ဝက်သား စားတာ စောခဲ့တယ်.စိန်မောင်လိုအဖြစ်မျိုးတွေအပြင်ဘဝမှာအများကြီးပါ

အေထြအေထြဗဟုသုတ

က်သား စားတာ စောခဲ့တယ်’ဒီနေ့ မပြောဖြစ်တာကြာပြီ ဖြစ်တဲ့ အဖေနဲ့ ဖုန်း ရတယ် ဗျ…’သား ……ရွာမှာ အလှူ လှူဖို့ ငွေစု ပြီးပြီလား”မစုဖြစ်သေး ပါဘူး အဖေရာ….သမင်မွေးရင်း ကျားစားရင်း ပါပဲ….အရင်ဖုန်း ပျောက်သွားလို့ နောက်ထပ် အသစ်ထွက်တဲ့ iPhone လဲလိုက်တယ် အဖေ…အသစ်ထွက်တဲ့ ဖုန်းက အရမ်းမိုက်တယ် အဖေ ရ…..’ ပြောမိတော့….’သား…. ဝက်သားစား မစောနဲ့ နော်…’ လို့ မှာရှာတယ်..ကျွန်တော် ငိုင်သွားတယ်….အဖေဘာများ ပြောပါလိမ့်…..ပေါ့။

အမြဲတမ်း ဇာတ်လမ်းလေးတွေနဲ့ ဆုံးမတတ်တဲ့ အဖေ့ အကြောင်း ပြန်စဉ်းစားတော့ အခု ဇာတ်လမ်းလေး ပြန်ထွက်လာတယ်ဗျ…။အဖေ ဆုံးမခဲ့တဲ့ ဇာတ်လမ်းလေးကို ကြိုးစားပြီး တင်ပြပေးပါ့မယ် ဗျာ…။ကြားဖူးကြမယ်လို့လဲ ထင်ပါတယ်။

‘ဝက်သား စားတာ စောခဲ့တယ်’

‘ငါ…ဒီဆိုင်ကို မဝင်ဖြစ်ခဲ့ရင် ကောင်းသားကွာ’ ….ဆိုတဲ့ အတွေး ရယ် ….ယူကျုံးမရတဲ့ နောင်တ တစ်ခုရယ်…ကြီးမား မှန်ကန်တဲ့ အသိတရားတစ်ခု ရယ် …နဲ့ ဦးစိန်မောင် ပါးပြင်ပေါ် ရေစီးကြောင်းတစ်ခုက ပူကနဲ စီးဆင်းသွားပါတော့တယ်။(၂) ‘သူငယ်ချင်း ဒီနေ့ ဘာဟင်းလဲဟေ့…ငါတော့ ဝက်သားချက်တယ် လှမြင့် ရ..

စားပါ ဦး…’ထုံးစံအတိုင်း ကုလားပဲ ဆံကြော် လေးနဲ့ ဆီဆမ်း၊ဆားဖြူးပေါ့ စိန်မောင် ရာ…မေးစရာ လိုသေးလို့လား ဟ’

‘တစ်ခါ တလေ လေး ဝက်သားဟင်းလေးဘာလေး ချက်စားစမ်းပါဦး သူငယ်ချင်းရာ…မနေ့က ရွာတောင်ပိုင်းက ဝက်ပေါ်လို့ စားရတာဟ…စားရခဲ တယ်…ငါတောင်မှ ငါးပိသာ ဆွဲထားလိုက် သဟေ့။”ဝက်သား စားဖို့ စောပါသေးတယ် စိန်မောင် ရာ…’စိန်မောင် တစ်ယောက် သူငယ်ချင်းဖြစ်သူ လှမြင့် အဖြစ်ကို နားမလည် ပဲ ကြောင်စီစီ ကြည့်ပါတော့တယ်။

တကယ်ဆို အခုချိန် ဝက်သား ဘာလို့ မစားသင့် မှာလဲ….နားမလည်နိုင်။ သူငယ်ချင်း နှစ်ယောက် ဒိုးတူပေါင်ဘက် လွှဆွဲ စားလာကြတာ ကြာလှ ပေါ့။ဒီကောင် လှမြင့်ကိုက ကပ်စီး အတော်နည်းတဲ့ ကောင်…။

ကိုယ့် ဝမ်းကိုတောင် မသထာ တဲ့ကောင်။အခုရာသီ ရွာမှာ အိမ်သစ်ဆောက်တဲ့ သူတွေ ပေါတော့ သစ်ပင်ကနေ သစ်သား ဖြစ်အောင် လွှဆွဲစား ကြတဲ့ စိန်မောင်တို့ နှစ်ယောက် လက်မလည်အောင် အလုပ်ရကြတယ် ။ငွေလည်း ရွှင် နေတဲ့ အချိန်ပေါ့။ ဝက်သား ကြိုက်တဲ့ စိန်မောင် အတွက်တော့

နေ့တိုင်း ဝက်သား စားရတဲ့ ရာသီပါပဲ…။ဒီလိုအချိန်မှာ ကပ်စီးကုပ်ပြီး နေ့တိုင်း ကုလားပဲ ဆံကြော်နဲ့ ထမင်းဆီဆမ်း နေ့တိုင်း ထုပ်လာတဲ့ လှမြင့် ကို နားမလည်တာတော့ အမှန်။အခု နှစ်ယောက်သား အလုပ်သိမ်း လို့ အိမ်ပြန်ချိန်မှာလည်း ကြည့်…လှမြင့်က သစ်ဆွဲလို့ ထွက်လာတဲ့ ပကာသားတွေ ကြိုးနဲ့ စည်းပြီး ရွာထိ ထမ်းပြန်ဦးမယ်…။’လှမြင့် အဲဒီ ပကာတွေက ဘာလုပ်ဦး မလို့လဲ…”အိမ်မှာ ထင်းဆိုက်ဖို့ပေါ့ဟ စိန်မောင်ရ”ဟာ….အများကြီး ကွာ…မင့်အိမ်မှာ မင့်ကလွဲလို့ ခွေးတစ်ကောင်တောင် မရှိတဲ့ တစ်ကောင်ကြွက် ပဲဟာ….’ငါ ထင်းဆိုက်လို့ ပိုတော့ အိမ်နီးချင်းတွေ ပေးလိုက်တာပေါ့ကွာ…ကုသိုလ်တောင်ရသေး…’

‘ကြိုးစား…ကြိုးစား…လှမြင့် ရေ..စိန်မောင်တို့က တော့ မောမယ့် အလုပ်လေတောင် မချွန်ဘူးဟေ့…’မိလှ စုထားတဲ့ ငွေ လေး ရေကြည့်စမ်းဟာ…’

‘မနက်က ကျုပ်ရေကြည့်ထားတာတော့ ခြောက်ရာ အစိတ်တင်း ရှိတယ် တော့…”လွှက လုံးဝကို ဆွဲမရတော့ဘူး ဟ…မနက်ဖြန် မြို့တက်ဝယ်ရမယ်…

အိမ်အတွက် လိုတဲ့ ဆန်လေးရယ် နို့ညှာကောင်အတွက် အားဆေးလေးရယ် ဝယ်ခဲ့မယ်…လိုတဲ့ ငွေလေးရာလောက်တော့ မသန်းရီဆီက တစ်ဆယ်တိုးပဲ ယူရတော့မှာပေါ့ဟာ….’

ကိုစိန်မောင် တစ်ယောက် ငယ်ငယ်ကလို တင်းတင်းရင်းရင်း မရှိတာ့ပဲ ကလေး တွေနဲ့ ဖက်သီလိုက်နေတဲ့ သူ့မိန်းမ မယ်လှရယ်..

နို့ပိန်ကို ကပ်တွယ်နေတဲ့ မယ်လှ ရင်ခွင်ထဲက နို့ညှာ ကောင်ရယ်…ကြည့်ပြီး သက်ပြင်း လေးလေးကြီး ဆွဲမိပါတော့တယ်…

‘ဟူး….ဒီ မိုးဦးကျ အိမ်လည်း မိုးရဦးမယ်…ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက်စားအိုးကကြီး…။လွှဆွဲတာပဲ လုပ်စားတတ်တဲ့ စိန်မောင် အဖို့ရာသီချိန်ပြီးရင် ဝင်ငွေက မရှိပြန်…။

တော်ပါသေးရဲ့လေ…အကြီးကောင်ကြီးက လွှကူဆွဲပေးနိုင်လာလို့ပဲ ကူဖော်လောင်ဘက် လေးရလာလို့ တော်သေးတာ ….ပ။

‘ဘာလိုလို နဲ့ အကြီးကောင်ကြီးတောင် ရှင်ပြုပေးရတော့မှာပါလား…ဝက်သားကျွေးလေးနဲ့ လှူလိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ…

ပြောရင်းဆိုရင်း ဝက်သားမစားရတာ ကြာပါပေါ့လား ဟာ….’

ဦးစိန်မောင် တစ်ယောက် တစ်ယောက်တည်း ညီးတွားသလို ရေရွတ်နေရင်းက မစားရတာကြာပြီဖြစ်တဲ့ ဝက်သားဟင်းလေးကို မြင်ယောင်ရင်း လည်ချောင်းထဲမှာ

‘ဂလု’ ကနဲ တံတွေးမြိုချ လိုက်မိပါတော့တယ်။

‘လှမြင့် ကုန်မာဆိုင်’ဆိုင်ကြီးက ကြီးမားကျယ်ဝန်းသလောက် ပစ္စည်း အမျိုးစားတွေကလည်း စုံလင်တာကို ကိုစိန်မောင်တစ်ယောက် တဆိုင်လုံး ပတ်ကြည့်ရင်း သွားရည် ကျမိတယ်….။ဘေးမှာလည်း သုံးထပ်တိုက်ကြီးနဲ့ ချမ်းသာလိုက်ကြတာ။

သစ်ဆွဲလွှတွေ ထားတဲ့ နေရာအရောက် ကြည့်နေရင်းက

အင်း …လိုချင်တာက ဂျပန်ဘဲငန်းတံဆိပ်၊ ဈေးက ရှစ်ရာကျော် ဘယ်လိုမှ မကပ်နိုင်၊ ဒါနဲ့ တရုတ်ဖြစ် လွှတစ်ချောင်းကိုပဲ မျက်စိမှိတ်ယူပြီး ကောင်တာငွေရှင်းဖို့အသွား….ကောင်တာမှာ ထိုင်နေတဲ့ သန့်ပြန့်နေတဲ့ လူတစ်ယောက်က…

‘ဟာ…သူငယ်ချင်းစိန်မောင် ဘာလာလုပ်တာလဲ.. ‘

‘ကျုပ် …ကျုပ် လွှလာဝယ်တာပါ….”ဟေ့ကောင် ဘာတွေ ကြောင်နေတာလဲ…စကားတွေတောင်ထစ်လို့ကွာ….ငါ မင်းနဲ့ လွှ အတူဆွဲခဲ့တဲ့ လှမြင့်လေကွာ…’

ကိုစိန်မောင်တစ်ယောက် ဆွံ့အ မှင်သက်နေရင်း သန့်ပြန့်နေတဲ့ သူဌေးလှမြင့်ကို ကြည့်ရင်းက ဟောင်းနွမ်း ညစ်ပေပြီး အဘိုးအိုရုပ် ပေါက်နေတဲ့ ကိုယ့်အဖြစ်ကို သိမ်ငယ်စွာ ငုံ့ကြည့်မိ နေပါတော့တယ်။

‘ကဲ အံ့ဩနေလဲ ပြီးမှ အံ့ဩတော့ ကွာ …လာ ဆိုင်ဘေးက ငါ့အိမ်သွားရအောင်…အိမ်မှာ မင်းကြိုက်တဲ့ ဝက်သားချက်တယ်ကွ’လှမြင့်က သူအိမ်ခေါ်သွားပြီး ကိုစိန်မောင်ကို ထမင်း ကျွေးပါတော့တယ်….။ကိုစိန်မောင်တစ်ယောက် ဆယ်စုနှစ်လောက် မစားရတာ ကြာပြီဖြစ်တဲ့ ဝက်သားဟင်းနဲ့ ထမင်းကို ခေါင်းမဖေါ်နိုင်အောင် စားနေပါတယ်။ ကိုလှမြင့်ကတော့ ပီတိအပြုံးတွေနဲ့ ကြည့်လို့ပေါ့…။

စားလို့ သောက်လို့ အပြီးမှာတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ….’ကဲ …စိန်မောင် အခု လာဝယ်တဲ့ လွှကို မဝယ်တော့နဲ့….ဒီထက်ကောင်းတဲ့ လွှ ငါလက်ဆောင် ပေးလိုက်မယ်…ဟုတ်ပြီလား..အိမ်က ကလေးတွေဖို့လည်း ဝက်သားဟင်းတွေ မုန့်တွေ ထည့်ပေးလိုက်မယ်…”ဘုရားမတာပဲ…ကျေးဇူးပါလှမြင့်ရာ….အခု လာဝယ်တာ ငွေတိုး ယူခဲ့ရတာဟ…ါနဲ့ လှမြင့် ….ငါတို့မတွေ့ဖြစ်တဲ့ ၁၅ နှစ် အတွင်း မင်းဘယ်လိုဖြစ်ပြီး ဒီလောက်ချမ်းသာ သွားတာလဲ…..

သိန်းထီပေါက်လို့လား….ချမ်းသာတဲ့ မိန်းမရလို့လား…..ရွှေထုပ်ကြီး ကောက်ရလို့လား…’ကိုလှမြင့်ရဲ့ ပြန်ဖြေတဲ့ အဖြေကို သိရချိန်မှာတော့ ကိုစိန်မောင် တစ်ယောက် နောင်တကြီးစွာ ခေါင်းငိုက်စိုက် ကျသွားခဲ့ပါတော့တယ် ..

‘မင်း ပြောတာ တစ်ခုမှ မဟုတ်ဘူး စိန်မောင်၊ငါပြောခဲ့ဖူးတယ် မဟုတ်လား သူငယ်ချင်း..ဝက်သားစားဖို့ စောသေးတယ် ဆိုတာလေ….

မင်းက ဝက်သားဟင်းနေ့တိုင်းစားနေတဲ့အချိန်က ငါ ကုလားပဲကြော် တစ်ဆုပ်နဲ့ ထမင်းစားခဲ့တယ်…ငါ ငွေကို ချွေတာပြီး စုဆောင်းခဲ့တယ်….

ငါ အခု နေ့တိုင်း တသက်လုံး ဝက်သားဟင်းချည်းပဲ စားဦးမလား ….စားလို့ရပြီ လေ….သူငယ်ချင်း….’မင်း ဝက်သားစားတာ စောခဲ့တာကိုး ဟစိန်မောင် ရ’

မင်းယျာ

Credit

Zawgyi

က္သား စားတာ ေစာခဲ့တယ္’ဒီေန႔ မေျပာျဖစ္တာၾကာၿပီ ျဖစ္တဲ့ အေဖနဲ႔ ဖုန္း ရတယ္ ဗ်…’သား ……႐ြာမွာ အလႉ လႉဖို႔ ေငြစု ၿပီးၿပီလား”မစုျဖစ္ေသး ပါဘူး အေဖရာ….သမင္ေမြးရင္း က်ားစားရင္း ပါပဲ….အရင္ဖုန္း ေပ်ာက္သြားလို႔ ေနာက္ထပ္ အသစ္ထြက္တဲ့ iPhone လဲလိုက္တယ္ အေဖ…အသစ္ထြက္တဲ့ ဖုန္းက အရမ္းမိုက္တယ္ အေဖ ရ…..’ ေျပာမိေတာ့….’သား…. ဝက္သားစား မေစာနဲ႔ ေနာ္…’ လို႔ မွာရွာတယ္..ကြၽန္ေတာ္ ငိုင္သြားတယ္….အေဖဘာမ်ား ေျပာပါလိမ့္…..ေပါ့။

အၿမဲတမ္း ဇာတ္လမ္းေလးေတြနဲ႔ ဆုံးမတတ္တဲ့ အေဖ့ အေၾကာင္း ျပန္စဥ္းစားေတာ့ အခု ဇာတ္လမ္းေလး ျပန္ထြက္လာတယ္ဗ်…။အေဖ ဆုံးမခဲ့တဲ့ ဇာတ္လမ္းေလးကို ႀကိဳးစားၿပီး တင္ျပေပးပါ့မယ္ ဗ်ာ…။ၾကားဖူးၾကမယ္လို႔လဲ ထင္ပါတယ္။

‘ဝက္သား စားတာ ေစာခဲ့တယ္’

‘ငါ…ဒီဆိုင္ကို မဝင္ျဖစ္ခဲ့ရင္ ေကာင္းသားကြာ’ ….ဆိုတဲ့ အေတြး ရယ္ ….ယူက်ဳံးမရတဲ့ ေနာင္တ တစ္ခုရယ္…ႀကီးမား မွန္ကန္တဲ့ အသိတရားတစ္ခု ရယ္ …နဲ႔ ဦးစိန္ေမာင္ ပါးျပင္ေပၚ ေရစီးေၾကာင္းတစ္ခုက ပူကနဲ စီးဆင္းသြားပါေတာ့တယ္။(၂) ‘သူငယ္ခ်င္း ဒီေန႔ ဘာဟင္းလဲေဟ့…ငါေတာ့ ဝက္သားခ်က္တယ္ လွျမင့္ ရ..

စားပါ ဦး…’ထုံးစံအတိုင္း ကုလားပဲ ဆံေၾကာ္ ေလးနဲ႔ ဆီဆမ္း၊ဆားျဖဴးေပါ့ စိန္ေမာင္ ရာ…ေမးစရာ လိုေသးလို႔လား ဟ’

‘တစ္ခါ တေလ ေလး ဝက္သားဟင္းေလးဘာေလး ခ်က္စားစမ္းပါဦး သူငယ္ခ်င္းရာ…မေန႔က ႐ြာေတာင္ပိုင္းက ဝက္ေပၚလို႔ စားရတာဟ…စားရခဲ တယ္…ငါေတာင္မွ ငါးပိသာ ဆြဲထားလိုက္ သေဟ့။”ဝက္သား စားဖို႔ ေစာပါေသးတယ္ စိန္ေမာင္ ရာ…’စိန္ေမာင္ တစ္ေယာက္ သူငယ္ခ်င္းျဖစ္သူ လွျမင့္ အျဖစ္ကို နားမလည္ ပဲ ေၾကာင္စီစီ ၾကည့္ပါေတာ့တယ္။

တကယ္ဆို အခုခ်ိန္ ဝက္သား ဘာလို႔ မစားသင့္ မွာလဲ….နားမလည္ႏိုင္။ သူငယ္ခ်င္း ႏွစ္ေယာက္ ဒိုးတူေပါင္ဘက္ လႊဆြဲ စားလာၾကတာ ၾကာလွ ေပါ့။ဒီေကာင္ လွျမင့္ကိုက ကပ္စီး အေတာ္နည္းတဲ့ ေကာင္…။

ကိုယ့္ ဝမ္းကိုေတာင္ မသထာ တဲ့ေကာင္။အခုရာသီ ႐ြာမွာ အိမ္သစ္ေဆာက္တဲ့ သူေတြ ေပါေတာ့ သစ္ပင္ကေန သစ္သား ျဖစ္ေအာင္ လႊဆြဲစား ၾကတဲ့ စိန္ေမာင္တို႔ ႏွစ္ေယာက္ လက္မလည္ေအာင္ အလုပ္ရၾကတယ္ ။ေငြလည္း ႐ႊင္ ေနတဲ့ အခ်ိန္ေပါ့။ ဝက္သား ႀကိဳက္တဲ့ စိန္ေမာင္ အတြက္ေတာ့

ေန႔တိုင္း ဝက္သား စားရတဲ့ ရာသီပါပဲ…။ဒီလိုအခ်ိန္မွာ ကပ္စီးကုပ္ၿပီး ေန႔တိုင္း ကုလားပဲ ဆံေၾကာ္နဲ႔ ထမင္းဆီဆမ္း ေန႔တိုင္း ထုပ္လာတဲ့ လွျမင့္ ကို နားမလည္တာေတာ့ အမွန္။အခု ႏွစ္ေယာက္သား အလုပ္သိမ္း လို႔ အိမ္ျပန္ခ်ိန္မွာလည္း ၾကည့္…လွျမင့္က သစ္ဆြဲလို႔ ထြက္လာတဲ့ ပကာသားေတြ ႀကိဳးနဲ႔ စည္းၿပီး ႐ြာထိ ထမ္းျပန္ဦးမယ္…။’လွျမင့္ အဲဒီ ပကာေတြက ဘာလုပ္ဦး မလို႔လဲ…”အိမ္မွာ ထင္းဆိုက္ဖို႔ေပါ့ဟ စိန္ေမာင္ရ”ဟာ….အမ်ားႀကီး ကြာ…မင့္အိမ္မွာ မင့္ကလြဲလို႔ ေခြးတစ္ေကာင္ေတာင္ မရွိတဲ့ တစ္ေကာင္ႂကြက္ ပဲဟာ….’ငါ ထင္းဆိုက္လို႔ ပိုေတာ့ အိမ္နီးခ်င္းေတြ ေပးလိုက္တာေပါ့ကြာ…ကုသိုလ္ေတာင္ရေသး…’

‘ႀကိဳးစား…ႀကိဳးစား…လွျမင့္ ေရ..စိန္ေမာင္တို႔က ေတာ့ ေမာမယ့္ အလုပ္ေလေတာင္ မခြၽန္ဘူးေဟ့…’မိလွ စုထားတဲ့ ေငြ ေလး ေရၾကည့္စမ္းဟာ…’

‘မနက္က က်ဳပ္ေရၾကည့္ထားတာေတာ့ ေျခာက္ရာ အစိတ္တင္း ရွိတယ္ ေတာ့…”လႊက လုံးဝကို ဆြဲမရေတာ့ဘူး ဟ…မနက္ျဖန္ ၿမိဳ႕တက္ဝယ္ရမယ္…

အိမ္အတြက္ လိုတဲ့ ဆန္ေလးရယ္ ႏို႔ညႇာေကာင္အတြက္ အားေဆးေလးရယ္ ဝယ္ခဲ့မယ္…လိုတဲ့ ေငြေလးရာေလာက္ေတာ့ မသန္းရီဆီက တစ္ဆယ္တိုးပဲ ယူရေတာ့မွာေပါ့ဟာ….’

ကိုစိန္ေမာင္ တစ္ေယာက္ ငယ္ငယ္ကလို တင္းတင္းရင္းရင္း မရွိတာ့ပဲ ကေလး ေတြနဲ႔ ဖက္သီလိုက္ေနတဲ့ သူ႔မိန္းမ မယ္လွရယ္..

ႏို႔ပိန္ကို ကပ္တြယ္ေနတဲ့ မယ္လွ ရင္ခြင္ထဲက ႏို႔ညႇာ ေကာင္ရယ္…ၾကည့္ၿပီး သက္ျပင္း ေလးေလးႀကီး ဆြဲမိပါေတာ့တယ္…

‘ဟူး….ဒီ မိုးဦးက် အိမ္လည္း မိုးရဦးမယ္…ကေလးသုံးေယာက္နဲ႔ လူႀကီးႏွစ္ေယာက္စားအိုးကႀကီး…။လႊဆြဲတာပဲ လုပ္စားတတ္တဲ့ စိန္ေမာင္ အဖို႔ရာသီခ်ိန္ၿပီးရင္ ဝင္ေငြက မရွိျပန္…။

ေတာ္ပါေသးရဲ႕ေလ…အႀကီးေကာင္ႀကီးက လႊကူဆြဲေပးႏိုင္လာလို႔ပဲ ကူေဖာ္ေလာင္ဘက္ ေလးရလာလို႔ ေတာ္ေသးတာ ….ပ။

‘ဘာလိုလို နဲ႔ အႀကီးေကာင္ႀကီးေတာင္ ရွင္ျပဳေပးရေတာ့မွာပါလား…ဝက္သားေကြၽးေလးနဲ႔ လႉလိုက္ရရင္ ဘယ္ေလာက္ ေကာင္းလိုက္မလဲ…

ေျပာရင္းဆိုရင္း ဝက္သားမစားရတာ ၾကာပါေပါ့လား ဟာ….’

ဦးစိန္ေမာင္ တစ္ေယာက္ တစ္ေယာက္တည္း ညီးတြားသလို ေရ႐ြတ္ေနရင္းက မစားရတာၾကာၿပီျဖစ္တဲ့ ဝက္သားဟင္းေလးကို ျမင္ေယာင္ရင္း လည္ေခ်ာင္းထဲမွာ

‘ဂလု’ ကနဲ တံေတြးၿမိဳခ် လိုက္မိပါေတာ့တယ္။

‘လွျမင့္ ကုန္မာဆိုင္’ဆိုင္ႀကီးက ႀကီးမားက်ယ္ဝန္းသေလာက္ ပစၥည္း အမ်ိဳးစားေတြကလည္း စုံလင္တာကို ကိုစိန္ေမာင္တစ္ေယာက္ တဆိုင္လုံး ပတ္ၾကည့္ရင္း သြားရည္ က်မိတယ္….။ေဘးမွာလည္း သုံးထပ္တိုက္ႀကီးနဲ႔ ခ်မ္းသာလိုက္ၾကတာ။

သစ္ဆြဲလႊေတြ ထားတဲ့ ေနရာအေရာက္ ၾကည့္ေနရင္းက

အင္း …လိုခ်င္တာက ဂ်ပန္ဘဲငန္းတံဆိပ္၊ ေဈးက ရွစ္ရာေက်ာ္ ဘယ္လိုမွ မကပ္ႏိုင္၊ ဒါနဲ႔ တ႐ုတ္ျဖစ္ လႊတစ္ေခ်ာင္းကိုပဲ မ်က္စိမွိတ္ယူၿပီး ေကာင္တာေငြရွင္းဖို႔အသြား….ေကာင္တာမွာ ထိုင္ေနတဲ့ သန႔္ျပန႔္ေနတဲ့ လူတစ္ေယာက္က…

‘ဟာ…သူငယ္ခ်င္းစိန္ေမာင္ ဘာလာလုပ္တာလဲ.. ‘

‘က်ဳပ္ …က်ဳပ္ လႊလာဝယ္တာပါ….”ေဟ့ေကာင္ ဘာေတြ ေၾကာင္ေနတာလဲ…စကားေတြေတာင္ထစ္လို႔ကြာ….ငါ မင္းနဲ႔ လႊ အတူဆြဲခဲ့တဲ့ လွျမင့္ေလကြာ…’

ကိုစိန္ေမာင္တစ္ေယာက္ ဆြံ႕အ မွင္သက္ေနရင္း သန႔္ျပန႔္ေနတဲ့ သူေဌးလွျမင့္ကို ၾကည့္ရင္းက ေဟာင္းႏြမ္း ညစ္ေပၿပီး အဘိုးအို႐ုပ္ ေပါက္ေနတဲ့ ကိုယ့္အျဖစ္ကို သိမ္ငယ္စြာ ငုံ႔ၾကည့္မိ ေနပါေတာ့တယ္။

‘ကဲ အံ့ဩေနလဲ ၿပီးမွ အံ့ဩေတာ့ ကြာ …လာ ဆိုင္ေဘးက ငါ့အိမ္သြားရေအာင္…အိမ္မွာ မင္းႀကိဳက္တဲ့ ဝက္သားခ်က္တယ္ကြ’လွျမင့္က သူအိမ္ေခၚသြားၿပီး ကိုစိန္ေမာင္ကို ထမင္း ေကြၽးပါေတာ့တယ္….။ကိုစိန္ေမာင္တစ္ေယာက္ ဆယ္စုႏွစ္ေလာက္ မစားရတာ ၾကာၿပီျဖစ္တဲ့ ဝက္သားဟင္းနဲ႔ ထမင္းကို ေခါင္းမေဖၚႏိုင္ေအာင္ စားေနပါတယ္။ ကိုလွျမင့္ကေတာ့ ပီတိအၿပဳံးေတြနဲ႔ ၾကည့္လို႔ေပါ့…။

စားလို႔ ေသာက္လို႔ အၿပီးမွာေတာ့ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာၾကရင္း ….’ကဲ …စိန္ေမာင္ အခု လာဝယ္တဲ့ လႊကို မဝယ္ေတာ့နဲ႔….ဒီထက္ေကာင္းတဲ့ လႊ ငါလက္ေဆာင္ ေပးလိုက္မယ္…ဟုတ္ၿပီလား..အိမ္က ကေလးေတြဖို႔လည္း ဝက္သားဟင္းေတြ မုန႔္ေတြ ထည့္ေပးလိုက္မယ္…”ဘုရားမတာပဲ…ေက်းဇူးပါလွျမင့္ရာ….အခု လာဝယ္တာ ေငြတိုး ယူခဲ့ရတာဟ…ါနဲ႔ လွျမင့္ ….ငါတို႔မေတြ႕ျဖစ္တဲ့ ၁၅ ႏွစ္ အတြင္း မင္းဘယ္လိုျဖစ္ၿပီး ဒီေလာက္ခ်မ္းသာ သြားတာလဲ…..

သိန္းထီေပါက္လို႔လား….ခ်မ္းသာတဲ့ မိန္းမရလို႔လား…..ေ႐ႊထုပ္ႀကီး ေကာက္ရလို႔လား…’ကိုလွျမင့္ရဲ႕ ျပန္ေျဖတဲ့ အေျဖကို သိရခ်ိန္မွာေတာ့ ကိုစိန္ေမာင္ တစ္ေယာက္ ေနာင္တႀကီးစြာ ေခါင္းငိုက္စိုက္ က်သြားခဲ့ပါေတာ့တယ္ ..

‘မင္း ေျပာတာ တစ္ခုမွ မဟုတ္ဘူး စိန္ေမာင္၊ငါေျပာခဲ့ဖူးတယ္ မဟုတ္လား သူငယ္ခ်င္း..ဝက္သားစားဖို႔ ေစာေသးတယ္ ဆိုတာေလ….

မင္းက ဝက္သားဟင္းေန႔တိုင္းစားေနတဲ့အခ်ိန္က ငါ ကုလားပဲေၾကာ္ တစ္ဆုပ္နဲ႔ ထမင္းစားခဲ့တယ္…ငါ ေငြကို ေခြၽတာၿပီး စုေဆာင္းခဲ့တယ္….

ငါ အခု ေန႔တိုင္း တသက္လုံး ဝက္သားဟင္းခ်ည္းပဲ စားဦးမလား ….စားလို႔ရၿပီ ေလ….သူငယ္ခ်င္း….’မင္း ဝက္သားစားတာ ေစာခဲ့တာကိုး ဟစိန္ေမာင္ ရ’

မင္းယ်ာ

Credit

Leave a Reply

Your email address will not be published. Required fields are marked *