မီတာခပေးဆောင်ရသူတိုင်း သိထားသင့်တဲ့ သုံးစွဲမှုအနေအထားနဲ့ ကျသင့်ငွေတွက်နည်း
လျှပ်စစ်မီးသုံးစွဲပြီး မီတာခပေးဆောင်ရသူတိုင်း သိထားသင့်တဲ့ သုံးစွဲမှုအနေအထားနဲ့ ကျသင့်ငွေတွက်နည်းတွေပါ။လျှပ်စစ်စွမ်းအင်ကို ဘယ်လိုချွေတာသုံးစွဲမလဲ။ဘာတွေသိထားသင့်သလဲ။ ဘယ်လျှပ်စစ်ပစ္စည်းတွေက ဘယ်လောက်ထိ မီတာခတက်မလဲ။
ပူးပေါင်းဆောင်ရွက်ပါဆိုတော့ သိဖို့လိုအပ်လာပါပြီ။ယနေ့ခေတ်ကာလတွင် လျှပ်စစ် စွမ်းအင်သည် မရှိမဖြစ် လိုအပ်သောအရာတခုလို့ပြောလျှင်မှားမည်မထင်ပါ။
ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ခေတ်ပေါ်လျှပ်စစ်အသုံးအဆောင်ပစ္စည်းများလည်းတနေ့တမျိုး မရိုးရအောင်ပေါ်ပေါက်နေပါသည်။ကိုတိုင်အသုံးပြုတဲ့လျှပ်စစ်ပစ္စည်းသည် အသုံးပြုသည့်အခါ၌ လျှပ်စစ်မီတာအသုံးပြုခ မည်မျှကုန်ကျသည်ကို သိသူများရှိသလို မသိသူများလည်းရှိနိုင်ပါသေးသည်။
ထို့ကြောင့်အသုံးပြုသောပစ္စည်းမည်မျှ ကုန်ကျနိုင်သည်ကိုတွက်ချက်သောနည်းလေးတခုပြောပြလိုက်ပါသည်။လျှပ်စစ်ပစ္စည်း၏ Watt ကိုကြည့်ပါ။တချို့သောပစ္စည်းများတွင် KHW လို့လဲရေးကြသည်။
Kilo Hour Watt
(တစ်ရီမှာ အသုံးပြုသော Watt)
တွက်နည်း
Watt×အသုံးပြုချိန်
—————- × မီတာယူနစ်
1000
ဥပမာ
40W မီးချောင်း× တနာရီ
40×1= 40
———-= .04×35= 1.4
1000
40W မီးချောင်း တစ်နာရီ အသုံးပြုလျှင်ကျသင့်ငွေသည် 1.4 ကျပ်ဖြစ်သည်။နောက် ဥပမာတခုအဲကွန်း တစ်ကောင်သည်750W ဖြစ်သည်
750×1
——-=.75×35=26.25ကျပ်
1000
အဲကွန်းတကောင်တနာရီအသုံးပြုခသည်26.25 ကျပ်ဖြစ်ပါသည်။၂၄နာရီ မရပ်မနားအသုံးပြုလျှင် 630ကျပ်ကုန်ကျပါသည်။
မှတ်ချက်
တစ်ယူနစ်လျှင်35ကျပ်ဖြင့်တွက်ချက်ပြီးလျှပ်စစ်ဗို့အား220ဖြင့်တွက်ချက်ခြင်းဖြစ်ပါသည်။လျှပ်စစ်မီး ဘယ်လောက်သုံးရင် မီတာ (၁) ယူနစ် တက်သလဲ၊ တစ်လ ယူနစ် (၂၀၀) လောက်သုံးရင် ငွေဘယ်လောက် ကျမလဲ…။
မီတာ (၁) ယူနစ်ဆိုတာ 1 KWH (၁) ကီလိုဝပ်နာရီ၊ ဆိုလိုတာက တစ်နာရီ အတွင်း (၁) ကီလိုဝပ် (1000 ဝပ်) သုံးစွဲလိုက်ရင် (၁) ယူနစ် သတ်မှတ် ပါတယ်။ အလင်းရောင်ရဖို့ မီးသုံးစွဲမှုကို အကြမ်းဖျဉ်း တွက်ကြရအောင်။ (၄) ပေ မီးချောင်း (၁) ချောင်းဟာ ရေဘုယျ အားဖြင့် (၄၀) ဝပ်ပါ။
တနာရီကြာ ဆက်တိုက်ထွန်းထားရင်သုံးစွဲပမာဏ ဝပ် (၄၀) ပေါ့။ (၂၅) နာရီကြာသုံးရင် ဝပ် (၁၀၀၀) ဖြစ်လို့ (၄)ပေ မီးချောင်း (၁) ချောင်းကို (၂၅) နာရီကြာသုံးရင် တစ်ယူနစ် တက်ပါမယ်။ (၂) ပေ ချောင်းဆိုရင် နာရီ (၅၀) ကြာသုံးမှ တစ်ယူနစ် တက်ပါမယ်။ လျှပ်စစ် ဟင်းချက်အိုး အရပ်ခေါ် ဒယ်နီ သုံးတယ်ဆိုပါစို့။
သူ့ဝပ်အားက အပူကို ထိန်းညှိပြီး မီးအားကို အတိုးအလျော့ လုပ်တာဖြစ်လို့ ပုံသေမတွက်ဘဲ ပျမ်းမျှယူပြီး တွက်ကြရအောင်။ (သူကဝပ် ၁၆၀၀ အမြင့်ဆုံးပါ) အပူချိန် လျှော့သုံးချိန်တွေနဲ့ သူ့ကို ဝပ် (၁၀၀၀) ထားတွက်ကြည့်မယ်။ တစ်နာရီကြာ သုံးရင် တစ်ယူနစ် တက်ပါမယ်။ တစ်ရက်မှာ ဒယ်နီနဲ့ ဟင်းချက်ချိန် (၂) နာရီ ပဲထားပါတော့။ (၂) ယူနစ် တက်ပါမယ်။
ထမင်းပေါင်းအိုး Rice Cooker နဲ့ မနက်/ည (၂) ခါပြန်ချက်။ (၂) ယူနစ်လောက်ပါပဲ။ ညဖက်နားချိန် TV ကြည့်ပါ။ ငါးနာရီဆက်တိုက် ကြည့်ပါ။ ပျမ်းမျှတစ်ယူနစ် ဝန်းကျင် တက်ပါမယ်။
အိမ်မှာ (၄) ပေမီးချောင်း သုံးချောင်း နဲ့ (၂) ပေမီးချောင်း (၂) ချောင်း၊ စုစုပေါင်း (၅)ချောင်းနဲ့ ငါးနာရီကြာ မီးသုံးမယ်၊ ဒယ်နီ တစ်လုံး နှစ်နာရီ၊ ပေါင်းအိုး တစ်လုံး နှစ်နာရီ၊ TV တစ်လုံး ငါးနာရီဆိုရင် တစ်ရက်ကို အထက်ပါ နည်းအတိုင်းတွက် မီတာ (၅.၈) ယူနစ် တက်ပါမယ်၊ တစ်လမှာ (၁၇၄) ယူနစ်တက်ပါမယ်၊ အခု ဈေးတက်ထားတဲ့ မီတာယူနစ်ဈေးနဲ့ ဆိုရင်..
၁ မှ ၃၀ ယူနစ် ၃၅ ကျပ် … ၁၀၅၀ ကျပ်
၃၁ မှ ၅၀ ထိ ၅၀ ကျပ် … ၁၀၀၀ ကျပ်
၅၁ မှ ၇၅ ထိ ၇၀ ကျပ် … ၁၇၅၀ ကျပ်
၇၆ မှ ၁၀၀ ထိ ၉၀ ကျပ် … ၂၂၅၀ ကျပ်
၁၀၁ မှ ၁၅၀ ထိ ၁၁၀ ကျပ် … ၅၅၀၀ ကျပ်
၁၅၁ မှ ၁၇၄ ထိ ၁၂၀ ကျပ် … ၂၈၈၀ ကျပ်
စုစုပေါင်း တစ်လကို (၁၄၄၃၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ တစ်လကို ယူနစ် (၂၀၀) လောက်သုံးမယ်ဆိုရင် (၁၇၅၅၀) ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ အောက်မှာ မီတာခ တွက်လို့ရတဲ့ Link ကိုထည့်ပေး ထားပါတယ်။
အခု အိမ်သုံးအခြေခံ ပစ္စည်းတွေနဲ့ နားလည်လွယ်အောင် မီတာခ တွက်ပြခြင်းဖြစ်ပါတယ်။ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို သင့်လျော်တဲ့ Quality နဲ့ မီးအား(ဝပ်အား) နည်းတာကို ရွေးချယ် သုံးစွဲသင့်ပါတယ်။
ဒီအောက်က Link မှာ ဝင်၊ မီတာယူနစ် အင်္ဂလိပ်လိုရေးထည့်ပြီး ငွေဘယ်လောက် ကျသင့်တယ်ဆိုတာကို တွက်ကြည့် နိုင်ပါတယ်။ ယခင် ယခု နှုန်းတွေကိုပါ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။
(အိမ်သုံးမီတာများအတွက် ဖြစ်ပါသည်။)
မီတာယူနစ် :
12345တွက်မည်
ယခင်နှုန်းထား
နှုန်းထား ယူနစ် သင့်ငွေ(ကျပ်)
1-100 ယူနစ် 35 ကျပ် 0 0
101-200 ယူနစ် 40 ကျပ် 0 0
201 ယူနစ်အထက် 50 ကျပ် 0 0
စုစုပေါင်း 0 0
ယခုနှုန်းထား
နှုန်းထား ယူနစ် သင့်ငွေ(ကျပ်)
1-30 ယူနစ် 35 ကျပ် 0 0
31-50 ယူနစ် 50 ကျပ် 0 0
51-75 ယူနစ် 70 ကျပ် 0 0
76-100 ယူနစ် 90 ကျပ် 0 0
101-150 ယူနစ် 110 ကျပ် 0 0
151-200 ယူနစ် 120 ကျပ် 0 0
201 ယူနစ်အထက် 125 ကျပ် 0 0
စုစုပေါင်း 0 0
*မှတ်ချက် – ဓာတ်အားခသီးသန့်သာလျှင် ဖြစ်ပါသည်။ မီတာဝန်ဆောင်ခ (လက်ရှိတွင် ၅၀၀ ကျပ်) ထပ်ပေါင်းထည့်ရန် လိုအပ်ပါမည်။
မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။
Shareလုပ်ပြီးသိမ်းထားနိုင်ပါသည်။
Zawgyi
မီတာခေပးေဆာင္ရသူတိုင္း သိထားသင့္တဲ့ သုံးစြဲမႈအေနအထားနဲ႔ က်သင့္ေငြတြက္နည္း
လွ်ပ္စစ္မီးသုံးစြဲၿပီး မီတာခေပးေဆာင္ရသူတိုင္း သိထားသင့္တဲ့ သုံးစြဲမႈအေနအထားနဲ႔ က်သင့္ေငြတြက္နည္းေတြပါ။လွ်ပ္စစ္စြမ္းအင္ကို ဘယ္လိုေခြၽတာသုံးစြဲမလဲ။ဘာေတြသိထားသင့္သလဲ။ ဘယ္လွ်ပ္စစ္ပစၥည္းေတြက ဘယ္ေလာက္ထိ မီတာခတက္မလဲ။
ပူးေပါင္းေဆာင္႐ြက္ပါဆိုေတာ့ သိဖို႔လိုအပ္လာပါၿပီ။ယေန႔ေခတ္ကာလတြင္ လွ်ပ္စစ္ စြမ္းအင္သည္ မရွိမျဖစ္ လိုအပ္ေသာအရာတခုလို႔ေျပာလွ်င္မွားမည္မထင္ပါ။
ေခတ္မွီတိုးတက္လာသည္ႏွင့္အမွ် ေခတ္ေပၚလွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ားလည္းတေန႔တမ်ိဳး မ႐ိုးရေအာင္ေပၚေပါက္ေနပါသည္။ကိုတိုင္အသုံးျပဳတဲ့လွ်ပ္စစ္ပစၥည္းသည္ အသုံးျပဳသည့္အခါ၌ လွ်ပ္စစ္မီတာအသုံးျပဳခ မည္မွ်ကုန္က်သည္ကို သိသူမ်ားရွိသလို မသိသူမ်ားလည္းရွိႏိုင္ပါေသးသည္။
ထို႔ေၾကာင့္အသုံးျပဳေသာပစၥည္းမည္မွ် ကုန္က်ႏိုင္သည္ကိုတြက္ခ်က္ေသာနည္းေလးတခုေျပာျပလိုက္ပါသည္။လွ်ပ္စစ္ပစၥည္း၏ Watt ကိုၾကည့္ပါ။တခ်ိဳ႕ေသာပစၥည္းမ်ားတြင္ KHW လို႔လဲေရးၾကသည္။
Kilo Hour Watt
(တစ္ရီမွာ အသုံးျပဳေသာ Watt)
တြက္နည္း
Watt×အသုံးျပဳခ်ိန္
—————- × မီတာယူနစ္
1000
ဥပမာ
40W မီးေခ်ာင္း× တနာရီ
40×1= 40
———-= .04×35= 1.4
1000
40W မီးေခ်ာင္း တစ္နာရီ အသုံးျပဳလွ်င္က်သင့္ေငြသည္ 1.4 က်ပ္ျဖစ္သည္။ေနာက္ ဥပမာတခုအဲကြန္း တစ္ေကာင္သည္750W ျဖစ္သည္
750×1
——-=.75×35=26.25က်ပ္
1000
အဲကြန္းတေကာင္တနာရီအသုံးျပဳခသည္26.25 က်ပ္ျဖစ္ပါသည္။၂၄နာရီ မရပ္မနားအသုံးျပဳလွ်င္ 630က်ပ္ကုန္က်ပါသည္။
မွတ္ခ်က္
တစ္ယူနစ္လွ်င္35က်ပ္ျဖင့္တြက္ခ်က္ၿပီးလွ်ပ္စစ္ဗို႔အား220ျဖင့္တြက္ခ်က္ျခင္းျဖစ္ပါသည္။လွ်ပ္စစ္မီး ဘယ္ေလာက္သုံးရင္ မီတာ (၁) ယူနစ္ တက္သလဲ၊ တစ္လ ယူနစ္ (၂၀၀) ေလာက္သုံးရင္ ေငြဘယ္ေလာက္ က်မလဲ…။
မီတာ (၁) ယူနစ္ဆိုတာ 1 KWH (၁) ကီလိုဝပ္နာရီ၊ ဆိုလိုတာက တစ္နာရီ အတြင္း (၁) ကီလိုဝပ္ (1000 ဝပ္) သုံးစြဲလိုက္ရင္ (၁) ယူနစ္ သတ္မွတ္ ပါတယ္။ အလင္းေရာင္ရဖို႔ မီးသုံးစြဲမႈကို အၾကမ္းဖ်ဥ္း တြက္ၾကရေအာင္။ (၄) ေပ မီးေခ်ာင္း (၁) ေခ်ာင္းဟာ ေရဘုယ် အားျဖင့္ (၄၀) ဝပ္ပါ။
တနာရီၾကာ ဆက္တိုက္ထြန္းထားရင္သုံးစြဲပမာဏ ဝပ္ (၄၀) ေပါ့။ (၂၅) နာရီၾကာသုံးရင္ ဝပ္ (၁၀၀၀) ျဖစ္လို႔ (၄)ေပ မီးေခ်ာင္း (၁) ေခ်ာင္းကို (၂၅) နာရီၾကာသုံးရင္ တစ္ယူနစ္ တက္ပါမယ္။ (၂) ေပ ေခ်ာင္းဆိုရင္ နာရီ (၅၀) ၾကာသုံးမွ တစ္ယူနစ္ တက္ပါမယ္။ လွ်ပ္စစ္ ဟင္းခ်က္အိုး အရပ္ေခၚ ဒယ္နီ သုံးတယ္ဆိုပါစို႔။
သူ႔ဝပ္အားက အပူကို ထိန္းညႇိၿပီး မီးအားကို အတိုးအေလ်ာ့ လုပ္တာျဖစ္လို႔ ပုံေသမတြက္ဘဲ ပ်မ္းမွ်ယူၿပီး တြက္ၾကရေအာင္။ (သူကဝပ္ ၁၆၀၀ အျမင့္ဆုံးပါ) အပူခ်ိန္ ေလွ်ာ့သုံးခ်ိန္ေတြနဲ႔ သူ႔ကို ဝပ္ (၁၀၀၀) ထားတြက္ၾကည့္မယ္။ တစ္နာရီၾကာ သုံးရင္ တစ္ယူနစ္ တက္ပါမယ္။ တစ္ရက္မွာ ဒယ္နီနဲ႔ ဟင္းခ်က္ခ်ိန္ (၂) နာရီ ပဲထားပါေတာ့။ (၂) ယူနစ္ တက္ပါမယ္။
ထမင္းေပါင္းအိုး Rice Cooker နဲ႔ မနက္/ည (၂) ခါျပန္ခ်က္။ (၂) ယူနစ္ေလာက္ပါပဲ။ ညဖက္နားခ်ိန္ TV ၾကည့္ပါ။ ငါးနာရီဆက္တိုက္ ၾကည့္ပါ။ ပ်မ္းမွ်တစ္ယူနစ္ ဝန္းက်င္ တက္ပါမယ္။
အိမ္မွာ (၄) ေပမီးေခ်ာင္း သုံးေခ်ာင္း နဲ႔ (၂) ေပမီးေခ်ာင္း (၂) ေခ်ာင္း၊ စုစုေပါင္း (၅)ေခ်ာင္းနဲ႔ ငါးနာရီၾကာ မီးသုံးမယ္၊ ဒယ္နီ တစ္လုံး ႏွစ္နာရီ၊ ေပါင္းအိုး တစ္လုံး ႏွစ္နာရီ၊ TV တစ္လုံး ငါးနာရီဆိုရင္ တစ္ရက္ကို အထက္ပါ နည္းအတိုင္းတြက္ မီတာ (၅.၈) ယူနစ္ တက္ပါမယ္၊ တစ္လမွာ (၁၇၄) ယူနစ္တက္ပါမယ္၊ အခု ေဈးတက္ထားတဲ့ မီတာယူနစ္ေဈးနဲ႔ ဆိုရင္..
၁ မွ ၃၀ ယူနစ္ ၃၅ က်ပ္ … ၁၀၅၀ က်ပ္
၃၁ မွ ၅၀ ထိ ၅၀ က်ပ္ … ၁၀၀၀ က်ပ္
၅၁ မွ ၇၅ ထိ ၇၀ က်ပ္ … ၁၇၅၀ က်ပ္
၇၆ မွ ၁၀၀ ထိ ၉၀ က်ပ္ … ၂၂၅၀ က်ပ္
၁၀၁ မွ ၁၅၀ ထိ ၁၁၀ က်ပ္ … ၅၅၀၀ က်ပ္
၁၅၁ မွ ၁၇၄ ထိ ၁၂၀ က်ပ္ … ၂၈၈၀ က်ပ္
စုစုေပါင္း တစ္လကို (၁၄၄၃၀) က်ပ္ က်သင့္မွာ ျဖစ္ပါတယ္။ တစ္လကို ယူနစ္ (၂၀၀) ေလာက္သုံးမယ္ဆိုရင္ (၁၇၅၅၀) က်ပ္ ကုန္က်မွာ ျဖစ္ပါတယ္။ ေအာက္မွာ မီတာခ တြက္လို႔ရတဲ့ Link ကိုထည့္ေပး ထားပါတယ္။
အခု အိမ္သုံးအေျခခံ ပစၥည္းေတြနဲ႔ နားလည္လြယ္ေအာင္ မီတာခ တြက္ျပျခင္းျဖစ္ပါတယ္။ အိမ္သုံး လွ်ပ္စစ္ပစၥည္းေတြကို သင့္ေလ်ာ္တဲ့ Quality နဲ႔ မီးအား(ဝပ္အား) နည္းတာကို ေ႐ြးခ်ယ္ သုံးစြဲသင့္ပါတယ္။
ဒီေအာက္က Link မွာ ဝင္၊ မီတာယူနစ္ အဂၤလိပ္လိုေရးထည့္ၿပီး ေငြဘယ္ေလာက္ က်သင့္တယ္ဆိုတာကို တြက္ၾကည့္ ႏိုင္ပါတယ္။ ယခင္ ယခု ႏႈန္းေတြကိုပါ ႏႈိင္းယွဥ္ၾကည့္လို႔ရပါတယ္။
(အိမ္သုံးမီတာမ်ားအတြက္ ျဖစ္ပါသည္။)
မီတာယူနစ္ :
12345တြက္မည္
ယခင္ႏႈန္းထား
ႏႈန္းထား ယူနစ္ သင့္ေငြ(က်ပ္)
1-100 ယူနစ္ 35 က်ပ္ 0 0
101-200 ယူနစ္ 40 က်ပ္ 0 0
201 ယူနစ္အထက္ 50 က်ပ္ 0 0
စုစုေပါင္း 0 0
ယခုႏႈန္းထား
ႏႈန္းထား ယူနစ္ သင့္ေငြ(က်ပ္)
1-30 ယူနစ္ 35 က်ပ္ 0 0
31-50 ယူနစ္ 50 က်ပ္ 0 0
51-75 ယူနစ္ 70 က်ပ္ 0 0
76-100 ယူနစ္ 90 က်ပ္ 0 0
101-150 ယူနစ္ 110 က်ပ္ 0 0
151-200 ယူနစ္ 120 က်ပ္ 0 0
201 ယူနစ္အထက္ 125 က်ပ္ 0 0
စုစုေပါင္း 0 0
*မွတ္ခ်က္ – ဓာတ္အားခသီးသန႔္သာလွ်င္ ျဖစ္ပါသည္။ မီတာဝန္ေဆာင္ခ (လက္ရွိတြင္ ၅၀၀ က်ပ္) ထပ္ေပါင္းထည့္ရန္ လိုအပ္ပါမည္။
မူရင္းပိုင္ရွင္မ်ားအား ေလးစားစြာ(credit)ေပးပါတယ္ခင္ဗ်ာ။
Shareလုပ္ၿပီးသိမ္းထားႏိုင္ပါသည္။