အရွယ်တင် နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု …

Beauty

အရွယ်တင် နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု …

မိန်းကလေးတိုင်း မလှချင်တဲ့သူ၊မနုပျိုချင်တဲ့သူမရှိပါဘူး။မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီးအရွယ်တင်နုပျိုလှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူဖြစ်ချင်ကြပါတယ်။အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့်အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ် vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကိုအနှစ်ဖြစ်အောင် ရောမွှေပါ။

မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင်တားဆီးပေးနိုင်တာကြောင့်အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။

 

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေးဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။

၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင်အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။

(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေးဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာတစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။

ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကိုတဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။

crd

Zawgyi

အ႐ြယ္တင္ ႏုပ်ိဳခ်င္တဲ့မိန္းကေလးတိုင္း သိကိုသိထားရမယ့္ အလွအပလွ်ိဳ႕ဝွက္ခ်က္(၃)ခု …

မိန္းကေလးတိုင္း မလွခ်င္တဲ့သူ၊မႏုပ်ိဳခ်င္တဲ့သူမရွိပါဘူး။မိန္းကေလးဆိုတာ အသက္အ႐ြယ္ႀကီးရင့္လာလည္း အေရးအေၾကာင္းကင္းစင္ၿပီးအ႐ြယ္တင္ႏုပ်ိဳလွပတဲ့သူ၊ အၿမဲတမ္းလွပေနတဲ့သူျဖစ္ခ်င္ၾကပါတယ္။အသက္ႀကီးလာတဲ့အထိ ႏုပ်ိဳလွပဖို႔အတြက္ မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္အလွအပဆိုင္ရာလွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁) ကိုယ္တိုင္လုပ္ အေရးအေၾကာင္းကင္းခရင္မ္ vaselline စားပြဲတင္ဇြန္းႏွစ္ဇြန္းကိုအပူေပးၿပီး သံလြင္ဆီတစ္ဇြန္း၊ၾကက္ဥအႏွစ္တစ္လုံး၊ ပ်ားရည္တစ္ဇြန္း၊ ေထာပတ္သီးအမွည့္တစ္လုံးတို႔ကိုအႏွစ္ျဖစ္ေအာင္ ေရာေမႊပါ။

မ်က္ႏွာကိုေျပာင္စင္ေအာင္သစ္ၿပီး ရလာတဲ့အႏွစ္ကိုမ်က္ႏွာအႏွံ႔ခပ္ထူထူေလးလိမ္းကာ မိနစ္၂၀ ေလာက္ထားေပးပါ။ၿပီးရင္ ေရၾကက္သီးေႏြးေလးနဲ႔မ်က္ႏွာသစ္လိုက္ပါ။တစ္ပတ္ႏွစ္ႀကိမ္ေလာက္လုပ္ေပးရင္ မ်က္ႏွာေပၚမွာျဖစ္ေလ့ရွိတဲ့ အေရးအေၾကာင္းေတြမျဖစ္လာေအာင္တားဆီးေပးႏိုင္တာေၾကာင့္အသက္ႀကီးလာလည္း ႐ြယ္တူေတြထက္ ႏုပ်ိဳေနပါလိမ့္မယ္။

(၂) ကိုယ္တိုင္လုပ္ အမည္းစက္ေပ်ာက္ေပါင္းတင္ေဆးဂ်ဳံမႈန႔္ႏွစ္ဇြန္း၊ နႏြင္းအနည္းငယ္၊ ႏြားႏို႔အစိမ္းေလးဇြန္း၊ သံပ႐ိုရည္တစ္ဇြန္း၊အုန္းဆီတစ္ဇြန္း တို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔ထူထူေလးလိမ္းေပးပါ။

၁၀ မိနစ္ၾကာရင္ မ်က္ႏွာအႏွံ႔ဖြဖြေလးႏွိပ္နယ္ေပးၿပီး ေရၾကက္သီးေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။သုံးရက္တစ္ႀကိမ္ေလာက္ လုပ္ေပးရင္အမည္းစက္ေတြသိသိသာသာေလ်ာ့ပါးလာတာကိုေတြ႕ရပါလိမ့္မယ္။

(၃) ဆားဝက္ၿခံေပ်ာက္ေပါင္းတင္ေဆးဂ်ဳံမႈန႔္ႏွစ္ဇြန္း၊ မုန႔္ဖုတ္ဆိုဒါတစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးပါ။မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီးရင္ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးကာတစ္သွ်ဴးစကၠဴေလးနဲ႔ ဆားဝက္ၿခံေတြကို ညႇစ္ထုတ္ေပးၿပီး ေရေအးနဲ႔မ်က္ႏွာျပန္သစ္ေပးပါ။

ဒါၿပီးရင္ေတာ့ တိုနာလိမ္းေပးပါ။တစ္ပတ္တစ္ႀကိမ္လုပ္ေပးရင္ မ်က္ႏွာေပၚကဆားဝက္ၿခံေတြကိုတျဖည္းျဖည္းသက္သာေပ်ာက္ကင္းလာေစပါလိမ့္မယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *