နည်းပညာ ကျွမ်းကျင်၊ ပညာကလည်း တက်တော့ မွေးကင်းစ ကလေးအချင်းတစ်ခုကနေ မြန်မာငွေ သိန်း ၄၀ အထိ စီးပွားဖြစ်နေတဲ့ ဂျပန်…
ဇာတိချက်ကြွေ မွေးရပ်မြေတဲ့။ မြန်မာမှာ ဆိုရိုးစကား ရှိပါတယ်။ မှန်ပါတယ်။
မြန်မာမှာကတော့ ကလေးမွေးပြီး အချင်းရပြီဆိုရင် မြေကြီးထဲ မြှုပ်ဖို့ ကြိုးစားကြတာပါပဲ။ အချင်းကို မြှုပ်ရင် မြှုပ်တဲ့သူက မျက်နှာပြုံးပြုံးထားရတယ်။
စိတ်ကောင်းကောင်းထား မြှုပ်ရတယ်။ ဒါမှ မွေးလာတဲ့ကလေးက စိတ်ထားကောင်း မျက်နှာချိုတယ်လို့ အယူများလည်း ရှိကြပါတယ်။
မြန်မာ့မြေပေါ်မှာ အချင်းတွေ သိန်းသန်းမက မြှုပ်နှံပြီး ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ အမှန်ပါဘဲ။
ခေတ်ကြီးက ိနည်းနည်းတိုးတက်လာတော့ ဆေးရုံမှာ လာမွေးကြ၊ ဆေးရုံတွေကလည်း အဲဒီအချင်းတွေ ဘယ်မှာ မြှုပ်ရမှန်းမသိ၊ ပြဿနာတွေ အကြီးကြီး ကြုံကြရ။ မြန်မာ့မြေမှာ အချင်းတွေဟာ အလဟဿဖြစ်လို့။
ဒီနေ့တော့ ဂျပန်ရဲ့ stem cell တွေ သိမ်းဆည်းတဲ့ ၊ သွေးနဲ့ သွေးထွက်ပစ္စည်းတွေ သိမ်းဆည်းတဲ့ ဘဏ်ကြီးကို ရောက်ခဲ့ရပါတယ်။
ဂျပန်မိခင်တွေကို မမွေးခင်ထဲက အချင်းကို အလှူခံ၊ မွေးလာတဲ့အခါ ကလေးအချင်းကနေ သွေးကို ထုတ်ယူ၊ အဲဒီသွေးကို အဆင့်ဆင့် စက်တွေနဲ့ ဖြတ်သန်းလိုက်တဲ့အခါမှာ သွေးရည်ကြည်တွေ ပါတဲ့ အပိုင်းက တစ်ထုပ်၊
သွေးနီဥတွေ ပါတဲ့ အပိုင်းက တစ်ထုပ်၊ stem cell တွေ ပါတဲ့အပိုင်းတွေက တစ်ထုပ် စသည်ဖြင့် သွေးတစ်အိတ်ကို အစိတ်အပိုင်းများစွာ ခွဲခြားပြီး ထုတ်လုပ်နေတာကို တွေ့ရပါတယ်။
ထုတ်လုပ်ထားတဲ့ သွေးအိတ်တွေကို အခန်းအမျိုးမျိုးမှာ အပူချိန် အမျိုးမျိုးနဲ့ ထိန်းသိမ်းထားတာကိုလည်း တွေ့ရပါတယ်။
cord blood တွေကို -၁၉၅ ဒီဂရီရှိတဲ့ သွေးလှောင်ဘဏ်ထဲမှာ တစ်နေ့ကို အထုပ်ပေါင်း ၄၀၀၀ လောက် လှောင်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
နေ့စဉ်လည်း အဲဒီပမာဏလောက်သော stem cell တွေ၊ သွေးအိတ်မျိုးစုံတွေကို ကမ္ဘာအနှံ့ ရောင်းချပြီး ၀င်ငွေရနေတာကိုလည်း အံ့သြစရာတွေ့ရပါတယ်။
သွေးနီဥ တစ်အိတ်ကို အမြင့်ဆုံး ယန်း၃၂၀၈၅(မြန်မာငွေ လေးသိန်းခွဲ)၊ သွေးရည်ကြည်ကို ယန်း ၂၃၆၁၇( မြန်မာငွေ သုံးသိန်းသုံးသောင်း) ၊ အချို့သော သွေးထွက်ပစ္စည်း stem cell တွေကို ယန်း ၁၉၁၄၉၆ (မြန်မာငွေ ၂၆သိန်း)အထိ ရောင်းချနေတာ သိရပါတယ်။
အမေတစ်ယောက်လှူလိုက်တဲ့ အချင်းတစ်ခုကနေ မြန်မာငွေ သိန်း လေးဆယ်လောက် ၀င်ငွေရတာကို ထူးဆန်းအံ့သြစွာ တွေ့မြင်ရပါတယ်။ (တစ်နေ့ကို အိတ် ၄၀၀၀ ဆိုတော့ သိန်းပေါင်း ၁၆၀၀၀၀၊ တစ်နှစ်၀င်ငွေ တွက်သာကြည့်ပါတော့။)
တစ်နှစ် တစ်နှစ် ဂျပန်ရဲ့ stem cell ရောင်းရငွေဟာ သန်းပေါင်းများစွာ ရှိနေတာ တွေ့ရတော့ မြန်မာ့မြေမှာ အချည်းနှီး မြှုပ်ပစ်လိုက်ရတဲ့ အချင်းတွေအတွက် နှမျောလိုက်တာ။
တကယ်တော့ အချင်းက စျေးကြီးတာ မဟုတ်။ ပညာကသာ စျေးကြီးတာပါ။ မြန်မာတွေ ပညာတတ်ဖို့ လိုနေပါပြီ။
ဝါးလုံးခေါင်းထဲ လသာပြီး ဒီနေရာမှာ ငါအလင်းဆုံးဆိုတဲ့ စိတ်နဲ့တော့ ကျန်းမာရေးအဆင့်လည်း တက်မလာ၊ တိုင်းပြည်လည်း တိုးတက်လာမှာ မဟုတ်ပါ။
တစ်နေ့လုံး ကျွန်တော့်စိတ်ထဲမှာ ထပ်တလဲလဲ ပေါ်နေတဲ့အတွေးကတော့ ငါ့နိုင်ငံအတွက် ငါအခုထက်ပို အလုပ်လုပ်ရဦးမယ် ဆိုတာပါပဲ။
မြန်မာတွေ ကမ္ဘာကြည့် ကြည့်တတ်တဲ့ တစ်နေ့ စင်္ကာပူလောက်တော့ မီကောင်းပါရဲ့။
(အချင်းက ထုတ်တဲ့ stem cell တွေကို လိုရာလေဆိပ်တွေ ပို့တဲ့အခါမှာ X-ray ဖြတ်လို့မရဘူးဆိုတဲ့ အသိကိုလည်း သိခွင့်ရလိုက်ပါတယ်။
မြန်မာပြည်က အချင်းကို ထိုင်းမှာ သွားသိမ်းသူများအတွက် လေဆိပ်မှာ X-ray ဘယ်လို ဖြတ်သလဲဆိုတာလည်း စိတ်၀င်စားစရာ တစ်ခုပါပဲ။)
မူရင်း ဆရာကြီး Than Min Htut အား လေးစားစွာခရက်ဒစ်ပေးပါသည်။ နော်ဂဲလယ်ထူးထံမှ ပြန်လည်မျှဝေသည်။
Zawgyi
နည္းပညာ ကြၽမ္းက်င္၊ ပညာကလည္း တက္ေတာ့ ေမြးကင္းစ ကေလးအခ်င္းတစ္ခုကေန ျမန္မာေငြ သိန္း ၄၀ အထိ စီးပြားျဖစ္ေနတဲ့ ဂ်ပန္…
ဇာတိခ်က္ေႂကြ ေမြးရပ္ေျမတဲ့။ ျမန္မာမွာ ဆို႐ိုးစကား ရွိပါတယ္။ မွန္ပါတယ္။
ျမန္မာမွာကေတာ့ ကေလးေမြးၿပီး အခ်င္းရၿပီဆိုရင္ ေျမႀကီးထဲ ျမႇဳပ္ဖို႔ ႀကိဳးစားၾကတာပါပဲ။ အခ်င္းကို ျမႇဳပ္ရင္ ျမႇဳပ္တဲ့သူက မ်က္ႏွာၿပဳံးၿပဳံးထားရတယ္။
စိတ္ေကာင္းေကာင္းထား ျမႇဳပ္ရတယ္။ ဒါမွ ေမြးလာတဲ့ကေလးက စိတ္ထားေကာင္း မ်က္ႏွာခ်ိဳတယ္လို႔ အယူမ်ားလည္း ရွိၾကပါတယ္။
ျမန္မာ့ေျမေပၚမွာ အခ်င္းေတြ သိန္းသန္းမက ျမႇဳပ္ႏွံၿပီး ျဖစ္မွာ ေျမႀကီးလက္ခတ္မလြဲ အမွန္ပါဘဲ။
ေခတ္ႀကီးက ိနည္းနည္းတိုးတက္လာေတာ့ ေဆး႐ုံမွာ လာေမြးၾက၊ ေဆး႐ုံေတြကလည္း အဲဒီအခ်င္းေတြ ဘယ္မွာ ျမႇဳပ္ရမွန္းမသိ၊ ျပႆနာေတြ အႀကီးႀကီး ႀကဳံၾကရ။ ျမန္မာ့ေျမမွာ အခ်င္းေတြဟာ အလဟႆျဖစ္လို႔။
ဒီေန႔ေတာ့ ဂ်ပန္ရဲ႕ stem cell ေတြ သိမ္းဆည္းတဲ့ ၊ ေသြးနဲ႔ ေသြးထြက္ပစၥည္းေတြ သိမ္းဆည္းတဲ့ ဘဏ္ႀကီးကို ေရာက္ခဲ့ရပါတယ္။
ဂ်ပန္မိခင္ေတြကို မေမြးခင္ထဲက အခ်င္းကို အလႉခံ၊ ေမြးလာတဲ့အခါ ကေလးအခ်င္းကေန ေသြးကို ထုတ္ယူ၊ အဲဒီေသြးကို အဆင့္ဆင့္ စက္ေတြနဲ႔ ျဖတ္သန္းလိုက္တဲ့အခါမွာ ေသြးရည္ၾကည္ေတြ ပါတဲ့ အပိုင္းက တစ္ထုပ္၊
ေသြးနီဥေတြ ပါတဲ့ အပိုင္းက တစ္ထုပ္၊ stem cell ေတြ ပါတဲ့အပိုင္းေတြက တစ္ထုပ္ စသည္ျဖင့္ ေသြးတစ္အိတ္ကို အစိတ္အပိုင္းမ်ားစြာ ခြဲျခားၿပီး ထုတ္လုပ္ေနတာကို ေတြ႕ရပါတယ္။
ထုတ္လုပ္ထားတဲ့ ေသြးအိတ္ေတြကို အခန္းအမ်ိဳးမ်ိဳးမွာ အပူခ်ိန္ အမ်ိဳးမ်ိဳးနဲ႔ ထိန္းသိမ္းထားတာကိုလည္း ေတြ႕ရပါတယ္။
cord blood ေတြကို -၁၉၅ ဒီဂရီရွိတဲ့ ေသြးေလွာင္ဘဏ္ထဲမွာ တစ္ေန႔ကို အထုပ္ေပါင္း ၄၀၀၀ ေလာက္ ေလွာင္ထားတာကိုလည္း ေတြ႕ခဲ့ရပါတယ္။
ေန႔စဥ္လည္း အဲဒီပမာဏေလာက္ေသာ stem cell ေတြ၊ ေသြးအိတ္မ်ိဳးစုံေတြကို ကမာၻအႏွံ႔ ေရာင္းခ်ၿပီး ၀င္ေငြရေနတာကိုလည္း အံ့ၾသစရာေတြ႕ရပါတယ္။
ေသြးနီဥ တစ္အိတ္ကို အျမင့္ဆုံး ယန္း၃၂၀၈၅(ျမန္မာေငြ ေလးသိန္းခြဲ)၊ ေသြးရည္ၾကည္ကို ယန္း ၂၃၆၁၇( ျမန္မာေငြ သုံးသိန္းသုံးေသာင္း) ၊ အခ်ိဳ႕ေသာ ေသြးထြက္ပစၥည္း stem cell ေတြကို ယန္း ၁၉၁၄၉၆ (ျမန္မာေငြ ၂၆သိန္း)အထိ ေရာင္းခ်ေနတာ သိရပါတယ္။
အေမတစ္ေယာက္လႉလိုက္တဲ့ အခ်င္းတစ္ခုကေန ျမန္မာေငြ သိန္း ေလးဆယ္ေလာက္ ၀င္ေငြရတာကို ထူးဆန္းအံ့ၾသစြာ ေတြ႕ျမင္ရပါတယ္။ (တစ္ေန႔ကို အိတ္ ၄၀၀၀ ဆိုေတာ့ သိန္းေပါင္း ၁၆၀၀၀၀၊ တစ္ႏွစ္၀င္ေငြ တြက္သာၾကည့္ပါေတာ့။)
တစ္ႏွစ္ တစ္ႏွစ္ ဂ်ပန္ရဲ႕ stem cell ေရာင္းရေငြဟာ သန္းေပါင္းမ်ားစြာ ရွိေနတာ ေတြ႕ရေတာ့ ျမန္မာ့ေျမမွာ အခ်ည္းႏွီး ျမႇဳပ္ပစ္လိုက္ရတဲ့ အခ်င္းေတြအတြက္ ႏွေမ်ာလိုက္တာ။
တကယ္ေတာ့ အခ်င္းက ေစ်းႀကီးတာ မဟုတ္။ ပညာကသာ ေစ်းႀကီးတာပါ။ ျမန္မာေတြ ပညာတတ္ဖို႔ လိုေနပါၿပီ။
ဝါးလုံးေခါင္းထဲ လသာၿပီး ဒီေနရာမွာ ငါအလင္းဆုံးဆိုတဲ့ စိတ္နဲ႔ေတာ့ က်န္းမာေရးအဆင့္လည္း တက္မလာ၊ တိုင္းျပည္လည္း တိုးတက္လာမွာ မဟုတ္ပါ။
တစ္ေန႔လုံး ကြၽန္ေတာ့္စိတ္ထဲမွာ ထပ္တလဲလဲ ေပၚေနတဲ့အေတြးကေတာ့ ငါ့ႏိုင္ငံအတြက္ ငါအခုထက္ပို အလုပ္လုပ္ရဦးမယ္ ဆိုတာပါပဲ။
ျမန္မာေတြ ကမာၻၾကည့္ ၾကည့္တတ္တဲ့ တစ္ေန႔ စကၤာပူေလာက္ေတာ့ မီေကာင္းပါရဲ႕။
(အခ်င္းက ထုတ္တဲ့ stem cell ေတြကို လိုရာေလဆိပ္ေတြ ပို႔တဲ့အခါမွာ X-ray ျဖတ္လို႔မရဘူးဆိုတဲ့ အသိကိုလည္း သိခြင့္ရလိုက္ပါတယ္။
ျမန္မာျပည္က အခ်င္းကို ထိုင္းမွာ သြားသိမ္းသူမ်ားအတြက္ ေလဆိပ္မွာ X-ray ဘယ္လို ျဖတ္သလဲဆိုတာလည္း စိတ္၀င္စားစရာ တစ္ခုပါပဲ။)
မူရင္း ဆရာႀကီး Than Min Htut အား ေလးစားစြာခရက္ဒစ္ေပးပါသည္။ ေနာ္ဂဲလယ္ထူးထံမွ ျပန္လည္မွ်ေဝသည္။