ဒီ Post လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ
အချိန် တစ်ရက် ဒေါ်လာ တစ်သန်း (ဒီ Post လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ)
လူတစ်ယောက်ဟာ ငယ်စဉ် ကတဲက ပိုက်ဆံ ကို မစားရက် မသောက်ရက် စုဆောင်းတယ်။
အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်းစုမိနေပြီ။သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။
အမျိုးသမီး က လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။
တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံ နဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ်ဆိုပြီး သူဟာ အရမ်း ပျော်နေတယ်။
အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော် သွားတယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိူးလာတယ်။
အနက်ရောင် ဝတ်စုံ ရှည်ကြီးရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ ကုတင် နားမှာ
လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ လရောင် အောက်မှာ သူတွေ့လိုက်ရတယ်။
အဲဒီလူဟာ ဓါးကောက်ကြီး တတ်ထားတဲ့ တုတ်ရှည်ကြီး ကိုင်ထားတယ်။
ခေါင်းမြီးခြုံအောက်မှာ ပေါ်နေတဲ့ သူ့ မျက်နှာ ဟာလည်း အရိုးခေါင်းခွံနဲ့ တူနေတယ်။
သူလည်း အရမ်းကြောက်သွားပြီး ရုတ်တရက် စကား မပြောနိုင်ဖြစ်နေတယ်။
နောက်မှ သူက အရဲစွန့်ပြီး အဲဒီလူကို ‘ခင်ဗျား ဘယ်သူလဲ’ လို့ မေးလိုက်တယ်။
ဟိုလူက ‘ငါ သေမင်း ပဲကွ။ မင်း လူ့ပြည် မှာ နေတာ အချိန်စေ့သွားလို့ အခု လာခေါ်တာ။ လိုက်ခဲ့တော့’ ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။
သူလည်း မလိုက်ချင်လို့ အတင်း ရုန်းပေမယ့် သေမင်း က အားသန်လွန်းလို့ သူ့ဆွဲခေါ်ရာကို ပါနေတယ်။
သူဟာ ရုန်းလို့ ရမှာမဟုတ်ဘူးဆိုတာကို သိလိုက်လို့ သေမင်း ကို ခုလို တောင်းပန်ပြောလိုက်တယ်။
“ကျွန်တော့်ကို လူ့လောကမှာ ၃ ရက် ဆက်နေဖို့ ခွင့်ပြုပါလား ခင်ဗျား။ ကျွန်တော် မနက်ဖြန် လက်ထပ် တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူ နေပါရစေပါ။
ကျွန်တော်စုထားတဲ့ ဒေါ်လာ တစ်သန်းရဲ့ ၃ ပုံ ၁ ပုံကို ပေးပါမယ်”
သေမင်း က ခွင့်မပြုဘူးဆိုပြီး သူ့လက်ကို ဆက်ဆွဲတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။
– “၃ ရက်နေခွင့် မရရင်လည်း ၂ ရက်လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက်ကို ပေးပါမယ်။
လူ့ဘဝရဲ့ စည်းစိမ် ကို မသေခင် ခံစားသွားချင်လို့ပါ”
ဒါလည်း သေမင်း က ခွင့်မပြုဘူးဆိုပြီး ဆက်ပြီး သူ့လက်ကို ဆွဲနေတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။
နောက်ဆုံး သူဟာ သူ့ရဲ့ ဒေါ်လာ တစ်သန်း အားလုံးကို ပေးပါမယ်။ လူ့လောကမှာ တစ်ရက်လေးပဲ နေခွင့်ပေးပါတဲ့။ သေမင်းက မရဘူးလို့ အပြတ်ပြောလိုက်တယ်။
ဒီတော့ သူ သိလိုက်ပြီ။ သေမင်း ကို ဘယ်လိုမှ ဈေးဆစ်လို့ ရမှာ မဟုတ်တော့ဘူး။
ဒါကြောင့် သူက သေမင်း ကို စာလေးတစ်စောင်တော့ ရေးခဲ့ပါရစေလို့ ခွင့်တောင်းလိုက်တယ်။ ဒါကိုတော့ သေမင်း က ခွင့်ပြုပေးလိုက်တယ်။
သူလည်း ကုတင်ဘေး က စားပွဲပေါ်က စာရွက် တစ်ရွက်ပေါ်မှာ စာကို ကမန်းကတန်း ရေးလိုက်တယ်။ သူရေးလိုက်တာက . . .
“မိတ်ဆွေတို့၊ လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့် ဘဝ ကို အကျိုးရှိအောင် လုပ်ပါ။
ကျွန်တော် တစ်ရက်လေးဆက်နေချင်လို့ ဒေါ်လာ တစ်သန်း ပေးတာတောင် နေခွင့်မရပါဘူး။
ကျွန်တော့်အဖြစ်အပျက်ကို ကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို မိတ်ဆွေတို့ သိလောက်ပါပြီ”
အင်တာနက်မှာ ရှာတွေ့တဲ့ ပုံပြင်လေးပါ။
Credit: ဗန်းမော်သိန်းဖေ
Zawgyi
ဒီ Post ေလးဖတ္ၿပီး မနက္ျဖန္ ကစၿပီး ဘဝ မွာ ဘာေတြ အေရးႀကီး လဲ ျမင္ႏိုင္ၾကပါေစ
အခ်ိန္ တစ္ရက္ ေဒၚလာ တစ္သန္း (ဒီ Post ေလးဖတ္ၿပီး မနက္ျဖန္ ကစၿပီး ဘဝ မွာ ဘာေတြ အေရးႀကီး လဲ ျမင္ႏိုင္ၾကပါေစ)
လူတစ္ေယာက္ဟာ ငယ္စဥ္ ကတဲက ပိုက္ဆံ ကို မစားရက္ မေသာက္ရက္ စုေဆာင္းတယ္။
အသက္ ၄၀ ျပည့္တဲ့အခါ သူ႔လက္ထဲမွာ ေဒၚလာ တစ္သန္းစုမိေနၿပီ။သူ ႏွစ္ေပါင္းမ်ားစြာ ႀကိတ္ၿပီး ႀကိဳက္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ကို လက္ထပ္ခြင့္ေတာင္းလိုက္တယ္။
အမ်ိဳးသမီး က လည္း သေဘာတူလို႔ မနက္ျဖန္မွာ လက္ထပ္ၾကေတာ့မယ္။
တစ္သက္လုံး စုေဆာင္းလာခဲ့တဲ့ ပိုက္ဆံ နဲ႔ သူ႔ဘဝကို ေပ်ာ္႐ႊင္စြာ ေနသြားေတာ့မယ္ဆိုၿပီး သူဟာ အရမ္း ေပ်ာ္ေနတယ္။
အရမ္းေပ်ာ္ၿပီး စိတ္လႈပ္ရွားေနလို႔ ညနက္မွ အိပ္ေပ်ာ္ သြားတယ္။ သူဟာ အိပ္ေနရင္းကေန လန႔္ႏိူးလာတယ္။
အနက္ေရာင္ ဝတ္စုံ ရွည္ႀကီး႐ုံထားၿပီး ေခါင္ၿမီးၿခဳံထားတဲ့ လူတစ္ေယာက္ဟာ သူအိပ္ေနတဲ့ ကုတင္ နားမွာ
လာရပ္ေနတာကို ျပတင္းေပါက္က ဝင္လာတဲ့ လေရာင္ ေအာက္မွာ သူေတြ႕လိုက္ရတယ္။
အဲဒီလူဟာ ဓါးေကာက္ႀကီး တတ္ထားတဲ့ တုတ္ရွည္ႀကီး ကိုင္ထားတယ္။
ေခါင္းၿမီးၿခဳံေအာက္မွာ ေပၚေနတဲ့ သူ႔ မ်က္ႏွာ ဟာလည္း အ႐ိုးေခါင္းခြံနဲ႔ တူေနတယ္။
သူလည္း အရမ္းေၾကာက္သြားၿပီး ႐ုတ္တရက္ စကား မေျပာႏိုင္ျဖစ္ေနတယ္။
ေနာက္မွ သူက အရဲစြန႔္ၿပီး အဲဒီလူကို ‘ခင္ဗ်ား ဘယ္သူလဲ’ လို႔ ေမးလိုက္တယ္။
ဟိုလူက ‘ငါ ေသမင္း ပဲကြ။ မင္း လူ႔ျပည္ မွာ ေနတာ အခ်ိန္ေစ့သြားလို႔ အခု လာေခၚတာ။ လိုက္ခဲ့ေတာ့’ ဆိုၿပီး သူ႔လက္ကို ဆြဲပါေတာ့တယ္။
သူလည္း မလိုက္ခ်င္လို႔ အတင္း ႐ုန္းေပမယ့္ ေသမင္း က အားသန္လြန္းလို႔ သူ႔ဆြဲေခၚရာကို ပါေနတယ္။
သူဟာ ႐ုန္းလို႔ ရမွာမဟုတ္ဘူးဆိုတာကို သိလိုက္လို႔ ေသမင္း ကို ခုလို ေတာင္းပန္ေျပာလိုက္တယ္။
“ကြၽန္ေတာ့္ကို လူ႔ေလာကမွာ ၃ ရက္ ဆက္ေနဖို႔ ခြင့္ျပဳပါလား ခင္ဗ်ား။ ကြၽန္ေတာ္ မနက္ျဖန္ လက္ထပ္ ေတာ့မွာမို႔ ကြၽန္ေတာ့္ မိန္းမ နဲ႔ ၃ ရက္ေလာက္ အတူ ေနပါရေစပါ။
ကြၽန္ေတာ္စုထားတဲ့ ေဒၚလာ တစ္သန္းရဲ႕ ၃ ပုံ ၁ ပုံကို ေပးပါမယ္”
ေသမင္း က ခြင့္မျပဳဘူးဆိုၿပီး သူ႔လက္ကို ဆက္ဆြဲတယ္။ ဒီေတာ့ သူက ခုလို ေသမင္း ကို ေျပာလိုက္ျပန္တယ္။
– “၃ ရက္ေနခြင့္ မရရင္လည္း ၂ ရက္ေလာက္ေတာ့ ခြင့္ျပဳပါလားဗ်ာ။ အဲဒီအတြက္ ေဒၚလာ တစ္သန္း ရဲ႕ တစ္ဝက္ကို ေပးပါမယ္။
လူ႔ဘဝရဲ႕ စည္းစိမ္ ကို မေသခင္ ခံစားသြားခ်င္လို႔ပါ”
ဒါလည္း ေသမင္း က ခြင့္မျပဳဘူးဆိုၿပီး ဆက္ၿပီး သူ႔လက္ကို ဆြဲေနတယ္။ ဒီေတာ့ သူက ခုလို ေသမင္း ကို ေျပာလိုက္ျပန္တယ္။
ေနာက္ဆုံး သူဟာ သူ႔ရဲ႕ ေဒၚလာ တစ္သန္း အားလုံးကို ေပးပါမယ္။ လူ႔ေလာကမွာ တစ္ရက္ေလးပဲ ေနခြင့္ေပးပါတဲ့။ ေသမင္းက မရဘူးလို႔ အျပတ္ေျပာလိုက္တယ္။
ဒီေတာ့ သူ သိလိုက္ၿပီ။ ေသမင္း ကို ဘယ္လိုမွ ေဈးဆစ္လို႔ ရမွာ မဟုတ္ေတာ့ဘူး။
ဒါေၾကာင့္ သူက ေသမင္း ကို စာေလးတစ္ေစာင္ေတာ့ ေရးခဲ့ပါရေစလို႔ ခြင့္ေတာင္းလိုက္တယ္။ ဒါကိုေတာ့ ေသမင္း က ခြင့္ျပဳေပးလိုက္တယ္။
သူလည္း ကုတင္ေဘး က စားပြဲေပၚက စာ႐ြက္ တစ္႐ြက္ေပၚမွာ စာကို ကမန္းကတန္း ေရးလိုက္တယ္။ သူေရးလိုက္တာက . . .
“မိတ္ေဆြတို႔၊ လူ႔ေလာကမွာ ေနရတဲ့ အခိုက္အတန႔္ေလးမွာ သင့္ ဘဝ ကို အက်ိဳးရွိေအာင္ လုပ္ပါ။
ကြၽန္ေတာ္ တစ္ရက္ေလးဆက္ေနခ်င္လို႔ ေဒၚလာ တစ္သန္း ေပးတာေတာင္ ေနခြင့္မရပါဘူး။
ကြၽန္ေတာ့္အျဖစ္အပ်က္ကို ၾကည့္ၿပီး အခ်ိန္ဆိုတာ ဘယ္ေလာက္အဖိုးတန္တယ္ဆိုတာကို မိတ္ေဆြတို႔ သိေလာက္ပါၿပီ”
အင္တာနက္မွာ ရွာေတြ႕တဲ့ ပုံျပင္ေလးပါ။
Credit: ဗန္းေမာ္သိန္းေဖ