မိန်းကလေးတွေရဲ့ စွဲဆောင်မှုရှိတဲ့ တခြားအစိတ်အပိုင်း (၈) မျိုး

အေထြအေထြဗဟုသုတ

တင်တွေ၊ ရင်တွေမဟုတ်ဘဲ မိန်းကလေးတွေရဲ့ စွဲဆောင်မှုရှိတဲ့ တခြားအစိတ်အပိုင်း (၈) မျိုး

မိန်းကလေးတစ်ယောက် စွဲဆောင်မှု ရှိ မရှိဆိုတာကို တစ်ချို့က အဲဒီမိန်းကလေးရဲ့ တင်သားတွေ၊ ရင်သားတွေ ဖွံ့ဖြိုးမှု ရှိ၊ မရှိဆိုတဲ့ အချက်နဲ့ လိုက်ပြီး တိုင်းတာကြတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ် …။

ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေက မိန်းကလေးတစ်ယောက်ရဲ့ တကယ်တမ်း စွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းတွေတော့ မဟုတ်သေးပါဘူး။

တစ်ချို့အလုံးအပေါက် ကြီးကြီးနဲ့ မိန်းကလေးတွေ ရုတ်တရက်ကြည့်ရင် လှသလို ထင်ရပေမယ့် သေချာကြည့်လိုက်ရင် မလှတော့ဘူး။ တစ်ချို့ကျတော့ ရုတ်တရက်ဆို မလှဘူးထင်ရပေမယ့် တစ်စိမ့်စိမ့် ကြည့်လေလေ၊ ပိုပြီးလှလာလေလေပဲ .. အကြည့်ခံတယ်ပေါ့ …။

တစ်ကိုယ်လုံး ခြုံကြည့်ရင် မိန်းကလေးတစ်ယောက်ကို ပိုလှအောင် ပံ့ပိုးပေးထားတဲ့ အစိတ်အပိုင်းလေးတွေ အများကြီးရှိပါတယ်။ သိသလောက်ပြောရမယ် ဆိုရင် …

(၁) လက်မောင်း

မိန်းကလေးတစ်ယောက်ရဲ့ အလှတွေထဲမှာ လက်မောင်းလေးတွေလည်း အပါအဝင်ပါ။ သွယ်သွယ် ( ဒါမှမဟုတ် ) ခပ်ပြည့်ပြည့် လက်မောင်းလေးတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ လက်ပြတ်အင်္ကျီလေးတွေ ဝတ်လိုက်တဲ့အခါ ပိုပြီးစွဲဆောင်မှု ရှိသွားတတ်ကြတယ် …။

(၂) သွားတက်လေးတွေ

အထူးတလည် ပြောနေစရာမလိုတဲ့ အချက်ပါ။ သွားတက်လေးတွေ ပေါ်အောင် ရယ်တတ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မလှရင်တောင် ချစ်ဖို့ကောင်းတဲ့ မိန်းကလေး အမျိုးအစားထဲ ပါတတ်ကြတယ် …။

(၃) ပါးချိုင့်

နောက်တစ်ချက်ကတော့ ပါးချိုင့်လေးတွေပါပဲ။ ဆံပင်ရှည်ရှည်၊ မြန်မာဆန်ဆန် ရင်ဖုံးလေးဝတ်ပြီး ပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေပေါ်လာတတ်တဲ့ ကောင်မလေးတစ်ယောက် ဟာ ယောကျာ်းလေးတွေရဲ့ စိတ်ကူးထဲက မင်းသမီးလေး တစ်ပါးပါပဲ …။

(၄) မျက်လုံးဝိုင်းဝိုင်းလေးတွေ

ရှေးစာဆိုတွေ သတ်မှတ်ထားကြတဲ့ အလှအပစံတွေထဲ ဝိုင်းစက်စက် မျက်လုံးလေးတွေလည်း အပါအဝင်ပါ။ မျက်လုံးဟာ စိတ်ရဲ့ ထွက်ပေါက်ဆိုသလို၊ စိတ်ထဲက ခံစားချက် မှန်သမျှဟာ မျက်လုံးမှာ ပေါ်နေတတ်တယ်။ ဝိုင်းစက်ပြီး ရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံ အောက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ ကျရှုံးဖူးတယ် မဟုတ်လား …?

( ၅ ) အနက်ရောင် ဆံပင်ရှည်ရှည်လေးတွေ

ဆံပင်ဒီဇိုင်းတွေ ဘယ်လိုပြောင်းလာလာ၊ ဆံပင်တွေကို ဘယ်လို ကာလာတွေပဲဆိုးဆိုး၊ နက်မှောင်ပြီး ပျော့အိနေတဲ့ ဆံပင်ရှည်လေးတွေကိုပိုပြီး နှစ်သက်တတ်တယ်ဆိုတာ ဝန်ခံလိုက်ပါ။

မြန်မာလူမျိုး ဖြစ်နေတာကြောင့်လည်း အဲဒီလို နက်မှောင်ရှည်လျားတဲ့ ဆံနွယ်တွေကို ကျွန်တော်တို့ မြတ်နိုးတတ်ကြပါသေးတယ်။ နောက်ပြီး မိန်းကလေးတွေထဲမှာ နက်မှောင်တဲ့ ဆံနွယ်ရှည်ကြီးတွေနဲ့ မိန်းကလေးတစ်ယောက်က ပိုပြီး ထင်ပေါ်နေတယ်ဆိုတာ ငြင်းမရဘူးလေ …။

( ၆ ) ခါးသိမ်သိမ်လေး

မြန်မာဝတ်စုံလေး ဝတ်လိုက်တိုင်း ခါးသိမ်သိမ်လေးဖြစ်နေတဲ့ ကောင်မလေးတွေကို (လှ၏ မလှ၏ထား) ကျွန်တော်တို့ စက္ကန့်တော်တော်လေးကြာအောင် ငေးမောကြည့်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်ရဲ့ စွဲဆောင်မှုရှိလွန်းတဲ့ အလှအပစံတွေထဲမှာ သေးသွယ်သွယ်ခါးလေးတစ်စုံလည်း အပါအဝင်ပါပဲနော် …။

(၇) ခြေချောင်းလက်ချောင်းလေးတွေ

မိန်းကလေးတော်တော်များများရဲ့ လက်ချောင်း၊ ခြေချောင်းလေးတွေက သွယ်လျလျနဲ့ လှလှလေးတွေ များကြပါတယ်။ သွယ်လျပြီး သန့်ရှင်းနေတဲ့ခြေချောင်း၊ လက်ချောင်းလေးတွေဟာလည်း သူတို့ရဲ့အလှကို နောက် level တစ်ဆင့်ရောက်သွားစေတဲ့ အချက်တစ်ခုပါပဲ …။

(၈) နှုတ်ခမ်းဖူးဖူးလေးတွေ

နှုတ်ခမ်းနဲ့ပတ်သက်ပြီး အလှအပဆိုင်ရာ သတ်မှတ်ချက်တွေကတော့ အများကြီးမို့လို့ အနည်းနဲ့အများတော့ ဝိဝါဒ ကွဲနိုင်တယ်။ တစ်ချို့တွေက နှုတ်ခမ်းပါးပါးနဲ့ မိန်းကလေးတွေကို အလှဆုံးလို့ ထင်ကြတယ်။

ကျွန်တော်ကတော့ နှုတ်ခမ်းဖူးဖူး ( ထော်ထော် ) နဲ့ မိန်းကလေးတွေက ပိုပြီးချစ်ဖို့ကောင်းတယ်လို့ သတ်မှတ်ပါမယ်။ နှုတ်ခမ်းလေးစူပြီး ဘာကို အလိုမကျ ဖြစ်နေမှန်း မသိတဲ့ ပုံလေးက အရမ်းချစ်ဖို့ ကောင်းတယ်လေ ..။

အလှအပနဲ့ ပတ်သက်လို့ မြင်သလောက်ကတော့ အဲ့ဒီလောက်ပါပဲ။ ထပ်မံပြီး ဖြည့်စွက်ချင်လည်း ရပါသေးတယ်။ တစ်ခုရှိတာက အပေါ်က အချက်တွေ အကုန်လုံး ( ဒါမှမဟုတ် ) တစ်ချို့တစ်ဝက်နဲ့ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဟာ အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်းသားဘဝက ယောကျ်ားလေးတို့ရင်ထဲမှာ အတော်ကြာကြာ နေရာယူခဲ့ဖူးတယ် ဆိုတာတော့ ကျွန်တော်ကျိန်းသေပေါက် ပြောလို့ရပါရဲ့ …။ ။

Gabriel

Zawgyi

တင္ေတြ၊ ရင္ေတြမဟုတ္ဘဲ မိန္းကေလးေတြရဲ႕ စြဲေဆာင္မႈရွိတဲ့ တျခားအစိတ္အပိုင္း (၈) မ်ိဳး

မိန္းကေလးတစ္ေယာက္ စြဲေဆာင္မႈ ရွိ မရွိဆိုတာကို တစ္ခ်ိဳ႕က အဲဒီမိန္းကေလးရဲ႕ တင္သားေတြ၊ ရင္သားေတြ ဖြံ႕ၿဖိဳးမႈ ရွိ၊ မရွိဆိုတဲ့ အခ်က္နဲ႔ လိုက္ၿပီး တိုင္းတာၾကတယ္။ မွန္သင့္သေလာက္ေတာ့ မွန္ပါတယ္ …။

ဒါေပမယ့္ အဲဒီအစိတ္အပိုင္းေတြက မိန္းကေလးတစ္ေယာက္ရဲ႕ တကယ္တမ္း စြဲေဆာင္မႈရွိတဲ့ အစိတ္အပိုင္းေတြေတာ့ မဟုတ္ေသးပါဘူး။

တစ္ခ်ိဳ႕အလုံးအေပါက္ ႀကီးႀကီးနဲ႔ မိန္းကေလးေတြ ႐ုတ္တရက္ၾကည့္ရင္ လွသလို ထင္ရေပမယ့္ ေသခ်ာၾကည့္လိုက္ရင္ မလွေတာ့ဘူး။ တစ္ခ်ိဳ႕က်ေတာ့ ႐ုတ္တရက္ဆို မလွဘူးထင္ရေပမယ့္ တစ္စိမ့္စိမ့္ ၾကည့္ေလေလ၊ ပိုၿပီးလွလာေလေလပဲ .. အၾကည့္ခံတယ္ေပါ့ …။

တစ္ကိုယ္လုံး ၿခဳံၾကည့္ရင္ မိန္းကေလးတစ္ေယာက္ကို ပိုလွေအာင္ ပံ့ပိုးေပးထားတဲ့ အစိတ္အပိုင္းေလးေတြ အမ်ားႀကီးရွိပါတယ္။ သိသေလာက္ေျပာရမယ္ ဆိုရင္ …

(၁) လက္ေမာင္း

မိန္းကေလးတစ္ေယာက္ရဲ႕ အလွေတြထဲမွာ လက္ေမာင္းေလးေတြလည္း အပါအဝင္ပါ။ သြယ္သြယ္ ( ဒါမွမဟုတ္ ) ခပ္ျပည့္ျပည့္ လက္ေမာင္းေလးေတြ ပိုင္ဆိုင္ထားတဲ့ မိန္းကေလးေတြဟာ လက္ျပတ္အက်ႌေလးေတြ ဝတ္လိုက္တဲ့အခါ ပိုၿပီးစြဲေဆာင္မႈ ရွိသြားတတ္ၾကတယ္ …။

(၂) သြားတက္ေလးေတြ

အထူးတလည္ ေျပာေနစရာမလိုတဲ့ အခ်က္ပါ။ သြားတက္ေလးေတြ ေပၚေအာင္ ရယ္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ဟာ မလွရင္ေတာင္ ခ်စ္ဖို႔ေကာင္းတဲ့ မိန္းကေလး အမ်ိဳးအစားထဲ ပါတတ္ၾကတယ္ …။

(၃) ပါးခ်ိဳင့္

ေနာက္တစ္ခ်က္ကေတာ့ ပါးခ်ိဳင့္ေလးေတြပါပဲ။ ဆံပင္ရွည္ရွည္၊ ျမန္မာဆန္ဆန္ ရင္ဖုံးေလးဝတ္ၿပီး ၿပဳံးလိုက္တိုင္း ပါးခ်ိဳင့္ေလးေတြေပၚလာတတ္တဲ့ ေကာင္မေလးတစ္ေယာက္ ဟာ ေယာက်ာ္းေလးေတြရဲ႕ စိတ္ကူးထဲက မင္းသမီးေလး တစ္ပါးပါပဲ …။

(၄) မ်က္လုံးဝိုင္းဝိုင္းေလးေတြ

ေရွးစာဆိုေတြ သတ္မွတ္ထားၾကတဲ့ အလွအပစံေတြထဲ ဝိုင္းစက္စက္ မ်က္လုံးေလးေတြလည္း အပါအဝင္ပါ။ မ်က္လုံးဟာ စိတ္ရဲ႕ ထြက္ေပါက္ဆိုသလို၊ စိတ္ထဲက ခံစားခ်က္ မွန္သမွ်ဟာ မ်က္လုံးမွာ ေပၚေနတတ္တယ္။ ဝိုင္းစက္ၿပီး ႐ႊန္းလဲ့ေနတဲ့ မ်က္ဝန္းတစ္စုံ ေအာက္မွာ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ က်ရႈံးဖူးတယ္ မဟုတ္လား …?

( ၅ ) အနက္ေရာင္ ဆံပင္ရွည္ရွည္ေလးေတြ

ဆံပင္ဒီဇိုင္းေတြ ဘယ္လိုေျပာင္းလာလာ၊ ဆံပင္ေတြကို ဘယ္လို ကာလာေတြပဲဆိုးဆိုး၊ နက္ေမွာင္ၿပီး ေပ်ာ့အိေနတဲ့ ဆံပင္ရွည္ေလးေတြကိုပိုၿပီး ႏွစ္သက္တတ္တယ္ဆိုတာ ဝန္ခံလိုက္ပါ။

ျမန္မာလူမ်ိဳး ျဖစ္ေနတာေၾကာင့္လည္း အဲဒီလို နက္ေမွာင္ရွည္လ်ားတဲ့ ဆံႏြယ္ေတြကို ကြၽန္ေတာ္တို႔ ျမတ္ႏိုးတတ္ၾကပါေသးတယ္။ ေနာက္ၿပီး မိန္းကေလးေတြထဲမွာ နက္ေမွာင္တဲ့ ဆံႏြယ္ရွည္ႀကီးေတြနဲ႔ မိန္းကေလးတစ္ေယာက္က ပိုၿပီး ထင္ေပၚေနတယ္ဆိုတာ ျငင္းမရဘူးေလ …။

( ၆ ) ခါးသိမ္သိမ္ေလး

ျမန္မာဝတ္စုံေလး ဝတ္လိုက္တိုင္း ခါးသိမ္သိမ္ေလးျဖစ္ေနတဲ့ ေကာင္မေလးေတြကို (လွ၏ မလွ၏ထား) ကြၽန္ေတာ္တို႔ စကၠန႔္ေတာ္ေတာ္ေလးၾကာေအာင္ ေငးေမာၾကည့္တတ္ၾကတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ စြဲေဆာင္မႈရွိလြန္းတဲ့ အလွအပစံေတြထဲမွာ ေသးသြယ္သြယ္ခါးေလးတစ္စုံလည္း အပါအဝင္ပါပဲေနာ္ …။

(၇) ေျခေခ်ာင္းလက္ေခ်ာင္းေလးေတြ

မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ လက္ေခ်ာင္း၊ ေျခေခ်ာင္းေလးေတြက သြယ္လ်လ်နဲ႔ လွလွေလးေတြ မ်ားၾကပါတယ္။ သြယ္လ်ၿပီး သန႔္ရွင္းေနတဲ့ေျခေခ်ာင္း၊ လက္ေခ်ာင္းေလးေတြဟာလည္း သူတို႔ရဲ႕အလွကို ေနာက္ level တစ္ဆင့္ေရာက္သြားေစတဲ့ အခ်က္တစ္ခုပါပဲ …။

(၈) ႏႈတ္ခမ္းဖူးဖူးေလးေတြ

ႏႈတ္ခမ္းနဲ႔ပတ္သက္ၿပီး အလွအပဆိုင္ရာ သတ္မွတ္ခ်က္ေတြကေတာ့ အမ်ားႀကီးမို႔လို႔ အနည္းနဲ႔အမ်ားေတာ့ ဝိဝါဒ ကြဲႏိုင္တယ္။ တစ္ခ်ိဳ႕ေတြက ႏႈတ္ခမ္းပါးပါးနဲ႔ မိန္းကေလးေတြကို အလွဆုံးလို႔ ထင္ၾကတယ္။

ကြၽန္ေတာ္ကေတာ့ ႏႈတ္ခမ္းဖူးဖူး ( ေထာ္ေထာ္ ) နဲ႔ မိန္းကေလးေတြက ပိုၿပီးခ်စ္ဖို႔ေကာင္းတယ္လို႔ သတ္မွတ္ပါမယ္။ ႏႈတ္ခမ္းေလးစူၿပီး ဘာကို အလိုမက် ျဖစ္ေနမွန္း မသိတဲ့ ပုံေလးက အရမ္းခ်စ္ဖို႔ ေကာင္းတယ္ေလ ..။

အလွအပနဲ႔ ပတ္သက္လို႔ ျမင္သေလာက္ကေတာ့ အဲ့ဒီေလာက္ပါပဲ။ ထပ္မံၿပီး ျဖည့္စြက္ခ်င္လည္း ရပါေသးတယ္။ တစ္ခုရွိတာက အေပၚက အခ်က္ေတြ အကုန္လုံး ( ဒါမွမဟုတ္ ) တစ္ခ်ိဳ႕တစ္ဝက္နဲ႔ ျပည့္စုံတဲ့ မိန္းကေလးတစ္ေယာက္ဟာ အထက္တန္းေက်ာင္း၊ တကၠသိုလ္ေက်ာင္းသားဘဝက ေယာက်္ားေလးတို႔ရင္ထဲမွာ အေတာ္ၾကာၾကာ ေနရာယူခဲ့ဖူးတယ္ ဆိုတာေတာ့ ကြၽန္ေတာ္က်ိန္းေသေပါက္ ေျပာလို႔ရပါရဲ႕ …။ ။

Gabriel

Leave a Reply

Your email address will not be published. Required fields are marked *