ကွန်ပြူတာတစ်လုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့သိထားသင့်တဲ့ လျှို့ဝှက်ချက်များ

အေထြအေထြဗဟုသုတ

ကွန်ပြူတာတစ်လုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့သိထားသင့်တဲ့ လျှို့ဝှက်ချက်များ

ကွန်ပြူတာဆိုတာဟာ ကိုယ့်အတွက်အလွန်အသုံးဝင်တဲ့အရာတစ်ခုဆိုပေမယ့် အသုံးဝင်အောင်သုံးတတ်ဖို့လိုပါတယ်။ ဒီတော့ ကွန်ပြူတာတစ်လုံးကို ဘယ်လိုလှည့်ကွက်လေးတွေနဲ့အသုံးပြုရမလဲဆိုတာ ပြောပြသွားမှာပါ။

၁- Control + TBrowser မှာ အခြား Tab တစ်ခုဖွင့်ချင်တယ်ဆိုရင် မောစ်နဲ့ အပေါင်းလက္ခဏာကို သွားကလစ်နေဖို့မလိုပဲ Control + T နှိပ်လိုက်ရင်လည်း ရပါတယ်။

 

၂- ကွန်ပြူတာမှာ error တစ်ခုခုတက်ခဲ့လျင် ပညာရှင်ဆီသွားမပြခင် အရင်ဆုံး ဂူးဂဲမှာရှာဖွေကြည့်ပါ။ဂူးဂဲပေါ်မှာ ထောင်ချီတဲ့ ကွန်ပြူတာပြဿနာတွေအတွက် အဖြေရှိပြီးသားဖြစ်တာကြောင့် အချိန်ကုန် သက်သာစေမယ့်အပြင် ပြင်ဆင်ခ ကုန်ကျစရိတ်လည်း သက်သာသွားပါလိမ့်မယ်။

၃- ငွေလဲနှုန်းတွေကို သိချင်တယ်ဆိုရင် ဂဏန်းပေါင်းစက်နဲ့တွက်ချက်နေစရာမလိုပဲ ဂူးဂဲ search bar မှာ 50 dollars to kyats လို့ရိုက်လိုက်ရုံနဲ့ အဖြေကို တန်းသိနိုင်ပါလိမ့်မယ်။

၄- laptop ဘတ္ထရီ အားကုန်ခါနီး အခါမျိုးမှာ flightmode ချပြီးတော့အားသွင်းပါ။ အဲ့ဘိုအားသွင်းတဲ့အခါမှာ သာမန်အားသွင်းတာထက် ၁၅ မိနစ်နီးပါး အားပြည့်မြန်တာကိုတွေ့ရပါတယ်။

၅- google ပေါ်က ပုံတွေကို ဒေါင်းချင်ရင် right click နှိပ် Save လုပ်စရာမလိုပါဘူး။Alt နဲ့ Left click နှိပ်ရုံနဲ့ သင်လိုချင်တဲ့ပုံကို Download ဆွဲလို့ရပါတယ်။

၆- IP Address ဆိုတာက အိမ်နံပတ်လိုပါပဲ။ကိုယ့်ရဲ့ IP လိပ်စာကိုသိရင် ကိုယ်ဘယ်မှာရှိနေလဲဆိုတာကို ခြေရာခံလို့ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တည်နေရာကို ဘယ်သူမှမသိစေချင်ရင်တော့ VPN လို့ခေါ်တဲ့ IP လိပ်စာကို ဖွက်ပေးတဲ့ ဆော့ဝဲတွေအသုံးပြုပါ။

၇- ညလက်ကွန်ပြူတာသုံးတဲ့သူတွေအနေနဲ့ f.lux ဆိုတဲ့ ဆော့ဝဲကိုအသုံးပြုသင်ပါတယ်။ ဒီဆော့ဝဲဟာ ကွန်ပြူတာစခရင်ကို အချိန်နဲ့လိုက်ပြီး မျက်စိမထိခိုက်စေမယ့် အရောင်မျိုးပြောင်းလဲပေးတဲ့အတွက် ညဘက်ကွန်ပြူတာသုံးတဲ့သူတွေနဲ့အထူးသင့်လျော်တဲ့ ဆော့ဝဲလေးတစ်ခုပါပဲ.

Writer – Min Thu ( XYZ NEWS )

Zawgyi

ကြန္ျပဴတာတစ္လုံးကို ကြၽမ္းက်င္စြာ အသုံးျပဳတတ္ဖို ့သိထားသင့္တဲ့ လွ်ိဳ ့ဝွက္ခ်က္မ်ား

ကြန္ျပဴတာဆိုတာဟာ ကိုယ့္အတြက္အလြန္အသုံးဝင္တဲ့အရာတစ္ခုဆိုေပမယ့္ အသုံးဝင္ေအာင္သုံးတတ္ဖို႔လိုပါတယ္။ ဒီေတာ့ ကြန္ျပဴတာတစ္လုံးကို ဘယ္လိုလွည့္ကြက္ေလးေတြနဲ႔အသုံးျပဳရမလဲဆိုတာ ေျပာျပသြားမွာပါ။

၁- Control + TBrowser မွာ အျခား Tab တစ္ခုဖြင့္ခ်င္တယ္ဆိုရင္ ေမာစ္နဲ႔ အေပါင္းလကၡဏာကို သြားကလစ္ေနဖို႔မလိုပဲ Control + T ႏွိပ္လိုက္ရင္လည္း ရပါတယ္။

၂- ကြန္ျပဴတာမွာ error တစ္ခုခုတက္ခဲ့လ်င္ ပညာရွင္ဆီသြားမျပခင္ အရင္ဆုံး ဂူးဂဲမွာရွာေဖြၾကည့္ပါ။ဂူးဂဲေပၚမွာ ေထာင္ခ်ီတဲ့ ကြန္ျပဴတာျပႆနာေတြအတြက္ အေျဖရွိၿပီးသားျဖစ္တာေၾကာင့္ အခ်ိန္ကုန္ သက္သာေစမယ့္အျပင္ ျပင္ဆင္ခ ကုန္က်စရိတ္လည္း သက္သာသြားပါလိမ့္မယ္။

၃- ေငြလဲႏႈန္းေတြကို သိခ်င္တယ္ဆိုရင္ ဂဏန္းေပါင္းစက္နဲ႔တြက္ခ်က္ေနစရာမလိုပဲ ဂူးဂဲ search bar မွာ 50 dollars to kyats လို႔႐ိုက္လိုက္႐ုံနဲ႔ အေျဖကို တန္းသိႏိုင္ပါလိမ့္မယ္။

၄- laptop ဘတၳရီ အားကုန္ခါနီး အခါမ်ိဳးမွာ flightmode ခ်ၿပီးေတာ့အားသြင္းပါ။ အဲ့ဘိုအားသြင္းတဲ့အခါမွာ သာမန္အားသြင္းတာထက္ ၁၅ မိနစ္နီးပါး အားျပည့္ျမန္တာကိုေတြ႕ရပါတယ္။

၅- google ေပၚက ပုံေတြကို ေဒါင္းခ်င္ရင္ right click ႏွိပ္ Save လုပ္စရာမလိုပါဘူး။Alt နဲ႔ Left click ႏွိပ္႐ုံနဲ႔ သင္လိုခ်င္တဲ့ပုံကို Download ဆြဲလို႔ရပါတယ္။

၆- IP Address ဆိုတာက အိမ္နံပတ္လိုပါပဲ။ကိုယ့္ရဲ႕ IP လိပ္စာကိုသိရင္ ကိုယ္ဘယ္မွာရွိေနလဲဆိုတာကို ေျခရာခံလို႔ရပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕တည္ေနရာကို ဘယ္သူမွမသိေစခ်င္ရင္ေတာ့ VPN လို႔ေခၚတဲ့ IP လိပ္စာကို ဖြက္ေပးတဲ့ ေဆာ့ဝဲေတြအသုံးျပဳပါ။

၇- ညလက္ကြန္ျပဴတာသုံးတဲ့သူေတြအေနနဲ႔ f.lux ဆိုတဲ့ ေဆာ့ဝဲကိုအသုံးျပဳသင္ပါတယ္။ ဒီေဆာ့ဝဲဟာ ကြန္ျပဴတာစခရင္ကို အခ်ိန္နဲ႔လိုက္ၿပီး မ်က္စိမထိခိုက္ေစမယ့္ အေရာင္မ်ိဳးေျပာင္းလဲေပးတဲ့အတြက္ ညဘက္ကြန္ျပဴတာသုံးတဲ့သူေတြနဲ႔အထူးသင့္ေလ်ာ္တဲ့ ေဆာ့ဝဲေလးတစ္ခုပါပဲ.

Writer – Min Thu ( XYZ NEWS )

Leave a Reply

Your email address will not be published. Required fields are marked *