အရမ်းကောင်းလို့မျှဝေလိုက်ပါတယ် အိမ်ထောင်ပြုတယ်ဆိုတာ တွင်းတစ်တွင်းထဲ ခုန်ချလိုက်သလိုပဲ
အရမ်းကောင်းလို့မျှဝေလိုက်ပါတယ် အိမ်ထောင်ပြုတယ်ဆိုတာ တွင်းတစ်တွင်းထဲ ခုန်ချလိုက်သလိုပဲတဲ့ .. ။အိမ်ထောင်ပြုတယ်ဆိုတာ တွင်းတစ်တွင်းထဲ ခုန်ချလိုက်သလိုပဲ … ။ ဒီတွင်းဟာ ဒုက္ခတွင်း မဖြစ်နေဖို့လိုတယ် … ။
တွင်းအတိမ်အနက်ကို မသိပဲ ရမ်းသန်းခုန်ချလိုက်လို့ တွင်းအောက်ခြေရောက်မှ အမှိုက်တွင်းဆိုသေရော … နက်ရင်နက်သလောက ် ပြန်တက်ရခက်သွားပြီ တွင်းထဲကအမှိုက်တွေနဲ့ နေပေရော့ တစ်သက်လုံး …. တစ်ချို့တွင်းတွေက ဖြတ်လျှောက်သွားရုံနဲ့ အနံ့သက်မကောင်းလို့ ကျော်သွားလို့ရတယ် …. ။
တစ်ချို့တွင်းနက်တွေကျတော့ အောက်ခြေဘယ်လောက်ရှိမှန်းမသိတော့ အနံ့သက်မသိ ဘာရှိမှန်းမသိ ခုန်ဆင်းလိုက်တော့မှ အမှောင်ထဲမှာ အနံ့ဆိုးတွေနဲ့ အဖေါ်ပြုသွားရတယ် …. ။
ဒီတော့ တွင်းတစ်တွင်း နဲ့ တူတဲ့ အိမ်ထောင်ရေးကို အပေါ်ယံလေးရှပ်ကြည့်ပြီး မစဉ်းစားလိုက်နဲ့ ။ မခုန်ချခင် စဉ်းစား နောက်တွင်းတွေရှေ့မှာရှိသေးတယ် တွေ့ကရာတွင်းထဲ အခုန်ချမတော်လို့ ခြေကျိုးလက်ကျိုးဖြစ်ပြီး တစ်သက်ပြန်ထလို့မရတာမျိုး မဖြစ်စေနဲ့ … ။
မာရင်ရင် .. မနုဿ ရဲ့ စာမျက်နှာလေးများ
Zawgyi