ငလျင်လှုပ်ခတ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ မြို့များနဲ့ လှုပ်နိုင်တဲ့ ပြင်းအားများ (သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး)
လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ငလျင်လှုပ်ခတ်မှု ခပ်စိတ်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အားသိပ်မပြင်းတဲ့ ငလျင် အသေးတွေသာမက အားပြင်းထန်တဲ့ ငလျင်ကြီးတွေပါ လှဒပ်ခတ်လာတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်နီးပါးမှာ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးကလည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ပဲခူးငလျင် လှုပ်ပြီး နောက်ပိုင်း ငြိမ်သက်နေတာကြောင့် ငလျင်ကြီး တခု ထပ်မံ လှုတ်ခတ်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်း ထားကြပါတယ်။
ယနေ့အချိန်ထိ ငလျင်လှုပ်မယ်ဆိုတာကို မည်သည့် ပညာရှင်များက သေချာပေါက် မခန့်မှန်း နိုင်ကြသေးပါဘူး။ ဒါပေမယ့် သီအိုရီတွေနဲ့ ဖြစ်နိုင်စွမ်းတွေကို ကွန်ပျူတာ ဆောဖ့်ဝဲလ်တွေရဲ့ တွက်ချက်မှုအနဲ့ အတူ အနီးစပ်ဆုံး ကြိုတင်ခန့်မှန်း နိုင်နေကြပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ငလျင်လှုပ်ခတ်နိုင်တဲ့ ဒေသတွေနဲ့ ပြင်းအားတွေကို ဖော်ပြပေးသွားပါမယ်။ မဂ္ဂနီကျု ၆ ပမာဏသည် ငလျင် အလတ် အရွယ်အစား ဖြစ်ပြီး ၇ နှင့်အထက်သည် ငလျင်အကြီးစား စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။
မဂ္ဂနီကျု များလေ ငလျင်အား ပြင်းထန်လေပဲ ဖြစ်ပါတယ်။ ဘယ်အချိန် လှုပ်ခတ်မယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့် လှုပ်နိုင်ချေ များတဲ့ ဒေသတွေကို ဖော်ပြလိုက်ပါတယ်-
မော်လမြိုင်၊ ထားဝယ်၊ မြိတ် (ပြင်းအား မဂ္ဂနီကျု ၆ အထိ လှုပ်ခတ်နိုင်)၊ ချောက်၊ မိတ္ထီလာ၊ ပခုက္ကူ (ပြင်းအား မဂ္ဂနီကျု ၇ အထိ လှုပ်ခတ်နိုင်)၊ မုံရွာ၊ မော်ချီး၊ ပျဉ်းမနား၊ ရမည်းသင်း၊ မကွေး၊ မင်းဘူး၊ လွိုင်ကော်၊ ပုသိမ်၊ ရန်ကုန် (ပြင်းအား မဂ္ဂနီကျု ၈ အထိ လှုပ်ခတ်နိုင်)
မြစ်ကြီးနား၊ ဗန်းမော်၊ မော်လိုက်၊ ကလေးဝ၊ တောင်ကြီး၊ လားရှိုး၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ငူ၊ ပြည်၊ သရက် (ပြင်းအား မဂ္ဂနီကျု ၉ အထိ လှုပ်ခတ်နိုင်)
စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ ပဲခူး၊ ဖြူး (ပြင်းအား မဂ္ဂနီကျု ၁၀ အထိ အပြင်းဆုံး လှုပ်ခတ်နိုင်)၊ အထက်ပါ ဒေသနဲ့ မြို့များရှိ ပြည်သူများအနေနဲ့ ငလျင်အန္တရာယ်ကို အသိ သတိထားပြီး အမြဲမပြတ် ကြိုတင် ပြင်ဆင်ရန် လိုအပ်ပါတယ်။
ငလျင် မလှုပ်မီ ပြသတတ်တဲ့ လက္ခဏာများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူးဆိုတဲ့ စကားလေးနဲ့ ကြိုတင် အသိပေးလိုက်ပါတယ် ခင်ဗျာ။
Blacker
Zawgyi
ငလ်င္လႈပ္ခတ္ႏိုင္တဲ့ ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕မ်ားနဲ႔ လႈပ္ႏိုင္တဲ့ ျပင္းအားမ်ား (သတိဆိုတာ ပိုတယ္လို႔ မရွိပါဘူး)
လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ငလ်င္လႈပ္ခတ္မႈ ခပ္စိတ္စိတ္ ျဖစ္ေပၚေနတာကို ေတြ႕ရပါတယ္။ အားသိပ္မျပင္းတဲ့ ငလ်င္ အေသးေတြသာမက အားျပင္းထန္တဲ့ ငလ်င္ႀကီးေတြပါ လွဒပ္ခတ္လာတာကို ေတြ႕ရပါတယ္။
ျမန္မာႏိုင္ငံရဲ႕ အလယ္တည့္တည့္နီးပါးမွာ ရွိတဲ့ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာႀကီးကလည္း လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ နီးပါးက ပဲခူးငလ်င္ လႈပ္ၿပီး ေနာက္ပိုင္း ၿငိမ္သက္ေနတာေၾကာင့္ ငလ်င္ႀကီး တခု ထပ္မံ လႈတ္ခတ္ႏိုင္တယ္လို႔ ပညာရွင္မ်ားက ခန႔္မွန္း ထားၾကပါတယ္။
ယေန႔အခ်ိန္ထိ ငလ်င္လႈပ္မယ္ဆိုတာကို မည္သည့္ ပညာရွင္မ်ားက ေသခ်ာေပါက္ မခန႔္မွန္း ႏိုင္ၾကေသးပါဘူး။ ဒါေပမယ့္ သီအိုရီေတြနဲ႔ ျဖစ္ႏိုင္စြမ္းေတြကို ကြန္ပ်ဴတာ ေဆာဖ့္ဝဲလ္ေတြရဲ႕ တြက္ခ်က္မႈအနဲ႔ အတူ အနီးစပ္ဆုံး ႀကိဳတင္ခန႔္မွန္း ႏိုင္ေနၾကၿပီ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအတြင္းမွာ ငလ်င္လႈပ္ခတ္ႏိုင္တဲ့ ေဒသေတြနဲ႔ ျပင္းအားေတြကို ေဖာ္ျပေပးသြားပါမယ္။ မဂၢနီက်ဳ ၆ ပမာဏသည္ ငလ်င္ အလတ္ အ႐ြယ္အစား ျဖစ္ၿပီး ၇ ႏွင့္အထက္သည္ ငလ်င္အႀကီးစား စာရင္းဝင္သြားၿပီ ျဖစ္ပါတယ္။
မဂၢနီက်ဳ မ်ားေလ ငလ်င္အား ျပင္းထန္ေလပဲ ျဖစ္ပါတယ္။ ဘယ္အခ်ိန္ လႈပ္ခတ္မယ္ဆိုတာ မခန႔္မွန္းႏိုင္ေပမယ့္ လႈပ္ႏိုင္ေခ် မ်ားတဲ့ ေဒသေတြကို ေဖာ္ျပလိုက္ပါတယ္-
ေမာ္လၿမိဳင္၊ ထားဝယ္၊ ၿမိတ္ (ျပင္းအား မဂၢနီက်ဳ ၆ အထိ လႈပ္ခတ္ႏိုင္)၊ ေခ်ာက္၊ မိတၳီလာ၊ ပခုကၠဴ (ျပင္းအား မဂၢနီက်ဳ ၇ အထိ လႈပ္ခတ္ႏိုင္)၊ မုံ႐ြာ၊ ေမာ္ခ်ီး၊ ပ်ဥ္းမနား၊ ရမည္းသင္း၊ မေကြး၊ မင္းဘူး၊ လြိဳင္ေကာ္၊ ပုသိမ္၊ ရန္ကုန္ (ျပင္းအား မဂၢနီက်ဳ ၈ အထိ လႈပ္ခတ္ႏိုင္)
ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ေမာ္လိုက္၊ ကေလးဝ၊ ေတာင္ႀကီး၊ လားရႈိး၊ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေတာင္ငူ၊ ျပည္၊ သရက္ (ျပင္းအား မဂၢနီက်ဳ ၉ အထိ လႈပ္ခတ္ႏိုင္)
စစ္ကိုင္း၊ မႏၲေလး၊ အမရပူရ၊ ပဲခူး၊ ျဖဴး (ျပင္းအား မဂၢနီက်ဳ ၁၀ အထိ အျပင္းဆုံး လႈပ္ခတ္ႏိုင္)၊ အထက္ပါ ေဒသနဲ႔ ၿမိဳ႕မ်ားရွိ ျပည္သူမ်ားအေနနဲ႔ ငလ်င္အႏၲရာယ္ကို အသိ သတိထားၿပီး အၿမဲမျပတ္ ႀကိဳတင္ ျပင္ဆင္ရန္ လိုအပ္ပါတယ္။
ငလ်င္ မလႈပ္မီ ျပသတတ္တဲ့ လကၡဏာမ်ားကိုလည္း မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနဖို႔ လိုအပ္ပါတယ္။ သတိဆိုတာ ပိုတယ္လို႔ မရွိပါဘူးဆိုတဲ့ စကားေလးနဲ႔ ႀကိဳတင္ အသိေပးလိုက္ပါတယ္ ခင္ဗ်ာ။
Blacker