သုဘရာဇာက သေသူကိုရေချိုးပေးရင်းနဲ့ သေသူရဲ့သားကိုပြောတယ်

KNOWLEDGE

သုဘရာဇာက သေသူကိုရေချိုးပေးရင်းနဲ့ သေသူရဲ့သားကိုပြောတယ် ခင်ဗျားဖခင်ရဲ့အင်္ကျီနဲ့ပုဆိုးဟာ အသစ်ကြီးရှိနေသေးတယ် ကပ်ကျေးနဲ့မညှပ်တော့ဘူး ခင်ဗျားပြီးမှ ဝတ်လိုက်ပေါ့

သားက သုဘရာဇာကိုပြန် ပြောတယ်လူသေရဲ့ကိုယ်ကချွတ်တဲ့အဝတ်အစားကို ပြန်ဝတ်တဲ့သူရှိလားတဲ့…

သားလေးရယ် သေသူရဲ့ဘဏ်စာအုပ်မှာကျန်တဲ့ငွေ သစ်လွင်နေတဲ့ကား ခမ်းနားလှတဲအဆောက် အဦး အဲ့ဒါတွေအားလုံးပြန်သုံးမှာပဲ မဟုတ်လား

သတိထားပါသူတော်ကောင်း အပေါင်းတို့…အကြင်သားသမီးတွေအတွက် အသင်ဟာမိမိရဲ့ ကိုယ် စိတ် ဥစ္စာ အချိန် တွေကိုရင်းနှီးမြုပ်နှံပြီးတော့ ရှာဖွေရင်းသွားနေတယ်…..

အဲ့ဒီသားသမီးတွေ သင် ကွယ်လွန်ပြီးလျှင်……သင့်ရဲ့ခန္ဓာကိုယ်ကအဝတ်အစားတောင်ပြန်ဝတ်ဖို့ နှစ်မြို့မှာမဟုတ်ဘူး…..သို့ရှိလေရာ…..သင့်အနေနဲ့…သင့်ရဲ့… ဥစ္စာပစ္စည်းတွေကို ဘဝရဲ့သွားလာနေတဲ့ခရီးရှည်ကြီးမှာ….

မိမိရဲ့အကူအညီကိုလိုအပ်နေတဲ့ ဒုက္ခရောက်နေတဲ့သူတွေ….သက်ကြီးရွယ်အိုတွေ…. ဆွေမျိုးသားချင်းတွေ…. သူဆင်းရဲတွေ…..အပေါ်မှာလည်းသုံးစွဲပါ

သို့မှသာ သံသရာမှာလည်း အသင့်အတွက် အပြည့်အဝအကျိုးရှိမယ်…

သံသရာအတွက် အထုပ်ကြီးကြီး ထုပ်နိုင်ကြပါစေ…။

Crd:STO

Zawgyi









Crd:STO

Leave a Reply

Your email address will not be published. Required fields are marked *