လူတိုင်းမသိသေးတဲ့ ကြာသပတေးသားသမီးအကြောင်း

ေဗဒင္

လူတိုင်းမသိသေးတဲ့ ကြာသပတေးသားသမီးအကြောင်း

ကြာသပတေး သားသမီးများဟာ အေးအေးဆေးဆေး နေတတ်တဲ့သူများ ဖြစ်ကြတယ်။

ခွင့်လွတ် သီးခံတတ်ကြပါတယ်။ ဒါကြောင့် လူတွေရဲ့ ချစ်ခင်မှုကိုလည်း တာရှည်ပိုင်ဆိုင် ထားကြတယ် မဟုတ်ရင် မခံတတ်တဲ့စိတ် ရှိတာလည်း ကြာသပတေးပါ။

ဖြစ်လာတဲ့ ကိစ္စတွေကို အမှန်တရားဘက်က ရပ်တည်ကြတယ်။ မိသားစုထဲမှာ စကားများ ရန်ဖြစ်ကြရင်လည်း ကိုယ့်ဘက်က အရင်ဆုံး ကျေအေးပေးတတ်ကြတယ် အနစ်နာခံပေးတတ်တာ ကြာသပတေးပါ။

ကြာသပတေးများဟာ လူတွေအပေါ် မေတ္တာထားတတ်တယ်။

ကိုယ့် မိသားစုထဲက လူတစ်ယောက်ယောက်ကို သံယောဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ်။ ချစ်သောသူများကိုလည်း အနစ်နာခံ ပေးတတ်တယ်။

ကိုယ်ဖြစ်ချင်သော ဆန္ဒကို အလွယ်တကူ လက်မလျော့တတ်တာ ကြာသပတေးပါ။

ဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ပေးပီး အကောင်အထည် ဖော်တတ်တယ်။ အေးဆေးနေတတ်တယ် စိတ်တည်စွာနဲ့ နေတတ်တာ ကြာသပတေးပါ။

ကြာသပတေးဟာ တကယ် ခံစားလွယ်တဲ့ သူများဖြစ်ကြပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့ နေတတ်တယ်။ ငိုချင်လာခဲ့ရင်တောင် အပြင်မှာ တခြုံးခြုံးနဲ့ ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီး ခံစားတတ်ကြတယ်။ ရင်ထဲမှာ သိမ်းမထားနိုင်တဲ့ အပူဆိုရင်တော့ ဘာမှမပြောဘဲ မျက်ရည်တွေ အလိမ့်လိမ့် ကျလာတတ်တာ ကြာသပတေးပါ။

ကြာသပတေးများဟာ သူငယ်ချင်းတွေကြားမှာ ပျော်ရွှင်စွာနဲ့လည်း နေထိုင်တတ်တယ်။

ကြာကြာနေမှ တွေ့ဖြစ်တဲ့ သူငယ်ချင်းများကိုလည်း အတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကို ပြန်ပီး ပြောပြတတ်တဲ့ စိတ်တွေလည်း ရှိတတ်ကြပါတယ်။ အမှတ်တရတခုခုကို လွယ်လွယ်နဲ့ မမေ့တတ်တာ ကြာသပတေးပါ။

အလုပ်ကို ဦးစားပေးတတ်ကြတယ်။ တခါတရံ ကိုယ် ဝါသနာပါနေတဲ့ အလုပ်ကို လုပ်နေပီဆိုရင် အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ကြာသပတေးပါ အလုပ်လုပ်တဲ့ နေရာမှာ စိတ်ရှည်တတ်တယ်။ တော်ရုံတန်ရုံ ပြသနာ မဖြစ်အောင် နေထိုင်တတ်ကြတယ်။

ကြာသပတေး သားသမီးများဟာ သူများတွေရဲ့ ခင်မင်မှုကိုလည်း တန်ဖိုးထားတတ်ကြတယ်။

အားနာတတ်တယ် စကားပြောတဲ့ နေရာမှာလည်း အမှားကို ဆင်ခြင် သုံးသပ်ပီး ပြောကြားနိုင်စွမ်းရှိတယ်။ ကြာသပတေးများဟာ အစွဲအလန်း ထားသင့်တဲ့ နေရာမှာဘဲ ထားတယ်။

ကိုယ်တကယ် မကြိုက်တဲ့အရာဆိုရင် စွန့်လွတ်ရဲတယ်။ ပြန်လှည့်မကြည့်တတ်ဘူး မတွေးပူနေတတ်ဘူး။

အားနေတဲ့ အချိန်တွေမှာ ဆိုရင်တော့ တခါတလေ မိသားစုကို အချိန်ပေးပီး အိမ်တွင်းမှု လုပ်နေရရင်ကို နှစ်သက်ကြပါတယ် ကြာသပတေးဟာ အပြင်က ရုပ်သွင် မဟုတ်ရင်တောင် အတွင်းစိတ် ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်။

ကြာသပတေးရဲ့ အချစ်ရေးကတော့ တစ်ယောက်ဆို တစ်ယောက်အပေါ်မှာဘဲ အစွဲအလန်း ရှိနေပါတယ်။ သူ အဝေးမှာ ရှိနေရင်တောင် ပြန်လာဖို့ သစ္စာရှိစွာနဲ့ မေတ္တာမပျက် စောင့်မျှော်နေပါတယ်။

Credit

လူတိုင္းမသိေသးတဲ့ ၾကာသပေတးသားသမီးအေၾကာင္း

ၾကာသပေတး သားသမီးမ်ားဟာ ေအးေအးေဆးေဆး ေနတတ္တဲ့သူမ်ား ျဖစ္ၾကတယ္။

ခြင့္လြတ္ သီးခံတတ္ၾကပါတယ္။ ဒါေၾကာင့္ လူေတြရဲ႕ ခ်စ္ခင္မႈကိုလည္း တာရွည္ပိုင္ဆိုင္ ထားၾကတယ္ မဟုတ္ရင္ မခံတတ္တဲ့စိတ္ ရွိတာလည္း ၾကာသပေတးပါ။

ျဖစ္လာတဲ့ ကိစၥေတြကို အမွန္တရားဘက္က ရပ္တည္ၾကတယ္။ မိသားစုထဲမွာ စကားမ်ား ရန္ျဖစ္ၾကရင္လည္း ကိုယ့္ဘက္က အရင္ဆုံး ေက်ေအးေပးတတ္ၾကတယ္ အနစ္နာခံေပးတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးမ်ားဟာ လူေတြအေပၚ ေမတၱာထားတတ္တယ္။

ကိုယ့္ မိသားစုထဲက လူတစ္ေယာက္ေယာက္ကို သံေယာဇဥ္ရွိရွိနဲ႔ ခ်စ္တတ္ပါတယ္။ ခ်စ္ေသာသူမ်ားကိုလည္း အနစ္နာခံ ေပးတတ္တယ္။

ကိုယ္ျဖစ္ခ်င္ေသာ ဆႏၵကို အလြယ္တကူ လက္မေလ်ာ့တတ္တာ ၾကာသပေတးပါ။

ျဖစ္ခ်င္တာကို စိတ္မေလာဘဲ အခ်ိန္ေပးပီး အေကာင္အထည္ ေဖာ္တတ္တယ္။ ေအးေဆးေနတတ္တယ္ စိတ္တည္စြာနဲ႔ ေနတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးဟာ တကယ္ ခံစားလြယ္တဲ့ သူမ်ားျဖစ္ၾကေပမဲ့ အျပင္မွာေတာ့ တည္ၿငိမ္စြာနဲ႔ ေနတတ္တယ္။ ငိုခ်င္လာခဲ့ရင္ေတာင္ အျပင္မွာ တၿခဳံးၿခဳံးနဲ႔ ငိုေနတာထက္ ရင္ထဲမွာ က်ိတ္ပီး ခံစားတတ္ၾကတယ္။ ရင္ထဲမွာ သိမ္းမထားႏိုင္တဲ့ အပူဆိုရင္ေတာ့ ဘာမွမေျပာဘဲ မ်က္ရည္ေတြ အလိမ့္လိမ့္ က်လာတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးမ်ားဟာ သူငယ္ခ်င္းေတြၾကားမွာ ေပ်ာ္႐ႊင္စြာနဲ႔လည္း ေနထိုင္တတ္တယ္။

ၾကာၾကာေနမွ ေတြ႕ျဖစ္တဲ့ သူငယ္ခ်င္းမ်ားကိုလည္း အတိတ္မွာ ေပ်ာ္႐ႊင္ခဲ့တာေတြကို ျပန္ပီး ေျပာျပတတ္တဲ့ စိတ္ေတြလည္း ရွိတတ္ၾကပါတယ္။ အမွတ္တရတခုခုကို လြယ္လြယ္နဲ႔ မေမ့တတ္တာ ၾကာသပေတးပါ။

အလုပ္ကို ဦးစားေပးတတ္ၾကတယ္။ တခါတရံ ကိုယ္ ဝါသနာပါေနတဲ့ အလုပ္ကို လုပ္ေနပီဆိုရင္ အိမ္မက္ထဲမွာေတာင္ ထည့္မက္ၾကတာ ၾကာသပေတးပါ အလုပ္လုပ္တဲ့ ေနရာမွာ စိတ္ရွည္တတ္တယ္။ ေတာ္႐ုံတန္႐ုံ ျပသနာ မျဖစ္ေအာင္ ေနထိုင္တတ္ၾကတယ္။

ၾကာသပေတး သားသမီးမ်ားဟာ သူမ်ားေတြရဲ႕ ခင္မင္မႈကိုလည္း တန္ဖိုးထားတတ္ၾကတယ္။

အားနာတတ္တယ္ စကားေျပာတဲ့ ေနရာမွာလည္း အမွားကို ဆင္ျခင္ သုံးသပ္ပီး ေျပာၾကားႏိုင္စြမ္းရွိတယ္။ ၾကာသပေတးမ်ားဟာ အစြဲအလန္း ထားသင့္တဲ့ ေနရာမွာဘဲ ထားတယ္။

ကိုယ္တကယ္ မႀကိဳက္တဲ့အရာဆိုရင္ စြန႔္လြတ္ရဲတယ္။ ျပန္လွည့္မၾကည့္တတ္ဘူး မေတြးပူေနတတ္ဘူး။

အားေနတဲ့ အခ်ိန္ေတြမွာ ဆိုရင္ေတာ့ တခါတေလ မိသားစုကို အခ်ိန္ေပးပီး အိမ္တြင္းမႈ လုပ္ေနရရင္ကို ႏွစ္သက္ၾကပါတယ္ ၾကာသပေတးဟာ အျပင္က ႐ုပ္သြင္ မဟုတ္ရင္ေတာင္ အတြင္းစိတ္ ခ်စ္စရာေကာင္းတာေလးကို ပိုင္ဆိုင္ထားၾကတယ္။

ၾကာသပေတးရဲ႕ အခ်စ္ေရးကေတာ့ တစ္ေယာက္ဆို တစ္ေယာက္အေပၚမွာဘဲ အစြဲအလန္း ရွိေနပါတယ္။ သူ အေဝးမွာ ရွိေနရင္ေတာင္ ျပန္လာဖို႔ သစၥာရွိစြာနဲ႔ ေမတၱာမပ်က္ ေစာင့္ေမွ်ာ္ေနပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *