ဆံပင်ကျွတ်တာသက်သာပြီး အရှည်မြန်စေမယ့် သဘာဝနည်းလမ်း (၃)သွယ် …

Beauty

ဆံပင်ကျွတ်တာသက်သာပြီး အရှည်မြန်စေမယ့် သဘာဝနည်းလမ်း (၃)သွယ် …

ဆံပင်တွေကျွတ်တာဆံသားပျက်ဆီးတာတွေကြောင့်ဆံပင်ရှည်လာတာကြာလို့စိတ်ညစ်နေလားဒါဆိုရင်တော့ဓါတုပစ္စည်းမပါဘဲသဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။

ပဲနံ့သာစေ့နဲ့အုန်းဆီပဲနံ့သာစေ့ မှာပရိုတင်းနဲ့ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီးဆံပင်တွေကိုအဟာ၇ဓါတ်ဖြည့်စွမ်းနိုင်လို့ဆံပင်အရှည်မြန်စေပါတယ်။

ဘယ်လိုသုံးမလဲပဲနံ့သာစေ့ကိုစားပွဲတင်ဇွန်း၁ဇွန်းလောက်ကို ညလုံးပေါက်ရေစိမ်ထားပါပြီးရင်တော့အမှုန့်ဖြစ်အောင်ကြိတ်လိုက်ပြီးအုန်းဆီ(သို့)ဒိန်ချဉ်လက်ဖက်ရည်ဇွန်း၂ဇွန်းထည့်ပါပြီးရင်တော့ဦးရေပြားနဲ့ဆံသားအမြစ်ကနေအဖျားထိလိမ်းပေးရမှာဖြစ်ပါတယ်ပြီးရင်နာရီဝက်လာက်ထားပါ။

အဲဒီနောက်ရေနွေးတယ်ဆိုရုံလောက်ရယ်ခေါင်းလျှော်ရည်နဲ့လျှော်ချပါတစ်ပတ်ကို ၃ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ၁လတိတိလုပ်ပေးရင်းဆံပင်တွေထူလာမှာဖြစ်ပါတယ်ကြက်ဆူဆီနဲ့အုန်းဆီကြက်ဆူဆီဟာသဘာဝအတိုင်းဆံနွယ်တွေကိုအရောင်တောက်စေပြီးထူစေပါတယ်။

ဒါ့အပြင်ဆံသားပျက်ဆီးခြင်းကိုကာကွယ်ပေးတဲ့ဖက်တီးအက်ဆစ်နဲ့ဗီတာမင်အီးကြွယ်ဝစွာပါဝင်ပါတယ်။ဘယ်လိုလုပ်မလဲခွက်အသေးတစ်လုံးထဲမှာအုန်းဆီနဲ့ကြက်ဆူဆီစားပွဲတင်ဇွန်း ၂ဇွန်းဆီထည့်ပြီးမွေပေးပါပြီးရင်ဦးရေပြားပေါ်မှာလိမ်းပြီးခပ်ဖွဖွ နှပ်ပေးပါပြီးရင်တော့တဘက်နဲ့၁နာရီလောက်ပေါင်းထားပေးပါ။

ပြီးရင်ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့သေချာပြောင်အောင်လျှော်ပါအနည်းဆုံးတစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးရပါမယ်။၁လတိတိလုပ်ပေးရင်ဆံသားတွေတောက်ပြောင်သန်စွမ်းလာမှာဖြစ်ပါတယ်။

ကြက်ဥနဲ့သံလွင်ဆီကြက်ဥမှာသဘာဝပရိုတင်းဓါတ်တွေပါဝင်ပြီးဆံသားတွေကိုတောက်ပြောင်သန်စွမ်းစေပါတယ်။ဘယ်လိုသုံးမလဲကြက်ဥအနှစ်၁လုံးသံလွင်ဆီလက်ဖက်ရည်ဇွန်း၂ဇွန်း၊ရေလက်ဖက်ရည်ဇွန်း၁ဇွန်းရောပြီး။

သေချာမွေပေးပါပြီးရင်ဆံပင်အမြစ်ကနေအဖျားထိသေချာလိမ်းပေးပါ။မိနစ်၂၀လောက်ထားပါပြီးရင်ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့လျှော်ချပေးပါတစ်လလောက်ဆိုရင်သိသာလာမှာဖြစ်ပါတယ်။

Credit

Zawgyi










Credit

Leave a Reply

Your email address will not be published. Required fields are marked *