2023 မှာတမ်း
2023ခုနှစ်မှာ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ…။မကောင်းသောလိုအင်ဆန္ဒတွေ မပြည့်ဝကြပါစေနဲ့ လို့ပဲ ပထမဦးစွာ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ယေဘုယျအားဖြင့် လုပ်ငန်းလည်ပတ်မှု တွေအားကောင်းလာနိုင်တဲ့နှစ်ဖြစ်ပါတယ်။ အဆင်မပြေလို့ရပ်တန့်ထားတဲ့အလုပ်တွေ ပြန်လည်စတင်လို့ကောင်းတဲ့ နှစ် တစ်ခုဖြစ်ပါတယ်။ အလုပ်သစ်တွေ၊စီးပွားသစ်တွေ ဒီနှစ်မှာစတင်ဆောင်ရွက်လို့ကောင်းပါတယ်။
အိုးအိမ်ကိစ္စ၊ နေရာထိုင် ခင်းကိစ္စများ အများအားဖြင့် လွယ်ကူချောမွေ့နိုင်ပါတယ်။ လူအများရဲ့ အသိဥာဏ်မှာလဲ အိမ်ဆောက်ဖို့၊ ခြံဝယ်ဖို့၊ မြေဝယ် ဖို့ အခြေချဖို့ စတဲ့စိတ်တွေပေါ်ထွန်းနေတတ်ပါတယ်။ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအလုပ်များ၊အိမ်ခြံမြေအကျိုး ဆောင်အလုပ်များ၊ ဆောက်လုပ်ရေးအလုပ်များ၊စားသောက်ကုန်နှင့်ဆေးဝါးအလုပ်များ၊ အကြံပေးလုပ်ငန်းများ ထူးထူး ခြားခြားတိုးတတ်လာနိုင်တဲ့နှစ်လဲဖြစ်ပါလိမ့်မယ်။
၂၀၂၃ခုနှစ်ဟာ ပေါင်းခြင်း 7 ဂဏန်းရတာမို့ နက်ပကျွန်းဂြိုဟ်ရဲ့ အထိမ်း အမှတ်ဂဏန်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားနဲ့ဆက်စပ်တဲ့ကိစ္စတွေမှာ အဆင်ပြေချောမွေ့တတ်ပါတယ်။ ရပ်ဝေးနိုင်ငံခြားသွားပြီး စီးပွားရှာခြင်း ၊ပညာရှာခြင်းများ အဆင်ပြေလွယ်ကူပါလိမ့်မယ်။ ဆင်းရဲပြီး ဒုက္ခများနေတဲ့နိုင်ငံများနိုင်ငံတကာရဲ့အကူအညီတွေများစွာ ရလာနိုင်တဲ့အနေအထားမျိုးကြုံရပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့စတင်ကြိုးစားခြင်း၊နိုင်ငံခြားဘာသာစကားလေ့လာခြင်း ၂၀၂၃ မှာအားထည့်ပြီးဆောင်ရွက်လို့ကောင်းပါတယ်။
ဒါကြောင့်ပဲ ဘာသာစကားသင်တန်းအလုပ်များ၊နိုင်ငံခြားအလုပ်ရှာ ဖွေရေးအေဂျင်စီများ၊နိုင်ငံခြားသွင်းကုန်ထုတ်ကုန် ဆက်စပ်လုပ်ငန်းများ၊ အွန်လိုင်းနှင့်ဆက်စပ်နေသောအလုပ်များ စိန်ထည်ပစ္စည်းနှင့်ဆက်စပ်လုပ်ငန်းများအဆင်ပြေချောမွေ့ပါလိမ့်မယ်။
၇ဂဏန်းဟာ တရားမျှတမှုကိုဖော်ဆောင်ပေးတဲ့ ဂဏန်းလဲဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းစတင်အားကောင်းလာနိုင်ပါတယ်။မတရားမှုတွေ၊ တရားမဝင်လောင်းကစားတွေ၊ဥပဒေနဲ့ မညီညွတ်ဘဲ ဆောင်ရွက်ထားခြင်းများ အခက်အခဲများလာနိုင်တာကိုအထူးတွေ့ရပါတယ်။ လက်တွေ့မှာလဲ မတရားသူများဒုက္ခများ လာနိုင်သလို ကောင်းတဲ့သူတွေ၊မှန်တဲ့သူတွေ၊စိတ်ဓာတ်မြင့်မားသူတွေ၊ စိတ်ထားမြင့်မားသူတွေကံမြင့်လာပါလိမ့်မယ်။
၂၀၂၃ခုနှစ်ဟာ အရင် live မှာပြောခဲ့ဖူးသလို ပထမနှစ်ဝက်က အဘက်ဘက်က အဆင်မပြေမှုလေးတွေရှိနေ တယ်။အထူးသဖြင့် အဆိုးတွေစတင်လျော့ပါးပြီးကောင်းသောကံတွေတဖြည်းဖြည်းရောက်လာနိုင်ပါ တယ်။ လွယ်ကူ အဆင် ပြေတဲ့ နှစ်တစ်ခုတော့ မဟုတ်သေးပေမဲ့ နှစ်ဝက်ကျော်ချိန်ကစလို့ ကောင်းသောကံလေးတွေ ဖြစ်ပေါ်လာပြီလို့ ပြောနိုင်မဲ့ကာလပဲဖြစ်ပါတယ်။ 7ဂဏန်းဟာ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားကိုပေးပါတယ်။ ဒါကြောင့်ဒီလိုနှစ်မျိုးမှာ တော့ ဘာလုပ်လုပ် အတွေးအခေါ်ကိုဦးစားပေးပြီးလုပ်စေချင်တယ်။
မလောဘဲနှင့် ခေါင်းအေးအေးထားပြီးအတွေးအခေါ် ကိုဦးစားပေးလုပ်သူတွေအဆင်ပြေနိုင်တဲ့နှစ်ဖြစ်ပါတယ်။ မျက်စိထဲမြင်အောင်ပြောရရင်တော့ အနှေးသမားတွေအောင် မြင်နိုင်တဲ့ကာလပါပဲ။ စိတ်လောပြီးလုပ်သူတွေတော့ အမှားလေးတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ဒီလိုနှစ်မျိုးမှာ လောကီပညာသင်တာတွေ၊ တရားရှာပြီး သံသရာလွတ်လမ်းကို ဥာဏ်ပညာနဲ့ရှာတာတွေ အထူးအလေးပေးဆောင်ရွက် လို့ကောင်းပါတယ်။
ဒါကြောင့်အတွေးအခေါ်ကောင်းကြသူတွေ၊ဆင်ခြင်တုံတရားရှိပြီး ရှုထောင့်ပေါင်းစုံက ကြည့်ပြီးလုပ်တတ်သူတွေ အဆင်ပြေပါလိမ့်မယ်။2023သဘောဟာလေးလံခြင်း၊နှေးကွေးခြင်း၊အချိန်ဆွဲခြင်း၊နောက်ပြန်ဆွဲခြင်း၊အချိန်ယူခြင်း၊အပျင်း ထူခြင်း၊အခြေခိုင်ခြင်း စတဲ့စကားလုံးတွေစိုးမိုးပါလိမ့်မယ်။ ဒီနှစ်မှာစတင်တဲ့ကိစ္စတွေကနှေးကွေးလေးလံစွာနဲ့ အောင် မြင်တတ်ပါတယ်။ အောင်မြင်မှုက ကောက်ရိုးမီးလိုချက်ချင်းဟုန်းခနဲ ထတောက်မှုမဟုတ်ပါဘူး။အချိန်ပေးရလိမ့်မယ်။ အချိန်ယူစိတ်ရှည်ပြီးလုပ်နိုင်သူတွေအောင်မြင်နိုင်ပါလိမ့်မယ်။
ကျန်းမာရေးအနေနဲ့ ဒီလိုနှစ်မျိုးဟာ သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ၊အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ၊နှလုံးနဲ့ ဆက်စပ်ရောဂါများ၊သွေးတိုးနှင့် သွေးချို၊ဆီးချိုရောဂါများအထူးသတိထားရမဲ့ရောဂါတွေဖြစ်လာတတ်သလို၊ ကူးစက် ရောဂါတွေကလဲ အကင်းမသေဘူးဆိုတဲ့အနေအထားကိုတွေ့ရပါတယ်။ ရေလမ်းခရီးအန္တရာယ်နှင့် ရေကြီးမှုတွေ၊ မုန်တိုင်း တွေကို သတိထားသင့်တဲ့နှစ်တစ်ခုလဲဖြစ်ပါတယ်။ဗိုက်ထဲကို အရည်များများထည့်သူတွေသတိထားပါ။
ဘာကိုဆိုလိုတာ လဲဆိုတော့ အရက်ဘီယာအဖျော်ယမကာတွေအပြင်၊အချိုရည်တွေ၊ ဈေးပေါတဲ့ ရယ်ဒီမိတ်ကော်ဖီမစ်တွေကအစ အလွန် အကျွံသောက်သုံးတာမျိုးတွေရှောင်သင့်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးက ဒီနှစ်ပိုဆိုးနိုင်တာမို့ ချင့်ချိန် ပြီးသာ သောက်စားကြပါ။ ဒါအပြင် အငန်ဓာတ်ကလဲ ဒီနှစ်ကို ဒုက္ခပေးနိုင်ပါတယ်။အငန်ကိုလျှော့စားသင့်တဲ့နှစ်ပါတယ်။
၂၀၂၃အတွက် စိုးမိုး ဂဏန်းတွေကတော့ ၇၊၂၊၉၊၅ ဂဏန်းတွေဖြစ်ပြီး
စိုးမိုးအရောင်ကတော့ အနက်ရောင် ၊ဝါညိုရောင်နဲ့ လိမ္မော်ရောင်တွေဖြစ်ပါတယ်။
ကံကောင်းစေဖို့ကတော့ ကျေးဇူးရှိသူတွေကို မမေ့ပါနဲ့။ ကျေးဇူးရှိသူတွေကို အောက်မေ့သတိရပြီးထောက်ပံ့ခြင်း ဖြင့် ကံမြင့်မားကြလိမ့်မယ်။ ခင်ပွန်းကြီးဆယ်ပါးကိုရည်မှန်းပြီး ဆွမ်းကပ်တာမျိုးတွေ၊ခင်ပွန်းကြီးဆယ်ပါးဂါထာကိုနေ့စဉ် နိုင်သလောက်ရွတ်ပွားတာမျိုးတွေဆောင်ရွက်ခြင်းဖြင့် တစ်နှစ်တာကံကောင်းခြင်း၊အညံ့အဆိုးကင်းခြင်း၊ရည်မှန်းချက် ပြည့်မြောက်ခြင်းတွေမုချကြုံရနိုင်ပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။
ကျန်းမာခြင်းဖြင့်ပြည့်စုံခြင်း၊ချမ်းသားခြင်းဖြင့် ပြည့်စုံခြင်းရှိကြပါစေသော်ဝ်။ ။
ငြိမ်းအေးလူ ၀၉၇၇၅၅၅၅၆၉၅
Zawgyi
2023 မွာတမ္း
2023ခုႏွစ္မွာ ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ…။မေကာင္းေသာလိုအင္ဆႏၵေတြ မျပည့္ဝၾကပါေစနဲ႔ လို႔ပဲ ပထမဦးစြာ ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။ ဒီႏွစ္ထဲမွာေတာ့ ေယဘုယ်အားျဖင့္ လုပ္ငန္းလည္ပတ္မႈ ေတြအားေကာင္းလာႏိုင္တဲ့ႏွစ္ျဖစ္ပါတယ္။ အဆင္မေျပလို႔ရပ္တန႔္ထားတဲ့အလုပ္ေတြ ျပန္လည္စတင္လို႔ေကာင္းတဲ့ ႏွစ္ တစ္ခုျဖစ္ပါတယ္။ အလုပ္သစ္ေတြ၊စီးပြားသစ္ေတြ ဒီႏွစ္မွာစတင္ေဆာင္႐ြက္လို႔ေကာင္းပါတယ္။
အိုးအိမ္ကိစၥ၊ ေနရာထိုင္ ခင္းကိစၥမ်ား အမ်ားအားျဖင့္ လြယ္ကူေခ်ာေမြ႕ႏိုင္ပါတယ္။ လူအမ်ားရဲ႕ အသိဥာဏ္မွာလဲ အိမ္ေဆာက္ဖို႔၊ ၿခံဝယ္ဖို႔၊ ေျမဝယ္ ဖို႔ အေျခခ်ဖို႔ စတဲ့စိတ္ေတြေပၚထြန္းေနတတ္ပါတယ္။ အိမ္ေဆာက္ပစၥည္းေရာင္းဝယ္ေရးအလုပ္မ်ား၊အိမ္ၿခံေျမအက်ိဳး ေဆာင္အလုပ္မ်ား၊ ေဆာက္လုပ္ေရးအလုပ္မ်ား၊စားေသာက္ကုန္ႏွင့္ေဆးဝါးအလုပ္မ်ား၊ အႀကံေပးလုပ္ငန္းမ်ား ထူးထူး ျခားျခားတိုးတတ္လာႏိုင္တဲ့ႏွစ္လဲျဖစ္ပါလိမ့္မယ္။
၂၀၂၃ခုႏွစ္ဟာ ေပါင္းျခင္း 7 ဂဏန္းရတာမို႔ နက္ပကြၽန္းၿဂိဳဟ္ရဲ႕ အထိမ္း အမွတ္ဂဏန္းတစ္ခုလဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံရပ္ျခားနဲ႔ဆက္စပ္တဲ့ကိစၥေတြမွာ အဆင္ေျပေခ်ာေမြ႕တတ္ပါတယ္။ ရပ္ေဝးႏိုင္ငံျခားသြားၿပီး စီးပြားရွာျခင္း ၊ပညာရွာျခင္းမ်ား အဆင္ေျပလြယ္ကူပါလိမ့္မယ္။ ဆင္းရဲၿပီး ဒုကၡမ်ားေနတဲ့ႏိုင္ငံမ်ားႏိုင္ငံတကာရဲ႕အကူအညီေတြမ်ားစြာ ရလာႏိုင္တဲ့အေနအထားမ်ိဳးႀကဳံရပါလိမ့္မယ္။ ႏိုင္ငံျခားသြားဖို႔စတင္ႀကိဳးစားျခင္း၊ႏိုင္ငံျခားဘာသာစကားေလ့လာျခင္း ၂၀၂၃ မွာအားထည့္ၿပီးေဆာင္႐ြက္လို႔ေကာင္းပါတယ္။
ဒါေၾကာင့္ပဲ ဘာသာစကားသင္တန္းအလုပ္မ်ား၊ႏိုင္ငံျခားအလုပ္ရွာ ေဖြေရးေအဂ်င္စီမ်ား၊ႏိုင္ငံျခားသြင္းကုန္ထုတ္ကုန္ ဆက္စပ္လုပ္ငန္းမ်ား၊ အြန္လိုင္းႏွင့္ဆက္စပ္ေနေသာအလုပ္မ်ား စိန္ထည္ပစၥည္းႏွင့္ဆက္စပ္လုပ္ငန္းမ်ားအဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။
၇ဂဏန္းဟာ တရားမွ်တမႈကိုေဖာ္ေဆာင္ေပးတဲ့ ဂဏန္းလဲျဖစ္ပါတယ္။ ဒါေၾကာင့္ တရားမွ်တမႈနဲ႔ ပတ္သက္ၿပီး တျဖည္းျဖည္းစတင္အားေကာင္းလာႏိုင္ပါတယ္။မတရားမႈေတြ၊ တရားမဝင္ေလာင္းကစားေတြ၊ဥပေဒနဲ႔ မညီၫြတ္ဘဲ ေဆာင္႐ြက္ထားျခင္းမ်ား အခက္အခဲမ်ားလာႏိုင္တာကိုအထူးေတြ႕ရပါတယ္။ လက္ေတြ႕မွာလဲ မတရားသူမ်ားဒုကၡမ်ား လာႏိုင္သလို ေကာင္းတဲ့သူေတြ၊မွန္တဲ့သူေတြ၊စိတ္ဓာတ္ျမင့္မားသူေတြ၊ စိတ္ထားျမင့္မားသူေတြကံျမင့္လာပါလိမ့္မယ္။
၂၀၂၃ခုႏွစ္ဟာ အရင္ live မွာေျပာခဲ့ဖူးသလို ပထမႏွစ္ဝက္က အဘက္ဘက္က အဆင္မေျပမႈေလးေတြရွိေန တယ္။အထူးသျဖင့္ အဆိုးေတြစတင္ေလ်ာ့ပါးၿပီးေကာင္းေသာကံေတြတျဖည္းျဖည္းေရာက္လာႏိုင္ပါ တယ္။ လြယ္ကူ အဆင္ ေျပတဲ့ ႏွစ္တစ္ခုေတာ့ မဟုတ္ေသးေပမဲ့ ႏွစ္ဝက္ေက်ာ္ခ်ိန္ကစလို႔ ေကာင္းေသာကံေလးေတြ ျဖစ္ေပၚလာၿပီလို႔ ေျပာႏိုင္မဲ့ကာလပဲျဖစ္ပါတယ္။ 7ဂဏန္းဟာ အေတြးအေခၚႏွင့္ဆင္ျခင္တုံတရားကိုေပးပါတယ္။ ဒါေၾကာင့္ဒီလိုႏွစ္မ်ိဳးမွာ ေတာ့ ဘာလုပ္လုပ္ အေတြးအေခၚကိုဦးစားေပးၿပီးလုပ္ေစခ်င္တယ္။
မေလာဘဲႏွင့္ ေခါင္းေအးေအးထားၿပီးအေတြးအေခၚ ကိုဦးစားေပးလုပ္သူေတြအဆင္ေျပႏိုင္တဲ့ႏွစ္ျဖစ္ပါတယ္။ မ်က္စိထဲျမင္ေအာင္ေျပာရရင္ေတာ့ အေႏွးသမားေတြေအာင္ ျမင္ႏိုင္တဲ့ကာလပါပဲ။ စိတ္ေလာၿပီးလုပ္သူေတြေတာ့ အမွားေလးေတြႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုႏွစ္မ်ိဳးမွာ ေလာကီပညာသင္တာေတြ၊ တရားရွာၿပီး သံသရာလြတ္လမ္းကို ဥာဏ္ပညာနဲ႔ရွာတာေတြ အထူးအေလးေပးေဆာင္႐ြက္ လို႔ေကာင္းပါတယ္။
ဒါေၾကာင့္အေတြးအေခၚေကာင္းၾကသူေတြ၊ဆင္ျခင္တုံတရားရွိၿပီး ရႈေထာင့္ေပါင္းစုံက ၾကည့္ၿပီးလုပ္တတ္သူေတြ အဆင္ေျပပါလိမ့္မယ္။2023သေဘာဟာေလးလံျခင္း၊ေႏွးေကြးျခင္း၊အခ်ိန္ဆြဲျခင္း၊ေနာက္ျပန္ဆြဲျခင္း၊အခ်ိန္ယူျခင္း၊အပ်င္း ထူျခင္း၊အေျခခိုင္ျခင္း စတဲ့စကားလုံးေတြစိုးမိုးပါလိမ့္မယ္။ ဒီႏွစ္မွာစတင္တဲ့ကိစၥေတြကေႏွးေကြးေလးလံစြာနဲ႔ ေအာင္ ျမင္တတ္ပါတယ္။ ေအာင္ျမင္မႈက ေကာက္႐ိုးမီးလိုခ်က္ခ်င္းဟုန္းခနဲ ထေတာက္မႈမဟုတ္ပါဘူး။အခ်ိန္ေပးရလိမ့္မယ္။ အခ်ိန္ယူစိတ္ရွည္ၿပီးလုပ္ႏိုင္သူေတြေအာင္ျမင္ႏိုင္ပါလိမ့္မယ္။
က်န္းမာေရးအေနနဲ႔ ဒီလိုႏွစ္မ်ိဳးဟာ ေသြးနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊အသည္းနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊ႏွလုံးနဲ႔ ဆက္စပ္ေရာဂါမ်ား၊ေသြးတိုးႏွင့္ ေသြးခ်ိဳ၊ဆီးခ်ိဳေရာဂါမ်ားအထူးသတိထားရမဲ့ေရာဂါေတြျဖစ္လာတတ္သလို၊ ကူးစက္ ေရာဂါေတြကလဲ အကင္းမေသဘူးဆိုတဲ့အေနအထားကိုေတြ႕ရပါတယ္။ ေရလမ္းခရီးအႏၲရာယ္ႏွင့္ ေရႀကီးမႈေတြ၊ မုန္တိုင္း ေတြကို သတိထားသင့္တဲ့ႏွစ္တစ္ခုလဲျဖစ္ပါတယ္။ဗိုက္ထဲကို အရည္မ်ားမ်ားထည့္သူေတြသတိထားပါ။
ဘာကိုဆိုလိုတာ လဲဆိုေတာ့ အရက္ဘီယာအေဖ်ာ္ယမကာေတြအျပင္၊အခ်ိဳရည္ေတြ၊ ေဈးေပါတဲ့ ရယ္ဒီမိတ္ေကာ္ဖီမစ္ေတြကအစ အလြန္ အကြၽံေသာက္သုံးတာမ်ိဳးေတြေရွာင္သင့္ပါတယ္။ အရက္ေၾကာင့္ျဖစ္တဲ့ေဘးထြက္ဆိုးက်ိဳးက ဒီႏွစ္ပိုဆိုးႏိုင္တာမို႔ ခ်င့္ခ်ိန္ ၿပီးသာ ေသာက္စားၾကပါ။ ဒါအျပင္ အငန္ဓာတ္ကလဲ ဒီႏွစ္ကို ဒုကၡေပးႏိုင္ပါတယ္။အငန္ကိုေလွ်ာ့စားသင့္တဲ့ႏွစ္ပါတယ္။
၂၀၂၃အတြက္ စိုးမိုး ဂဏန္းေတြကေတာ့ ၇၊၂၊၉၊၅ ဂဏန္းေတြျဖစ္ၿပီး
စိုးမိုးအေရာင္ကေတာ့ အနက္ေရာင္ ၊ဝါညိဳေရာင္နဲ႔ လိေမၼာ္ေရာင္ေတြျဖစ္ပါတယ္။
ကံေကာင္းေစဖို႔ကေတာ့ ေက်းဇူးရွိသူေတြကို မေမ့ပါနဲ႔။ ေက်းဇူးရွိသူေတြကို ေအာက္ေမ့သတိရၿပီးေထာက္ပံ့ျခင္း ျဖင့္ ကံျမင့္မားၾကလိမ့္မယ္။ ခင္ပြန္းႀကီးဆယ္ပါးကိုရည္မွန္းၿပီး ဆြမ္းကပ္တာမ်ိဳးေတြ၊ခင္ပြန္းႀကီးဆယ္ပါးဂါထာကိုေန႔စဥ္ ႏိုင္သေလာက္႐ြတ္ပြားတာမ်ိဳးေတြေဆာင္႐ြက္ျခင္းျဖင့္ တစ္ႏွစ္တာကံေကာင္းျခင္း၊အညံ့အဆိုးကင္းျခင္း၊ရည္မွန္းခ်က္ ျပည့္ေျမာက္ျခင္းေတြမုခ်ႀကဳံရႏိုင္ပါေၾကာင္း ေျပာၾကားရင္းနိဂုံးခ်ဳပ္အပ္ပါတယ္။
က်န္းမာျခင္းျဖင့္ျပည့္စုံျခင္း၊ခ်မ္းသားျခင္းျဖင့္ ျပည့္စုံျခင္းရွိၾကပါေစေသာ္ဝ္။ ။
ၿငိမ္းေအးလူ ၀၉၇၇၅၅၅၅၆၉၅