နံရံလိုနေလိုက်ပါ သမီးရေ
အေထြအေထြဗဟုသုတ
နံရံလိုနေလိုက်ပါ သမီးရေ
သမီးရေ……… နံရံဆိုတာ မာကျောတယ် အေးစက်တယ် ခံစားမှုမရှိဘူး တုန့်ပြန်မှုမရှိဘူး။ ဒါပေမယ့် အဲ့ဒီနေရာကိုဝင်ဆောင့်တဲ့ သူကတော့ ထိမိခိုက်မိ ကြတယ်။
နည်းရင် နည်းနည်းပဲ ထိမယ် များရင် များများထိမယ် နံရံက တန်ပြန်တော့ မဟုတ်ဘူးနော် ပြုလုပ်သူရဲ့ အတိုင်းသာ တန်ပြန်သွားတာ
ဒီလိုပဲ လူ့လောကမှာနေရင် တစ်ဦးနှင့်တစ်ဦး အမြဲချစ်ခင်နေကြဖို့ အမြဲတမ်း သင့်တင့်အဆင်ပြေနေကြဖို့
လူတိုင်းလူတိုင်းမှာ ဆန္ဒရှိကြတယ် အဲ့ဒီဆန္ဒတချို့လည်း အကောင်အထည် ဖော်နိုင်တယ်။Why??
အောင်မြင်တဲ့ သူတွေမှာ ဘယ်လိုလျို့ဝှက်ချက်တွေ ရှိပြီး ကျရူံးတဲ့သူတွေမှာရော ဘယ်လိုအားနည်းချက်တွေ ရှိလို့လဲ။
တကယ်တော့ သမီးရေ လူမှုအသိုင်းအဝိုင်းမှ တစ်ဦးနှင့်တစ်ဦး အမျက်မရှိ အမြဲတမ်း အဆင်ပြေဖို့ဆိုတာ တကယ်တော့ စိတ်ကူးယဉ်သက်သက်ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ လောကီနယ်ပယ်မှာ ပုထုဇဉ်တို့ ကိုင်စွဲရာသည် လောဘ ဒေါသ မာန်မာနများက အများဆုံး ဖြစ်နေလို့ပါပဲ။
ဒါကြောင့် လူတွေအပေါ်မှာ နားလည်မှု ရစာနာမှု ခွင့်လွတ်မှု မေ့ပျောက်မှုတွေကို သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ အဓိက ထည့်ထားဖို့ လိုအပ်မယ်။
ဒီလိုပြောလို့ မတရားလိုက်တာ သမီးက အမြဲတမ်း အရူံးသမား ဖြစ်နေရမှာလားလို့ မတွေးလိုက်ပါနဲ့
ခံစားမှု မရှိလေသမီးစိတ်တွေ အေးချမ်းလေပါပဲ ဒီလိုနေတက်သွားရင် သမီးဟာ အင်မတန် တောင့်တင်းခိုင်မာတဲ့ …… နံရံလို လူဖြစ်သွားလိမ့်မယ်
ကိုယ်ကောင်းတာဟာ ကိုယ်စံဖို့ဖြစ်ပြီး
သူမကောင်းတာဟာ သူခံဖို့သာ ဖြစ်တယ်။ နည်းနည်းလေးမှ အထိမခံ ဆတ်ဆတ်ကဲတဲ့ သူဟာ အပေါ်ယံသာ ခတ်ထန်မာကြောသယောင်နဲ့ တကယ်တော့ ထိလွယ်ရှလွယ် လုံခြုံမှု မရှိတဲ့သူပါ။
အဲ့ဒီလိုလူတွေထဲ သမီးမပါပါစေနဲ့ နံရံလိုသာ ဖြစ်သွားရင် ဘယ်နေရာမှာပဲ ရှိရှိ သမီးလေးအဆင်ပြေဖို့ အမြဲ ယုံကြည်တယ်။
သမီး လွတ်လွတ်လပ်လပ်တွေးခေါ်ပါ။မိန်းမဆိုတာ မေတ္တာအရေးရော ငွေရေး ကြေးရေး အရပါ သူတပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင် ရမယ်။
ဒါပေမယ့် အကောင်းဆုံးကတော့ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲသမီးစာ များများဖတ်ပါ ။များများလေ့လာပါ။ ပန်းအိုးဆိုတာကျကွဲလွယ်လွန်းတက်သလို လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်း လှပါတယ်။
သမီးရဲ့ ရင်တွင်းအလှနဲ့ ပင်ကိုယ်အရည်အသွေး များကသာ သမီးကို အမြဲအဖော်ပြုသွားမှာပါ။
သမီးလေးအထီးကျန်ခြင်းနှင့် ရင်းနှီးကျွမ်းဝင် နေပါစေ။ တခါတလေသူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမယ့် မိမိကိုမိမိ မိမိအတွင်းစိတ်နှင့် အဆင်ပြေအောင် နေထိုင်တက်ခြင်းသာ ဘဝတစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တက်ပေသည်။
သမီးသူများကို သိပ်ပြီး အားကျစရာ မလိုပါဘူးကိုယ်လျှောက်မယ့် လမ်းကိုသာအကောင်းဆုံးဖြစ်အော် လျှောက်လှမ်းပါ။
လူဆိုတာ ပြောမရဘူးသူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ သမီး လူဆိုတာ ကိုယ့်စိတ်ကို နို်င်နင်းရတယ်။
လူဆိုတာ ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်စိတ်ရဲ့ ကျေးကျွန်ဖြစ်သွားတက်တယ်။
သမီးလေးရေ သနား ကြင်နာတက်တဲ့ စိတ် သူများကို ကူညီတက်တဲ့ စေသနာနားလည်ခွင့်လွတ်တက်တဲ့ သဘောထား
ဒါတွေအာလုံးက သမီးကို ပိုမို လှပသွားစေမှာပါ။သမီးရေအခြေအနေအရ ဘာကိုပဲစွန့်လွှတ် စွန့်လွှတ် အကျင့်စာရိတ္တရယ် အပြုံးရယ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရယ်ဘယ်တော့မှ မစွန့်လွှတ်ရဘူး။
ဒါတွေအားလုံးဟာ သမီးဘဝ လှပစေဖို့ ပံ့ပိုးပေးမယ့်ကိုယ်ရည်ကိုယ်သွေး ချည်းပါပဲ။အားလုံးကို လေးစားလျှက်
သမီး အထက်တန်းကျောင်းမှာရည်းစားထားရင် ကျောင်းသားနဲ့ဘဲတွေ့မယ်..တက္ကသိုလ်မှာရည်းစားထားရင် တက္ကသိုလ်ကျောင်းသားနဲ့တွေ့မယ်
အလုပ်ခွင်မှာရည်းစားထားရင် အလုပ်မှာကိုယ်နဲ့ တန်းတူကြိုးစားနေတဲ့ ယောကျာ်းလေးတွေနဲ့တွေ့မယ်
သမီး ပညာတတ် သူဌေးမကြီးဖြစ်တဲ့အခါ သမီးကိုလိုချင်တဲ့ ဥစ္စာပေါရုပ်ချော သူဌေးတွေက သမီးကို ကမ်းလှမ်းလာလိမ့်မယ်
သမီးဖြတ်သန်းရမဲ့ ဘဝ ၁ လျှောက်လုံး သမီး ကြိုးစားရင်ကြိုးစားသလောက် ကိုယ်နဲ့ ထိုက်တဲ့သူကိုတွေ့မယ်
အသက်အရွယ် အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ သမီးအတွက် ရွေးချယ်စရာ ယောကျာ်းတွေပေါလာလိမ့်မယ်
သမီး ဘဝ အတွက်ရွေးချယ်မှုဟာ သမီးပေါ်မှာဘဲမူတည်တယ်သမီး.ကိုယ့်တန်ဖိုး နဲ့ ကိုယ့်ဂုဏ်ကို မြင့်တင်ပါသမီး…
ခုချိန်မှာဘယ်အရာကိုမှ မသာယာမိစေနဲ့ သမီး….သာယာမိတဲ့ တနေ့ဟာ သမီးဘဝအတွက် ပြန်ပြင်လို့မရတဲ့နောင်တ ဆိုတာကြီးနဲ့ကြုံရလိမ့်မယ် သမီး
မေမေ နဲ့ ဖေဖေပြောသောစကား…Credit to #ကဗျာလမ်းညွှန်
Zawgyi
လူဆိုတာ ပြောမရဘူးသူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ သမီး လူဆိုတာ ကိုယ့်စိတ်ကို နိုင်နင်းရတယ်။
Leave a Reply
Your email address will not be published. Required fields are marked *