တခေတ်တခါက အာရှမှာ အကြီးဆုံးထောင်ဖြစ်ခဲ့တဲ့ ရန်ကုန်ထောင်ဆိုတာ
ယနေ့ရန်ကုန်မြို့ဘုန်းကြီးလမ်းနှင့်ပြည်လမ်းထောင့် ယခင်စိန်ဂျွန်းဈေးရှေ့(ယခုသူနာပြုတက္ကသိုလ်နေရာ) မှာ ဗြိတိသျှတို့တည်ဆောက်ခဲ့တဲ့ထောင်ကြီးဖြစ်ပါတယ်။
ရဟန်းအာဇာနည်ဦးဝိစာရအသက်ပေးခဲ့တာဒီထောင်မှာဖြစ်ပြီး ဆရာကြီးလူထုဦးလှနဲ့ဆရာဗန်းမော်တင်အောင်တို့ နိုင်ငံရေးအမှုတွေနဲ့အဖမ်းခံခဲ့ရတာကလည်း ဒီထောင်မှာပါပဲ။
တခေတ်တစ်ခါကတော့နာမည်အကြီးဆုံးထောင်ဖြစ်ခဲ့ပါတယ်။ ထောင်ရှေ့ဗိုလ်ချုပ်လမ်း (ယခင်က Montgomery လမ်း)ဘက်က ထောင်ဗူးဝတဘက်ကားလမ်းမှာ ထောင်ပိုင်ရုံးနဲ့ထောင်ဝန်ထမ်းများ နေထိုင်ရာတန်းလျားများရှိခဲ့ပါတယ်။ မျက်စောင်းထိုးကဗဟိုစည်ရပ်ကွက်က အစောပိုင်းမှာမရှိသေးပါဘူး။
ထောင်အတွင်းသို့အလည်ပတ်ရောက်ဖူူးသူရှိပါလိမ့်မယ်။ အဓိကတော့အနောက်တောင်ဘက်ထောင့်နားမှာ ဘုရားတစ်ဆူတည်ထားပြီး ကြိုးစင်လည်းအဲဒီနားမှာပဲရှိပါတယ်။ ရန်ကုန်ထောင်ဟာ အောက်ဘက်မှာအခန်း ၄ ခန်းနဲ့ အပေါ်ထပ်မှာအခန်း ၄ ခန်းရှိတဲ့ နှစ်ထပ်အဆောက်အအုံဖြစ်ပါတယ်။
အောက်ဘက် ၁ ခန်းကိုပုံစံခန်းလုပ်ထားပါတယ်။ အချုပ်သစ်တွေအားလုံး အဲဒီအခန်းကိုဝင်ရပါတယ်။ နောက်ပိုင်းရုံးထွက်ကျမှ ကိုယ်ကြိုက်တဲ့အခန်းကိုဝင်နေလို့ရပါတယ်။ အပေါ်ထပ်အခန်းကနေအပြင်ကိုကြည့်ရင် ရွှေတိဂုံဘုရား၊ စိန်ဂျွန်းဈေးနဲ့ ရန်ကုန်-အင်းစိန်-ပြည်လမ်းမကြီးကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။
နောက်ပြီးမိန်းမအဆောင်နဲ့ယောက်ျားအဆောင်ကို အလယ်ကလူတစ်ရပ်ကျော်မြင့်တဲ့သွပ်ပြားတွေကာပြီးခွဲထားပါတယ်။ သွပ်ပြားပေါ်မှာသစ်သားဒေါက်တွေနဲ့ သံဆူးကြိုးတွေရှိပါတယ်။ အဲဒီအဆောင်တွေရဲ့ အနောက်ဘက်ကပ်လျက်မှာ စစ်သားစုဆောင်းရေးတပ်ရှိပါတယ်။ ထောင်ဗူးဝကအထပ် ၃ ထပ်ရှိပါတယ်။ ၂ထပ်ပဲမြင်ရပေမယ့် အပေါ်ဆုံးမှာအထပ်ခိုးလေးရှိပါတယ်။ အဲဒီနေရာဟာ “ကြိုးတိုက်” ဖြစ်ပါတယ်။
ဒီကြိုးတိုက်ကိုရောက်ဖူးမြင်ဖူးသူ အရမ်းနည်းပါလိမ့်မယ် ကြိုးတိုက်မှာတော့ ကြိုးပေးခံရသူတွေရဲ့လည်ပင်းကြိုးကို ကွင်းစွပ်နှင့်အနည်းငယ်ကြိုးအရှည်ကိုသာ ဖြတ်ထားပြီး မှန်ဘောင်တွေထဲမှာနာမည်များအလိုက် ကန့်သတ်သိမ်းဆည်းထားတာတွေ့ရပါတယ်။
မှတ်ချက်။ အဲဒီနေရာကိုလူတိုင်းပေးမတက်တာကတော့ တချို့ကြိုးမိန့်ပေးခံရသူများမှာ သေဒဏ်အပြင်ထောင်ဒဏ်ပေါင်းကျသူများရှိတာကြောင့်
ထိုနေရာကိုကန့်သတ်ထားတာဖြစ်ပါတယ်။ အင်္ဂလိပ်ကဂျပန်ကိုတိုက်နိုင်ခဲ့ပြီးနောက် စစ်သုံ့ပန်းများဟာထိုထောင်မှလွတ်ငြိမ်းခွင့်ပြန်ရခဲ့တာပါ။ ထောင်ရဲ့အနောက်ဘက်ပိုင်းမှ ကီလီလမ်းအထိက ရုံးပုလိပ်တပ်ဖွဲ့တန်းလျားထားပါတယ်။ အရေးဆိုထောင်ထရင်နီးနီးနားနားဖြစ်အောင်ပါ။
ပုလိပ်ဗိုလ်ချာလီချစ်ကဦးဆောင်ပါတယ်။ ပုလိပ်မြင်းတပ်လည်းထားပါတယ်။ ၁လတစ်ခါအထိကရုဏ်း ခံတပ်ကာကားအပါအဝင် အသေးစားသံချပ်ကားများနဲ့ လာရောက်လေ့ကျင့်တတ်ပါတယ်။ ထောင်ထတဲ့အခါကြောက်စရာကောင်းပါတယ်။ ထောင်သားများဆန္ဒပြအော်ဟစ်သံတွေကိုကြားရပါတယ်။ ထမင်းစားပန်းကန်၊ သံခွက်များတညီတညွတ်တည်းရိုက်ကာ အသံကျယ်လောင်စွာဆန္ဒပြကြပါတယ်။
နောက်ပိုင်းဗဟိုစည်ရပ်ကွက် =ဖြစ်လာတော့ ထောင်ရဲ့တဘက်ကားလမ်းရပ်ကွက်ဒေါင့်မှာ ထောင်တွင်းကစေတီရှိလို့ရပ်ကွက်ဓမ္မာရုံကိုရည်စူးပြီး ဆောက်ထားခဲ့ပါတယ်။ ခုတော့အဲဒီထောင်လည်းပြိုပါပြီ။ မရှိတော့ပါဘူး။ ဒါကတော့ရန်ကုန်ထောင်အကြောင်း အနည်းငယ်မျှသာဖြစ်ပြီး ရှားပါးအကြောင်းအရာတစ်ခုဖြစ်တာကြောင့် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
မူရင်းရေးသားသူ Chitthumin အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။
Zawgyi
တေခတ္တခါက အာရွမွာ အႀကီးဆုံးေထာင္ျဖစ္ခဲ့တဲ့ ရန္ကုန္ေထာင္ဆိုတာ
ယေန႔ရန္ကုန္ၿမိဳ႕ဘုန္းႀကီးလမ္းႏွင့္ျပည္လမ္းေထာင့္ ယခင္စိန္ဂြၽန္းေဈးေရွ႕(ယခုသူနာျပဳတကၠသိုလ္ေနရာ) မွာ ၿဗိတိသွ်တို႔တည္ေဆာက္ခဲ့တဲ့ေထာင္ႀကီးျဖစ္ပါတယ္။
ရဟန္းအာဇာနည္ဦးဝိစာရအသက္ေပးခဲ့တာဒီေထာင္မွာျဖစ္ၿပီး ဆရာႀကီးလူထုဦးလွနဲ႔ဆရာဗန္းေမာ္တင္ေအာင္တို႔ ႏိုင္ငံေရးအမႈေတြနဲ႔အဖမ္းခံခဲ့ရတာကလည္း ဒီေထာင္မွာပါပဲ။
တေခတ္တစ္ခါကေတာ့နာမည္အႀကီးဆုံးေထာင္ျဖစ္ခဲ့ပါတယ္။ ေထာင္ေရွ႕ဗိုလ္ခ်ဳပ္လမ္း (ယခင္က Montgomery လမ္း)ဘက္က ေထာင္ဗူးဝတဘက္ကားလမ္းမွာ ေထာင္ပိုင္႐ုံးနဲ႔ေထာင္ဝန္ထမ္းမ်ား ေနထိုင္ရာတန္းလ်ားမ်ားရွိခဲ့ပါတယ္။ မ်က္ေစာင္းထိုးကဗဟိုစည္ရပ္ကြက္က အေစာပိုင္းမွာမရွိေသးပါဘူး။
ေထာင္အတြင္းသို႔အလည္ပတ္ေရာက္ဖူူးသူရွိပါလိမ့္မယ္။ အဓိကေတာ့အေနာက္ေတာင္ဘက္ေထာင့္နားမွာ ဘုရားတစ္ဆူတည္ထားၿပီး ႀကိဳးစင္လည္းအဲဒီနားမွာပဲရွိပါတယ္။ ရန္ကုန္ေထာင္ဟာ ေအာက္ဘက္မွာအခန္း ၄ ခန္းနဲ႔ အေပၚထပ္မွာအခန္း ၄ ခန္းရွိတဲ့ ႏွစ္ထပ္အေဆာက္အအုံျဖစ္ပါတယ္။
ေအာက္ဘက္ ၁ ခန္းကိုပုံစံခန္းလုပ္ထားပါတယ္။ အခ်ဳပ္သစ္ေတြအားလုံး အဲဒီအခန္းကိုဝင္ရပါတယ္။ ေနာက္ပိုင္း႐ုံးထြက္က်မွ ကိုယ္ႀကိဳက္တဲ့အခန္းကိုဝင္ေနလို႔ရပါတယ္။ အေပၚထပ္အခန္းကေနအျပင္ကိုၾကည့္ရင္ ေ႐ႊတိဂုံဘုရား၊ စိန္ဂြၽန္းေဈးနဲ႔ ရန္ကုန္-အင္းစိန္-ျပည္လမ္းမႀကီးကို ထင္ထင္ရွားရွားေတြ႕ျမင္ရပါတယ္။
ေနာက္ၿပီးမိန္းမအေဆာင္နဲ႔ေယာက္်ားအေဆာင္ကို အလယ္ကလူတစ္ရပ္ေက်ာ္ျမင့္တဲ့သြပ္ျပားေတြကာၿပီးခြဲထားပါတယ္။ သြပ္ျပားေပၚမွာသစ္သားေဒါက္ေတြနဲ႔ သံဆူးႀကိဳးေတြရွိပါတယ္။ အဲဒီအေဆာင္ေတြရဲ႕ အေနာက္ဘက္ကပ္လ်က္မွာ စစ္သားစုေဆာင္းေရးတပ္ရွိပါတယ္။ ေထာင္ဗူးဝကအထပ္ ၃ ထပ္ရွိပါတယ္။ ၂ထပ္ပဲျမင္ရေပမယ့္ အေပၚဆုံးမွာအထပ္ခိုးေလးရွိပါတယ္။ အဲဒီေနရာဟာ “ႀကိဳးတိုက္” ျဖစ္ပါတယ္။
ဒီႀကိဳးတိုက္ကိုေရာက္ဖူးျမင္ဖူးသူ အရမ္းနည္းပါလိမ့္မယ္ ႀကိဳးတိုက္မွာေတာ့ ႀကိဳးေပးခံရသူေတြရဲ႕လည္ပင္းႀကိဳးကို ကြင္းစြပ္ႏွင့္အနည္းငယ္ႀကိဳးအရွည္ကိုသာ ျဖတ္ထားၿပီး မွန္ေဘာင္ေတြထဲမွာနာမည္မ်ားအလိုက္ ကန႔္သတ္သိမ္းဆည္းထားတာေတြ႕ရပါတယ္။
မွတ္ခ်က္။ အဲဒီေနရာကိုလူတိုင္းေပးမတက္တာကေတာ့ တခ်ိဳ႕ႀကိဳးမိန႔္ေပးခံရသူမ်ားမွာ ေသဒဏ္အျပင္ေထာင္ဒဏ္ေပါင္းက်သူမ်ားရွိတာေၾကာင့္
ထိုေနရာကိုကန႔္သတ္ထားတာျဖစ္ပါတယ္။ အဂၤလိပ္ကဂ်ပန္ကိုတိုက္ႏိုင္ခဲ့ၿပီးေနာက္ စစ္သုံ႔ပန္းမ်ားဟာထိုေထာင္မွလြတ္ၿငိမ္းခြင့္ျပန္ရခဲ့တာပါ။ ေထာင္ရဲ႕အေနာက္ဘက္ပိုင္းမွ ကီလီလမ္းအထိက ႐ုံးပုလိပ္တပ္ဖြဲ႕တန္းလ်ားထားပါတယ္။ အေရးဆိုေထာင္ထရင္နီးနီးနားနားျဖစ္ေအာင္ပါ။
ပုလိပ္ဗိုလ္ခ်ာလီခ်စ္ကဦးေဆာင္ပါတယ္။ ပုလိပ္ျမင္းတပ္လည္းထားပါတယ္။ ၁လတစ္ခါအထိက႐ုဏ္း ခံတပ္ကာကားအပါအဝင္ အေသးစားသံခ်ပ္ကားမ်ားနဲ႔ လာေရာက္ေလ့က်င့္တတ္ပါတယ္။ ေထာင္ထတဲ့အခါေၾကာက္စရာေကာင္းပါတယ္။ ေထာင္သားမ်ားဆႏၵျပေအာ္ဟစ္သံေတြကိုၾကားရပါတယ္။ ထမင္းစားပန္းကန္၊ သံခြက္မ်ားတညီတၫြတ္တည္း႐ိုက္ကာ အသံက်ယ္ေလာင္စြာဆႏၵျပၾကပါတယ္။
ေနာက္ပိုင္းဗဟိုစည္ရပ္ကြက္ =ျဖစ္လာေတာ့ ေထာင္ရဲ႕တဘက္ကားလမ္းရပ္ကြက္ေဒါင့္မွာ ေထာင္တြင္းကေစတီရွိလို႔ရပ္ကြက္ဓမၼာ႐ုံကိုရည္စူးၿပီး ေဆာက္ထားခဲ့ပါတယ္။ ခုေတာ့အဲဒီေထာင္လည္းၿပိဳပါၿပီ။ မရွိေတာ့ပါဘူး။ ဒါကေတာ့ရန္ကုန္ေထာင္အေၾကာင္း အနည္းငယ္မွ်သာျဖစ္ၿပီး ရွားပါးအေၾကာင္းအရာတစ္ခုျဖစ္တာေၾကာင့္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေဝမွ်လိုက္ျခင္းျဖစ္ပါတယ္။
မူရင္းေရးသားသူ Chitthumin အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။