေႏြးထည္ဝတ္ၿပီးပုံတင္ရင္ “အရမ္းလွတယ္ေနာ္” “အရမ္းမိုက္တယ္”လို႔ ကြမ္းမန႔္ေပးၾက… ဒီက အရမ္းဝတ္ခ်င္ေနတာ…..
Crd