မော်လမြိုင်တွင် ကားတိုက်မှုကြောင့် သမီးရည်းစားနှစ်ယောက်လုံးသေဆုံးခဲ့တဲ့(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
မော်လမြိုင်တွင် အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်ဝင်ရောက်၊ယာဉ်ပေါ်ပါ ၂ ဦးသေဆုံး
မွန်ပြည်နယ်၊ မော်လမြိုင်တွင် ယနေ့ ( ဒီဇင်ဘာ ၃၀) ညနေပိုင်းက အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်ဝင်ရောက်မိမှုကြောင့်
ယာဉ်ပေါ်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း မော်လမြိုင်လူမူကူညီရေးအသင်းများထံမှသိရသည်။
မော်လမြိုင်မြို့ တက္ကသိုလ်ပတ်လမ်းထိပ် ဒေါင်းဇရပ်တွင် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်ရောက်သွားပြီး
ကားပျက်စီးသွားကာ ယာဉ်ပေါ်ပါ မုဒုံမြို့နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။
” အိမ်စီးကားက အရှိန်လွန်စလစ်ဖြစ်ပြီး ကုန်တင်အားအောက်ဝင်သွားတာ ကားပေါ်ပါသူနှစ်ဦးလုံး နေရာမှာပဲသေဆုံးသွားတယ်။
ကားလည်းရစရာမရှိအောင်ပျက်စီးသွားတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်သူတစ်ဦးကပြောသည်။
ထိုသို့ဖြစ်စဉ်ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ကားကို ဆွဲထုတ်ပေးခဲ့ပြီး
ကားအတွင်း ညှပ်ကျန်နေသည့် DB ကိုလည်း ကူညီဖယ်ထုတ်ပေးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – ဇင်မိုး
unicode
ေမာ္လၿမိဳင္တြင္ ကားတိုက္မႈေၾကာင့္ သမီးရည္းစားႏွစ္ေယာက္လုံးေသဆုံးခဲ့တဲ့(႐ုပ္သံ)
႐ုပ္သံကို ေအာက္ဆုံးတြင္ ေဖာ္ျပထားပါသည္…။
ေမာ္လၿမိဳင္တြင္ အိမ္စီးကား ၁ စီး အရွိန္လြန္ကာ ကုန္တင္အားေအာက္ဝင္ေရာက္၊ယာဥ္ေပၚပါ ၂ ဦးေသဆုံး
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္တြင္ ယေန႔ ( ဒီဇင္ဘာ ၃၀) ညေနပိုင္းက အိမ္စီးကား ၁ စီး အရွိန္လြန္ကာ ကုန္တင္အားေအာက္ဝင္ေရာက္မိမႈေၾကာင့္
ယာဥ္ေပၚပါ ၂ ဦးေသဆုံးခဲ့ေၾကာင္း ေမာ္လၿမိဳင္လူမူကူညီေရးအသင္းမ်ားထံမွသိရသည္။
ေမာ္လၿမိဳင္ၿမိဳ႕ တကၠသိုလ္ပတ္လမ္းထိပ္ ေဒါင္းဇရပ္တြင္ ယေန႔ ညေန ၄ နာရီ ၃၀ မိနစ္ခန႔္က အိမ္စီးကား ၁ စီး အရွိန္လြန္ကာ ကုန္တင္အားေအာက္ေရာက္သြားၿပီး
ကားပ်က္စီးသြားကာ ယာဥ္ေပၚပါ မုဒုံၿမိဳ႕ေန အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ေနရာတြင္ပင္ေသဆုံးသြားသည္ဟု သိရသည္။
” အိမ္စီးကားက အရွိန္လြန္စလစ္ျဖစ္ၿပီး ကုန္တင္အားေအာက္ဝင္သြားတာ ကားေပၚပါသူႏွစ္ဦးလုံး ေနရာမွာပဲေသဆုံးသြားတယ္။
ကားလည္းရစရာမရွိေအာင္ပ်က္စီးသြားတယ္” ဟု ကယ္ဆယ္ေရးလုပ္ငန္းတြင္ပါဝင္သူတစ္ဦးကေျပာသည္။
ထိုသို႔ျဖစ္စဥ္ေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ား ကားကို ဆြဲထုတ္ေပးခဲ့ၿပီး
ကားအတြင္း ညႇပ္က်န္ေနသည့္ DB ကိုလည္း ကူညီဖယ္ထုတ္ေပးခဲ့သည္ဟု သိရသည္။
ဓာတ္ပုံ – ဇင္မိုး