တစ်သက်မှာ သုံးကြိမ်သာ ပြုံးတယ် ဆိုသူ (သို့) ရမည်းသင်းစား သီလ၀

အေထြအေထြဗဟုသုတ

တစ်သက်မှာ သုံးကြိမ်သာ ပြုံးတယ် ဆိုသူ (သို့) ရမည်းသင်းစား သီလ၀

အင်းဝကို တည်ထောင်သူ သတိုးမင်းဖျားသည် သက္ကရာဇ် ၇၂၉ ခုနှစ် တွင် ကွယ်လွန်သွားသဖြင့် မှူးမတ်အပေါင်းတို့ တိုင်ပင်ကာ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသူ ရမည်းသင်းစား သီလဝအား မင်းပြုတော်မူရန် တောင်းပန်ကြကုန်၏။

သီလဝက-ငါသည် တစ်နေ့ကို စကား သုံးလေးခွန်းမျှမပြော ၊ မင်းအဖြစ်ကိုလည်း အလိုမရှိ ၊ ငါ့ကိုမင်းမမြှောက်နှင့်၊ ငါ၏ယောက်ဖတော် အမြင့်မင်း စော်ကဲသည် နှလုံးရည် လက်ရုံးရည်နှင့် ပြည့်စုံ၏ ၊ သို့ကြောင့် သူ့အားမင်းမြှောက်လေ ဟု ဆို၏။

မှူးမတ်တို့လည်း သေဘာတူ၍ စော်ကဲကို မင်းမြှောက်ကြလေသည်။ ထိုမွစ၍ မကြံရွယ်ပဲဖြစ်လာသည်ဟု အဓိပ်ပါယျရသော မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ် ဟူသော စကားပုံလည်း ပေါ်ပေါက်လာလေသည်။

သီလဝသည် အလွန်စကားနည်း၍ ဣန္ဒြကြေီးကာ မိမိလုပ်စရာရှိသည့် အလုပ္ကိုသာ ဂရုစိုက်တတ်သူ ၊ သူတစ်ပါးအား ဂရုစိုက်လေ့မရှိသူ ဖြစ်သည်။

၇၅၄ ခု တွင် မိုးညှင်း သိုဟန်ဘွားသည် မြေဒူးမြို့ကို အလုံးအရင်း နှင့် ဝင်တိုက်လေသည်။ အင်းဝတပ်များခုခံသော်လည်း အားမတန်သဖြင့် စစ်ကိုင်းနှင့် အင်းဝသို့ ဆုတ္ကာ ခုခံနေရ၏။

မင်းကြီးလည်း တောင်ငူစား၊ တောင်တွင်းစား၊ ပေါက်မြိုင်စား ၊ ရမည်းသင်းစား၊ ဝတီးစား ၊ ညောင်ရမ်းစား ၊ ပင်လယ်စားတို့ကို စစ်ကူခေါ် ရတော့သည်။ ထိုသို့ခေါ်နေစဉ် အများမရောက်မီမှာပင် ရမည်းသင်းစား သီလ၀ နှင့် သူ၏တပ်သည် ထီးပေါင်းကားကို ကူး၍ အပြင်းချီကာ စီးတော်ဆင် စောရဲစွာဖြင့် ဝင်တိုက်လေတော့သည်။

ထိုအခါ ရှမ်းတပ်များထိတ်လန့်ကာ မခုခံနိုင်တော့ပဲ ရှမ်းတပ် ၁၅ တပ်လုံး ပျက်လေတော့သည်။သီလဝလည်း ရှမ်းတပ်တို့ကို အောင်မြင်ပြီးလျှင် စစ္ပြဲမွရေသာ ဆင်၊ မြင်း ၊ လူသူလက်နက် စသည်တို့ကို ဘုရင့်ထံသို့ လူလွှတ်ဆက်သစေကာ သူကေတာ့ အခစားမဝင်တော့ပဲ ရမည်းသင်းသို့ ပြန်လေသည်။

မင်းကြီးလည်း သူကိုပမာမခန့်ဟု ဆိုကာ စိတ်မသက်မသာရှိလေသည်။ စည်းတပြစ်အမတ်ကြီး(ဖိုးရာဇာ) အား ခေါ်၍ တိုင်ပင်ကာ သီလ၀ ငါ့ကို မခန့်ငြားလေသလောဟု မေးတော်မူရာ အမတ်ကြီးက အရှင်မင်းကြီး ဆင်ခြင်တော်မူပါလော့။

ရှေးက ပသေနဒီကောသလမင်းကြီးတွင် သန္တတိ အမည်ရှိသော အမတ္ကို ရွာငယ်ဇနပုဒ်ကို အောင်နိုင်ရုံမျှဖြင့် ထီးဖြူမြှောက်ကာ မင်းစည်းစိမ်ကို ခုနှစ်ရက်ပေးဖူးလေသည်။ ယောက်ဖတော် သီလဝကား လူမှု၌ မကျေပွန်။

ဘာသာနေတတ်သူဖြစ်၍ ခြေတော်ကိုဦးမခိုက်သော်ငြား အလုပ္ကို ဂရုစိုက်၍ လုပ္တတ္သူ ဖြစ်ရကား အမျက်တော်မရှသင့်ပါ ဟုလျှောက်မှ အမျက်တော်ပြေကာ သီလဝဆီသို့ ဆုလာဘ်များစွာပေးပို့လေသည်။

ဤသို့ တည်ကြည်စကားနည်းသော သီလဝသည် တစ်သက်တာလုံးတွင် သုံးကြိမ်သာ ပြုံးသည် ဟု ဆိုကြလေသည်။အခါတစ်ပါး တောသားတစ်ယောက်သည် ကြက်လက်ဆောင် ဆက်မည်ဟု သီလဝအိမ်သို့လာရာ သီလဝကို မမြင်သဖြင့် ပြန်ဆင်းသွားလေသည်။

သီလဝ၏ ဇနီးစောပုလဲမြင်လျှင်ငါသည် သီလဝ၏ မယားဖြစ်ပါလျက် ငါ့ကိုမဆက်ပဲ ပြန်သွားလေသည် ၊ ငါတို့မိန်းမတို့သည်ကား ယောကျ်ားတို့ ဘုန်းကို မှီလျက် အသက်မွေးရချေသည်တကား ဟု သီလ၀ လာသောအခါ ရွှေဖလားနှင့် ဆီး၍ ခြေကိုရေဆေးလေသည်။ ထိုအခါသီလဝက ယနေ့ ငါ့မယား ထူးခြားလှပေသည်တကား ဟု ပြုံးတော်မူ၏။

တစ်ခါကလည်း မြို့ထိပ်တွင် နေပူစာလှုံနေခိုက် ရဟန်းလူထွက်တစ် ယောက်သည် ခေါင်းပေါင်းနှင့်တွက် ကျုံးထဲရေငုပ်၍ ချိုးသည်ကို သီလ ဝမြင်လျှင် ရယ်လေ၏။

နောက် တစ်ကြိမ်က ရမည်းသင်းမြို့ဝန်းကျင်သို့ ရှမ်းစစ်သည်များ ရောက်လာသည်ကို သီလဝက ကြက်ပွဲကမထ ဂရုမစိုက်ဘဲနေလေလျှင် မယားဖြစ်သူစောပုလဲမှာ အလြန္စိုးရိမ္ကာ ဖိုသီဘတ်သီ၊ ဆံပင်ဖားလျား နှင့် ရန်သူအပြည့် မြို့ပြင်က ရှိသည်ကို ဂရုမပြုပဲ ကြက်ပွဲမှာသာ သို့စင်နေဘိ သေလာ ဟု ပြေးလာသည်ကို မြင်ရာ ငါ့မယား ဗျာပါကြီးလှလေတကား ဟု ပြုံးရယ်လေ၏။

ပြီးမှ သူ၏ တပ်နှင့်ဆေးဆေးစွာထွက်တိုက်ရာ အောင်မြင်လေ၏။ သီလဝသည် ထိုသို့သော လူမျိုးပင်ဖြစ်ပါတော့သည်။
( ဒါကို ဖတ်ပြီး တစ်သက်မှာ သုံးကြိမ်ပဲပြုံးတယ်လို့ ဆိုရအောင် မင်းလိုက်ကြည့်ထားလို့လား လို့မေးရင် ကျွန်တော်လည်း မဖြေတတ်ပါ။

တစ်သက်မှာ သုံးကြိမ်သာ ပြုံးတယ် ဆိုတဲ့သူ (သို့) ရမည်းသင်းစား သီလ၀

ဖြစ်နိုင်တာက အပြုံးအရယ်နည်းပြီး အလွန်တည်ကြည်စွာ နေတတ်တာကို တင်စားပြီး ရေးထားခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဒီဘက်ခေတ်မှာလည်း ဒီလိုလူတစ်ယောက်ရှိပါသေးတယ်။ သူကေတာ့ Tess Christian ဆိုတဲ့ အင်္ဂလန်သူဖြစ်ပါတယ်။

သူမကေတာ့ အသက် ၁၀ နှစ်က စလို့ အသက် ၅၀ကျော် အရွယ်အထိ နှစ်ပေါင်း ၄၀ ကြာ မပြုံးမရယ်ပဲနေခဲ့ပါသတဲ့။ အကြောင်းကတော့ သူမအလှပျက်သွားမှာစိုးလို့ပါတဲ့။ )

မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ ဦးဖိုးကျားစံပြုထိုက်သော ပုဂ္ဂိုလ်များ စိုးမြင့်လတ်မြန်မာ့စွယ်စုံကျမ်း

Credit

Zawgyi

တစ္သက္မွာ သုံးႀကိမ္သာ ၿပဳံးတယ္ ဆိုသူ (သို႔) ရမည္းသင္းစား သီလ၀

အင္းဝကို တည္ေထာင္သူ သတိုးမင္းဖ်ားသည္ သကၠရာဇ္ ၇၂၉ ခုႏွစ္ တြင္ ကြယ္လြန္သြားသျဖင့္ မႉးမတ္အေပါင္းတို႔ တိုင္ပင္ကာ လက္႐ုံးရည္ ႏွလုံးရည္ႏွင့္ ျပည့္စုံသူ ရမည္းသင္းစား သီလဝအား မင္းျပဳေတာ္မူရန္ ေတာင္းပန္ၾကကုန္၏။

သီလဝက-ငါသည္ တစ္ေန႔ကို စကား သုံးေလးခြန္းမွ်မေျပာ ၊ မင္းအျဖစ္ကိုလည္း အလိုမရွိ ၊ ငါ့ကိုမင္းမေျမႇာက္ႏွင့္၊ ငါ၏ေယာက္ဖေတာ္ အျမင့္မင္း ေစာ္ကဲသည္ ႏွလုံးရည္ လက္႐ုံးရည္ႏွင့္ ျပည့္စုံ၏ ၊ သို႔ေၾကာင့္ သူ႔အားမင္းေျမႇာက္ေလ ဟု ဆို၏။

မႉးမတ္တို႔လည္း ေသဘာတူ၍ ေစာ္ကဲကို မင္းေျမႇာက္ၾကေလသည္။ ထိုမြစ၍ မႀကံ႐ြယ္ပဲျဖစ္လာသည္ဟု အဓိပ္ပါယ်ရေသာ မ႐ြယ္ဘဲႏွင့္ ေစာ္ကဲမင္းျဖစ္ ဟူေသာ စကားပုံလည္း ေပၚေပါက္လာေလသည္။

သီလဝသည္ အလြန္စကားနည္း၍ ဣျႏၵေႀကီးကာ မိမိလုပ္စရာရွိသည့္ အလုပၠိဳသာ ဂ႐ုစိုက္တတ္သူ ၊ သူတစ္ပါးအား ဂ႐ုစိုက္ေလ့မရွိသူ ျဖစ္သည္။

၇၅၄ ခု တြင္ မိုးညႇင္း သိုဟန္ဘြားသည္ ေျမဒူးၿမိဳ႕ကို အလုံးအရင္း ႏွင့္ ဝင္တိုက္ေလသည္။ အင္းဝတပ္မ်ားခုခံေသာ္လည္း အားမတန္သျဖင့္ စစ္ကိုင္းႏွင့္ အင္းဝသို႔ ဆုတၠာ ခုခံေနရ၏။

မင္းႀကီးလည္း ေတာင္ငူစား၊ ေတာင္တြင္းစား၊ ေပါက္ၿမိဳင္စား ၊ ရမည္းသင္းစား၊ ဝတီးစား ၊ ေညာင္ရမ္းစား ၊ ပင္လယ္စားတို႔ကို စစ္ကူေခၚ ရေတာ့သည္။ ထိုသို႔ေခၚေနစဥ္ အမ်ားမေရာက္မီမွာပင္ ရမည္းသင္းစား သီလ၀ ႏွင့္ သူ၏တပ္သည္ ထီးေပါင္းကားကို ကူး၍ အျပင္းခ်ီကာ စီးေတာ္ဆင္ ေစာရဲစြာျဖင့္ ဝင္တိုက္ေလေတာ့သည္။

ထိုအခါ ရွမ္းတပ္မ်ားထိတ္လန္႔ကာ မခုခံႏိုင္ေတာ့ပဲ ရွမ္းတပ္ ၁၅ တပ္လုံး ပ်က္ေလေတာ့သည္။သီလဝလည္း ရွမ္းတပ္တို႔ကို ေအာင္ျမင္ၿပီးလွ်င္ စျစၸဲမြေရသာ ဆင္၊ ျမင္း ၊ လူသူလက္နက္ စသည္တို႔ကို ဘုရင့္ထံသို႔ လူလႊတ္ဆက္သေစကာ သူေကတာ့ အခစားမဝင္ေတာ့ပဲ ရမည္းသင္းသို႔ ျပန္ေလသည္။

မင္းႀကီးလည္း သူကိုပမာမခန္႔ဟု ဆိုကာ စိတ္မသက္မသာရွိေလသည္။ စည္းတျပစ္အမတ္ႀကီး(ဖိုးရာဇာ) အား ေခၚ၍ တိုင္ပင္ကာ သီလ၀ ငါ့ကို မခန္႔ျငားေလသေလာဟု ေမးေတာ္မူရာ အမတ္ႀကီးက အရွင္မင္းႀကီး ဆင္ျခင္ေတာ္မူပါေလာ့။

ေရွးက ပေသနဒီေကာသလမင္းႀကီးတြင္ သႏၲတိ အမည္ရွိေသာ အမတၠိဳ ႐ြာငယ္ဇနပုဒ္ကို ေအာင္ႏိုင္႐ုံမွ်ျဖင့္ ထီးျဖဴေျမႇာက္ကာ မင္းစည္းစိမ္ကို ခုႏွစ္ရက္ေပးဖူးေလသည္။ ေယာက္ဖေတာ္ သီလဝကား လူမႈ၌ မေက်ပြန္။

ဘာသာေနတတ္သူျဖစ္၍ ေျခေတာ္ကိုဦးမခိုက္ေသာ္ျငား အလုပၠိဳ ဂ႐ုစိုက္၍ လုပၱတ္သဴ ျဖစ္ရကား အမ်က္ေတာ္မရွသင့္ပါ ဟုေလွ်ာက္မွ အမ်က္ေတာ္ေျပကာ သီလဝဆီသို႔ ဆုလာဘ္မ်ားစြာေပးပို႔ေလသည္။

ဤသို႔ တည္ၾကည္စကားနည္းေသာ သီလဝသည္ တစ္သက္တာလုံးတြင္ သုံးႀကိမ္သာ ၿပဳံးသည္ ဟု ဆိုၾကေလသည္။အခါတစ္ပါး ေတာသားတစ္ေယာက္သည္ ၾကက္လက္ေဆာင္ ဆက္မည္ဟု သီလဝအိမ္သို႔လာရာ သီလဝကို မျမင္သျဖင့္ ျပန္ဆင္းသြားေလသည္။

သီလဝ၏ ဇနီးေစာပုလဲျမင္လွ်င္ငါသည္ သီလဝ၏ မယားျဖစ္ပါလ်က္ ငါ့ကိုမဆက္ပဲ ျပန္သြားေလသည္ ၊ ငါတို႔မိန္းမတို႔သည္ကား ေယာက်္ားတို႔ ဘုန္းကို မွီလ်က္ အသက္ေမြးရေခ်သည္တကား ဟု သီလ၀ လာေသာအခါ ေ႐ႊဖလားႏွင့္ ဆီး၍ ေျခကိုေရေဆးေလသည္။ ထိုအခါသီလဝက ယေန႔ ငါ့မယား ထူးျခားလွေပသည္တကား ဟု ၿပဳံးေတာ္မူ၏။

တစ္ခါကလည္း ၿမိဳ႕ထိပ္တြင္ ေနပူစာလႈံေနခိုက္ ရဟန္းလူထြက္တစ္ ေယာက္သည္ ေခါင္းေပါင္းႏွင့္တြက္ က်ဳံးထဲေရငုပ္၍ ခ်ိဳးသည္ကို သီလ ဝျမင္လွ်င္ ရယ္ေလ၏။

ေနာက္ တစ္ႀကိမ္က ရမည္းသင္းၿမိဳ႕ဝန္းက်င္သို႔ ရွမ္းစစ္သည္မ်ား ေရာက္လာသည္ကို သီလဝက ၾကက္ပြဲကမထ ဂ႐ုမစိုက္ဘဲေနေလလွ်င္ မယားျဖစ္သူေစာပုလဲမွာ အၾလႏၥိဳးရိမၠာ ဖိုသီဘတ္သီ၊ ဆံပင္ဖားလ်ား ႏွင့္ ရန္သူအျပည့္ ၿမိဳ႕ျပင္က ရွိသည္ကို ဂ႐ုမျပဳပဲ ၾကက္ပြဲမွာသာ သို႔စင္ေနဘိ ေသလာ ဟု ေျပးလာသည္ကို ျမင္ရာ ငါ့မယား ဗ်ာပါႀကီးလွေလတကား ဟု ၿပဳံးရယ္ေလ၏။

ၿပီးမွ သူ၏ တပ္ႏွင့္ေဆးေဆးစြာထြက္တိုက္ရာ ေအာင္ျမင္ေလ၏။ သီလဝသည္ ထိုသို႔ေသာ လူမ်ိဳးပင္ျဖစ္ပါေတာ့သည္။
( ဒါကို ဖတ္ၿပီး တစ္သက္မွာ သုံးႀကိမ္ပဲၿပဳံးတယ္လို႔ ဆိုရေအာင္ မင္းလိုက္ၾကည့္ထားလို႔လား လို႔ေမးရင္ ကြၽန္ေတာ္လည္း မေျဖတတ္ပါ။

တစ္သက္မွာ သုံးႀကိမ္သာ ၿပဳံးတယ္ ဆိုတဲ့သူ (သို႔) ရမည္းသင္းစား သီလ၀

ျဖစ္ႏိုင္တာက အၿပဳံးအရယ္နည္းၿပီး အလြန္တည္ၾကည္စြာ ေနတတ္တာကို တင္စားၿပီး ေရးထားခဲ့ၾကတာ ျဖစ္ႏိုင္ပါတယ္။ ဒီဘက္ေခတ္မွာလည္း ဒီလိုလူတစ္ေယာက္ရွိပါေသးတယ္။ သူေကတာ့ Tess Christian ဆိုတဲ့ အဂၤလန္သူျဖစ္ပါတယ္။

သူမေကတာ့ အသက္ ၁၀ ႏွစ္က စလို႔ အသက္ ၅၀ေက်ာ္ အ႐ြယ္အထိ ႏွစ္ေပါင္း ၄၀ ၾကာ မၿပဳံးမရယ္ပဲေနခဲ့ပါသတဲ့။ အေၾကာင္းကေတာ့ သူမအလွပ်က္သြားမွာစိုးလို႔ပါတဲ့။ )

ျမန္မာ့ဂုဏ္ရည္ ရာဇဝင္ဖတ္စာ ဦးဖိုးက်ားစံျပဳထိုက္ေသာ ပုဂၢိဳလ္မ်ား စိုးျမင့္လတ္ျမန္မာ့စြယ္စုံက်မ္း

Credit

Leave a Reply

Your email address will not be published. Required fields are marked *