နေရာကွက်ကျားထစ်ခြုန်းမိုးနဲ့ ရက်ကြိုခန့်မှန်းချက် စုစုစံ က ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်…

မိုးေလဝသ

12/12/2022 ?????snow Stormကချင်ပြည်နယ်မြောက်ပိုင်းဂန်လန်ရာဇီ ဖုန်ကန်ရာဇီ ခါခါဘိုရာဇီတောင်တန်းများပေါ်တွင် ဆီးနှင်းများထူထဲစွာကျရောက်ကာ အပူချိန် အနုတ် ၁၀ဒီဂရီဆယ်ဆီးရပ်အထိကျဆင်းနိုင်သဖြင့် အဆိုပါဒေသတွေရှိတောင်တက်ခြင်းမလုပ်သင့်ပါဘူးအန္တရာယ်ရှိပါတယ်

၂၀၂၂ ဒီဇင်ဘာလ ၁၃ရက်နေ့တွင်ဧရာဝတီတိုင်း ပုသိမ်ခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင် မွန်ပြည်နယ် ရေးခရိုင် သထုံခရိုင်ပဲခူးတိုင်း ပဲခူးခရိုင် ညောင်လေပင်ခရိုင်နှင့် ရန်ကုန်တိုင်းဒေသတွေမှာ နေရာကွက်ကျားထစ်ခြုံးမိုးရွာနိုင်ပါတယ်

၂၀၂၂ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေ နေရာကွက်ကျား မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေက ၂၀၂၂ဒီဇင်ဘာလ ၁၅ရက်နေ့မှာတောင်မိုးအသင့်အတင့်ရွာနိုင်ပါတယ် မန္တလေးတိုင်းက ပြင်ဦးလွင်မြို့တောင့်မှ မထင်မှတ်ပဲမိုးရွာနိုင်ခြေရှိပါတယ် ဒေသအခေါ်ပြာသိမ့်မိုးပေါ့နော်

အချိန်အခါမဟုတ်မိုး ?????????

၂၀၂၂ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် လားရှိုးခရိုင် လောက်ကိုင်ခရိုင် မူဆယအခရိုင် ဗန်းမော်ခရိုင် မိုးညှင်းခရိုင် မြစ်ကြီးနားခရိုင်ဒေသတွေမှာအချိန်အခါမဟုတ်မိုးတွေရွာနိုင်ပါတယ်

၂၀၂၂ဒီဇင်ဘာလ ၁၈ရက်နေ့ ၁၉ရက်နေ့တွေမှာရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ် မကွေးတိုင်းမြောက်ပိုင်း မန္တလေးတိုင်းအထက်ပိုင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်တွေမှာ အချိန်အခါမဟုတ်မိုးတွေရွာသွန်းနိုင်ပြီးအအေးပိုလာစေပါမယ်

ရက်ကြိုခန့်မှန်းချက် မိုး

၂၀၂၂ဒီဇင်ဘာလ ၁၈ရက်နေ့တွင်စစ်ကိုင်းတိုင်းအောက်ပိုင်း စစ်ကိုင်းတိုင်းအလယ်ပိုင်း မန္တလေးတိုင်းအထက်ပိုင်းဒေသတွေမှာမိုးရွာနိုင်ပြီး ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးကြီးနိုင်ပါတယ်ရိတ်သိမ်းအခြောက်လှမ်းနေကြသူများပျက်စီးမှုမရှိအောင်စီစဥ်ဆောင်ရွက်နိုင်ကြစေရန်အတွက် ရက်ဝေးကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်

တောင်သူလယ်သမားတွေအတွက် မိုးရွာခြင်းသည်အကောင်းဆုံံးမိတ်ဆွေဖြစ်သလိုမုန်တိုင်းကြောင့်မိုးကြီးခြင်းသည်လည်းမိုသည်အခါးသီးဆုံးရန်သူအဖြစ်ပြောင်းလဲသွားပြန်ပါတယ်

MANDOUS Cyclone ကြောင့် အိန္ဒိယတောင်ပိုင်းဒေသတွေမှာ စပါးတွေမိုးမိပြီးအညှောက်ပေါက်နိုင်သဖြင့် နေလှမ်းနေတာကိုတွေ့ရတာဖြစ်ပါတယ်

၂၀၂၂ဒီဇင်ဘာလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုန်တိုင်းငယ်တစ်လုံးထပ်မံဖြစ်ျပါ်နိုင်ပြီး အိန္ဒိယတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်မိုးကြီးနိုင်သဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိလယ်သမားတွေအတွက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်သဖြင့်များစွာစိတ်မကောင်းဖြစ်မိပါတယ်

၂၀၂၂ဒီဇင်ဘာလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီး သိရိလင်္ကာနိုင်ငံနှင့် အိန္ဒယနိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်နိုင်ပါတယ်

NE MONSOON S INDIA

အရှေ့လေစီးကြမ်းကြမ်းမှ ဒီဇင်ဘာလ ၁၇ရက်နေ့မှ ၂၂ရက်နေ့အတွင်းအိန္ဒိယနိုင်ငံတောင်ပိုင်းကိုမုန်တိုင်းငယ်တစ်လုံးဝင်ရောက်တိုက်ခိုက်နိုင်ပြန်ပါတယ် ၂၀၂၂ခု နစ်ကတော့ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေမှာ ရေကြီးမှုဒါဏ်ကိုအလူးအလဲခံကြရပါတယ်

မြန်မာနိုင်ငံမှာတော့ ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့ခြင်းမရှိပါဘူး ဆောင်းရာသီရာသီဥတုကောင်းမွန်နိုင်ပြီးဆောင်းသီးနှံဖြစ်ထွန်းအောင်မြင်ကြမည့်အလားအလာရှိပါတယ်

ဖျက်ပိုးအန္တရာယ်ကာကွယ်နိုင်ကြပါစေ

တရုတ်နိုင်ငံအရှေ့ပိုင်း Hebei ပြည်နယ်ကြီးတွင် နောက်၂ရက်အတွင်း နှင်းမုန်တိုင်းများရောက်ကာ ရေခဲတဲ့အထိရာသီဥတုဆိုးရွားနိုင်ပါတယ်

မင်း ဂွတ် သီး Su Su San

Zawgyi





အချိန်အခါမဟုတ်မိုး ?????????





တောင်သူလယ်သမားတွေအတွက် မိုးရွာခြင်းသည်အကောင်းဆုံးမိတ်ဆွေဖြစ်သလိုမုန်တိုင်းကြောင့်မိုးကြီးခြင်းသည်လည်းမိုသည်အခါးသီးဆုံးရန်သူအဖြစ်ပြောင်းလဲသွားပြန်ပါတယ်


၂၀၂၂ဒီဇင်ဘာလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုန်တိုင်းငယ်တစ်လုံးထပ်မံဖြစ်ျပ်ါနိုင်ပြီး အိန္ဒိယတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်မိုးကြီးနိုင်သဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိလယ်သမားတွေအတွက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်သဖြင့်များစွာစိတ်မကောင်းဖြစ်မိပါတယ်


NE MONSOON S INDIA





မင်း ဂွတ် သီး Su Su San

Leave a Reply

Your email address will not be published. Required fields are marked *