အမျိုးသမီးတယောက် ဆရာဝန်နဲ့ လာတွေ့တယ်

Funny

ဒီနေ့ကစပြီး အစ်မယောက်ျားကို …… ကျွေးတာ ခဏရပ်ထားပါ

အမျိုးသမီးတယောက် ဆရာဝန်နဲ့ လာတွေ့တယ်။

” ဘာဖြစ်တာလဲ”

“ကျမ မဟုတ်ဘူး၊

ကျမ ယောက်ျားဖြစ်နေတာပါ ဒေါက်တာ”

ဆရာဝန်က ခန်းစီးမ,ပြီး အပြင်ကို လှမ်းကြည့်တယ်။

” ဘယ်မှာတုန်း ခင်ဗျားယောက်ျားက..”

“ခေါ်လို့မရဘူး ဒေါက်တာ”

“ကဲ ဒါဆိုလည်း ပြော၊ ဘာဖြစ်လဲ”

“ညနေစောင်းဆို သစ်ပင်ပေါ် တက်တက်နေတယ်၊မနက် မနက်ဆို ၃ နာရီလောက်တစ်ခါ၊ ၄ နာရီလောက်တခာ၊ ၅ နာရီလောက်တခါ ထထ အော်တယ်”

” ဘယ်လိုအော်တာလဲ”

“ကျမလည်း ဘာအဓိပ္ပါယ်မှန်းမသိဘူး ဒေါက်တာ၊ အင်္ဂလိပ်လို အော်တာ”

အင်္ဂလိပ်လိုအော်တယ်ဆိုလို့

ဆရာဝန် စိတ်ဝင်စားသွားတယ်။

” ဟာ တယ်ထူးဆန်းပါလား၊ ဒါနဲ့ သူအော်တဲ့အသံနဲ့အနီးစပ်ဆုံးအသံ အစ်မ ပြောနိုင်မလား”

“ဟုတ်ကဲ့ ဒေါက်တာ၊ Out EE out လို့ထင်တာပဲ”

ဆရာဝန် မျက်မှောင်ကြုတ်သွား တယ်။

” အဲ့ဒီအသံ သေချာလား”

“သေချာပါတယ် ဒေါက်တာ”

ဆရာဝန် ပါးစပ်ကနေ ခပ်တိုးတိုးလေး ရွတ်ကြည့်နေတယ်။

” Out EE out…out EE out “

အတော်လေးကြာတော့ ဆရာဝန်

မျက်နှာပြုံးယောင်သန်းလာတယ်။ စားပွဲကို လက်နဲ့ပုတ်လိုက်ပြီး

” ဒီနေ့ကစပြီး အစ်မယောက်ျားကို ကြက်ဥကျွေးတာ ခဏရပ်ထားပါ”

“ရှင် “

Credit ;

Zawgyi



” ဘာဖြစ်တာလဲ”

“ကျမ မဟုတ်ဘူး၊







” ဘယ်လိုအော်တာလဲ”







” အဲ့ဒီအသံ သေချာလား”

“သေချာပါတယ် ဒေါက်တာ”


” Out EE out…out EE out “




“ရှင် “

Leave a Reply

Your email address will not be published. Required fields are marked *