မြန်မာနိုင်ငံပေါ်ဖြတ်သွားတဲ့ ထူးဆန်းဖွယ် အလင်းတန်းအကြောင်း သိရပြီ……

ၾကားသိရသမွ်

အိန္ဒိယနိုင်ငံက လွှတ်တင်သည့် Agni-5 Ballistic Missile တာဝေးပစ် ဒုံးပျံဖြစ်ကြောင်း MASES အတည်ပြုသည်။

ကောင်းကင်တွင်မြင်တွေ့ရသော အလင်းတန်းသည် နာဆာမှ ဒုံးပျံမဟုတ်ဟု MASES ကနဦး အသိပေ

15 Dec 2022 By MPAမြန်မာနိုင်ငံ၏ ဒေသအချို့မှ ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည့် ကောင်းကင်မှ အလင်းတန်းသည် နာဆာမှ လွှတ်တင်သည့် ဒုံးပျံမဟုတ်ဟု MASES အဖွဲ့က အသိပေးထားသည်

ယနေ့တွင် ကောင်းကင်၌ တွေ့မြင်ရသော အလင်းတန်းနှင့်အတူ သွားလာနေသည့် ယာဉ်တစင်း(ယူဆရ) ကြောင့် တွေ့မြင်ရသည့်သူများနှင့် ဖေ့ဘုတ်အသုံးပြုသူအချို့သည် ထင်ကြေးအမျိုးမျိုးပေးနေကြသည်။

 

မြန်မာ့နက္ခတ်တာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်း (MASES) က ကောင်းကင်တွင် မြင်ရသည့် အလင်းတန်း ပုံသဏ္ဍန်မျိုးသည် များသောအားဖြင့် ဂြိုလ်တုတွေကို သယ်ဆောင်သွားသည့် အာကာသ ဒုံးပျံတွေကြောင့် ဖြစ်တတ်သည်ဟု ဆိုသည်။ သို့သော် ယနေ့တွင် လွှတ်တင်မည်ဟု တရားဝင် သတင်းထုတ်ပြန်ထားသည့် အစီအစဉ်မရှိဟုလည်း ဆိုသည်။

နာဆာ၏ သမုဒ္ဒရာ လေ့လာရေး ဂြိုလ်တု သယ်ဆောင်သွားသည့် Falcon-9 ဒုံးပျံလည်း မဟုတ်သလို SWOT ဟုခေါ်သည့် ယင်းမစ်ရှင်ကို ယနေ့ လွှတ်တင်ရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ထားသည်ဟု MASES က အသိပေးထားသည်။

“နောက် ထပ်ဖြစ်နိုင်ခြေတစ်ခုက India ကာကွယ်ရေးဝန်ကြီးဌာန က လွှတ်တင်မယ် ကြေငြာထားတဲ့ တာဝေးပစ် ဒုံးပျံပါ။ ၁၅ ရက် နဲ့ ၁၆ ရက် အတွင်း လွှတ်တင်မယ်ရေးထားတာကြောင့် အချိန်တော့ တိုက်ဆိုင်ပါတယ်”ဟု MASES က အသိပေးသည်။

 

ယင်းအချက်သည်လည်း လက်ရှိတွင် နိုင်ငံကာကွယ်ရေးနှင့် သက်ဆိုင်သောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ယင်းသတင်းနှင့် ပတ်သက်၍ သတင်းအချက်အလက် အတိအကျ ရေးထားသည်မျိုး မတွေ့သေးကြောင်းလည်း ဆိုသည်။

ဖြစ်စဉ်သည် အလွန်ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ ဒုံးပျံ အမြဲလိုလို လွှတ်တင်နေကျဖြစ်သည့် အမေရိကန် နိုင်ငံမျိုးမှာဆိုလျှင်ပင် ယင်းသို့ အလင်းတန်းမျိုး တွေ့မြင်ရသည်ဟု ဆက်လက်အသိပေးထားသည်။

ဖေ့ဘုတ်တွင် ပျံ့နှံ့နေသည့် အလင်းတန်းဗီဒီယို (မူရင်းရိုက်ထားသည့် ရုပ်သံပိုင်ရှင်အား Crd အပြည့်အဝပေးပါသည်)

Crd…

 

Zawgyi

အိႏၵိယႏိုင္ငံက လႊတ္တင္သည့္ Agni-5 Ballistic Missile တာေဝးပစ္ ဒုံးပ်ံျဖစ္ေၾကာင္း MASES အတည္ျပဳသည္။

ေကာင္းကင္တြင္ျမင္ေတြ႕ရေသာ အလင္းတန္းသည္ နာဆာမွ ဒုံးပ်ံမဟုတ္ဟု MASES ကနဦး အသိေပ

15 Dec 2022 By MPAျမန္မာႏိုင္ငံ၏ ေဒသအခ်ိဳ႕မွ ထင္ထင္ရွားရွား ေတြ႕ျမင္လိုက္ရသည့္ ေကာင္းကင္မွ အလင္းတန္းသည္ နာဆာမွ လႊတ္တင္သည့္ ဒုံးပ်ံမဟုတ္ဟု MASES အဖြဲ႕က အသိေပးထားသည္

ယေန႔တြင္ ေကာင္းကင္၌ ေတြ႕ျမင္ရေသာ အလင္းတန္းႏွင့္အတူ သြားလာေနသည့္ ယာဥ္တစင္း(ယူဆရ) ေၾကာင့္ ေတြ႕ျမင္ရသည့္သူမ်ားႏွင့္ ေဖ့ဘုတ္အသုံးျပဳသူအခ်ိဳ႕သည္ ထင္ေၾကးအမ်ိဳးမ်ိဳးေပးေနၾကသည္။

ျမန္မာ့နကၡတ္တာရာႏွင့္ သိပၸံပညာဝါသနာရွင္မ်ားအသင္း (MASES) က ေကာင္းကင္တြင္ ျမင္ရသည့္ အလင္းတန္း ပုံသ႑န္မ်ိဳးသည္ မ်ားေသာအားျဖင့္ ၿဂိဳလ္တုေတြကို သယ္ေဆာင္သြားသည့္ အာကာသ ဒုံးပ်ံေတြေၾကာင့္ ျဖစ္တတ္သည္ဟု ဆိုသည္။ သို႔ေသာ္ ယေန႔တြင္ လႊတ္တင္မည္ဟု တရားဝင္ သတင္းထုတ္ျပန္ထားသည့္ အစီအစဥ္မရွိဟုလည္း ဆိုသည္။

 

နာဆာ၏ သမုဒၵရာ ေလ့လာေရး ၿဂိဳလ္တု သယ္ေဆာင္သြားသည့္ Falcon-9 ဒုံးပ်ံလည္း မဟုတ္သလို SWOT ဟုေခၚသည့္ ယင္းမစ္ရွင္ကို ယေန႔ လႊတ္တင္ရန္ စီစဥ္ထားေသာ္လည္း ရက္ေ႐ႊ႕ထားသည္ဟု MASES က အသိေပးထားသည္။

“ေနာက္ ထပ္ျဖစ္ႏိုင္ေျခတစ္ခုက India ကာကြယ္ေရးဝန္ႀကီးဌာန က လႊတ္တင္မယ္ ေၾကျငာထားတဲ့ တာေဝးပစ္ ဒုံးပ်ံပါ။ ၁၅ ရက္ နဲ႔ ၁၆ ရက္ အတြင္း လႊတ္တင္မယ္ေရးထားတာေၾကာင့္ အခ်ိန္ေတာ့ တိုက္ဆိုင္ပါတယ္”ဟု MASES က အသိေပးသည္။

ယင္းအခ်က္သည္လည္း လက္ရွိတြင္ ႏိုင္ငံကာကြယ္ေရးႏွင့္ သက္ဆိုင္ေသာေၾကာင့္ အိႏၵိယႏိုင္ငံအေနျဖင့္ ယင္းသတင္းႏွင့္ ပတ္သက္၍ သတင္းအခ်က္အလက္ အတိအက် ေရးထားသည္မ်ိဳး မေတြ႕ေသးေၾကာင္းလည္း ဆိုသည္။

ျဖစ္စဥ္သည္ အလြန္ထူးဆန္းသည့္ ျဖစ္စဥ္တစ္ခုမဟုတ္ဘဲ ဒုံးပ်ံ အၿမဲလိုလို လႊတ္တင္ေနက်ျဖစ္သည့္ အေမရိကန္ ႏိုင္ငံမ်ိဳးမွာဆိုလွ်င္ပင္ ယင္းသို႔ အလင္းတန္းမ်ိဳး ေတြ႕ျမင္ရသည္ဟု ဆက္လက္အသိေပးထားသည္။

ေဖ့ဘုတ္တြင္ ပ်ံ႕ႏွံ႔ေနသည့္ အလင္းတန္းဗီဒီယို (မူရင္း႐ိုက္ထားသည့္ ႐ုပ္သံပိုင္ရွင္အား Crd အျပည့္အဝေပးပါသည္)

Crd…

Leave a Reply

Your email address will not be published. Required fields are marked *