(၃)ရက်ကြာပျောက်ဆုံးနေသော (၁၈)နှစ်အရွယ် မစိုးစိုးဆန်း၏ ရုပ်အလောင်း ပြန်တွေ့
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင် စက်လှေေ မှာက်၍ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် ၏အလောင်းအား ၃ ရက်ခန့်အကြာတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ ရှာဖွေတွေ့ရှိခဲ့ သည့်အလောင်းမှာမြောက်ဦးမြို့၊ အလယ်ဈေး ရပ်ကွက်မှ မစိုးစိုးဆန်း(ခေါ်) ပုစုချေ (၁၈)နှစ်ဖြစ်သည်။
သူမ၏ ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်က မြောက်ဦးမြို့နယ် မြရိတ်ကျွန်းကျေး ရွာအနီးရှိလေးမြို့ချောင်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီရှာဖွေေ ပးခဲ့သည့် မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း အရေးပေါ်လူမှု ကူညီရေးနှင့် သွီးလှူရှင် များအသင်းမှ ကိုလင်းလင်းက နိရဉ္စရာကို ပြောသည်။
“ရုပ်ပျက်ဆင်း ပျက်တော့ သိပ်မဖြစ်သေးဘူး။ ဘာလို့ဆို အဲဒီဘက်မှာ ရေက အရမ်းအေးတော့လေ။ မျက်နှာ နည်းနည်းလေး ဖူးရောင်နေတာပဲ ရှိတယ်”ဟု ပြောသည်။သူမ၏အလောင်းအားရှာဖွေတွေ့ရှိပြီးနောက် မြောက်ဦး မြို့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ဆိုသည်။
မစိုးစိုးဆန်းသည် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် လေးမြို့မြစ်အတွင်း သူငယ်ချင်းများနှင့်အတူစက်လှေဖြင့် အပျော်ခရီးသွားစဉ် မြစ်အတွင်း စက်လှေနစ်မြုပ်၍ ယင်းနေ့ကပင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ စက်လှေပေါ်ပါရှိသည့် အခြားသူများမှာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဟု သိရသည်။
ရခိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ (၅) ရက်အတွင်း မစိုးစိုးဆန်း အပါအဝင် ရေနစ်သေ ဆုံးသူ ၆ ဦးအထိ ရှိလာနေသည်။ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုလာဘာရွာမှမစုမြတ်နှင်း (၃)နှစ်၊ ကိုးတန်းကျောင်းသူ မစုမြတ်လှိုင် (၁၆)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်မဖြူ (၃၈)နှစ်တို့ သားမိ ၃ ဦးလည်း ကျေးရွာအနီးရှိ သူတို့ပိုင် ဥယျာဉ်ခင်းအနီး စမ်းချောင်းတွင် ရေနစ်သေဆုံး သွားကြောင်း သိရသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာမှ ဦးအောင်မျိုးထွန်း(၃၈)နှစ်လည်း ဒီဇင်ဘာလ ၂၁ ရက်၊ နံနက် ၁၁ နာရီကျော်တွင် ရွာအနီးရှိ ချောင်းအတွင်း ငါးဖမ်းသွားရာမှ စက်လှေပေါ်မှပြုတ်ကျကာရေနစ်သေဆုံးသွားခဲ့သည်။ ယင်းအပြင် ယင်းနေ့တွင်ပင် ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ဦးသန်းရွှေလှိုင် (၄ဝ ကျော်)သည်လည်း စက်လှေ နစ်မြုပ်ပြီး သေဆုံးခဲ့သည်။
ဓာတ်ပုံ – လေးမြို့ချောင်းအတွင်း ရေနစ်သေ ဆုံးသွားသည့် မစိုးစိုးဆန်း ၏အလောင်းအား ရှာတွေ့ခဲ့စဉ်။
Photo – မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
Unicode
(၃)ရက္ၾကာေပ်ာက္ဆုံးေနေသာ (၁၈)ႏွစ္အ႐ြယ္ မစိုးစိုးဆန္း၏ ႐ုပ္အေလာင္း ျပန္ေတြ႕
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေလးၿမိဳ႕ေခ်ာင္းတြင္ စက္ေလွေ မွာက္၍ ေပ်ာက္ဆုံးေနသည့္ အမ်ိဳးသမီးငယ္ ၏အေလာင္းအား ၃ ရက္ခန႔္အၾကာတြင္ ေတြ႕ရွိခဲ့သည္ဟု သိရသည္။ ရွာေဖြေတြ႕ရွိခဲ့ သည့္အေလာင္းမွာေျမာက္ဦးၿမိဳ႕၊ အလယ္ေဈး ရပ္ကြက္မွ မစိုးစိုးဆန္း(ေခၚ) ပုစုေခ် (၁၈)ႏွစ္ျဖစ္သည္။
သူမ၏ ႐ုပ္အေလာင္းကို ယမန္ေန႔ ဒီဇင္ဘာလ ၂၇ ရက္၊ ညေန ၆ နာရီခြဲခန႔္က ေျမာက္ဦးၿမိဳ႕နယ္ ျမရိတ္ကြၽန္းေက်း ႐ြာအနီးရွိေလးၿမိဳ႕ေခ်ာင္းထဲတြင္ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ကူညီရွာေဖြေ ပးခဲ့သည့္ ေမတၱာေရာင္ျခည္ ေဖာင္ေဒးရွင္း အေရးေပၚလူမႈ ကူညီေရးႏွင့္ သြီးလႉရွင္ မ်ားအသင္းမွ ကိုလင္းလင္းက နိရၪၥရာကို ေျပာသည္။
“႐ုပ္ပ်က္ဆင္း ပ်က္ေတာ့ သိပ္မျဖစ္ေသးဘူး။ ဘာလို႔ဆို အဲဒီဘက္မွာ ေရက အရမ္းေအးေတာ့ေလ။ မ်က္ႏွာ နည္းနည္းေလး ဖူးေရာင္ေနတာပဲ ရွိတယ္”ဟု ေျပာသည္။သူမ၏အေလာင္းအားရွာေဖြေတြ႕ရွိၿပီးေနာက္ ေျမာက္ဦး ၿမိဳ႕ေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည္ဟုလည္း ဆိုသည္။
မစိုးစိုးဆန္းသည္ ဒီဇင္ဘာလ ၂၅ ရက္၊ နံနက္ ၉ နာရီခြဲခန႔္တြင္ ေလးၿမိဳ႕ျမစ္အတြင္း သူငယ္ခ်င္းမ်ားႏွင့္အတူစက္ေလွျဖင့္ အေပ်ာ္ခရီးသြားစဥ္ ျမစ္အတြင္း စက္ေလွနစ္ျမဳပ္၍ ယင္းေန႔ကပင္ ေပ်ာက္ဆုံးေနခဲ့ျခင္းျဖစ္သည္။ စက္ေလွေပၚပါရွိသည့္ အျခားသူမ်ားမွာ တစ္စုံတစ္ရာ ျဖစ္ပြားခဲ့ျခင္းမရွိခဲ့ဟု သိရသည္။
ရခိုင္တြင္ ဒီဇင္ဘာလ ၂၁ ရက္မွ ၂၅ ရက္အထိ (၅) ရက္အတြင္း မစိုးစိုးဆန္း အပါအဝင္ ေရနစ္ေသ ဆုံးသူ ၆ ဦးအထိ ရွိလာေနသည္။ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၃ ရက္ကလည္း ေက်ာက္ျဖဴၿမိဳ႕နယ္ ကုလာဘာ႐ြာမွမစုျမတ္ႏွင္း (၃)ႏွစ္၊ ကိုးတန္းေက်ာင္းသူ မစုျမတ္လႈိင္ (၁၆)ႏွစ္ႏွင့္ မိခင္ျဖစ္သူ ေဒၚမျဖဴ (၃၈)ႏွစ္တို႔ သားမိ ၃ ဦးလည္း ေက်း႐ြာအနီးရွိ သူတို႔ပိုင္ ဥယ်ာဥ္ခင္းအနီး စမ္းေခ်ာင္းတြင္ ေရနစ္ေသဆုံး သြားေၾကာင္း သိရသည္။
အလားတူ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ သရက္ခ်ိဳေက်း႐ြာမွ ဦးေအာင္မ်ိဳးထြန္း(၃၈)ႏွစ္လည္း ဒီဇင္ဘာလ ၂၁ ရက္၊ နံနက္ ၁၁ နာရီေက်ာ္တြင္ ႐ြာအနီးရွိ ေခ်ာင္းအတြင္း ငါးဖမ္းသြားရာမွ စက္ေလွေပၚမွျပဳတ္က်ကာေရနစ္ေသဆုံးသြားခဲ့သည္။ ယင္းအျပင္ ယင္းေန႔တြင္ပင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေစတီျပင္စစ္ေဘးေရွာင္စခန္းမွ စစ္ေဘးေရွာင္ တစ္ဦးျဖစ္သူ ဦးသန္းေ႐ႊလႈိင္ (၄ဝ ေက်ာ္)သည္လည္း စက္ေလွ နစ္ျမဳပ္ၿပီး ေသဆုံးခဲ့သည္။
ဓာတ္ပုံ – ေလးၿမိဳ႕ေခ်ာင္းအတြင္း ေရနစ္ေသ ဆုံးသြားသည့္ မစိုးစိုးဆန္း ၏အေလာင္းအား ရွာေတြ႕ခဲ့စဥ္။
Photo – ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္း