ဆံပင်ကျွတ်သူ၊ဆံပင်နက်ချင်သူများအတွက် အလွယ်ကူဆုံးအိမ်တွင်းကုထုံး…

Beauty

ဆံပင်ကျွတ်သူ၊ဆံပင်နက်ချင်သူများအတွက် အလွယ်ကူဆုံးအိမ်တွင်းကုထုံး…

၄ခေါက်လောက် အသုံးပြုရုံနဲ့ ဆံပင် ၉၅%အကျွတ်သက်သာ မဲနက်သန်စွမ်းစေပါတယ်။ ယုမွန်အရင်က အစာအိမ်ရောဂါအခြေနေဆိုးလို့ ၂နှစ်လောက် နနွင်းနေ့စဉ် ၁၀လုံးသောက်ရပါတယ်။

အဲ့ကထဲက ရှိသမျှ ဆံပင်တွေ ကျွတ်တာ ထိပ်ပါပြောင်တဲ့အထိပါ။ ဆေးနည်းပေါင်းစုံကုခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ထိပ်ပါပြောင်ပြီး ဆံပင်တအားကျွတ်လို့ အစခံရတဲ့အထိပါ။

ခုဒီနည်းလေးကို စမ်းသပ်တာ ၄ခါမြောက်မှာတင် ခေါင်းလျှော်ရင် ဆံပင် ၁၀၀ ကျော်ကျွတ်တဲ့သူက ၅ပင်လောက်ပဲ ကျွတ်တော့ပါတယ်…။

အစက တော်တော်ကို အဲ့ဩခဲ့တာပါ။ အဲ့လိုရလဒ်ရလာလိမ့်မယ်လို့တောင် ထင်မထားပါဘူးပြီးတော့ မျက်ခုံးကိုပါ လိမ်းတာ မျက်ခုံးမွှေးတွေပါ ပေါက်လာပြီး ထူထဲလာပါတယ်။

ရေရှည်စွဲလုပ်ရင် ဆံပင်ပေါက်လာနိုင်ပါတယ် ယုမွန်ကတော့ ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါပြီ။ နည်းလေးကတော့ လွယ်ကူပါတယ် ပစ္စည်း ၂ မျိုးသာလိုအပ်ပါတယ်

၁.ထောလပတ်ရွက် ၂.သံလွင်ဆီရယ်ပါ။ သဘာဝနည်း ပြုလုပ်ပုံံကတော့ ထော လပတ်ရွက် အရွက် ၂၀ (သို့)အရွက် ၃၀ခန့်ကို ရေဆေးပြီး အနံ့မပါတဲ့ Tissueနဲ့ ရေစင်ကြယ်အောင် သုတ်ပေးပါ။

ပြီးရင် ဇကာ (သို့) ဗန်းအလွတ်တစ်ခုထဲကို တစ်ခုနဲ့တစ်ခု အရွက်တွေထပ်မနေအောင် တစ်ရွက်ချင်းဆီ ဖြန့်ချထားပေးပါ။ လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်နဲ့ မထိတွေ့တဲ့နေ

ရာမှာ အရွက်တွေခြောက်အောင် လှမ်းပေးပါ(PS နေပူထဲ လုံးဝမလှန်းရပါ…နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင် အရွက်ရဲ့ အာနိသင်ပျက်ပြယ်တတ်ပါသည်။

လေဝင်လေထွက် မကောင်းတဲ့နေရာလှန်းလျှင်လည်း အရွက်မှိုတတ်တက်ပါသည်။ ဒါ့ကြောင့် လေဝင်လေထွက်ကောင်းပြီး နေမပူသောနေရာတွင်လှန်းရပါမည်။

အရွက်တွေကို ၇ရက်(သို့)၁၀ရက် ချေလို့ရပြီး ကြွတ်ဆတ်နေသည်အထိ လှမ်းရပါမည်(မှိုတတ်နေလျှင် လုံးဝ မသုံးပါနှင့် အထူးသတိထားပါ)။

ခြောက်သွားပြီး ချေလို့ရသည့်အနေရောက်ရင် ဖန်ပုလင်း အလွတ်တစ်ခုထဲသို့ အရွက်တွေကို မွသွားအောင် ချေပြီးထည့်ပါ။

(ပလက်စတစ်ဗူး အသုံးမပြုရပါ) ပြီးရင် ယုမွန် ပုံမှာ ပြထားတဲ့ သံလွင်ဆီကို အရွက်တွေ မြုပ်ရုံသာမက အရွက်အပေါ် လက်သုံးလူံးလောက်ထိ မြုပ်အောင်ထည့်ပေးပါ။

ပြီးရင် အဖုံးကိုပိတ်ပြီး ရောနှောသွားစေရန် ၂မိနစ်ခန့်လှုပ်ရမ်းပေးပါ။အာနိသင် ထိရောက်စေရန် ၁ပါတ်ခန့် စိမ်ထားပြီး မှ အသုံးပြုပေးပါ။

အသုံးပြုပြီးတိုင်း ပုလင်းအဖုံးကို သေချာလေလုံအောင် ပိတ်ပါ။ တစ်ခါ ပြုလုပ်ထားလျှင် ၇လ အသုံးပြုနိုင်ပါသည် သံလွင်ဆီကုန်လျှင် ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

ခေါင်းမလျှော်ခင် ယုမွန်တို့ လုပ်ထားတဲ့ အရည်လေးကို ဦးရေ အနှံ့သေချာလိမ်း ပြီး ၁နာရီလောက်ထားပြီးမှ ခေါင်းလျှော်ချပါ။

ဆံပင်ပေါင်းဆေးသုံးမယ်ဆိုရင်လည်း ပေါင်းဆေးကို ဦးရေမထိရပါဆံပင်အဖျားနားကိုဘဲ ပေါင်းပေးရပါမယ်…ပေါင်းဆေးက ဦးရေထိရင် ဆံပင်ကျွတ်ပါတယ်။

၁ပါတ် ၂ကြိမ်အသုံးပြုပေးပါ-၄ကြိမ်မြောက်မှာ သိသာတဲ့ရလဒ်ကိုတွေ့ရမှာပါ။

ဆံံပင်အတွက်သာမက မျက်ခုံးကိုလည်း ညအိပ်ယာဝင်တိုင်းလိမ်းပေးပါ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ် ။ ကျား-မ မရွေးအသုံးပြုလို့ရပါတယ်ရှင် …။

credit

Zawgyi

ဆံပင္ကြၽတ္သူ၊ဆံပင္နက္ခ်င္သူမ်ားအတြက္ အလြယ္ကူဆုံးအိမ္တြင္းကုထုံး…

၄ေခါက္ေလာက္ အသုံးျပဳ႐ုံနဲ႔ ဆံပင္ ၉၅%အကြၽတ္သက္သာ မဲနက္သန္စြမ္းေစပါတယ္။ ယုမြန္အရင္က အစာအိမ္ေရာဂါအေျခေနဆိုးလို႔ ၂ႏွစ္ေလာက္ နႏြင္းေန႔စဥ္ ၁၀လုံးေသာက္ရပါတယ္။

အဲ့ကထဲက ရွိသမွ် ဆံပင္ေတြ ကြၽတ္တာ ထိပ္ပါေျပာင္တဲ့အထိပါ။ ေဆးနည္းေပါင္းစုံကုခဲ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး။ ထိပ္ပါေျပာင္ၿပီး ဆံပင္တအားကြၽတ္လို႔ အစခံရတဲ့အထိပါ။

ခုဒီနည္းေလးကို စမ္းသပ္တာ ၄ခါေျမာက္မွာတင္ ေခါင္းေလွ်ာ္ရင္ ဆံပင္ ၁၀၀ ေက်ာ္ကြၽတ္တဲ့သူက ၅ပင္ေလာက္ပဲ ကြၽတ္ေတာ့ပါတယ္…။

အစက ေတာ္ေတာ္ကို အဲ့ဩခဲ့တာပါ။ အဲ့လိုရလဒ္ရလာလိမ့္မယ္လို႔ေတာင္ ထင္မထားပါဘူးၿပီးေတာ့ မ်က္ခုံးကိုပါ လိမ္းတာ မ်က္ခုံးေမႊးေတြပါ ေပါက္လာၿပီး ထူထဲလာပါတယ္။

ေရရွည္စြဲလုပ္ရင္ ဆံပင္ေပါက္လာႏိုင္ပါတယ္ ယုမြန္ကေတာ့ ဆံပင္အသစ္ေလးေတြ ျပန္ေပါက္လာပါၿပီ။ နည္းေလးကေတာ့ လြယ္ကူပါတယ္ ပစၥည္း ၂ မ်ိဳးသာလိုအပ္ပါတယ္

၁.ေထာလပတ္႐ြက္ ၂.သံလြင္ဆီရယ္ပါ။ သဘာဝနည္း ျပဳလုပ္ပုံံကေတာ့ ေထာ လပတ္႐ြက္ အ႐ြက္ ၂၀ (သို႔)အ႐ြက္ ၃၀ခန႔္ကို ေရေဆးၿပီး အနံ႔မပါတဲ့ Tissueနဲ႔ ေရစင္ၾကယ္ေအာင္ သုတ္ေပးပါ။

ၿပီးရင္ ဇကာ (သို႔) ဗန္းအလြတ္တစ္ခုထဲကို တစ္ခုနဲ႔တစ္ခု အ႐ြက္ေတြထပ္မေနေအာင္ တစ္႐ြက္ခ်င္းဆီ ျဖန႔္ခ်ထားေပးပါ။ ေလဝင္ေလထြက္ေကာင္းမြန္ၿပီး ေနေရာင္ျခည္နဲ႔ မထိေတြ႕တဲ့ေန

ရာမွာ အ႐ြက္ေတြေျခာက္ေအာင္ လွမ္းေပးပါ(PS ေနပူထဲ လုံးဝမလွန္းရပါ…ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕ရင္ အ႐ြက္ရဲ႕ အာနိသင္ပ်က္ျပယ္တတ္ပါသည္။

ေလဝင္ေလထြက္ မေကာင္းတဲ့ေနရာလွန္းလွ်င္လည္း အ႐ြက္မႈိတတ္တက္ပါသည္။ ဒါ့ေၾကာင့္ ေလဝင္ေလထြက္ေကာင္းၿပီး ေနမပူေသာေနရာတြင္လွန္းရပါမည္။

အ႐ြက္ေတြကို ၇ရက္(သို႔)၁၀ရက္ ေခ်လို႔ရၿပီး ႂကြတ္ဆတ္ေနသည္အထိ လွမ္းရပါမည္(မႈိတတ္ေနလွ်င္ လုံးဝ မသုံးပါႏွင့္ အထူးသတိထားပါ)။

ေျခာက္သြားၿပီး ေခ်လို႔ရသည့္အေနေရာက္ရင္ ဖန္ပုလင္း အလြတ္တစ္ခုထဲသို႔ အ႐ြက္ေတြကို မြသြားေအာင္ ေခ်ၿပီးထည့္ပါ။

(ပလက္စတစ္ဗူး အသုံးမျပဳရပါ) ၿပီးရင္ ယုမြန္ ပုံမွာ ျပထားတဲ့ သံလြင္ဆီကို အ႐ြက္ေတြ ျမဳပ္႐ုံသာမက အ႐ြက္အေပၚ လက္သုံးလူံးေလာက္ထိ ျမဳပ္ေအာင္ထည့္ေပးပါ။

ၿပီးရင္ အဖုံးကိုပိတ္ၿပီး ေရာေႏွာသြားေစရန္ ၂မိနစ္ခန႔္လႈပ္ရမ္းေပးပါ။အာနိသင္ ထိေရာက္ေစရန္ ၁ပါတ္ခန႔္ စိမ္ထားၿပီး မွ အသုံးျပဳေပးပါ။

အသုံးျပဳၿပီးတိုင္း ပုလင္းအဖုံးကို ေသခ်ာေလလုံေအာင္ ပိတ္ပါ။ တစ္ခါ ျပဳလုပ္ထားလွ်င္ ၇လ အသုံးျပဳႏိုင္ပါသည္ သံလြင္ဆီကုန္လွ်င္ ထပ္ထည့္ၿပီး အသုံးျပဳႏိုင္ပါတယ္။

ေခါင္းမေလွ်ာ္ခင္ ယုမြန္တို႔ လုပ္ထားတဲ့ အရည္ေလးကို ဦးေရ အႏွံ႔ေသခ်ာလိမ္း ၿပီး ၁နာရီေလာက္ထားၿပီးမွ ေခါင္းေလွ်ာ္ခ်ပါ။

ဆံပင္ေပါင္းေဆးသုံးမယ္ဆိုရင္လည္း ေပါင္းေဆးကို ဦးေရမထိရပါဆံပင္အဖ်ားနားကိုဘဲ ေပါင္းေပးရပါမယ္…ေပါင္းေဆးက ဦးေရထိရင္ ဆံပင္ကြၽတ္ပါတယ္။

၁ပါတ္ ၂ႀကိမ္အသုံးျပဳေပးပါ-၄ႀကိမ္ေျမာက္မွာ သိသာတဲ့ရလဒ္ကိုေတြ႕ရမွာပါ။

ဆံံပင္အတြက္သာမက မ်က္ခုံးကိုလည္း ညအိပ္ယာဝင္တိုင္းလိမ္းေပးပါ မ်က္ခုံးေမႊးမ်ား ထူထဲနက္ေမွာင္ၿပီး ေပါက္လာပါလိမ့္မယ္ ။ က်ား-မ မေ႐ြးအသုံးျပဳလို႔ရပါတယ္ရွင္ …။

credit

Leave a Reply

Your email address will not be published. Required fields are marked *