မြန်မာတို့ ထိုင်းကို လိုက်လို့ မမှီနိုင်လောက်အောင် မိုး‌နဲ့မြေလို ဘာကြောင့် ကွာခြားသွားခဲ့တာလဲ…?

အေထြအေထြဗဟုသုတ

မြန်မာတို့ ထိုင်းကို လိုက်လို့ မမှီနိုင်လောက်အောင် မိုး‌နဲ့မြေလို ဘာကြောင့် ကွာခြားသွားခဲ့တာလဲ…?

လွန်ခဲ့တဲ့၁၃ နှစ်ကျော်က ဘန်ကောက်မြို့ကို ပထမဆုံးစရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၅၀ လောက် နောက်ကျကျန်နေခဲ့ပါလားလို့ တွေးမိတယ်။

ပြီးခဲ့တဲ့လက အခါခါထပ်ရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၁၀၀ လောက် ကျန်နေခဲ့ပြီဆိုတာ သေချာသွားတယ်။

ကျန်ခဲ့တယ်ဆိုတဲ့နေရာမှာ တိုက်တာအခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊

ကျန်းမာရေးစနစ်တွေတင်မကဘူး မျက်လုံးနဲ့ မမြင်ရတဲ့ စိတ်ဓါတ်တွေ၊ ကျင့်ဝတ်တွေ၊

စည်းကမ်းတွေ၊ နိုင်ငံသားတယောက်စီရဲ့အတွေးအခေါ် အမြင်ကျယ်တာတွေ အစ

တိုင်းပြည်ရဲ့ နိုင်ငံတကာမှာရှိနေတဲ့ ပုံရိပ်တွေ၊ အထင်ကြီးလေးစားမှု၊ နေရာပေးမှု၊ ဆက်ဆံပတ်သက်ချင်စရာကောင်းမှု၊

ယုံကြည်မှု၊ ရင်းနှီးမြုပ်နှံနိုင်မှု၊ ငြိမ်းချမ်းရေး နိုင်ငံရေး ဒါတွေ အားလုံးပါ ရစရာမရှိအောင် ကျန်ခဲ့တာကို ပြောတာ။

ဘက်စုံ ကျန်ခဲ့ပြီ ဘယ်နေရာမှ ယှဉ်လို့မရအောင်အပြတ်အသတ်ဖြစ်သွားပြီ။

လမ်းဘေးစျေးသည်ချင်း ယှဉ်မလား၊ ဆရာဝန်ချင်းယှဉ်မလား ကြိုက်သလိုယှဉ် ကြည့်ပါ။

ခံပြင်းစရာအကောင်းဆုံးက ထိုင်းတွေက မြန်မာတွေထက် သိပ်တော်နေလို့လား ဆိုတော့ မဟုတ်လို့ပါပဲ။

ကောင်းမွန်တဲ့ မင်း၊ ကောင်းမွန်တဲ့ ခွင့်တူညီမျှ ဝါဒ၊ ကောင်းမွန်တဲ့ စိတ်နှလုံးကောင်းတွေ ကသာ သူတို့ကို ဖွံ့ဖြိုးပြီး တိုင်းပြည်ဖြစ်စေခဲ့တာပါပဲ။

သာမန်လူတန်းစားထိုင်းတွေက အပျော်အပါး အားလပ်ရက် ဥရောပ ဘယ်နိုင်ငံကို ခရီးထွက်ရင်ကောင်းမလဲ စိတ်ကူးနေကြတဲ့အချိန်မှာ မြန်မာတွေက လိုက်ထရပ် တစီးပေါ် လူ ၁၅ ယောက်လောက်ထိုင်လိုက်ပြီး

ဖုန်တသောသောနဲ့ ရာသီပွဲလေးတွေမှာ မသန့်တဲ့ ဆီကြော်မုန့်တွေကိုသာ စားနေရတယ်။ ဒါက သာမန်အောက် လူတန်းစားအချင်းချင်းမှာတောင် ဒီလိုကွာနေပြီ။

ထိုင်းတယောက် ဥရောပကို ဝင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ မြန်မာတယောက် ဥရောပကို ဝင်တဲ့အခါတောင်းတဲ့စာရွက်တွေက မတူပါဘူး။

ဗီဇာကင်းလွတ်ခွင့်ရတဲ့ တိုင်းပြည်တွေလည်း မတူကြပါဘူး။

အိမ်ဖေါ်နဲ့အထွေထွေအလုပ်သမားသာ ပြည်ပပို့ကုန်အနေနဲ့ ထွက်နေတဲ့ ဂိုးဒင်းလန်းဆိုတဲ့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ကို ကြည့်တဲ့မျက်လုံးနဲ့ အာဆီယံထဲမှာ စင်ကာပူ ဘရူနိုင်း မလေးရှား ထိုင်းကို ဥရောပက ကြည့်တဲ့ မျက်လုံး မတူပါဘူး။

ဟော အလယ်အလတ် အလွှာ တွေကြပြန်တော့ အများဆုံးမေမြို့၊ ချောင်းသာ၊ ကလောပေါ့လေ။

အဲဒီနေရာတွေကိုသာ ကိုယ်ပိုင်ကားလေးနဲ့ ဖန်တရာတေနေအောင်သွားပြီး ဘာမှမက်မောစရာမကောင်းတဲ့ နေရာနဲ့ဝန်ဆောင်မှု

တခါလာလည်း ဒီနေရာနဲ့ ဒီပန်းပင်၊ ဒီခုံ၊ ဒီနွားနို့၊ ဒီဆိုင် ယင်ကောင်တလောင်းလောင်း ညစ်ညစ်ပတ်ပတ်သာ ရောင်းတာ

စျေးက ဟောလိဝုဒ်က ဘာဗာလီဟေးလ် စျေးတန်းလောက် နီနီးပေးဝယ်နေရတယ်။

ဒီလိုဂွမ်းဂွမ်းလေးတွေကိုသာ ဖင်ပြန်ခေါင်းပြန် ဓါတ်ပုံရိုက်ကာ သာယာ ဖက်တွယ်စရာရှိတယ်။

အရင်းစစ်တော့ အမြစ်မြေကဆိုသလို မနာလိုစိတ်ကို အခြေခံလိုက်တော့ အာရှတိုက်သားအချင်းချင်း တချိန်က ကိုယ့်အောက် ၁၀ ဆင့်မကတဲ့ နေရာတွေမှာ ကိုယ် ပြန်အိမ်ဖေါ်လုပ်နေကြရပြီ။

ပတ္တမြားမြေဟာပန်းကန်ပြားဆေးတဲ့သူတွေသာ ထွက်နေပါတယ်။

ဂျပန်ကဆို အသုတ်လိုက် ခေါ်ဆေးခိုင်းနေတယ်။

ပညာနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ ပညာရှင်တွေလည်းရှိပေမယ့် သူနာပြုတွေရှိပေမယ့် အများစုက 3D အလုပ်သမားတွေပါပဲ။

ဟောင်ကောင်ဟာ ၁၉၉၇ ကမှ အင်္ဂလိပ်လက်အောက်က လွတ်တာပါ။

သူထက် အနှစ် ၄၀ လောက်စော လွတ်လပ်ရေးရတဲ့ မြန်မာတွေက ဟိုတလောကမှ လွတ်လပ်ရေးရတဲ့ ဟောင်ကောင်ထက်ပိုတိုးတက် မနေသင့်ဘူးလား။

တရုတ်ပြည်မကြီးကတောင် ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးမှုနဲ့ အင်္ဂလိပ်ချမှတ်ပေးတဲ့ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရား အတိုင်းဆက်သွားမယ်တဲ့။

အမြင်ရှိတဲ့သူဟာ အရှိကို အရှိအတိုင်း လက်ခံတယ် အမှန်ကိုမြင်တယ်။

ဒီမှာ အမျိုးသားရေးကျောင်းတွေပဲ ရှိရမယ်ဆိုပြီး ဦးနုရဲ့ ဝံသာနု ရက္ခိတတရားတွေ မဟားဒယားလှုံဆော်တာကြောင့် အင်္ဂလိပ်မစ်ရှင်ကျောင်းတွေအကုန်ပြန်သွားရပြီး

အာရှမှာ အင်္ဂလိပ်စာ အညံ့ဆုံးတိုင်းပြည်ဖြစ်လာတော့ အလုပ်သမားချင်းအတူတူတောင် တဆင့်နှိမ်ခံထားရတယ်။

အများအားဖြင့်အလုပ်မရကြတော့ဘူး passport တောင် စာလုံးမပေါင်းတတ်ကြတော့တဲ့အထိ ဆိုးရွားသွားတယ်။

ကဲ ပြော အလကားရတဲ့မစ်ရှင်ကျောင်းက ခရစ်ယာန်ဘာသာသာသနာပြုမှာ စိုးတာနဲ့တင် အခု ILBC မှာ လူတိုင်းမသင်နိုင်တဲ့စျေးနဲ့ ကလေးတွေကို တခုတ်တရကျောင်းထားနေရပြီ။

ပိုက်ဆံရှိသားသမီးတွေသာ အင်္ဂလိပ်ဘာသာစကားကို လက်လှမ်းမှီနိုင်တော့တယ်။

အဲဒါ အဲဒီအချိန်က အဲဒီအမျိုးသားရေးကျောင်းတွေနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့်ပဲ။

တခါ အင်္ဂလိပ်က ဓနသဟာယ တိုင်းပြည်တွေအဖြစ် သူသိမ်းပိုက်ခဲ့ဖူးတဲ့ အာရှတိုင်းပြည်တွေတိုးတက်အောင်လုပ်ပေးမယ့် အစီအစဉ်အဖွဲ့ဝင်အဖြစ်က မြန်မာဟာ ထပ်ပြီးနုတ်ထွက်ပြန်တယ်။

အိန္ဒိယက ကလေးတွေ ဟောင်ကောင်က ကလေးတွေ ထိုင်းက ကလေးတွေ အမေရိကန် ရဲ့ ABM ကျောင်းတွေ convent ကျောင်းတွေ

အင်္ဂလိပ်ရဲ့ ဗြိတိသျှကောင်စီက ဖွင့်ထားတဲ့ အတန်းတွေမှာ လူတိုင်းတက်နေတဲ့အချိန်ဒီမှာတော့ တလသိန်းငွေအများကြီးပေးမှ တက်နေရပြီ။

အဲဒါအရှိတရားကို မျက်ကွယ်ပြုလို့ပဲ။ အခွင့်အရေးကိုအခွင့်အရေးမှန်း မသိလို့ပဲ။

ထိုင်းနိုင်ငံလောက် ဘာသာခြား ပေါတာ မရှိဘူး။

ဗုဒ္ဓသာသနာဟာလည်း နေလိုမီးလို ထွန်းတောက်လျက်ပဲ။

အသုံးမကျချက်က ခေတ်အဆက်ဆက် စီးရီးလိုက်ကို စောက်သုံးမကျခဲ့တာ ခွေးဖြစ်မယ့်ကိန်းတွေကြီး တောက်လျောက်ရွေးလုပ် လာတာ။

အင်္ဂလိပ်စာမတတ်ရင် လူရာကို မဝင်တော့တဲ့ခေတ်ကြီးမှာ မြန်မာတွေဟာမျက်နှာထပ်ငယ်နေရပြီ။

အိန္ဒိယလောက် အင်္ဂလိပ်လက်အောက်နေရတာ ရှိအုံးမှာလား။

လွတ်လပ်ရေးပေးခဲ့တာတောင် အင်္ဂလိပ်မစ်ရှင်ကျောင်းတွေ ဆက်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တာ။

သူ့လူမျိုး အင်္ဂလိပ်စာမတတ်မှာ စိုးလို့တဲ့။

မြန်မာတွေ တချိန်က နှိမ်ခဲ့တဲ့ အိန္ဒိယသားတွေဟာ အမေရိကန်ဆန်ဖရန်စစ္စကိုရဲ့ ဆီလီကွန်ဗေလီခေါ်တဲ့ ကွန်ပျူတာပညာရပ်တို့ရဲ့ဘူမိနက်သန် ကမ္ဘာနည်းပညာဗဟိုချက်မရဲ့ Outsourcing လုပ်ပေးနေတဲ့ တိုင်းပြည်ဖြစ်လာလို့

အခုအခါ ကွန်ပျူတာ ဆော့ဝဲလ် ရေးတဲ့နေရာမှာ ပြိုင်စံမပေါ် ကမ္ဘာကျော်နေပြီး မိုက်ခရိုဆော့တို့ အင်တယ်တို့လို ကုမ္ပဏီကြီးတွေရဲ့ ဆော့ဝဲအင်ဂျင်နီယာတွေ လစာကောင်းတဲ့ ပြည်ပ အလုပ်သမားတွေဖြစ်နေပါပြီ။

ထိုင်းနဲ့မြန်မာ ဗုဒ္ဓဘာသာ တိုင်းပြည် ၂ ခုမှာကို အခြေအနေကမတူ။

မိုးနဲ့မြေလိုကွာနေတာ ထိုင်းဘုရင်ရဲ့မင်းကျင့်တရား ၁၀ ပါးနဲ့အညီအုပ်ချုပ်တာတွေ မေတ္တာတရားတွေအမြော်မြင်ရှိမှုတွေပါပဲ။

ဒီမှာလို ပုလ္လင်လုဖို့ ညီအကို ရန်ဖြစ် မနေဘူး။ ဦးလေးနဲ့တူ ရန်ဖြစ်မနေဘူး။

မိန်းမ တရာယူဖို့ လုံးပန်းမနေဘူး။

အခုထိ မြန်မာအချင်းချင်းထဲ သူတပါးကောင်းစားရင် ဝမ်းမသာဘူး။

သူတပါးကြီးပွါးရင် ဝိုင်းသမ တယ်။ လက်တွဲခေါ်ဖို့ နေနေသာသာ ကဲ့ရဲ့တယ် ချောက်တွန်းတယ်

အတွင်းစိတ်ကောက်ကျစ်တယ် လူတိုင်းတော့မဆိုလိုဘူး အများစုကတော့ ဟုတ်ကိုဟုတ်တယ်။

အဲလိုစိတ်အခြေခံရှိတဲ့သူတွေ လက်ထဲ ပြီးခဲ့တဲ့နှစ် ၆၀ လုံးလုံး အာဏာယူထားတော့ ကျွန်စုပ်တဲ့သရက်စိဖြစ်ကရော။

ဒါတွေကချစ်လို့ ပြောတယ်မှတ်ပါလေ နောင် ၁၀ နှစ်လောက်နေရင် ကျမအဝေးတနေရာက နေ မြန်မာပြည်ကြီး ပြောင်းလဲတိုးတက်နေတာ လှမ်းပြီးမြင်ချင်လို့ပါ။

ကိုယ်မွေးခဲ့တဲ့မြေ မြင့်နေတာကိုသာ မြင်ချင်ပါတယ်။

စိတ်ဓါတ်တွေ ပုတ်စပ် နေရင်တော့ တန်ရာ တန်ရာ အဆင့်မှာပဲ ရှိနေမှာပါ။

သောက်ဖိုးမတန်တဲ့ ငပိတောင် ဓါတုဗေဒ ဆိုးဆေးထည့်နေတဲ့ တိုင်းပြည်ဆိုတော့ မလွယ်ပါဘူးအေ။

အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ အသုံးမကျတဲ့ အုပ်ချုပ်သူတွေနဲ့ ဘာမှသာမဟုတ် ဘဝင်လေဟပ်နေတဲ့ ကျုပ်တို့နိုင်ငံသားတွေ

(မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။)

Zawgyi

ျမန္မာတို႔ ထိုင္းကို လိုက္လို႔ မမွီႏိုင္ေလာက္ေအာင္ မိုး‌နဲ႔ေျမလို ဘာေၾကာင့္ ကြာျခားသြားခဲ့တာလဲ…?

လြန္ခဲ့တဲ့၁၃ ႏွစ္ေက်ာ္က ဘန္ေကာက္ၿမိဳ႕ကို ပထမဆုံးစေရာက္ေတာ့ ဪ ငါတို႔တိုင္းျပည္ဟာ ႏွစ္ ၅၀ ေလာက္ ေနာက္က်က်န္ေနခဲ့ပါလားလို႔ ေတြးမိတယ္။

ၿပီးခဲ့တဲ့လက အခါခါထပ္ေရာက္ေတာ့ ဪ ငါတို႔တိုင္းျပည္ဟာ ႏွစ္ ၁၀၀ ေလာက္ က်န္ေနခဲ့ၿပီဆိုတာ ေသခ်ာသြားတယ္။

က်န္ခဲ့တယ္ဆိုတဲ့ေနရာမွာ တိုက္တာအေျခခံအေဆာက္အအုံ၊ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရး၊

က်န္းမာေရးစနစ္ေတြတင္မကဘူး မ်က္လုံးနဲ႔ မျမင္ရတဲ့ စိတ္ဓါတ္ေတြ၊ က်င့္ဝတ္ေတြ၊

စည္းကမ္းေတြ၊ ႏိုင္ငံသားတေယာက္စီရဲ႕အေတြးအေခၚ အျမင္က်ယ္တာေတြ အစ

တိုင္းျပည္ရဲ႕ ႏိုင္ငံတကာမွာရွိေနတဲ့ ပုံရိပ္ေတြ၊ အထင္ႀကီးေလးစားမႈ၊ ေနရာေပးမႈ၊ ဆက္ဆံပတ္သက္ခ်င္စရာေကာင္းမႈ၊

ယုံၾကည္မႈ၊ ရင္းႏွီးျမဳပ္ႏွံႏိုင္မႈ၊ ၿငိမ္းခ်မ္းေရး ႏိုင္ငံေရး ဒါေတြ အားလုံးပါ ရစရာမရွိေအာင္ က်န္ခဲ့တာကို ေျပာတာ။

ဘက္စုံ က်န္ခဲ့ၿပီ ဘယ္ေနရာမွ ယွဥ္လို႔မရေအာင္အျပတ္အသတ္ျဖစ္သြားၿပီ။

လမ္းေဘးေစ်းသည္ခ်င္း ယွဥ္မလား၊ ဆရာဝန္ခ်င္းယွဥ္မလား ႀကိဳက္သလိုယွဥ္ ၾကည့္ပါ။

ခံျပင္းစရာအေကာင္းဆုံးက ထိုင္းေတြက ျမန္မာေတြထက္ သိပ္ေတာ္ေနလို႔လား ဆိုေတာ့ မဟုတ္လို႔ပါပဲ။

ေကာင္းမြန္တဲ့ မင္း၊ ေကာင္းမြန္တဲ့ ခြင့္တူညီမွ် ဝါဒ၊ ေကာင္းမြန္တဲ့ စိတ္ႏွလုံးေကာင္းေတြ ကသာ သူတို႔ကို ဖြံ႕ၿဖိဳးၿပီး တိုင္းျပည္ျဖစ္ေစခဲ့တာပါပဲ။

သာမန္လူတန္းစားထိုင္းေတြက အေပ်ာ္အပါး အားလပ္ရက္ ဥေရာပ ဘယ္ႏိုင္ငံကို ခရီးထြက္ရင္ေကာင္းမလဲ စိတ္ကူးေနၾကတဲ့အခ်ိန္မွာ ျမန္မာေတြက လိုက္ထရပ္ တစီးေပၚ လူ ၁၅ ေယာက္ေလာက္ထိုင္လိုက္ၿပီး

ဖုန္တေသာေသာနဲ႔ ရာသီပြဲေလးေတြမွာ မသန္႔တဲ့ ဆီေၾကာ္မုန္႔ေတြကိုသာ စားေနရတယ္။ ဒါက သာမန္ေအာက္ လူတန္းစားအခ်င္းခ်င္းမွာေတာင္ ဒီလိုကြာေနၿပီ။

ထိုင္းတေယာက္ ဥေရာပကို ဝင္တဲ့အခါ လိုအပ္တဲ့ စာ႐ြက္စာတမ္းနဲ႔ ျမန္မာတေယာက္ ဥေရာပကို ဝင္တဲ့အခါေတာင္းတဲ့စာ႐ြက္ေတြက မတူပါဘူး။

ဗီဇာကင္းလြတ္ခြင့္ရတဲ့ တိုင္းျပည္ေတြလည္း မတူၾကပါဘူး။

အိမ္ေဖၚနဲ႔အေထြေထြအလုပ္သမားသာ ျပည္ပပို႔ကုန္အေနနဲ႔ ထြက္ေနတဲ့ ဂိုးဒင္းလန္းဆိုတဲ့ ကမာၻ႔အဆင္းရဲဆုံးတိုင္းျပည္ကို ၾကည့္တဲ့မ်က္လုံးနဲ႔ အာဆီယံထဲမွာ စင္ကာပူ ဘ႐ူႏိုင္း မေလးရွား ထိုင္းကို ဥေရာပက ၾကည့္တဲ့ မ်က္လုံး မတူပါဘူး။

ေဟာ အလယ္အလတ္ အလႊာ ေတြၾကျပန္ေတာ့ အမ်ားဆုံးေမၿမိဳ႕၊ ေခ်ာင္းသာ၊ ကေလာေပါ့ေလ။

အဲဒီေနရာေတြကိုသာ ကိုယ္ပိုင္ကားေလးနဲ႔ ဖန္တရာေတေနေအာင္သြားၿပီး ဘာမွမက္ေမာစရာမေကာင္းတဲ့ ေနရာနဲ႔ဝန္ေဆာင္မႈ

တခါလာလည္း ဒီေနရာနဲ႔ ဒီပန္းပင္၊ ဒီခုံ၊ ဒီႏြားႏို႔၊ ဒီဆိုင္ ယင္ေကာင္တေလာင္းေလာင္း ညစ္ညစ္ပတ္ပတ္သာ ေရာင္းတာ

ေစ်းက ေဟာလိဝုဒ္က ဘာဗာလီေဟးလ္ ေစ်းတန္းေလာက္ နီနီးေပးဝယ္ေနရတယ္။

ဒီလိုဂြမ္းဂြမ္းေလးေတြကိုသာ ဖင္ျပန္ေခါင္းျပန္ ဓါတ္ပုံ႐ိုက္ကာ သာယာ ဖက္တြယ္စရာရွိတယ္။

အရင္းစစ္ေတာ့ အျမစ္ေျမကဆိုသလို မနာလိုစိတ္ကို အေျခခံလိုက္ေတာ့ အာရွတိုက္သားအခ်င္းခ်င္း တခ်ိန္က ကိုယ့္ေအာက္ ၁၀ ဆင့္မကတဲ့ ေနရာေတြမွာ ကိုယ္ ျပန္အိမ္ေဖၚလုပ္ေနၾကရၿပီ။

ပတၱျမားေျမဟာပန္းကန္ျပားေဆးတဲ့သူေတြသာ ထြက္ေနပါတယ္။

ဂ်ပန္ကဆို အသုတ္လိုက္ ေခၚေဆးခိုင္းေနတယ္။

ပညာနဲ႔ အလုပ္လုပ္ေနတဲ့ ျမန္မာ ပညာရွင္ေတြလည္းရွိေပမယ့္ သူနာျပဳေတြရွိေပမယ့္ အမ်ားစုက 3D အလုပ္သမားေတြပါပဲ။

ေဟာင္ေကာင္ဟာ ၁၉၉၇ ကမွ အဂၤလိပ္လက္ေအာက္က လြတ္တာပါ။

သူထက္ အႏွစ္ ၄၀ ေလာက္ေစာ လြတ္လပ္ေရးရတဲ့ ျမန္မာေတြက ဟိုတေလာကမွ လြတ္လပ္ေရးရတဲ့ ေဟာင္ေကာင္ထက္ပိုတိုးတက္ မေနသင့္ဘူးလား။

တ႐ုတ္ျပည္မႀကီးကေတာင္ ေဟာင္ေကာင္ရဲ႕ ဖြံ႕ၿဖိဳးမႈနဲ႔ အဂၤလိပ္ခ်မွတ္ေပးတဲ့ ျဗဴ႐ိုကေရစီ အုပ္ခ်ဳပ္ေရးယႏၲရား အတိုင္းဆက္သြားမယ္တဲ့။

အျမင္ရွိတဲ့သူဟာ အရွိကို အရွိအတိုင္း လက္ခံတယ္ အမွန္ကိုျမင္တယ္။

ဒီမွာ အမ်ိဳးသားေရးေက်ာင္းေတြပဲ ရွိရမယ္ဆိုၿပီး ဦးႏုရဲ႕ ဝံသာႏု ရကၡိတတရားေတြ မဟားဒယားလႈံေဆာ္တာေၾကာင့္ အဂၤလိပ္မစ္ရွင္ေက်ာင္းေတြအကုန္ျပန္သြားရၿပီး

အာရွမွာ အဂၤလိပ္စာ အညံ့ဆုံးတိုင္းျပည္ျဖစ္လာေတာ့ အလုပ္သမားခ်င္းအတူတူေတာင္ တဆင့္ႏွိမ္ခံထားရတယ္။

အမ်ားအားျဖင့္အလုပ္မရၾကေတာ့ဘူး passport ေတာင္ စာလုံးမေပါင္းတတ္ၾကေတာ့တဲ့အထိ ဆိုး႐ြားသြားတယ္။

ကဲ ေျပာ အလကားရတဲ့မစ္ရွင္ေက်ာင္းက ခရစ္ယာန္ဘာသာသာသနာျပဳမွာ စိုးတာနဲ႔တင္ အခု ILBC မွာ လူတိုင္းမသင္ႏိုင္တဲ့ေစ်းနဲ႔ ကေလးေတြကို တခုတ္တရေက်ာင္းထားေနရၿပီ။

ပိုက္ဆံရွိသားသမီးေတြသာ အဂၤလိပ္ဘာသာစကားကို လက္လွမ္းမွီႏိုင္ေတာ့တယ္။

အဲဒါ အဲဒီအခ်ိန္က အဲဒီအမ်ိဳးသားေရးေက်ာင္းေတြနဲ႔ အျမင္က်ဥ္းေျမာင္းတဲ့ အယူအဆေတြေၾကာင့္ပဲ။

တခါ အဂၤလိပ္က ဓနသဟာယ တိုင္းျပည္ေတြအျဖစ္ သူသိမ္းပိုက္ခဲ့ဖူးတဲ့ အာရွတိုင္းျပည္ေတြတိုးတက္ေအာင္လုပ္ေပးမယ့္ အစီအစဥ္အဖြဲ႕ဝင္အျဖစ္က ျမန္မာဟာ ထပ္ၿပီးႏုတ္ထြက္ျပန္တယ္။

အိႏၵိယက ကေလးေတြ ေဟာင္ေကာင္က ကေလးေတြ ထိုင္းက ကေလးေတြ အေမရိကန္ ရဲ႕ ABM ေက်ာင္းေတြ convent ေက်ာင္းေတြ

အဂၤလိပ္ရဲ႕ ၿဗိတိသွ်ေကာင္စီက ဖြင့္ထားတဲ့ အတန္းေတြမွာ လူတိုင္းတက္ေနတဲ့အခ်ိန္ဒီမွာေတာ့ တလသိန္းေငြအမ်ားႀကီးေပးမွ တက္ေနရၿပီ။

အဲဒါအရွိတရားကို မ်က္ကြယ္ျပဳလို႔ပဲ။ အခြင့္အေရးကိုအခြင့္အေရးမွန္း မသိလို႔ပဲ။

ထိုင္းႏိုင္ငံေလာက္ ဘာသာျခား ေပါတာ မရွိဘူး။

ဗုဒၶသာသနာဟာလည္း ေနလိုမီးလို ထြန္းေတာက္လ်က္ပဲ။

အသုံးမက်ခ်က္က ေခတ္အဆက္ဆက္ စီးရီးလိုက္ကို ေစာက္သုံးမက်ခဲ့တာ ေခြးျဖစ္မယ့္ကိန္းေတြႀကီး ေတာက္ေလ်ာက္ေ႐ြးလုပ္ လာတာ။

အဂၤလိပ္စာမတတ္ရင္ လူရာကို မဝင္ေတာ့တဲ့ေခတ္ႀကီးမွာ ျမန္မာေတြဟာမ်က္ႏွာထပ္ငယ္ေနရၿပီ။

အိႏၵိယေလာက္ အဂၤလိပ္လက္ေအာက္ေနရတာ ရွိအုံးမွာလား။

လြတ္လပ္ေရးေပးခဲ့တာေတာင္ အဂၤလိပ္မစ္ရွင္ေက်ာင္းေတြ ဆက္ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာ။

သူ႔လူမ်ိဳး အဂၤလိပ္စာမတတ္မွာ စိုးလို႔တဲ့။

ျမန္မာေတြ တခ်ိန္က ႏွိမ္ခဲ့တဲ့ အိႏၵိယသားေတြဟာ အေမရိကန္ဆန္ဖရန္စစၥကိုရဲ႕ ဆီလီကြန္ေဗလီေခၚတဲ့ ကြန္ပ်ဴတာပညာရပ္တို႔ရဲ႕ဘူမိနက္သန္ ကမာၻနည္းပညာဗဟိုခ်က္မရဲ႕ Outsourcing လုပ္ေပးေနတဲ့ တိုင္းျပည္ျဖစ္လာလို႔

အခုအခါ ကြန္ပ်ဴတာ ေဆာ့ဝဲလ္ ေရးတဲ့ေနရာမွာ ၿပိဳင္စံမေပၚ ကမာၻေက်ာ္ေနၿပီး မိုက္ခ႐ိုေဆာ့တို႔ အင္တယ္တို႔လို ကုမၸဏီႀကီးေတြရဲ႕ ေဆာ့ဝဲအင္ဂ်င္နီယာေတြ လစာေကာင္းတဲ့ ျပည္ပ အလုပ္သမားေတြျဖစ္ေနပါၿပီ။

ထိုင္းနဲ႔ျမန္မာ ဗုဒၶဘာသာ တိုင္းျပည္ ၂ ခုမွာကို အေျခအေနကမတူ။

မိုးနဲ႔ေျမလိုကြာေနတာ ထိုင္းဘုရင္ရဲ႕မင္းက်င့္တရား ၁၀ ပါးနဲ႔အညီအုပ္ခ်ဳပ္တာေတြ ေမတၱာတရားေတြအေျမာ္ျမင္ရွိမႈေတြပါပဲ။

ဒီမွာလို ပုလႅင္လုဖို႔ ညီအကို ရန္ျဖစ္ မေနဘူး။ ဦးေလးနဲ႔တူ ရန္ျဖစ္မေနဘူး။

မိန္းမ တရာယူဖို႔ လုံးပန္းမေနဘူး။

အခုထိ ျမန္မာအခ်င္းခ်င္းထဲ သူတပါးေကာင္းစားရင္ ဝမ္းမသာဘူး။

သူတပါးႀကီးပြါးရင္ ဝိုင္းသမ တယ္။ လက္တြဲေခၚဖို႔ ေနေနသာသာ ကဲ့ရဲ႕တယ္ ေခ်ာက္တြန္းတယ္

အတြင္းစိတ္ေကာက္က်စ္တယ္ လူတိုင္းေတာ့မဆိုလိုဘူး အမ်ားစုကေတာ့ ဟုတ္ကိုဟုတ္တယ္။

အဲလိုစိတ္အေျခခံရွိတဲ့သူေတြ လက္ထဲ ၿပီးခဲ့တဲ့ႏွစ္ ၆၀ လုံးလုံး အာဏာယူထားေတာ့ ကြၽန္စုပ္တဲ့သရက္စိျဖစ္ကေရာ။

ဒါေတြကခ်စ္လို႔ ေျပာတယ္မွတ္ပါေလ ေနာင္ ၁၀ ႏွစ္ေလာက္ေနရင္ က်မအေဝးတေနရာက ေန ျမန္မာျပည္ႀကီး ေျပာင္းလဲတိုးတက္ေနတာ လွမ္းၿပီးျမင္ခ်င္လို႔ပါ။

ကိုယ္ေမြးခဲ့တဲ့ေျမ ျမင့္ေနတာကိုသာ ျမင္ခ်င္ပါတယ္။

စိတ္ဓါတ္ေတြ ပုတ္စပ္ ေနရင္ေတာ့ တန္ရာ တန္ရာ အဆင့္မွာပဲ ရွိေနမွာပါ။

ေသာက္ဖိုးမတန္တဲ့ ငပိေတာင္ ဓါတုေဗဒ ဆိုးေဆးထည့္ေနတဲ့ တိုင္းျပည္ဆိုေတာ့ မလြယ္ပါဘူးေအ။

အဆက္ဆက္အုပ္ခ်ဳပ္ခဲ့တဲ့ အသုံးမက်တဲ့ အုပ္ခ်ဳပ္သူေတြနဲ႔ ဘာမွသာမဟုတ္ ဘဝင္ေလဟပ္ေနတဲ့ က်ဳပ္တို႔ႏိုင္ငံသားေတြ

(မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။)

 

Leave a Reply

Your email address will not be published. Required fields are marked *