ကမ္ဘာကျော် ရွှေတီဂုံစေတီတော်အောက်က လူအများမသိကြတဲ့ လျို့ဝှက်ချက်နှင့် အံ့ဖွယ် ၉ပါး…

အေထြအေထြဗဟုသုတ

ကမ္ဘာကျော် ရွှေတီဂုံစေတီတော်အောက်က လူအများမသိကြတဲ့ လျို့ဝှက်ချက်နှင့် အံ့ဖွယ် ၉ပါး…

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။

အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။
ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။

ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။

ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။

ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

ရွှေတိဂုံ စေတီတော် ကုန်းတော်ပေါ်တွင် ရွှေတိဂုံ ဘုရားကြီး မှလွဲလျှင် သူ့ထောင့်နှင့် သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ် စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ် အကျော်အမော်များ တည်ထား ကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည်။

ရွှေတိဂုံ ဘုရား ကုန်းတော်ပေါ်ရှိ ထူးခြားသော အံ့ဖွယ် ၉-ဌနသို့ လှည့်ပြီး ပူဇော် အားထုတ်လေ့ ရှိကြသည်။ ထို ထူးခြားသော အံ့ဖွယ် ၉-ဌာနကို မန်လည်ဆရာတော် ဘုရားကြီးနှင့် တကွ ထင်ရှား ကျော်ကြားသော ဆရာတော်များလည်း လှည့်လည် ရှိခိုး ပူဇော်လေ့ ရှိတက်ကြ လေသည်။

ထို ထူးခြားသော အံ့ဖွယ် ၉-ဌာနမှာ (၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား။

ရွှေတိဂုံ စေတီတော် အထက် ပစ္စယံ အရှေ့ဘက် တည့်တည့်တွင် တည်ရှိသည်။ ထို တ၀ဂူ ဘုရားသို့ အမျိုးသားများ သာလျှင် တက်ရောက် ဖူးမြော်ခွင့် ရပြီး၊ အမျိုးသမီးများ မဖူးမြော် နိုင်သော ဘုရားဟု ဆိုလျှင် မှားမည် မဟုတ်ပေ။ တ၀ဂူ ပတ္တမြား မျက်ရှင်ဘုရား ဟုလည်း ခေါ်တွင်လေသည်

။ဆုတောင်းပြည့် တ၀ဂူဘုရားသည် အလွန် တန်ခိုးကြီးသည့် အတွက် ဆုတောင်း ပြည့်သည်ဟု အလွန် ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရား တက်ပြီး ဆုတောင်းဆုယူ ပြုလုပ်ကြသည်။ သစ္စာ အဓိဌာန် ပြုလုပ်ကြသည်။ ပြုလုပ်သည့် အတိုင်း အောင်မြင်ကြသည်။အချင်းချင်း သတ်ဖြတ်ပြီး နန်းရပ်ထီးဖြူ လုယူကြသည်။

ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်း မသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန် အတွက် မင်းညီမင်းသားများ တ၀ဂူ ဆုတောင်းပြည့် ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော် ထုတ်ပြန်ခဲ့ရလေသည် ဟု မှတ်သားခဲ့ရဖူးပါသည်။

ထို့ကြောင့် တ၀ဂူ ဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော် နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူ ဘုရားကို အထက် ပစ္စယံ လူသူ အရောက်အပေါက် နည်း သော နေရာတွင် လျှို့ဝှက် တည်ထား ကိုးကွယ်ကြသည်ဟု ပြောသမှတ် ပြုကြပါသည်။

(ယခုအခါ ထိုဘုရားအား အမျိုးသားများ အနေဖြင့် စနေ တနင်္ဂနွေနှင့် ဥပုပ်နေ့များတွင် တက်ရောက် ဖူးမြော်နိုင်ပြီး အခြား သူများ အနေဖြင့် အောက်တွင် TV များ မှတဆင့် ဖူးမြော်နိုင်ပေသည်)

(၂) ဝိဇ္ဖာ ဇော်ဂျီ ဘုရား။

ရွှေတိဂုံ ကုန်းတော် ရင်ပြင်တော် စနေထောင့် တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လောကီ ပညာရပ် အစီအမံဖြင့် ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့် ဘုရား။

ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိသည်။ အချို့ က ဘား လေးဘား ဘုရားဟု ခေါ် ကြသည်။ ရှင်စောပု စေတီ ဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါ စသော စကားပင် လေးပင် ရှိသည်။

(၄) ရှင်မထီး ဘုရား။

ရွှေတိဂုံ ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား မြောက်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိ ဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီး ဆရာတော် တည်သွားသည် ဟု ပြောသည်။

(၅) ရှင် အဇ္ဖဂေါဏ ဘုရား။

ရွှေတိဂုံ ဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံ တန်ဆောင်းတွင်း ရုပ်ပွားတော် ဖြစ်သည်။ ရှင် အဇ္ဖဂေါဏကား ဆိတ်မျက်လုံး တစ်ဖက်၊ နွားမျက်လုံး တစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ် တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင် စောင်မခဲ့သော ကိုယ်တော်ဟု ရှေးဟောင်းသမိုင်း စာပေ တို့တွင် ဆို၏။

ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများ သိစေရန် မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ်သွားကြောင်း အဆိုရှိသည်။ ထို အာရုံခံတန်ဆောင်း ရာဟုထောင့် (ဝါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်း မတူအောင် ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်း ရုပ်ပွားတော်။

ရွှေတိဂုံ ရင်ပြင်တော် မြောက်ဘက်တွင် ရှိသော ဆံတော်တွင်း တန်ဆောင်း အတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်း တန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှု ဖြစ်သော မဟာဗောဓိ စေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

ရွှေတိဂုံ စေတီကို တည်စဉ်က ဆံတော်များ ဆေးကြောသည့် တွင်း ဖြစ်သည်ဟု မှတ်သားကြလေသည်။ တန်ဆောင်းတွင်း ရုပ်ပွားတော် အနောက်တွင် ယခင် နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင် လိုဏ်ခေါင်း ရှိသည်ဟု ပြောစမှတ်ရှိသည်။

ဆံတော်တွင်းမှ ရေသည် ဧရာ၀တီမြစ်ရေနှင့် တစ်ကြောတည်း ဖြစ်သဖြင့် ဒီရေအတက်အကျ ရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျ ရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင် ဘုရား။

ရွှေတိဂုံ စေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင် တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်း အတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင် တန်ဆောင်း အနောက်ဘက်တွင် ကျောချင်း ကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတော် စေတီ ဖြစ်သည်။ ဓမ္မစေတီ ဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ် ရှိသည်။

(၈) လက်ပက်လက် ဘုရား။

ရွှေတိဂုံ စေတီတော် အရှေ့မုခ် အာရုံခံ တန်ဆောင်း အတွင်းတွင် ရှိ၏။ ကကုသန် ရုပ်ပွားတော် ဖြစ်သည်။လိုဏ် အတွင်းရှိ ကကုသတ် ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြား ဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံ မဟုတ်ဘဲ လက်တော် ပက်လက် ထားပြီး ထုထားသဖြင့် လက်ပက်လက် ဘုရားဟ ုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင် ဘုရား။

ရွှေတိဂုံ ရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့် အကြားရှိ စေတီ တစ်ဆူ၏ တောင်ဘက်မုခ် အတွင်းရှိ ကြေး ဆင်းတုတော် ဖြစ်သည်။ အလွန် အချိုးအစား ကျန ပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက် နေပြီး ပြဒါးရှင်လုံး ဌာပနာ ထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံး ရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေး ဆင်းတုတော်မှာ ရွှေတိဂုံ ကုန်းတော်ပေါ်ရှိ ဆင်းတုတော်များ အနက် အလွန် ကြည်ညိုဖွယ် ကောင်းလှသော ဆင်းတုတော် ဖြစ်ကြောင်းကို ဖူး ဘူး သူတိုင်း ၀န်ခံရပေသည်။

မူရင်း KoKoNgal အား လေးစားစွာ ခရက်ဒစ် / နော်ဂဲလယ်ထူး (စာပေပရဟိတ) ထံမှ ပြန်လည်မျှဝေပါသည်။

Zawgyi

ကမာၻေက်ာ္ ေ႐ႊတီဂုံေစတီေတာ္ေအာက္က လူအမ်ားမသိၾကတဲ့ လ်ိဳ႕ဝွက္ခ်က္ႏွင့္ အံ့ဖြယ္ ၉ပါး…

ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးတို႔ရဲ႕ ယုံၾကည္ကိုးကြယ္ရာ ေစတီေတာ္ႀကီးျဖစ္တဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးေအာက္မွာ ပင္လယ္ေရ အတက္အက်အလိုက္ ေရအနိမ့္အျမင့္ျဖစ္ေပၚေစတဲ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့ ေရတြင္းနဲ႔ အဲဒီေရတြင္းထဲမွာ (၆) ေပခြဲေလာက္ရွိၿပီး ရတနာမ်ားစီခ်ယ္ထားတဲ့ေ႐ႊေလွတစ္စီးရွိတယ္လို႔ မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံဖူးခဲ့တဲ့ ျမန္မာႏိုင္ငံဖြား အာေမးနီးယားလူမ်ိဳး ဒီအက္စ္အပရေမ ကေျပာၾကားခဲ့တယ္လို႔ ၁၃. ၃. ၆၈ ေန႔ထုတ္ ေၾကးမုံသတင္းစာမွာ ေဖာ္ျပခဲ့တာကို က်ီးမႏိုးတင္ဝင္း (ေပါင္းတည္) ရဲ႕ျပန္လည္ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

မစၥတာအပရေမကို ေၾကးမုံသတင္းစာက ေတြ႕ဆုံေမးျမန္းရာမွာ ၁၉၀၄ခု၊ သူ႔ရဲ႕အသက္(၇) ႏွစ္သားအ႐ြယ္မွာ သူငယ္ခ်င္းေတြနဲ႔အတူ ေ႐ႊတိဂုံဘုရားကို သြားေရာက္ခဲ့တယ္။ ေ႐ႊတိဂုံရင္ျပင္ေတာ္ရဲ႕ အေရွ႕ေျမာက္ေထာင့္၊ တနဂၤေႏြေထာင့္ရွိ ဌာပနာတိုက္ဝကို ေရာက္တဲ့အခါမွာ ရေသ့ႀကီးတစ္ပါးနဲ႔ေတြ႕လို႔ ခ်ဥ္းကပ္ေတာင္းပန္ၿပီး ဌာပနာတိုက္ထဲကို ဆင္းခဲ့တယ္လို႔ဆိုပါတယ္။

ရေသ့ႀကီးရဲ႕ခြင့္ျပဳခ်က္အရ ဌာပနာတိုက္ထဲကို ဆင္းသြားတဲ့လမ္း တစ္ေလွ်ာက္လုံးမွာ ေယာဂီဝတ္နဲ႔နီဝါေရာင္ဝတ္ပုဂၢိဳလ္ (၇) ဦးကို (၈) ေပ၊ (၉) ေပစီျခားၿပီးေတြ႕ရတယ္လို႔ဆိုပါ တယ္။ ဌာပနာတိုက္ရဲ႕ ပတ္ပတ္လည္ကို အုတ္မ်ားနဲ႔အခန္း (၃၆) ခန္း တည္ေဆာက္ထားတယ္။

အလယ္တိုင္မရွိ ဘူး။ အလယ္ဗဟိုမွာေတာ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့ ေရတြင္းရွိတယ္။ ေရတြင္းဟာ ပင္လယ္ေရ အတက္အက်အလိုက္ ေရအနိမ့္အျမင့္ ျဖစ္ေပၚတယ္လို႔ ဆိုပါတယ္။
ေရတြင္းထဲမွာ အလ်ား (၆) ေပခြဲခန္႔ရွိၿပီး ေက်ာက္မ်က္ရတနာမ်ားနဲ႔ စီခ်ယ္ထားတဲ့ ေ႐ႊကရဝိတ္ေလွ တစ္စင္းရွိတယ္။ ေလွဟာ ဒီေရ အတက္အက်အလိုက္ ေရတြင္းထဲမွာ အနိမ့္အျမင့္လႈပ္ရွားေနတယ္။

ကရဝိတ္ေ႐ႊေလွေပၚမွာ ဆံေတာ္မ်ားလို႔ ယူဆရတဲ့ ဌာပနာေတြ ကိန္းဝပ္လွ်က္ရွိတယ္။ ဒါေပမဲ့ပုဝါလႊမ္းထားလို႔ ဆံေတာ္လို႔ အတိအက် မေျပာႏိုင္ဘူးလို႔ ဆိုပါတယ္။
ဌာပနာတိုက္ရဲ႕ ထူျခားခ်က္မွာ တစ္ခန္းလုံး ထိန္လင္းေနျခင္းျဖစ္တယ္။ တစ္ခုတည္းေသာ အလင္းေရာင္ဟာ အခ်ိန္အခါမေ႐ြး ေ႐ႊေလွေပၚကို အခ်ိန္မေ႐ြး ထိုးစိုက္က်ေရာက္ေနတယ္။

ထုထည္ႀကီးမားလွတဲ့ ေစတီအေဆာက္အအုံႀကီးကို ပင္မအလယ္တိုင္မပါ၊ သံယက္မ မရွိပဲ ေက်ာက္တုံးေက်ာက္ခဲမ်ားနဲ႔ သာတည္ေဆာက္ခဲ့တယ္။ ပင္လယ္ေရဝင္ေပါက္၊ ထြက္ေပါက္နဲ႔အလင္းေရာင္ ယူထားပုံက ေရွးဗိသုကာေတြရဲ႕ လက္ရာျဖစ္တယ္။

ခမ္းနားဆန္းၾကယ္တဲ့ ဌာပနာတိုက္ကို ကိုယ္တိုင္ ေတြ႕ျမင္ခဲ့ရတာျဖစ္လို႔ ေႏွာင္းလူေတြ သုေတသနျပဳႏိုင္ေအာင္ ေ႐ႊတိဂုံေဂါပကအဖြဲ႕ကို ေျမပုံဆြဲလို႔ တင္ျပခဲ့တယ္။

ေ႐ႊတိဂုံေဂါပကအဖြဲ႕ကလည္း မစၥတာအပရေမကို ေတြ႕ဆုံ ေမးျမန္းၿပီး ဌာပနာတိုက္တည္ေနရာကို လိုက္လံျပသေစတဲ့အခါမွာ ဌာပနာတိုက္ လႈိဏ္ဂူဟာ ေ႐ႊတိဂုံရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ဆုေတာင္းျပည့္ဘုရားနဲ႔ ဆုေတာင္းျပည့္တန္ေဆာင္း ေနရာမွာ ရွိတယ္ဆိုေပမဲ့လည္း ေနာက္တိုး တန္ေဆာင္းေတြနဲ႔ ဘုရားမ်ား ထပ္မံ မြမ္းမံျပင္ဆင္ထားမႈေၾကာင့္ အတိအက်ျပသႏိုင္ျခင္းမရွိပဲ ဆုေတာင္းျပည့္ေစတီရဲ႕ လႈိဏ္ဂူေအာက္မွာသာ ရွိတယ္လို႔ ခန္႔မွန္းၫႊန္ျပ သြားႏိုင္တယ္လို႔ သိရပါတယ္။

မစၥတာအပရေမ ကို လြစၥလမ္း (ယခုဆိပ္ကမ္းသာလမ္း) အမွတ္ (၂၅) မွာ ၁၈၉၅ ခုႏွစ္က ဖြားျမင္ခဲ့တာပါ။ မိဘမ်ားမွာ မစၥတာအက္စ္အပရေမ နဲ႔ မစၥက္႐ိုစ္လူကပ္စ္ တို႔ျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီး ေဒၚသိန္းေ႐ႊနဲ႔အိမ္ေထာင္က်ၿပီး သားသမီး ၅ ေယာက္ ထြန္းကားခဲ့ကာ သားသမီးေျမးမ်ားနဲ႔အတူ ေဘာက္ေထာ္မွာ ေနထိုင္တယ္လို႔ သတင္းမွာေဖာ္ျပထားပါတယ္။

မစၥတာအပရေမ ကိုယေန႔ေၾကးမုံက ေတြ႕ဆုံေျမးျမန္းၿပီး ၁၃. ၃. ၆၈ ေန႔မွာ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။ ေတြ႕ဆုံ ေမးျမန္းခ်ိန္မွာ မစၥတာအပရေမ ဟာ (၇၃) ႏွစ္ရွိၿပီလို႔ ေဖာ္ျပထားပါတယ္။
ဗုဒၶဘာသာဝင္ေတြ ယုံၾကည္ကိုးကြယ္တဲ့ ေ႐ႊတိဂုံဘုရားႀကီးရဲ႕ေအာက္ ေပ (၆၀) ခန္႔အကြာမွာ တည္ရွိတဲ့ ဆံေတာ္တြင္း ဌာပနာတိုက္ႀကီးအေၾကာင္းကို ေႏွာင္းလူမ်ား သိရွိေစရန္ထပ္မံ ေဖာ္ျပရျခင္းျဖစ္ပါတယ္။

ေ႐ႊတိဂုံ ေစတီေတာ္ ကုန္းေတာ္ေပၚတြင္ ေ႐ႊတိဂုံ ဘုရားႀကီး မွလြဲလွ်င္ သူ႔ေထာင့္ႏွင့္ သူ မြန္ဘုရင္မ်ား၊ ျမန္မာမင္းမ်ား၊ မႉးမတ္ စစ္ေသနာပတိမ်ား၊ ထြက္ရပ္လမ္း အားထုတ္ေသာ ဘိုးဘိုးေအာင္၊ ဓမၼေစတီႏွင့္ တကြ ဘားမဲ့ဆရာေတာ္၊ ရွင္မထီး၊ ရွင္အဇၹေဂါဏ စေသာ ပုဂၢိဳလ္ အေက်ာ္အေမာ္မ်ား တည္ထား ကိုးကြယ္ခဲ့သည့္ ဘုရားမ်ားစြာ ရွိေနေပသည္။

ေ႐ႊတိဂုံ ဘုရား ကုန္းေတာ္ေပၚရွိ ထူးျခားေသာ အံ့ဖြယ္ ၉-ဌနသို႔ လွည့္ၿပီး ပူေဇာ္ အားထုတ္ေလ့ ရွိၾကသည္။ ထို ထူးျခားေသာ အံ့ဖြယ္ ၉-ဌာနကို မန္လည္ဆရာေတာ္ ဘုရားႀကီးႏွင့္ တကြ ထင္ရွား ေက်ာ္ၾကားေသာ ဆရာေတာ္မ်ားလည္း လွည့္လည္ ရွိခိုး ပူေဇာ္ေလ့ ရွိတက္ၾက ေလသည္။

ထို ထူးျခားေသာ အံ့ဖြယ္ ၉-ဌာနမွာ (၁) တ၀ဂူ ဆုေတာင္းျပည့္ဘုရား (သို႔) ပတၱျမားမ်က္ရွင္ဘုရား။

ေ႐ႊတိဂုံ ေစတီေတာ္ အထက္ ပစၥယံ အေရွ႕ဘက္ တည့္တည့္တြင္ တည္ရွိသည္။ ထို တ၀ဂူ ဘုရားသို႔ အမ်ိဳးသားမ်ား သာလွ်င္ တက္ေရာက္ ဖူးေျမာ္ခြင့္ ရၿပီး၊ အမ်ိဳးသမီးမ်ား မဖူးေျမာ္ ႏိုင္ေသာ ဘုရားဟု ဆိုလွ်င္ မွားမည္ မဟုတ္ေပ။ တ၀ဂူ ပတၱျမား မ်က္ရွင္ဘုရား ဟုလည္း ေခၚတြင္ေလသည္

။ဆုေတာင္းျပည့္ တ၀ဂူဘုရားသည္ အလြန္ တန္ခိုးႀကီးသည့္ အတြက္ ဆုေတာင္း ျပည့္သည္ဟု အလြန္ ယုံၾကည္ၾကသည္။ ေရွးအခါက မင္းညီမင္းသားမ်ားသည္ တ၀ဂူ ဆုေတာင္းျပည့္ ဘုရား တက္ၿပီး ဆုေတာင္းဆုယူ ျပဳလုပ္ၾကသည္။ သစၥာ အဓိဌာန္ ျပဳလုပ္ၾကသည္။ ျပဳလုပ္သည့္ အတိုင္း ေအာင္ျမင္ၾကသည္။အခ်င္းခ်င္း သတ္ျဖတ္ၿပီး နန္းရပ္ထီးျဖဴ လုယူၾကသည္။

ထီးနန္းအုပ္ခ်ဳပ္မင္းလုပ္ၾကသည္။ သို႔အတြက္ အခ်င္းခ်င္း မသတ္ ျဖတ္ေစရန္ ႀကီးစဥ္ငယ္လိုက္ မင္းလုပ္ေစရန္ အတြက္ မင္းညီမင္းသားမ်ား တ၀ဂူ ဆုေတာင္းျပည့္ ဘုရား မဖူးေျမာ္ရဟု ဘုရင္မ်ားက အမိန္႔စာခြၽန္ေတာ္ ထုတ္ျပန္ခဲ့ရေလသည္ ဟု မွတ္သားခဲ့ရဖူးပါသည္။

ထို႔ေၾကာင့္ တ၀ဂူ ဘုရားကို လူတိုင္း အလြယ္တကူ မဖူးေျမာ္ ႏိုင္ေစရန္ ဆုမေတာင္းႏိုင္ၾကေစရန္ တ၀ဂူ ဘုရားကို အထက္ ပစၥယံ လူသူ အေရာက္အေပါက္ နည္း ေသာ ေနရာတြင္ လွ်ိဳ႕ဝွက္ တည္ထား ကိုးကြယ္ၾကသည္ဟု ေျပာသမွတ္ ျပဳၾကပါသည္။

(ယခုအခါ ထိုဘုရားအား အမ်ိဳးသားမ်ား အေနျဖင့္ စေန တနဂၤေႏြႏွင့္ ဥပုပ္ေန႔မ်ားတြင္ တက္ေရာက္ ဖူးေျမာ္ႏိုင္ၿပီး အျခား သူမ်ား အေနျဖင့္ ေအာက္တြင္ TV မ်ား မွတဆင့္ ဖူးေျမာ္ႏိုင္ေပသည္)

(၂) ဝိဇၹာ ေဇာ္ဂ်ီ ဘုရား။

ေ႐ႊတိဂုံ ကုန္းေတာ္ ရင္ျပင္ေတာ္ စေနေထာင့္ တည့္တည့္တြင္ တည္ရွိသည္။ ေစတီငယ္ေပၚတြင္ ေဇာ္ဂ်ီ႐ုပ္မ်ား ျပဳလုပ္ထားသည္ကို ေတြ႕ရသည္။ ေလာကီ ပညာရပ္ အစီအမံျဖင့္ ျပဳလုပ္ထားသည့္ ဘုရားဟု သိရွိရေလသည္။

(၃) ဆုေတာင္းျပည့္ ဘုရား။

ေ႐ႊတိဂုံ ရင္ျပင္ေတာ္ ရာဟုေထာင့္ သံတန္ေဆာင္းႀကီး နံေဘးတြင္တည္ရွိသည္။ အခ်ိဳ႕ က ဘား ေလးဘား ဘုရားဟု ေခၚ ၾကသည္။ ရွင္ေစာပု ေစတီ ဟုလည္းတြင္သည္။ ဘုရားအနီးတြင္ စကားစိမ္း၊ စကားဝါ စေသာ စကားပင္ ေလးပင္ ရွိသည္။

(၄) ရွင္မထီး ဘုရား။

ေ႐ႊတိဂုံ ရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ေနာင္ေတာ္ႀကီး ဘုရား ေျမာက္ဘက္ အာ႐ုံခံတန္ေဆာင္း (ရွင္မထီးတန္ေဆာင္း) တြင္းရွိ ဘုရားျဖစ္သည္။ ႏွစ္ေပါင္း ၁၀၀၀-ခန္႔က ရွင္မထီး ဆရာေတာ္ တည္သြားသည္ ဟု ေျပာသည္။

(၅) ရွင္ အဇၹေဂါဏ ဘုရား။

ေ႐ႊတိဂုံ ဘုရား ရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ေနာင္ေတာ္ႀကီး ဘုရား၏ ေတာင္ဘက္ အာ႐ုံခံ တန္ေဆာင္းတြင္း ႐ုပ္ပြားေတာ္ ျဖစ္သည္။ ရွင္ အဇၹေဂါဏကား ဆိတ္မ်က္လုံး တစ္ဖက္၊ ႏြားမ်က္လုံး တစ္ဖက္ ရွိေသာ ကိုယ္ေတာ္ဟု ထင္ရွားသည္။ အဂၢိရပ္ တန္ခိုးျဖင့္ ပုဂံေခတ္က ေ႐ႊမိုး ေငြမိုး ႐ြာေအာင္ ေစာင္မခဲ့ေသာ ကိုယ္ေတာ္ဟု ေရွးေဟာင္းသမိုင္း စာေပ တို႔တြင္ ဆို၏။

ဆရာေတာ္က ၄င္းတည္ခဲ့မွန္း လူမ်ား သိေစရန္ မ်က္လုံးေတာ္ တစ္ဖက္က်ဥ္း၊ တစ္ဖက္က်ယ္ ထုလုပ္သြားေၾကာင္း အဆိုရွိသည္။ ထို အာ႐ုံခံတန္ေဆာင္း ရာဟုေထာင့္ (ဝါ) အေနာက္ေျမာက္ေထာင့္ရွိ ႐ုပ္ပြါးေတာ္မွာ မ်က္လုံးေတာ္ တစ္ဖက္က်ဥ္း၊ တစ္ဖက္က်ယ္ အ႐ြယ္ခ်င္း မတူေအာင္ ျပဳလုပ္ထားေလသည္။

(၆) ဆံေတာ္တြင္း ႐ုပ္ပြားေတာ္။

ေ႐ႊတိဂုံ ရင္ျပင္ေတာ္ ေျမာက္ဘက္တြင္ ရွိေသာ ဆံေတာ္တြင္း တန္ေဆာင္း အတြင္းတြင္ တည္ရွိသည္။ ဆံေတာင္တြင္း တန္ေဆာင္းမွာ ဒဂုံခင္ခင္ေလး၏ ေကာင္းမႈ ျဖစ္ေသာ မဟာေဗာဓိ ေစတီ၏ အေနာက္ဘက္ မ်က္ႏွာခ်င္းဆိုင္တြင္ တည္ရွိသည္။

ေ႐ႊတိဂုံ ေစတီကို တည္စဥ္က ဆံေတာ္မ်ား ေဆးေၾကာသည့္ တြင္း ျဖစ္သည္ဟု မွတ္သားၾကေလသည္။ တန္ေဆာင္းတြင္း ႐ုပ္ပြားေတာ္ အေနာက္တြင္ ယခင္ ႏွစ္ေပါင္း (၅၀)ေက်ာ္က ဆံေတာ္တြင္းသို႔ဆင္းရာ ဥမင္ လိုဏ္ေခါင္း ရွိသည္ဟု ေျပာစမွတ္ရွိသည္။

ဆံေတာ္တြင္းမွ ေရသည္ ဧရာ၀တီျမစ္ေရႏွင့္ တစ္ေၾကာတည္း ျဖစ္သျဖင့္ ဒီေရအတက္အက် ရွိတိုင္း ဆံေတာ္တြင္းတြင္လည္း အတက္အက် ရွိသည္ဟု ဆိုၾကသည္။ ဆံေတာ္တြင္း အုတ္ျပသာဒ္ကို ငုံၿပီး ၁၈၇၉ ခုႏွစ္က တန္ေဆာင္း ေဆာက္လုပ္ခဲ့ေလသည္။

(၇) ဘိုးဘိုးေအာင္ ဘုရား။

ေ႐ႊတိဂုံ ေစတီေတာ္ အေရွ႕မုခ္ အနီးရွိ ဘိုးဘိုးေအာင္ တန္ေဆာင္း ဘုရားပင္ျဖစ္သည္။ ထိုတန္ေဆာင္း အတြင္းရွိ ႐ုပ္ပြားေတာ္ကို ဘိုးဘိုးေအာင္ တည္ရစ္သည္ဟု ေျပာစမွတ္ရွိသည္။ ဘိုးဘိုးေအာင္ တန္ေဆာင္း အေနာက္ဘက္တြင္ ေက်ာခ်င္း ကပ္လွ်က္ ရွိသည္ကား ဓမၼေစတီ၏ ေကာင္းမႈေတာ္ ေစတီ ျဖစ္သည္။ ဓမၼေစတီ ဘုရားေရွ႕တြင္ ျခေသၤ့ႏွင့္ က်ား႐ုပ္ ရွိသည္။

(၈) လက္ပက္လက္ ဘုရား။

ေ႐ႊတိဂုံ ေစတီေတာ္ အေရွ႕မုခ္ အာ႐ုံခံ တန္ေဆာင္း အတြင္းတြင္ ရွိ၏။ ကကုသန္ ႐ုပ္ပြားေတာ္ ျဖစ္သည္။လိုဏ္ အတြင္းရွိ ကကုသတ္ ဘုရားရွင္ ႐ုပ္ပြားေတာ္၏ လက္ယာဘက္ လက္ေတာ္မွာ အျခား ဘုရားမ်ား ထုစဥ္ကဲ့သို႔ လက္ေမွာက္ခုံ မဟုတ္ဘဲ လက္ေတာ္ ပက္လက္ ထားၿပီး ထုထားသျဖင့္ လက္ပက္လက္ ဘုရားဟ ုေခၚေဝၚေလ့ရွိေလသည္။

(၉) ျပဒါးရွင္ ဘုရား။

ေ႐ႊတိဂုံ ရင္ျပင္ေတာ္ အေရွ႕မုခ္ႏွင့္ အဂၤါေထာင့္ အၾကားရွိ ေစတီ တစ္ဆူ၏ ေတာင္ဘက္မုခ္ အတြင္းရွိ ေၾကး ဆင္းတုေတာ္ ျဖစ္သည္။ အလြန္ အခ်ိဳးအစား က်န ေျပျပစ္လွသည္။ နဖူးေတာ္တြင္ မို႔ေမာက္ ေနၿပီး ျပဒါးရွင္လုံး ဌာပနာ ထားသည္ဟု ေျပာစမွတ္ရွိ၏။ ျပဒါးရွင္လုံး ရွိသည္ မရွိသည္ကား အေသအခ်ာ မသိရေသာ္လည္း အဆိုပါေၾကး ဆင္းတုေတာ္မွာ ေ႐ႊတိဂုံ ကုန္းေတာ္ေပၚရွိ ဆင္းတုေတာ္မ်ား အနက္ အလြန္ ၾကည္ညိဳဖြယ္ ေကာင္းလွေသာ ဆင္းတုေတာ္ ျဖစ္ေၾကာင္းကို ဖူး ဘူး သူတိုင္း ၀န္ခံရေပသည္။

မူရင္း KoKoNgal အား ေလးစားစြာ ခရက္ဒစ္ / ေနာ္ဂဲလယ္ထူး (စာေပပရဟိတ) ထံမွ ျပန္လည္မွ်ေဝပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *