လူငယ်တိုင်း ဖတ်မိစေချင်တဲ့ POST လေးပါ
အိုစမာဘင်လာဒင်ကို အမေရိကန်က..အသေမသတ်ခင်မှာ..သူပုန်းကွယ်နေတဲ့နေရာကို နှစ်နဲ့ချီပြီး စောင့်ကြည့်ခဲ့တယ်..၂ နှစ်ကနေ ၄ နှစ်အတွင်းမှာသူဟုတ်မဟုတ်ဆိုတာကို..နည်းပေါင်းစုံ …ထောက်လှမ်းမှုပေါင်းစုံနဲ့…အတည်ပြုပြီးမှ Seal team 6 လွှတ်ပြီး..အသေပစ်သတ်ခဲ့တာ..
အသေပစ်သတ်ပြီးတာတောင်အလောင်းကိုရအောင်သယ်ပြီး..ဒီအင်အေနဲ့အတည်ပြုချက်ယူသေးတယ်..တကယ်လို့သာ CIA ကစိတ်မရှည်ခဲ့ရင်..မီဒီယာတွေကိုသာကြိုအသိပေးခဲ့ရင်.ပေါက်ကြားမှုတွေဖြစ်ပြီး…..ဘင်လာဒင်အခုထိသေမယ်မထင်ဘူး….ဒါကတစ်ချက်..
နောက်တစ်ခုက ဒုတိယကမ္ဘာစစ်က..ဂျာမန်တွေသုံးနေတဲ့စကားဝှက်ကိုဖေါ်တဲ့စက်ကို..ဗြိတိန် ထောက်လှမ်းရေးက..နှစ်နဲ့ချီလေ့လာပြီးမှတီထွင်နိုင်ခဲ့ရတယ် …ဂျာမန်စကားဝှက်ကိုဖေါ်နိုင်ပေမဲ့…ဂျာမန်တွေကိုအင်္ဂလိပ်က..သူတို့ဖေါ်တတ်ကြောင်းမပြခဲ့ဘူး..ဘယ်သင်္ဘောတွေကို ဂျာမန်တွေတိုက်မယ်၊ဘယ်ကုန်တင်သင်္ဘောတွေကို …ဂျာမန်တွြေ ဖတ်တိုက်မယ် ၊ဘယ်ကိုဗုံးကြဲမယ် စသဖြင့်…ဂျာမန်တွေပြောတာကိုသူတို့ကြိုသိနေတယ်.
ဒါပေမဲ့ အင်္ဂလိပ်ထောက်လှမ်းရေးရဲ့..စိတ်ရှည်သည်းခံချက်က….ဖျားလောက်တယ်..သူတို့ဖေါ်ထုတ်လို့ရတဲ့သတင်းတွေထဲက..အရေးကြီးတဲ့ ဟာလောက်ကိုပဲ..သူတို့ပြန်ကစားတယ်..ဥပမာ ဘယ်ဗြိတိန်ကုန်တင်သင်္ဘောကို..ဂျာမန်ရေငုတ်သင်္ဘောတွေတိုက်မယ်ဆိုတဲ့..သတင်းမျိုးရလဲ..အဲဒီသင်္ဘောအုပ်စုကို..သတင်းမပေးဘူး..ဆိုက်ဆိုက်မြိုက်မြိုက်အတိုက်ခံတယ်…အင်္ဂလိပ်ဘက်ကလူတွေသေတယ်…သဘောင်္တွေဆုံးရှုံးရတယ်..
ဘယ်ဒေသမှာဂျာမန်တပ်တွေလှုပ်ရှားမယ်…ဆိုတာမျိုးသတင်းကြိုသိလဲ..ဂျာမန်တွေလှုပ်ရှားပစေ…အဲဒီမှာရှိတဲ့မဟာမိတ်တပ်တွေကိုကြိုအသိမပေးဘူး..အငိုက်ခံရလဲခံတော့ပဲ…ဒါပေမဲ့ ဂျာမန်တွေစကားဝှက်ကိုဖေါ်လို့ရတာတွေထဲက..သတင်း ဆယ်ခုမှာ အရေးအကြီးဆုံးတစ်ခုနှစ်ခုလောက်ကိုပဲ..အင်္ဂလိပ်က အလေးထားခဲ့တာ….
အရေးအရမ်းကြီးတာတွေဆိုရင်တော့..ဂျာမန်တွေဆီကသတင်းရတာနဲ့တစ်ဘက်မှာ ကြိုတင်ပြောင်းလည်းပစ်တယ်..ဘာ့ကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့..ဂျာမန်တွေဟာ…သူတို့ရဲ့နည်းကို..အင်္ဂလိပ်တွေဖေါ်တတ်နေတယ်လို့သာသိသွားရင်..သူတို့ရဲ့နည်းကိုချက်ချင်းပြောင်းလည်းပစ်နိုင်တဲ့အတွက်..ဒါကိုဖေါ်ဖို့နောက်ထပ်နှစ်နဲ့ချီကြာနိုင်တာကိုအင်္ဂလိပ်ကမဖြစ်ချင်တာ..
တကယ်လို့သာ ဂျာမန်တွေကသူတို့ရဲ့နည်းပညာကိုဗြိတိန်ဖေါ်ထုတ်နိုင်နေတယ်လို့သာသိသွားလို့သူတို့စနစ်ကိုပြောင်းလည်းလိုက်ရင်ဗြိတိန်တွေဒီနည်းကိုဖေါ်ဖို့ နောက်ဘယ်နှစ်နှစ်အထိထပ်ကြာမလဲဆိုတာမပြောနိုင်ဘူး…အဲဒါဆိုရင် စစ်ပွဲအဆုံးအဖြတ်က ပြောင်းသွားနိုင်တယ်..ဗြိတိန်နဲ့မဟာမိတ်တွေစစ်ရှုံးမယ်..
ဒါ့ကြောင့်ဂျာမန်တွေကို သူတို့ရဲ့နည်းပညာကို..ပိုပြီးယုံကြည်လာအောင်အင်္ဂလိပ်က တမင်ကိုလုပ်ပြခဲ့တယ်….သူ့ရဲ့သင်္ဘောတစ်ချို့နဲ့တပ်တစ်ချို့ကိုရင်းနှီးပြီး လုပ်ခဲ့ရတယ်..ဘာမှမသိတဲ့ပုံစံမျိုး သရုပ်ဆောက်ပြီးစတေးစရာရှိတာ တစ်ချို့ကိုစတေးပြခဲ့တယ်..တစ်ဘက်မှာတော့…၈ျာမန်တွေဆီကရတဲ့အရေးကြီးတဲ့သတင်းတွေကိုမဟာမိတ်တပ်တွေကို မျှဝေနိုင်ခဲ့တယ်..၈ျာမန်တွေဟာ လုံးဝကိုမရိပ်မိခဲ့ပဲ..သူတို့ရဲ့ဆက်သွယ်ရေးစကားဝှက်စနစ်ကိုလုံးဝကို..ယုံကြည်ခဲ့ကြတယ်..
နောက်ပိုင်းမှာတော့..ဂျာမန်တွေဟာ သူတို့ကိုအင်္ဂလိပ်က..ယုံကြည်မှုလွန်ကဲအောင်လုပ်ပြီးတဖက်လှည့်နဲ့ပညာပြသွားတာကိုစစ်ရှုံးပြီးမှသာသိသွားလေတယ်..
ဒါဟာဥပမာတွေပါ..ဒီလို မဟာဗျူဟာကျကျတွေးခေါ်မှုတွေကျွန်တော်တို့နိုင်ငံသားတွေမှာရှိစေချင်တယ်..လူငယ်တွေမှာ ရှိစေချင်တယ်..
ဘာရယ်မဟုတ်ပါဘူး..စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ဖို့ရယ်..အချိန်မတန်ခင်မှာ..မပြောသင့်တာကိုမပြောတာအကောင်းဆုံးရယ်ဆိုတာလေးသတိရမိလို့ပါ….
Zawgyi
နောက်တစ်ခုက ဒုတိယကမ္ဘာစစ်က..ဂျာမန်တွေသုံးနေတဲ့စကားဝှက်ကိုဖေါ်တဲ့စက်ကို..ဗြိတိန် ထောက်လှမ်းရေးက..နှစ်နဲ့ချီလေ့လာပြီးမှတီထွင်နိုင်ခဲ့ရတယ် …ဂျာမန်စကားဝှက်ကိုဖေါ်နိုင်ပေမဲ့…ဂျာမန်တွေကိုအင်္ဂလိပ်က..သူတို့ဖေါ်တတ်ကြောင်းမပြခဲ့ဘူး..ဘယ်သင်္ဘောတွေကို ဂျာမန်တွေတိုက်မယ်၊ဘယ်ကုန်တင်သင်္ဘောတွေကို …ဂျာမန်တြွေ ဖတ်တိုက်မယ် ၊ဘယ်ကိုဗုံးကြဲမယ် စသဖြင့်…ဂျာမန်တွေပြောတာကိုသူတို့ကြိုသိနေတယ်.