ကြောက်စရာအသံနက်ကြီး နဲ့ လှုပ်ခတ်သွားတဲ့ မန္တလေး ငလျင် ရုပ်သံ နှင့် လက်ရှိသိရသမျှ…
အောက်ဆုံးမှာ ရုပ်သံကို ဖေါ်ပြထားပါတယ်
မန်းလေးမှာ အသံနက်ကြီးလိုလို တော်လည်းသံလိုလိုနဲ့ ကြမ်းသွားတဲ့ငလျင် ?
မနက်ခင်း ၃ နာရီကျော်လောက် တစ်မြို့လုံးနိုးသွားတဲ့ထိကြမ်းသွားခဲ့တယ်လို့သိရတယ်
မလှုပ်ခင်ထဲကလည်း ခွေးတွေအူပြီးဆူညံနေကြတာလို့လည်းသိရပါတယ်။
အားလုံး safe ဖြစ်ပါစေ ?
အခုထိ မန်းလေးမှာတော့ပျက်စီဆုံးရှုံမှုကတော့ မကြားရသေးပါရှင့်
နောက်ဆက်တွဲ ငလျင်တွေလည်းလာနိုင်သေးလို့ ဂရုစိုက်ကြပါဦးနော်
မန္တလေးငလျင်ကြောင့် ခန္တောတိုက်မဏိရတနာ ကျောင်းတိုက်တွင်းရှိ စေတီတော်စိန်ဖူးတော်မြေခ
▪️အခြားနေရာများကအပျက်အစီးစာရင်းပြုစုနေ
မန္တလေးတံတားဦးမြို့အရှေ့ဘက် လေးမိုင်လောက်အကွာကို ဗဟိုပြုပြီးရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိတဲ့ မြေငလျင်တစ်ခုဒီကနေ့ ဒီဇင်ဘာလ၁၅ရက် နံနက်၃နာရီ၁၆မိနစ်ကလှုတ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်ရှိ ခန္တောတိုက် မဏိရတနာ ကျောင်းတိုက်မှ မျက်နှာကျက်များ ပြိုကျခဲ့ပါတယ်။
ငလျင်ကြောင့် ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော် မြေခခဲ့သလို အခြားနေရာဆွေလည်းထိခိုက်မှုရှိခဲ့ပါတယ်။
မန္တလေးမြို့ခံတွေအလန့်တကြားတုန်လှုပ်ရတဲ့အထိထိပ်လန့်ခဲ့ရတဲ့ ငလျင်ကို မိုးကုတ်အပါအဝင်နေရာအချို့ကပါ ခံစားခဲ့ရတာရှိပါတယ်။
သက်ဆိုင်ရာကတော့ အခြားနေရာများကအပျက်အစီးစာရင်းပြုစုနေပါတယ်။
#မန္တလေးငလျင်
#burmesevlog #poeeimkt
Zawgyi
အားလုံး safe ဖြစ်ပါစေ ?
#မန္တလေးငလျင်
#burmesevlog #poeeimkt