ဆူးလေစေတီတော် သည် မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။
ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းသည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။
ဆူးလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။
ဆူးလေစေတီတော်အထွေထွေ အချက်အလက်များတည်နေရာရန်ကုန်မြို့၊ မြန်မာနိုင်ငံကိုဩဒိနိတ်16°46′27.92″N 96°9′31.52″E / 16.7744222°N 96.1587556°Eပြီးစီးလွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်
*ရန်ကုန်မြို့ပြအမွေအနှစ် သမိုင်းကြောင်း*
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ ရွှေတိဂုံ စေတီတော် ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်သည်။
ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် ပျူမြန်မာဖြစ်သော ‘တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ယူဆောင်လာပြီး ဌာနေ ဖြစ်တဲ့ အသိတဥ္စနမြို့ကို ပြန်လာပါသည်။ ထိုသတင်းကို ဥက္ကလာပမင်းကြီးကြားတဲ့အခါဝမ်းသာအားရဖြစ်ပြီး စေတီတည်၍ ဌာပနာရန် ကုန်သည်ညီနောင်တို့ထံမှ ဆံတော်ကိုတောင်းဆိုပါတယ်။
ကုန်သည်ညီနောင်က ဆံတော်များကိုလှေဖြင့် ပင့်ဆောင်လာတဲ့အခါဥက္ကလာပမင်းကြီး မှကြည်ညိုလှသဖြင့်လှေဆိပ်မှ ရေထဲအထိဆင်းပြီးဆံတော်ကို ဗိုလ်ခြေတစ်ထောင်ဖြင့် ပင့်ဆောင်ပါတယ်။ ထိုနေရာ၌ အမှတ်တရ ဗိုလ်တစ်ထောင်စေတီ တည်ပြီး၊ ဆင်တော်ဖြင့် ဆက်လက်ပင့်ဆောင် လာရာ တနေရာအရောက် ရျှိ မရှိ ရွှေအိုးအဖုံးကိုဖွင့်ကြည့်ပါတယ်။
ထိုနေရာ၌ ရွှေဘုန်းပွင့်စေတီတည်ပါတယ်။ ထိုမှဆက်လက်ပင့်ဆောင်လာရာ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ကိုရှာဖွေရန်အတွက် စုဝေးတိုင်ပင်ကြပါတယ်။ ထို့နောက် ဆင်တော်ကို အဓိဌာန်ဖြင့်လွှတ်သောအခါ ဘူမိနက်သန်နေရာ ဖြစ်သော သိင်္ဂုတ္တရကုန်းပေါ်အရောက် ဆင်တော်ဝပ်သဖြင့် ဤနေရာသည် စေတီတည်ထားရန်ဘူမိနက်သန်နေရာဖြစ်သည်ဟုသတ်မှတ်၍ ရွှေတိဂုံစေတီကိုတည်ပါသည်။
တချို့ကလည်း ရုတ်တရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြသည် ဟုဆိုပါတယ်။
သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ဓာတ်တော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥက္ကလာပမင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြသည်။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်သည်။
အမည်ရင်း
ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်းလဲလာသော အမည်ဖြစ်သည်။’ဟုဆိုကြသည်။
သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌ စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ ‘တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။
သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။
ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာသိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြသည်။
ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။
ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။’ ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် ‘အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏’ဟူ၍၎င်း၊
ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် ‘ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။’ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။
ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။
အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။ စေတီတော်ဝန်းကျင်တွင် ဆူးလေပင်များ ပေါက်ရောက်နေသဖြင့် ဆူးလေစေတီတော်ဟု ထင်ရှားကြောင်း အချို့ကလည်း ဆိုကြသည်။
အချို့က ‘ဆူးလေ’ဟူသည်မှာ မွန်စကား ‘စဲလေဟ်’ (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက်လာသည် ဟူ၍၎င်း၊ ‘ဇူလေ’ဟူသော မွန်စကား (နားနေရန်၎င်း)မှ ကူးပြောင်းလာသည် ဟု၍၎င်း အဆိုရှိသည်။ ထိုစကား ၂ မျိုးလုံး ပင် လက်ခံနိုင်ဘွယ်မရှိချေ။
အချို့ကလည်း ကျိုက် အသုတ်စေတီတော်သည် ရှေးအခါက မင်းပြောင်းမင်းလွှဲ ခေတ်အမျိုးမျိုးနှင့် ကြုံခဲ့ရသဖြင့် ပြုပြင်ဂရုစိုက်မည့်သူမရှိဘဲ ဆူးလေပင်များ ဝန်းရံဖုံးကွယ်နေသည်ကို နောင်အခါတွင် မြန်မာတို့က ထိုဒေသကို ဆူးလေကုန်း၊ ထိုစေတီကို ဆူးလေစေတီဟု ခေါ်တွင်ကြောင်းယူဆကြသည်။
အချို့ကလည်း ပါဠိ စကား စူဠ(ငယ်သော)မှ ဆင်းသက်လာသည်။ ရွှေတိဂုံဘုရားထက်ငယ် သဖြင့် စူဠစေတီဟု မူလက ခေါ်ဝေါ်ခဲ့ဟန်ရှိသည်ဟု ထင်မြင်ကြသည်။ သို့သော် စူဠဟူသော ပါဠိမှာ ဆံတော်အနက်ကိုလည်း ရသည်။ မူလဘွဲ့တော် ကျိုက်အသုတ်တွင်လည်း အသုတ်ဟူသော မွန်စကားသည် ဆံတော်ကိုပင်ဆို၏။ ထိုကြောင့် စူဠစေတီ (ဆံတော်စေတီ)မှ ဆူးလေစေတီဖြစ်လာသည်ဟု ကောက်ယူ နိုင်ပေသည်။
တည်ဆောက်ပုံ
ဆူးလေဘုရား၏ ပုံသဏ္ဌာန်မှာ ရန်ကုန်မြို့ ဘုရားများ အနက်တစ်မူထူးခြားလှသည်။ အောက်ခြေမှစ၍ ချယားသီးပိန္နဲ တိုင် သို့တိုင်အောင်ပင် ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်သည်။ ပန်းတင်ခုံ၏ အောက်ခြေသည် ရှေးကရှစ်မြှောင့်ပင်ဖြစ်ခဲ့ဟန် တူသော်လည်း၊ ယခုအခါ အဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ပန်းတင်ခုံ ရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့်ရှိသည်။ ပန်းတင်ခုံရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့် ရှိသည်။ စေတီတော်၏ ဉာဏ်တော်မှာ ပန်းတင်ခုံမှ စိန်ဖူးတော် သို့တိုင်အောင် ၁၄၄ ပေနှင့် ၉ လက်မခွဲ ရှိသည်။
ဆူးလေစေတီ၏ ရင်ပြင်တော်သည် စေတီအောက်ခြေရင်းမှ ရင်ပြင် အစွန်းပတ်လည်သို့ တိုင်အောင် ပေ ၂ဝ ခန့်ကျယ် သည်။ စေတီတော်၏ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော်တင်ပွဲကို ၁၃ဝ၉ ခုနှစ်တွင် ကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့ သည်။
ထိုအသစ်မွန်းမံထားသော စိန်ဖူးတော်နှင့် အလေးချိန် နှစ်ပိဿာ ၅ဝ ခန့်ရှိသော ရွှေအစစ်ငှက်မြတ်နားတို့တွင် စီချယ်ထားသော စိန်ကျောက် နီလာ ပတ္တမြားစသည့် ရတနာကျောက်မျက် ရတနာများသည်ပင် ယခုခေတ်တန်ဘိုးနှင့် ၆ သိန်းကျော် ခန့် တန်သည်။ ရွှေဆည်းလည်း အဟောင်းအသစ် ၂၅၄ လုံးမှာလည်း ခေတ်တန်ဖိုးနှင့် ၄ သောင်းကျော်တန်သည်။
၁၉၄၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စေတီတော်၏ကြေးစလောင်း နှင့် ၁၂ ပေအကွာမှစ၍ ကိုယ်လုံးပြည့် ရွှေပြားသင်္ကန်းကပ်လှူခဲ့သည်၊ လျှပ်စစ်မီးချောင်း ရောင်စုံများမှာလည်း ညဉ့်အခါတွင် ရှုမငြီးဘွယ် ထိန်ထိန်ဝင်းနေလေ့ရှိသည်။ စေတီတော်ရှိ ရှေးက သစ်သားဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံများကို ယခုအခါ အုတ်ဖြင့် ဆောက်လုပ်ထားသည်။
မုခ်ဦးတန်ဆောင်းများ လည်း လေးမျက်နှာလုံးတွင် ရှိ၏။ ယင်ပြင်ပတ်လည်တွင် ရှေးက သံတံတိုင်းများ ထားရှိခဲ့သော်လည်း၊ ယခုအခါ အုတ် ဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ထားရှိလေသည်။ ဆူးလေစေတီ၏ ယင်ပြင်တွင် ကျောက်ပြားများ ခင်းထားသည်။ ဆူးလေဘုရားတွင် အသစ်စိုက်ထူထားရှိသော ဘုရားသမိုင်းကျောက်စာတိုင်တစ်ခုရှိ၏။ ယင်းမှာ ရွှေတိဂုံစေတီသမိုင်းနှင့် ဆက်စပ်နေ သော စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာ ပုံကိုသာ ရေးထိုးထားသည်။
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကိုတည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။
သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖေါ်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။
စစ်မဖြစ်မီခေတ်က ‘ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ’ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။
ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း၏ အနောက်မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။
သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟု သိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် – ဘုရား၊ အသုတ် – အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟု ဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်သည်။
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင် တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြသည်။
ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေနေရာ၌တည်ထားသောကြောင့်“လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြသည်။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော်ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်းသည့် တာ(၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့်တွင်တည်သည်ကမူအမှန်ပင်။
ဆူးလေစေတီတော်၏ ပရိဝုဏ် အကျယ်အဝန်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။
အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြသည်။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်သည်။ ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။
ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်သည်။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်သည်။ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
သိဖွယ်မှတ်ဖွယ်များ
ဆူးလေစေတီတော်သည် ရှိသည့် ဒဂုံကိုအလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မှ ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊
မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။
အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင်လမ်း(၃၀) သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချနေထိုင်ရာဒေသဖြစ်သည်။
အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အဝန်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အဝန်းမှာ မြောက်ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ဝန်းကျင်ဖြစ်၏။
ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့်အလျှောက်ကူးသန် းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။
မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာ၀တီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကုန်းကြောင်း၊ ရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ဝန်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင်နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေသည်။
ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆိုသည်။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆိုသည်။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။
မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချိုစေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြသည်။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြသည်။
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီး(Queen Victoria) က `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ၊ ဆူးလေစေတီအား ကွေ့ပတ်သွားရမည်´ ဟု အမိန့်ပြန်ကြားခဲ့သည်။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ဝတ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။
မြေညှိပြီး ဝတ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့သည်။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဌာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်သည်။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရသည်။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှုကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမစသည့် အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
ဆူးလေဘိုးဘိုးကြီးသမိုင်း
ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။
ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟုဆိုသည်။
ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ဝတ်လဲတော် ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။
လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြသည်။
လေးဆူနတ်ကြီး အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ဆူးလေဘိုးဘိုးကြီး ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။
ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။
မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ် ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆိုသည်။
ကိုးကား
↑ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
crd,…ဝီကီပီးဒီးယား
Zawgyi
ဆူးေလေစတီေတာ္ သည္ ျမန္မာႏိုင္ငံရွိ ထင္ရွားေသာ ေစတီပုထိုးတို႔တြင္ အပါအဝင္ျဖစ္၍၊ ရန္ကုန္ၿမိဳ႕၏ အလယ္ဗဟိုတြင္ တည္ရွိသည္။
ထိုေစတီေတာ္ကို မ႑ိဳင္ျပဳ၍ အေရွ႕ဘက္မွ အေနာက္ဘက္သို႔ မဟာဗႏၶဳလလမ္းသည္၎၊ ေတာင္ဘက္မွ ေျမာက္ဘက္သို႔ ေစတီေတာ္၏ဘြဲ႕မည္ကို အစြဲျပဳ၍ ေခၚတြင္ေသာ ဆူးေလဘုရားလမ္းဟူ၍၎ အသီးအသီး ျဖတ္သန္းတည္ရွိသည္။
ဆူးေလဘုရား၏ အေရွ႕ေျမာက္ေထာင့္၌ ၿမိဳ႕ေတာ္ခန္းမ ရွိ၍၊ အေရွ႕ေတာင္ေထာင့္တြင္မူ လြတ္လပ္ေရးေက်ာက္တိုင္ စိုက္ထူထားရွိေသာ ဗႏၶဳလပန္းၿခံႏွင့္ တရားလႊတ္ေတာ္ခ်ဳပ္ စသည္တို႔ တည္ရွိသည္။ ဆူးေလဘုရားသည္ ေ႐ႊတိဂုံဘုရားမွ ၉၂၇၅ ေပခန႔္ ကြာေဝး၍၊ ဗိုလ္တစ္ေထာင္ဘုရားမွမူ ၅၁ဝ၂ ေပခန႔္ ကြာေဝးသည္။ ဉာဏ္ေတာ္ ၁၅၁-ေပ ရွိသည္။
ဆူးေလေစတီေတာ္အေထြေထြ အခ်က္အလက္မ်ားတည္ေနရာရန္ကုန္ၿမိဳ႕၊ ျမန္မာႏိုင္ငံကိုဩဒိနိတ္16°46′27.92″N 96°9′31.52″E / 16.7744222°N 96.1587556°Eၿပီးစီးလြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ခန႔္
*ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ သမိုင္းေၾကာင္း*
ဆူးေလဘုရားသမိုင္းႏွင့္ စပ္လ်ဥ္း၍၎၊ ဘြဲ႕အမည္ႏွင့္ စပ္လ်ဥ္း၍၎ အယူအဆ အမ်ိဳးမ်ိဳး ကြဲျပားလ်က္ရွိသည္။ အမ်ားနားလည္ယူဆထားၾကေသာ ဘုရားသမိုင္းမွာ ေ႐ႊတိဂုံ ေစတီေတာ္ ဘုရားသမိုင္းမ်ားတြင္ ထည့္သြင္းေဖာ္ျပထားသည့္အတိုင္းျဖစ္သည္။
ဘီစီ(၅၈၈) လြန္ခဲ့ေသာႏွစ္ေပါင္း၂၆၀ဝ ေက်ာ္ မဟာသကၠရာဇ္(၁၀၃)ခု တြင္ ပ်ဴျမန္မာျဖစ္ေသာ ‘တဖုႆႏွင့္ ဘလႅိကညီေနာင္တို႔သည္ ျမတ္စြာဘုရားေပးသနားေတာ္မူလိုက္ေသာ ဆံေတာ္ရွစ္ဆူကို ယူေဆာင္လာၿပီး ဌာေန ျဖစ္တဲ့ အသိတၪၥနၿမိဳ႕ကို ျပန္လာပါသည္။ ထိုသတင္းကို ဥကၠလာပမင္းႀကီးၾကားတဲ့အခါဝမ္းသာအားရျဖစ္ၿပီး ေစတီတည္၍ ဌာပနာရန္ ကုန္သည္ညီေနာင္တို႔ထံမွ ဆံေတာ္ကိုေတာင္းဆိုပါတယ္။
ကုန္သည္ညီေနာင္က ဆံေတာ္မ်ားကိုေလွျဖင့္ ပင့္ေဆာင္လာတဲ့အခါဥကၠလာပမင္းႀကီး မွၾကည္ညိဳလွသျဖင့္ေလွဆိပ္မွ ေရထဲအထိဆင္းၿပီးဆံေတာ္ကို ဗိုလ္ေျခတစ္ေထာင္ျဖင့္ ပင့္ေဆာင္ပါတယ္။ ထိုေနရာ၌ အမွတ္တရ ဗိုလ္တစ္ေထာင္ေစတီ တည္ၿပီး၊ ဆင္ေတာ္ျဖင့္ ဆက္လက္ပင့္ေဆာင္ လာရာ တေနရာအေရာက္ ရွ်ိ မရွိ ေ႐ႊအိုးအဖုံးကိုဖြင့္ၾကည့္ပါတယ္။
ထိုေနရာ၌ ေ႐ႊဘုန္းပြင့္ေစတီတည္ပါတယ္။ ထိုမွဆက္လက္ပင့္ေဆာင္လာရာ ေစတီတည္ထားကိုးကြယ္ရန္ ဘူမိနက္သံေျမ ကိုရွာေဖြရန္အတြက္ စုေဝးတိုင္ပင္ၾကပါတယ္။ ထို႔ေနာက္ ဆင္ေတာ္ကို အဓိဌာန္ျဖင့္လႊတ္ေသာအခါ ဘူမိနက္သန္ေနရာ ျဖစ္ေသာ သိဂၤုတၱရကုန္းေပၚအေရာက္ ဆင္ေတာ္ဝပ္သျဖင့္ ဤေနရာသည္ ေစတီတည္ထားရန္ဘူမိနက္သန္ေနရာျဖစ္သည္ဟုသတ္မွတ္၍ ေ႐ႊတိဂုံေစတီကိုတည္ပါသည္။
တခ်ိဳ႕ကလည္း ႐ုတ္တရက္ မေတြ႕ႏိုင္သျဖင့္ သိၾကားမင္း မေနႏိုင္ေသာေၾကာင့္ ဝိသႀကဳံ နတ္သားကို ေစလႊတ္၍ ေတာရွင္းေစသည္တြင္ သိဂၤုတၱရကုန္းေျမကို ေတြ႕ရွိၾကသည္ ဟုဆိုပါတယ္။
သို႔ေသာ္လည္း အျခားေသာ ဘုရားရွင္သုံးဆူတို႔၏ ဓာတ္ေတာ္မ်ား တည္ရွိရာတြင္ ဆံေတာ္မ်ားကို ဌာပနာ၍ ေစတီတည္ရမည္ျဖစ္ရာ ထိုေနရာကို မသိၾက ျဖစ္သျဖင့္ ဆူးေလေစတီတည္မည့္ ကုန္းေနရာ၌ ဥကၠလာပမင္းႏွင့္တကြ လူနတ္အမ်ား စုေဝးၾကၿပီးလွ်င္ ဆူးေလနတ္ႀကီး အပါအဝင္ နတ္ႀကီးေလးပါးကို ပင့္ေခၚ၍ ေမးသည္တြင္မွ ထိုေနရာကို ေတြ႕ရွိေသာေၾကာင့္ ေ႐ႊတိဂုံေစတီေတာ္ကို တည္ၾကသည္။ ထို႔ေနာက္ နတ္လူအမ်ားစုေဝးၾကရာ ကုန္းေျမ၌ အထိမ္းအမွတ္ ေစတီတစ္ဆူတည္၍ စုေဝးေစတီတြင္သည္။
အမည္ရင္း
ဆူးေလဟူေသာအမည္မွာ စုေဝးမွတစ္ဆင့္ ကာလေ႐ြ႕ေလ်ာသျဖင့္ ေျပာင္းလဲလာေသာ အမည္ျဖစ္သည္။’ဟုဆိုၾကသည္။
သို႔ေသာ္ ဓမၼေစတီ မင္းလက္ထက္ သကၠရာဇ္ ၈၃၈ ခုႏွစ္ေလာက္တြင္ (ခရစ္ ၁၄၈၅ ခုႏွစ္) ေရးထိုးခဲ့ေသာ ေ႐ႊတိဂုံသမိုင္းေက်ာက္စာ၌ စုေဝးေစတီအေၾကာင္း စိုးစဥ္းမွ်မပါရွိေခ်။ အျခားသမိုင္း အဆိုတစ္ရပ္မွာ က်ိဳကၠစံဘုရားသမိုင္းတြင္ပါသည့္ အာေဘာ္အရ ဤသို႔ျဖစ္၏။ ‘တတိယသဂၤါယနာတင္ပြဲကို ပါဋလိပုတ္ျပည္၌က်င္းပၿပီးေနာက္ ဗုဒၶသာသနာသည္ သီဟိုဠ္ကြၽန္းသို႔ ေရာက္ ရွိလာ၏။
သာသနာသကၠရာဇ္ ၂၃၉ ခုႏွစ္ခန႔္တြင္ ရဟႏၲာ ၈ ပါးသည္ သီဟိုဠ္ကြၽန္းကို ေရတိုက္စားျခင္းေဘးမွ ကာကြယ္ႏိုင္ေသာ ပတၱျမားကိုယူေဆာင္ရန္ သထုံၿမိဳ႕သို႔ ေရာက္ရွိေနသည့္အတြက္ သံလ်င္ၿမိဳ႕သို႔ သြားယူရေလသည္။ ရဟႏၲာရွစ္ပါး သည္ ထိုပတၱျမားကိုရရွိသျဖင့္ တုံ႔ျပန္ေက်းဇူးျပဳလို၍ သီဟိုဠ္ကြၽန္းမွ ေဆာင္ယူခဲ့ေသာ ျမတ္စြာဘုရား၏ ဆံေတာ္ႏွင့္ ဓာတ္ေတာ္အခ်ိဳ႕ကို သံလ်င္မင္းေဘာဂေသနအား ေပးေလ၏။
ထို႔ေနာက္ ထိုရဟႏၲာရွစ္ပါး ၾကည့္ၾကပ္ဦးစီး၍ပင္ ထိုဆံေတာ္ဓာတ္ေတာ္မ်ားကို ေစတီတည္ၾက၏။ ေရွးဦးစြာသိဂၤုတၱရကုန္း၏ အေရွ႕ေျမာက္ယြန္းတြင္ ဆံေတာ္ ၆ ဆူႏွင့္ ဓာတ္ေတာ္ အခ်ိဳ႕ကိုဌာပနာ၍ က်ိဳကၠစံေစတီတည္၏။ ထို႔ေနာက္ ေ႐ႊတိဂုံဘုရား ေတာင္ဘက္အနီးတြင္ ရဟႏၲာသိမ္ေတာ္ႀကီးတစ္ခုႏွင့္ ယခုအခါ သိမ္ႀကီးေဈးအနီးရွိ သိမ္ေတာ္ႀကီး တစ္ခုကို တည္ေဆာက္ၾကသည္။
ေ႐ႊတိဂုံဘုရားအနီးရွိ သိမ္ေတာ္ႀကီးကို ေဆာက္ေနဆဲကာလ၌ ရဟႏၲာတစ္ပါး ပ်ံလြန္ေတာ္မူသျဖင့္ သံလ်င္မင္းသည္ စိတ္ငယ္အားေလ်ာ့ၿပီးလွ်င္ ဆူးေလေစတီကို တည္ရန္ ကိစၥတြင္ အသုတ္အမည္ရွိ မိမိ၏အမတ္ႀကီးကို တာဝန္လႊဲေတာ္မူသည္။ အသုတ္အမတ္ႀကီးဦးစီး၍ တည္ျခင္းေၾကာင့္ ေစတီ၏ ဘြဲ႕မည္မွာ က်ိဳက္အသုတ္ဟု တြင္သည္။
ထိုေစတီကိုပင္ ယခုအခါ ဆူးေလေစတီဟုေခၚၾကသည္။’ က်ိဳက္အသုတ္ ဟူေသာအမည္ကို မြန္ဘုရင္ ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း၌ ဟံသာဝတီမင္း ဆင္ျဖဴရွင္အမည္ခံ ဗညားဦးသည္ ဒဂုံဆံေတာ္ ရွင္သို႔ ဖူးျမင္ပူေဇာ္ရန္လာေသာ္ ‘အသုတ္ဘုရားရွင္ ျပာဋိတ္ျပ ေတာ္မူ၏’ဟူ၍၎၊
ဗညားႏြဲ႕သည္ ခမည္းေတာ္ဗညားဦးကို ပုန္ကန္၍ ဒဂုံသို႔ထြက္ ေျပးခိုဝင္လာေသာ္ ‘က်ိဳက္အသုတ္ ဘုရားႏွင့္ ပါရမီဘုရားအၾကားတြင္ တိုင္ပင္ပြဲ႐ုံး တည္ေဆာက္၏။’ဟူ၍၎ ေတြ႕ရ၏။ ထို႔ေနာက္တစ္ဖန္ ဟံသာဝတီဘုရင္မ ရွင္ေစာပုသည္ ဒဂုံေစတီေတာ္ကို ေ႐ႊခ်ၿပီးေနာက္ က်ိဳက္အသုတ္ေစတီကိုလည္း ထပ္မံ ျပဳျပင္ခ်ဲ႕ထြင္ေတာ္မူခဲ့သည္ဟု ေတြ႕ရွိရျပန္သည္။
က်ိဳက္အသုတ္ေစတီ၏ တည္ေနရာကို သမိုင္းအေထာက္အထားမ်ားႏွင့္ ခ်ိန္ထိုးၾကည့္ေသာအခါ ယခုဆူးေလ ေစတီပင္လွ်င္၊ ေရွးက က်ိဳက္အသုတ္ေစတီျဖစ္ခဲ့ ေၾကာင္းကို သိရသည္။ သို႔ျဖစ္ေလရာ က်ိဳက္အသုတ္ေစတီမွ အဘယ္ပုံအဘယ္နည္းျဖင့္ ဆူးေလေစတီဟူေသာအမည္သို႔ ေျပာင္းလဲလာသည္ကို ဆင္ျခင္ေကာက္ ယူရမည္ျဖစ္၏။
အခ်ိဳ႕က ေ႐ႊတိဂုံသမိုင္းတြင္ ဆက္စပ္ေဖာ္ျပထားသည့္ အတိုင္း စုေဝးေစတီမွ ဆူးေလေစတီျဖစ္လာသည္ဟု ဆို၏။ ေစတီေတာ္၏ တည္ေနရာမွာ ထိုေခတ္က မြန္တို႔ေဒသျဖစ္သျဖင့္ ျမန္မာအမည္ျဖင့္ စတင္ေခၚေဝၚခဲ့မည္မဟုတ္ေၾကာင္း သိသာသည္။ ေစတီေတာ္ဝန္းက်င္တြင္ ဆူးေလပင္မ်ား ေပါက္ေရာက္ေနသျဖင့္ ဆူးေလေစတီေတာ္ဟု ထင္ရွားေၾကာင္း အခ်ိဳ႕ကလည္း ဆိုၾကသည္။
အခ်ိဳ႕က ‘ဆူးေလ’ဟူသည္မွာ မြန္စကား ‘စဲေလဟ္’ (ေျမး လည္းေကာင္း) ဟူေသာစကားမွ ဆင္းသက္လာသည္ ဟူ၍၎၊ ‘ဇူေလ’ဟူေသာ မြန္စကား (နားေနရန္၎)မွ ကူးေျပာင္းလာသည္ ဟု၍၎ အဆိုရွိသည္။ ထိုစကား ၂ မ်ိဳးလုံး ပင္ လက္ခံႏိုင္ဘြယ္မရွိေခ်။
အခ်ိဳ႕ကလည္း က်ိဳက္ အသုတ္ေစတီေတာ္သည္ ေရွးအခါက မင္းေျပာင္းမင္းလႊဲ ေခတ္အမ်ိဳးမ်ိဳးႏွင့္ ႀကဳံခဲ့ရသျဖင့္ ျပဳျပင္ဂ႐ုစိုက္မည့္သူမရွိဘဲ ဆူးေလပင္မ်ား ဝန္းရံဖုံးကြယ္ေနသည္ကို ေနာင္အခါတြင္ ျမန္မာတို႔က ထိုေဒသကို ဆူးေလကုန္း၊ ထိုေစတီကို ဆူးေလေစတီဟု ေခၚတြင္ေၾကာင္းယူဆၾကသည္။
အခ်ိဳ႕ကလည္း ပါဠိ စကား စူဠ(ငယ္ေသာ)မွ ဆင္းသက္လာသည္။ ေ႐ႊတိဂုံဘုရားထက္ငယ္ သျဖင့္ စူဠေစတီဟု မူလက ေခၚေဝၚခဲ့ဟန္ရွိသည္ဟု ထင္ျမင္ၾကသည္။ သို႔ေသာ္ စူဠဟူေသာ ပါဠိမွာ ဆံေတာ္အနက္ကိုလည္း ရသည္။ မူလဘြဲ႕ေတာ္ က်ိဳက္အသုတ္တြင္လည္း အသုတ္ဟူေသာ မြန္စကားသည္ ဆံေတာ္ကိုပင္ဆို၏။ ထိုေၾကာင့္ စူဠေစတီ (ဆံေတာ္ေစတီ)မွ ဆူးေလေစတီျဖစ္လာသည္ဟု ေကာက္ယူ ႏိုင္ေပသည္။
တည္ေဆာက္ပုံ
ဆူးေလဘုရား၏ ပုံသဏၭာန္မွာ ရန္ကုန္ၿမိဳ႕ ဘုရားမ်ား အနက္တစ္မူထူးျခားလွသည္။ ေအာက္ေျခမွစ၍ ခ်ယားသီးပိႏၷဲ တိုင္ သို႔တိုင္ေအာင္ပင္ ရွစ္ေျမႇာင့္ေထာင့္ခ်ိဳးမ်ားသာ ျဖစ္သည္။ ပန္းတင္ခုံ၏ ေအာက္ေျခသည္ ေရွးကရွစ္ေျမႇာင့္ပင္ျဖစ္ခဲ့ဟန္ တူေသာ္လည္း၊ ယခုအခါ အဝိုင္းသဏၭာန္ျဖစ္ေနသည္။ ပန္းတင္ခုံ ရွစ္ေျမႇာင့္တြင္ တစ္ေျမႇာင့္စီ၌ အရွည္ ၂၄ ေပခန႔္ရွိသည္။ ပန္းတင္ခုံရွစ္ေျမႇာင့္တြင္ တစ္ေျမႇာင့္စီ၌ အရွည္ ၂၄ ေပခန႔္ ရွိသည္။ ေစတီေတာ္၏ ဉာဏ္ေတာ္မွာ ပန္းတင္ခုံမွ စိန္ဖူးေတာ္ သို႔တိုင္ေအာင္ ၁၄၄ ေပႏွင့္ ၉ လက္မခြဲ ရွိသည္။
ဆူးေလေစတီ၏ ရင္ျပင္ေတာ္သည္ ေစတီေအာက္ေျခရင္းမွ ရင္ျပင္ အစြန္းပတ္လည္သို႔ တိုင္ေအာင္ ေပ ၂ဝ ခန႔္က်ယ္ သည္။ ေစတီေတာ္၏ စိန္ဖူးေတာ္သစ္ႏွင့္ ငွက္ျမတ္နားေတာ္တင္ပြဲကို ၁၃ဝ၉ ခုႏွစ္တြင္ ႀကီးက်ယ္စြာ ဆင္ယင္က်င္းပခဲ့ သည္။
ထိုအသစ္မြန္းမံထားေသာ စိန္ဖူးေတာ္ႏွင့္ အေလးခ်ိန္ ႏွစ္ပိႆာ ၅ဝ ခန႔္ရွိေသာ ေ႐ႊအစစ္ငွက္ျမတ္နားတို႔တြင္ စီခ်ယ္ထားေသာ စိန္ေက်ာက္ နီလာ ပတၱျမားစသည့္ ရတနာေက်ာက္မ်က္ ရတနာမ်ားသည္ပင္ ယခုေခတ္တန္ဘိုးႏွင့္ ၆ သိန္းေက်ာ္ ခန႔္ တန္သည္။ ေ႐ႊဆည္းလည္း အေဟာင္းအသစ္ ၂၅၄ လုံးမွာလည္း ေခတ္တန္ဖိုးႏွင့္ ၄ ေသာင္းေက်ာ္တန္သည္။
၁၉၄၇ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ေစတီေတာ္၏ေၾကးစေလာင္း ႏွင့္ ၁၂ ေပအကြာမွစ၍ ကိုယ္လုံးျပည့္ ေ႐ႊျပားသကၤန္းကပ္လႉခဲ့သည္၊ လွ်ပ္စစ္မီးေခ်ာင္း ေရာင္စုံမ်ားမွာလည္း ညဥ့္အခါတြင္ ရႈမၿငီးဘြယ္ ထိန္ထိန္ဝင္းေနေလ့ရွိသည္။ ေစတီေတာ္ရွိ ေရွးက သစ္သားျဖင့္ ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအုံမ်ားကို ယခုအခါ အုတ္ျဖင့္ ေဆာက္လုပ္ထားသည္။
မုခ္ဦးတန္ေဆာင္းမ်ား လည္း ေလးမ်က္ႏွာလုံးတြင္ ရွိ၏။ ယင္ျပင္ပတ္လည္တြင္ ေရွးက သံတံတိုင္းမ်ား ထားရွိခဲ့ေသာ္လည္း၊ ယခုအခါ အုတ္ ျဖင့္ ဆိုင္ခန္းမ်ား ေဆာက္လုပ္ထားရွိေလသည္။ ဆူးေလေစတီ၏ ယင္ျပင္တြင္ ေက်ာက္ျပားမ်ား ခင္းထားသည္။ ဆူးေလဘုရားတြင္ အသစ္စိုက္ထူထားရွိေသာ ဘုရားသမိုင္းေက်ာက္စာတိုင္တစ္ခုရွိ၏။ ယင္းမွာ ေ႐ႊတိဂုံေစတီသမိုင္းႏွင့္ ဆက္စပ္ေန ေသာ စုေဝးေစတီမွ ဆူးေလေစတီျဖစ္လာ ပုံကိုသာ ေရးထိုးထားသည္။
ဆူးေလဘုရားတြင္ ထင္ရွားေသာ မဟာေဗာဓိႏွင့္ ဆူးေလနတ္ႀကီး႐ုပ္တုတို႔ရွိ၏။ ဆူးေလနတ္ႀကီးမွာ စင္စစ္ေသာ္ကား ေစတီေတာ္ေစာင့္နတ္မွ်သာ ျဖစ္၏။ အခ်ိဳ႕ကမူ ေ႐ႊတိဂုံေစတီကိုတည္ရန္ ေျမေနရာရွာစဥ္က ဆူးေလနတ္ႀကီးအပါအဝင္ နတ္ႀကီးေလးပါးက ၫႊန္ျပခဲ့သည္ဟူေသာ အေၾကာင္းႏွင့္ဆက္စပ္၍ ထိုစဥ္က ဆူးေလနတ္ႀကီးကို ယခုထုလုပ္ထားရွိေသာ ဆူးေလ နတ္ႀကီးအမွတ္ႏွင့္ ေရာေႏွာယုံၾကည္ေနၾကသည္။
သမိုင္း အေစာင္ေစာင္တြင္ ထိုနတ္ႀကီးေလးပါး၏ အမည္ကိုေဖၚျပၾကရာ တစ္ခုႏွင့္ တစ္ခုမညီၫႊတ္ၾကေခ်။ မြန္သမိုင္းမ်ားတြင္လည္း ဆူးေလနတ္ႀကီးအေၾကာင္းကို လုံးဝမေတြ႕ရေခ်။ မည္သို႔ ပင္ျဖစ္ေစကာမူ ဆူးေလနတ္ႀကီးသည္ ေလာကီေရးမ်ားတြင္ ေစာင္မကူညီႏိုင္သည္ဟု အယူရွိကာ အထူးပူေဇာ္ပသ ေနၾကသည္။
စစ္မျဖစ္မီေခတ္က ‘ပဲခူးမယ္ေၾကာ့ကိုရယင္၊ ပုဆိုးႏွစ္ထည္နဲ႔ ကန္ေတာ့ပါ့မယ္၊ ေအာင္မယ္မင္း ဆူးေလ နတ္ႀကီးရဲ႕ မေတာ္မူလိုက္ပါ’ဟူေသာ ေတးတစ္ပုဒ္ပင္လွ်င္ ေခတ္ စားခဲ့ဘူးသည္။ ဆူးေလနတ္ႀကီး၏ ႐ုပ္တုမွာ ႏႈတ္ခမ္းေမြးႏွင့္ အဘိုးအိုအ႐ြယ္ လူစင္စစ္ကဲ့သို႔ပင္ ထုလုပ္ထားသည္။ ၿဗိတိသွ်တို႔ ေအာက္ျမန္မာႏိုင္ငံကို သိမ္းယူၿပီးသည့္ေနာက္တြင္ ဆူးေလနတ္ႀကီး႐ုပ္တုသည္ ယခုကဲ့သို႔ ရင္ျပင္ေတာ္ေပၚ၌ မရွိေသးေခ်။
ဆူးေလဘုရားလမ္းႏွင့္ မဟာဗႏၶဳလလမ္း၏ အေနာက္ေျမာက္ေထာင့္ ယခုဗလီႀကီး ရွိရာေနရာ၌ ေနရသည္ဟု ေမာ္ဘီဆရာသိန္း၏ ရန္ကုန္ၿမိဳ႕ေဟာင္း ေဆာင္းပါးတြင္ ေဖာ္ျပထား၏။ ၁၉၁ဝ ခုႏွစ္တြင္ကား နတ္႐ုပ္တု ရွိေနေသးသည္ဟုလည္း သိရ၏။ ထို႔ေနာက္ပိုင္းတြင္မွ ဆူးေလရင္ျပင္ေပၚသို႔ ေရာက္ရွိ လာ၍၊ ထင္ရွားလာသည္ဟု ယူဆရေပသည္။
သီဟဒီပမင္းႀကီးသည္ ရဟႏၲာအရွင္သူျမတ္တို႔၏ သာသနာျပဳ ရည္မွန္းခ်က္အတိုင္း သာသနာေတာ္ ထြန္းကားျပန႔္ပြားေရးအတြက္ အမတ္သူရဲေကာင္းမ်ားအား လမ္းၫႊန္ခ်က္ေပး၍ သာသနာခရီးကို စီစဥ္ေပးခဲ့သည္။ အမတ္သူရဲေကာင္းတို႔သည္လည္း ဘုရင္ၫႊန္ၾကားခ်က္အတိုင္း ဗုဒၶျမတ္စြာ၏ ဓာတ္ေတာ္၊ ဆံေတာ္မ်ားအား ပင့္ေဆာင္၍ ေ႐ႊတိဂုံ ေစတီေတာ္ ႀကီးတည္ရာ သိဂၤုတၱရ ကုန္းေတာ္ပတ္လည္တြင္ ေစတီေတာ္မ်ား တည္ထားကိုးကြယ္ရန္ ႀကိဳးစားစြမ္းေဆာင္မႈမ်ား ျပဳခဲ့ၾကသည္။
သမိုင္း အေထာက္အထားမ်ားအရ ဆူးေလေစတီ ေတာ္အား အသုတ္အမတ္ ႀကီး တည္ထားသည္ဟု သိရ၏။ သူရဲေကာင္း အသုတ္အမတ္ႀကီး တည္ထားသျဖင့္ သမိုင္းအခ်ိဳ႕တြင္ “က်ိဳက္အသုတ္” ဘုရားဟုေတြ႕ရ၏။ က်ိဳက္ – ဘုရား၊ အသုတ္ – အမတ္ႀကီးဟု အဓိပၸါယ္ရ၏။ အသုတ္အမတ္ႀကီး ဘုရား ဟု ဖြင့္ဆိုရမည္ျဖစ္၏။ သို႔ႏွယ္ပင္ အခ်ိဳ႕ပညာရွင္တို႔က အသုတ္ဟူသည္မွာ ဆံေတာ္ဟု ဖြင့္ဆိုၾကသျဖင့္ “ဆံေတာ္ဘုရား” ဟု ေခၚဆိုႏိုင္သည္။
သို႔ႏွယ္ပင္ အခ်ိဳ႕သမိုင္းပညာရွင္တို႔က ဥကၠလာပမင္းႀကီး ေ႐ႊတိဂုံဆံေတာ္ရွင္ တည္ထားရာ သိဂၤုတၱရ ကုန္းေတာ္ အားရွာေဖြစဥ္ စုေဝးတိုင္ပင္ရာဌာနျဖစ္သျဖင့္ “စုေဝးေစတီ”ဘြဲ႕မည္ တြင္သည္ဟုလည္း ဆိုၾကသည္။
ဤကဲ့သို႔ပင္ အခ်ိဳ႕က ဘဒၵကမာၻ၌ ပြင့္ေတာ္မူမည့္ ဘုရားရွင္တို႔အား မီလိုက္သည့္ ေလးဆူနတ္ႀကီးတို႔၏ စုေဝေနရာ၌တည္ထားေသာေၾကာင့္“ေလးဆူေစတီ” ဟုေခၚတြင္ ၾကသလို ကာလေ႐ြ႕လ်ားခဲ့ၿပီး ပဋိေလာမျပန္၍ “ဆူးေလေစတီ” ဟုေခၚတြင္သည္ဆိုၾကသည္။ မည္သို႔ျဖစ္ေစ ဆူးေလေစတီသည္ ေ႐ႊတိဂုံ ေစတီေတာ္ႀကီး၏ ေတာင္ဘက္အေရွ႕သို႔ စဥ္းငယ္ယြန္းသည့္ တာ(၉၀၀) ခန႔္အကြာ ေတာင္ကုန္းအျမင့္တြင္တည္သည္ကမူအမွန္ပင္။
ဆူးေလေစတီေတာ္၏ ပရိဝုဏ္ အက်ယ္အဝန္းမွာ (၂.၁၈၁)ဧကရွိၿပီး အေရွ႕ႏွင့္ အေနာက္အလ်ားေပ (၃၂၂)ေပ ေတာင္ေျမာက္ အလ်ားေပ (၂၉၁)ေပ၊ ရင္ျပင္မွငွက္ျမတ္နား စိန္ဖူးေတာ္အထိ ဉာဏ္ေတာ္ေပ (၁၅၁)ေပအျမင့္ရွိသည္။ ဆူးေလေစတီေတာ္သည္ ပန္းတင္ခုံဖိနပ္ေတာ္မွစ၍ ငွက္ေပ်ာဖူး အထိ ရွစ္ေျမႇာင္ကိုယ္ထည္ရွိသည္။
အရပ္ရွစ္မ်က္ႏွာ ပူေဇာ္ခံရာအျဖစ္ရည္မွန္းဟန္တူသည္ဟု ဖြင့္ဆိုၾကသည္။ ပန္းတင္ခုံ၊ ဖိနပ္ခုံ၊ ရွစ္ေထာင့္မွာ မဂ္ၢင္ တရား ရွစ္ပါးအားရည္မွန္းျခင္းျဖစ္သည္။ ၾကာဝန္းသုံးရစ္ပါရွိရာ ရတနာသုံးပါးကို ၫႊန္းသည္ဟု ဖြင့္ဆိုႏိုင္၏။
ေခါင္းေလာင္း သပိတ္ေမွာက္မွာ အရိယာတို႔၏ က်င့္စဥ္ျဖဴစင္သည့္ ဘ၀ကိုရည္မွန္းျခင္းျဖစ္သည္။ ေဖာင္းရစ္ကိုးရစ္ ပါရွိေနျခင္းသည္ ေလာကုတၱရာကိုးပါးအား ရည္မွန္းျခင္းျဖစ္သည္။ ၾကာေမွာက္ၾကာလွန္၊ ငွက္ေပ်ာဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔မွ ဗုဒၶဓမၼစက္ေတာ္သန႔္စင္မြန္ျမတ္ျခင္းဟု ေလာကုတၱရာ တရားအလုံးစုံအား ေလာကီအျမင္ႏွင့္ စပ္ဟပ္ ေပါင္းစပ္ၿပီး ေရွးေခတ္ဗိသုကာပညာရွင္မ်ား တင္စားခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။
သိဖြယ္မွတ္ဖြယ္မ်ား
ဆူးေလေစတီေတာ္သည္ ရွိသည့္ ဒဂုံကိုအေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် မွ ၁၇၅၅ခုႏွစ္တြင္ မြန္လူမ်ိဳးမ်ားအား ေအာင္ျမင္ၿပီးေနာက္ ရန္အေပါင္း ကုန္စင္သည့္ အဓိပၸာယ္ျဖင့္ ရန္ကုန္ဟု သမုတ္ေခၚေဝၚခဲ့ျခင္းျဖစ္ၿပီး ယင္းမတိုင္မွီ အခ်ိန္က ဒဂုံအရပ္သည္ တံငါ႐ြာသာသာ ေလာက္သာရွိကာ အေလာင္းမင္းတရားႀကီး ၏ အစီအမံျဖင့္ ပင္လယ္ကူး သေဘၤာမ်ားဆိုက္ကပ္သည့္ ဆိပ္ကမ္းကို မူလ ေနရာ ျဖစ္သည့္ သန္လ်င္ မွ ရန္ကုန္ ဘက္သို႔ ေျပာင္းေ႐ႊ႕၍ အခြန္အေကာက္မ်ား စနစ္တက် ေကာက္ခံျခင္း၊
ၿမိဳ႕႐ိုး တံတိုင္းမ်ား၊ ခံတပ္မ်ား ေဆာက္လုပ္ျခင္း၊ၿမိဳ႕႐ြာ စည္ကားေအာင္ ျပည့္တန္ဆာမ်ား ထားရွိျခင္း စသည့္ အစီအမံမ်ားကို ဉာဏ္အေမွ်ာ္အျမင္ႀကီးစြာျဖင့္ ေဆာင္႐ြက္စီမံခဲ့ျခင္းျဖစ္သည္။
အေလာင္းမင္းတရားႀကီးလက္ထက္ ရန္ကုန္ၿမိဳ႕၏ အက်ယ္အဝန္းမွာ ေျမာက္ ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္း၀န္းက်င္၊ (သိမ္ျဖဳလမ္းနား အထိ) အေနာက္ဘက္တြင္လမ္း(၃၀) သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ၀န္းက်င္ စသည့္ အက်ယ္အဝန္းေလာက္သာ ရွိၿပီး ႏိုင္ငံျခားသား ကုန္သည္မ်ား၊ မင္းမႉထမ္းမ်ား ျဖင့္ ဘာသာလူမ်ိဳးေပါင္းစုံ အေျခခ်ေနထိုင္ရာေဒသျဖစ္သည္။
အေလာင္းမင္းတရားတည္သည့္ ရန္ကုန္ၿမိဳ႕သည္ အက်ယ္ အဝန္းအားျဖင့္ (၁၁၁၉)တာခန႔္ က်ယ္ဝန္း၏။ ရန္ကုန္ၿမိဳ႕အား သစ္တပ္ၿမိဳ႕အျဖစ္ က်ဳံး၊ ေျမာင္၊ တံခါး၊ ျပအိုး စေသာ ၿမိဳ႕အဂၤါႏွင့္ တည္ခဲ့သည္။ နယ္နိမိတ္အက်ယ္အဝန္းမွာ ေျမာက္ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္းဝန္းက်င္၊ (ဂ်ဴဒါအီစကယ္လမ္း) အေနာက္ဘက္တြင္ လမ္း(၃၀)သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ဝန္းက်င္ျဖစ္၏။
ထိုစဥ္က ဆူးေလေစတီေတာ္သည္ သစ္တပ္ၿမိဳ႕႐ိုး အျပင္တြင္ ရွိၿပီးေရပတ္လည္ဝိုင္းရံလွ်က္ ရွိသည္။ကုန္းျမင့္ေပၚမွ ေစတီတစ္ဆူအျဖစ္ရွိေန၏။ အေလာင္းဘုရားၿမိဳ႕တည္စက လူဦးေရ တစ္ေသာင္းခန႔္သာရွိေသာ္လည္း ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ခဲ့သည္အေလွ်ာက္ လူဦးေရတိုးတက္လာသည့္အေလွ်ာက္ကူးသန္ းေရာင္းဝယ္ေရး လုပ္ငန္းမ်ားႀကီးထြားလာၿပီး အခ်က္အျခာေဒသျဖစ္လာခဲ့၏။
ျမန္မာသကၠရာဇ္ (၁၂၀၃)ခုႏွစ္၊ ေ႐ႊဘိုမင္း(ခ) ဟံသာ၀တီမင္း(ခ) ကုန္းေဘာင္မင္း၊ အမရပူရၿမိဳ႕ေတာ္မွ ဒဂုံ(ရန္ကုန္)သို႔ ကုန္းေၾကာင္း၊ ေရေၾကာင္းႏွင့္ မဟာဗ်ဴဟာ နည္းဗ်ဴဟာ အျပည့္ႏွင့္ ႂကြခ်ီခဲ့၏။ ထိုစဥ္က ေ႐ႊဘို(ေခၚ) သာယာဝတီမင္းႏွင့္ အေလာင္းဘုရားတည္ထားခဲ့သည့္ ရန္ကုန္ၿမိဳ႕အား တိုးခ်ဲ႕လွ်က္ ေအာင္ေျမရန္ႏွင္းၿမိဳ႕သစ္ အျဖစ္ ကမၺည္းတင္ခဲ့သည္။ ထိုအခါ ဆူးေလေစတီသည္ ၿမိဳ႕သစ္နယ္နိမိတ္အတြင္းသို႔ ေရာက္ခဲ့၏ ဆူးေလေစတီ၏ ဝန္းက်င္တြင္ ႐ြံ႕ဗြက္၊ ေရအိုင္ႏွင့္ေတာခ်ဳံမ်ား ထူထပ္စြာေပါက္ေရာက္ေနသည္။
ဒီေရအတက္အက် ျဖစ္ေပၚ၍ ေစတီေတာ္ဝန္းက်င္ကို ဒီေရလႊမ္းမိုးမႈ ရွိခဲ့သည္။ ေစတီအနီးဝန္းက်င္ရွိ ဗြက္ေတာမ်ား အလယ္၌ပင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ား တည္ရွိခဲ့သည္ဟုဆို၏။ သစ္ပင္မ်ား အုပ္အုပ္ဆိုင္းဆိုင္းရွိသျဖင့္ ေရျပင္က်ယ္ႏွင့္ ၾကည္ႏူးဖြယ္ ေအးခ်မ္းေနသည္ဟုဆိုသည္။
ဆူးေလေစတီ၏ အေနာက္ဘက္ေစာင္းတန္းသည္ ယခုတည္ရွိသည့္ ဆက္သြယ္ေရး႐ုံးအထိရွိသည္ဟု ဆို၏။ ျမန္မာ သကၠရာဇ္ (၁၂၁၄)ခုႏွစ္ အဂၤလိပ္ျမန္မာ ပထမစစ္ပြဲၿပီးခ်ိန္အထိ ဗႏၶဳလပန္းၿခံ၏ ေတာင္ဘက္ကြၽန္းေနရာမ်ားသည္ ေရလယ္ကြၽန္း ျဖစ္ေနသည္။ ဆူးေလဘုရားသို႔ကူးရန္ ေက်ာက္တံတား တစ္ခုတည္ေဆာက္ထားသည္ဟု အဆိုရွိ၏။
ေရလယ္ေက်ာင္းမ်ား ယခင္က ဆူးေလလမ္းကိုေလွ်ာတန္းလမ္းဟု ေခၚခဲ့ၿပီးေနာင္တြင္ ဆူးေလဘုရားလမ္းဟု တြင္ခဲ့၏။ ေက်ာက္တံတားလမ္း ဟု ေခၚလည္းရွိ၏။ ထိုစဥ္က ဆူးေလေစတီေတာ္၏ အေနာက္ေတာင္ဘက္ မနီးမေဝးတြင္ က်ိဳက္မဲ သံကေရာ(ေခၚ) က်ိဳက္ျမတ္သံခ်ိဳ ေစတီႏွင့္ ရဟႏၲာသိမ္ေတာ္ႀကီးလည္းရွိသျဖင့္ ဘုရားဖူးမ်ား စည္ကား ေနသည္ဟုဆိုသည္။
အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲအၿပီး၌ အဂၤလိပ္တို႔သည္ ရန္ကုန္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာဟု သတ္မွတ္ခဲ့၏။ ထို႔အတူ ေကာ္မရွင္နာမင္းႀကီး ဆာအာသာဖယ္ရာကာၿမိဳ႕သစ္တည္ရန္ အမိန႔္ႏွင့္ အတူေတာင္ကုန္းၿဖိဳျခင္း၊ အနိမ့္ပိုင္းေျမဖို႔ျခင္း၊ လမ္းေဖာက္ျခင္းမ်ားျပဳခဲ့သလို ေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအား ၿဖိဳဖ်က္ခဲ့သည္။
ၿမိဳ႕ကြက္ႏွင့္ မလြတ္ဟု အေၾကာင္း ျပကာ ဆူးေလဝန္းက်င္ရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၅၀)အား သရက္ဥယ်ာဥ္တည္ရွိရာသို႔ ဖယ္ရွားေျပာင္းေ႐ႊ႕ခဲ့၏။ အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ က်ိဳက္ျမတ္သံခ်ိဳေစတီအား ၿဖိဳဖ်က္ခဲ့ၿပီးေနာက္ တဆင့္လွမ္းတက္ခါ ဆူးေလေစတီႀကီးအား ၿဖိဳဖ်က္ရန္ ႀကိဳးပန္းၾကသည္။ အာဏာပိုင္တို႔အား ဆူးေလေစတီသည္ လမ္းဆုံလမ္းခြတြင္ရွိသည့္ ေစတီျဖစ္သျဖင့္ ၿဖိဳဖ်က္သင့္သည္ဟု တင္ျပၾကသည္။
သို႔ေသာ္ အဂၤလန္တြင္ရွိသည့္ ဝိတိုရိယ ဘုရင္မႀကီး(Queen Victoria) က `ဆူးေလေစတီသည္ ထူပါေစတီျဖစ္သျဖင့္ မတူးၿဖိဳ၊ မဖ်က္ဆီးရ၊ ဆူးေလေစတီအား ေကြ႕ပတ္သြားရမည္´ ဟု အမိန႔္ျပန္ၾကားခဲ့သည္။ ယင္းသို႔ ျပန္ၾကားေသာ္လည္း အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ လုပ္ပိုင္ခြင့္ အာဏာကို အသုံးျပဳ၍ ဆူးေလေစတီေတာ္ ဝတၱကေျမျဖစ္သည့္ ကုန္းေတာ္ေအာက္ေျခမ်ားအား တူးၿဖိဳဖဲ့ခ်ၾက၏။
ေျမညႇိၿပီး ဝတၱကေျမကို ၿမိဳ႕သစ္အတြင္းထည့္ခဲ့သည္။ ထို႔ေၾကာင့္ ဆူးေလေစတီသည္ မွန္ကူကြက္သဏၭာန္ ကုန္းေတာ္ငယ္ျဖစ္ေနျခင္းျဖစ္သည္။ ဆူးေလေစတီေတာ္၏ ေျခေတာ္ရင္း ပတ္လည္တြင္ရွိသည့္ ဂႏၶကုဋိတိုက္ တန္ေဆာင္းႏွင့္ ေစာင္းတန္းစသည့္ သာသနိက အေဆာက္အအုံမ်ား ပ်က္စီးခဲ့ရသည္။ နယ္ခ်ဲ႕အာဏာပိုင္မ်ား၏ ေဈးၿပိဳင္စနစ္ျဖင့္ ေရာင္းခ်မႈေၾကာင့္ ဗႏၶဳလပန္းၿခံ(ယခင္ဖိုက္စကြဲယားပန္းၿခံ) ဗလီႀကီး၊ ၿမိဳ႕ေတာ္ခန္းမစသည့္ အေဆာက္အဦးမ်ား ေပၚေပါက္ခဲ့ရ ျခင္းျဖစ္သည္။
ဆူးေလဘိုးဘိုးႀကီးသမိုင္း
ဤဘဒၵကမာၻတြင္ ပြင့္ခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ““ေလးဆူနတ္ႀကီး”” ဟု သမိုင္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤုတၱရကုန္းေျမအား ၫႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။ ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္ဝိုက္တြင္ ေနထိုင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မႈကို ခံခဲ့ရသည္။
ယုံၾကည္မႈလြန္ကဲသည့္ ျမန္မာလူမ်ိဳးမ်ားသည္ ယုံၾကည္မႈႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။ လုပ္ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ႀကဳံခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာန္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မႈမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟုဆိုသည္။
ထို႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။ အခ်ိဳ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို၏။ အဓိ႒ာန္ႏွင့္ လုပ္ငန္းလုပ္၍ ေအာင္ျမင္လွ်င္ တတ္ႏိုင္လွ်င္ တတ္ႏိုင္သေလာက္ ဝတ္လဲေတာ္ ပုဆိုး၊ အက်ႌပုဝါမွ အစ ေငြအသျပာတတ္ႏိုင္သ၍ ပူေဇာ္ၾကသည္။
ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမႈ ေကာင္းက်ိဳးျပဳသူဟုလည္း ဆို၏။ လူအမ်ားသည္ ေလးဆူနတ္ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾကသည္။
ေလးဆူနတ္ႀကီး အား ဆူးေလေစတီေတာ္ အတြင္း၌ သီးျခားနန္းတည္ ကိုးကြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မႈၾကာလာသည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ဆူးေလဘိုးဘိုးႀကီး ဟု ေခၚတြင္လာခဲ့ၾကသည္။ စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမာၻတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။
ေရွးသူေဟာင္း အခ်ိဳ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတရားကိုးစားသူဟုဆို၏။ ေကာင္းမႈေကာင္းက်ိဳးျပဳသူမ်ား၊ ဘာသာ သာသနာအက်ိဳးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။ ဆူးေလဘိုးဘိုးႀကီး ၏ နန္းထိမ္းတစ္ဦးက ဆူးေလဘိုးဘိုးႀကီးအား သက္ေတာ္ရွည္ သူေတာ္စင္ နတ္မင္းႀကီးတစ္ပါးပဲ၊ ဆူးေလ ဘိုးဘိုးႀကီးဟာ ရန္ကုန္ၿမိဳ႕လယ္ကို ပိုင္စိုးထိမ္းသမ္းထားသူ လည္းျဖစ္တယ္။
ၿမိဳ႕လည္တစ္ဝိုက္မွာ လုပ္ငန္းလုပ္သူေတြ၊ အားကိုးအားထားျပဳ တိုင္တည္အလုပ္လုပ္ရင္း အမ်ားႀကီး ေအာင္ျမင္ ထေျမာက္ႏိုင္တယ္ ဟုဆို၏။ ထို႔အတူ နန္းထိမ္းေဟာင္း ႀကီးက ဆူးေလဘိုးဘိုးႀကီးဟာ ဘာသာသာသနာအတြက္ ေစာင့္ထိန္းသူျဖစ္လို႔ ဘာသာသာသနာ အက်ိဳးျပဳသူေတြကို ပိုၿပီး ေစာင္မၾကည့္ရႈတယ္။ ဆူးေလဘိုးဘိုးႀကီးကို တိုင္တည္အလုပ္ လုပ္သူဟာ ကံငါးပါးလုံၿခဳံရမယ္ ဟုဆိုသည္။
ကိုးကား
↑ တင္ႏိုင္တိုး (ဒီဇင္ဘာလ၊ ၂၀၁၃)။ ျမန္မာျပည္တစ္ခြင္ လမ္းၫႊန္။ မဇၩိမစာေပ။
↑ ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၄)
crd,…ဝီကီပီးဒီးယား