“လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံး အဆောင် အကြောင်း”
တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာက ကျွန်တော်စ ခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။
၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို……… အဲ့… သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဥ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဥ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်…… မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့…… စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ……
၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်… အရမ်းကိုရောင်းရတယ်…… အလှူပေးနေသလိုကိုရောင်းရတာ…သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါး အုတ်ခုံမှာ အဲဒီ လှိမ့်ဝင် အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ ပုံလေး တင်ထားတာတွေ့ရပါတယ်…သူ့ထမင်းဆိုင်ကတော့ လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ……
၃။ အဲ ဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေ တစ်ယောက် နှစ်ယောက်ကို အဲဒီ အရုပ်လေး နှစ်ခုကို ထားဖို့ ပြောလိုက်တာ သူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဥ့်ကူးက စဉ်အိုးသည်တွေ လာတာနဲ့ အဲဒီ အရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်း လုံးဝ မဆပ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အကြွေးတွေ ကြေပြီး အဆင်ပြေ သူတွေဖြစ်နေပါပြီဗျာ………
”လှိမ့်ဝင် တည်သုံး” စဥ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ”
အဲဒီလှိမ့်ဝင် တည်သုံး အရုပ်လေးတွေ က ဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ ။ ပညှပ်သွားရာ ဓါတ်သက်ပါ ဆိုသလို လူအများသုံးစကား လှိမ့်ဝင် ဆိုတာကို ယူပြီး လှိမ့်ဝင် နေတဲ့ …အရုပ်ကလေး တွေ ကို စီရင်ပေးသွားတာပါ ။
အဲဒီမှာ စဥ့်အိုး လေး ကို လှိမ့်ဝင်နေတဲ့ ကောင်လေး( ၂ ၄ ) ပုံ လေးပါ ။ စဥ့်အိုးကို ဘာလို့သုံးလဲ . တစ်ခြားဟာတစ်ခုခုကိုလည်း လှိမ့်ဝင် လို့ ရတာပဲ လို့ တွေးမိတော့ .. စဥ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ် ထင်ပါ တယ် ။ လှိမ့်ဝင် ဆိုတာကတော့ဗျာ လှမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့.. လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေ တစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည် ။ ကျောင်းတည် ။ ဇရပ် တည် ။ သာသနာ တည် နိုင်တဲ့ အထိ သုံး နိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင် သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ ။
“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”
သန ချေ ရပါတယ်။ အညံ့ခြေရပါတယ်။ ကိုယ့်စီးပွားအတွက် အထွဋ် အမြတ်ဆောင် မည့် ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား အမျိုးသမီး ကလေး လူကြီး ကျော်ခွသွားတာ မျိုး ၊ ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံ ကို ဆား ၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ် ချောင်းက ဆေးဖြစ်စေ ဆိုပြီး ၃ ခါ ပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလို လက်ယာရစ် မွှေပြီး ပါးစပ်မှလည်း ““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီး မှ အဲဒီ အရုပ် များကို ၎င်းရေနဲ့ ဆေးပါ ။ ပြီးမှ ၎င်း အရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက် သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုး ကို အိမ်ဘက် အတွင်းသို့ ထားပြီး အိမ်ရှေ့မှာ ထားလိုက်ပါ ။ တည်သုံး အိုး လေးကိုတော့ အလုပ်စားပွဲ ၊ အိပ်ခန်းစားပွဲ ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ ။
လှိမ့်ဝင်အိုးကို အိမ်အပြင် က နေ အိမ်ထဲ ဖက်ကို လှည့်ထားရပါမယ်။ ဖြစ်နိုင်ရင် အိမ်အဝင် အမြင့်တနေရာမှာထားပါ။ တည်အိုးကို မိမိအိမ်ထဲမှ-ဂဟပတိ အရပ်သို့ လှည့်ထားပေးပါ ။ ဂဟပတိအရပ်ဟူသည်
တနင်္ဂနွေ (သား-သမီး အတွက်) အ နောက်တောင် အရပ်ဟူ၍မှတ်ပါလေ။ တနင်္လာ (သား-သမီး အတွက်) အ နောက် စူးစူး အရပ် ဟူ၍မှတ်ပါလေ။ အင်္ဂါ (သား-သမီး အတွက်) အ နောက် မြောက် အရပ် ဟူ၍မှတ်ပါလေ။ ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက် အရပ် ဟူ၍မှတ်ပါလေ။ ရာဟု – (သား-သမီး အတွက်) အ ရှေ့တောင် အရပ် ဟူ၍မှတ်ပါလေ။ ကြာသပတေး – (သား-သမီး အတွက်) အ ရှေ့စူးစူး အရပ် ဟူ၍မှတ်ပါလေ။ သောကြာ (သား-သမီး အတွက်) တောင် အရပ် ဟူ၍မှတ်ပါလေ။ စနေ -(သား-သမီး အတွက်) အ ရှေ့မြောက် အရပ် ဟူ၍မှတ်ပါလေ။
လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေရနာရီခွဲအတွင်း စတင်ပြီးထားပါ။ နေ့စဉ်ရှင်သီဝလိ ၁၀ ဂါထာရွတ်ပေးပါ။ (နေ့စဉ်ရွတ်ဆိုပါရန်) လှိမ့်ဝင်အိုးမှာကော တည်သုံးအိုးမှာပါ ငွေ ၃၆၀၀ ကျပ်စီထည့်ပေးထားပါ။
သိသိသာသာငွေဝင်လာပါလိမ့်မည်။ ချေးထားပြီးပြန်မရသောငွေများ အရူံးပေါ်နေသောလုပ်ငန်းများ ငွေကြေးကိစ္စနဲ့ပတ်သက်သောလုပ်ငန်းကိစ္စမှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ ငွေကံပွင့်လာပါက မကြာခဏဒါနပြုပါ။ ပံ့သကူဒါနပစ်ပါ။ ငွေအိုးကြီးလှိမ့်ယူလာပြီ ရွှေတွေတည်သုံးမည်။
လူ မ ဝင်သော ဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများလှိမ့်ဝင်လာ ပါလိမ့်မယ် ။ အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာတိုးတက်လာ တာကို တွေ့ရပါလိမ့်မည် ။ တစ်ပတ် လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်း ပါးသွားတာ မျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေး ကို မျက်နှာသစ်ပေးလိုက်ပါ ။ ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ ။ ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ်တီးပြီးပြောလိုက်ပါ ။ ဝင်လာပါလိမ့်မယ်ဗျာ .. ပထမဆုံး ဝင်သောငွေမှ အနည်းအကျင်းကို ဘုရားလှူ လိုက်ပါ ။ ပြီးမှ ကျန်တဲ့ ပိုက်ဆံကို သုံးပါလေ ။ ပထမ ဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။
နောက်ပြီး လာဒ်တိတ်စေ တဲ့ အကြောင်းတရားတွေ ကို ရှောင်ပေးရပါတယ်။ အရင် က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ် ဗျာ။
၁။ မနက် အိပ်ယာထလျှင် အိမ်သာ ထဲသို တန်း မသွားရ ၊ မီးဖို ချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်းမလုပ်ရပါ။ လာဒ်တိတ်တတ်ပါသည်။ ၂။ ထမင်းစားလျှင် ဘေးမှာကျနေသာ အမှိုက်များကို ထမင်းစားပြီး လျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။ ၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ် ဆိုပြီး မီးဖို ချောင်ထဲမှာ မဆေးပဲ တစ်ညလုံး ပုံမထား သင့်ပါ။
၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊ တဘက် ၊ ပုဆိုး အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ်မလုပ်ရပါ။ ၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီးစကားများ ရန် မဖြစ်ရ။ မငြူစူးရ ၊ ဒေါသမဖြစ်ရပါ။ စောစော စီးစီး နိမိတ် မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ။
အဲဒီ ၅ ချက် ၂ ချက်လောက် လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ ထို့ကြောင့် အဲဒီ အချက်များ ကို ရှောင်သင့်ပါသည်။
အားလုံး ငွေကြေး ရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီး အလှူ အတမ်း ၊ ဘာသာရေး ၊ သာသာနာရေး ။ ပရဟိတ အရေး အတွက် တည်သုံးနိုင်ကြပါစေ လို့ ဆုတောင်း မေတ္တာ ပို့သ ရင်း …
ထွန်းအောင်လူ
Zawgyi
“လွိမ့္ဝင္=တည္သုံး အိုးႏွစ္လုံး အေဆာင္ အေၾကာင္း”
တစ္ႏိုင္ငံလုံးစိတ္ဝင္စားေနၾကတဲ့ လွိမ့္ဝင္တည္သုံးယၾတာက ကြၽန္ေတာ္စ ခဲ့တဲ့ ဇာတ္လမ္းပါ ။ အျဖစ္က ဒီလိုပါ ။
၁။ မိတ္ေဆြတစ္ေယာက္နဲ႔ ၂ႏွစ္ခြဲေနမွ ျပန္ေတြ႕ေတာ့ သူ႔မိသားစုကေတာ္ေတာ္ေလး အဆင္ေျပေနၿပီး အရင္ ထရံအိမ္ေလးေနရာမွာ အာစီတစ္ထပ္တိုက္ႀကီးနဲ႔ေပါ့ အရမ္းကိုအဆင္ေျပၿပီးေနာက္ထပ္တိုက္တစ္လုံးေတာင္ ေဆာက္ေနတယ္လို႔ ေျပာပါတယ္။ သူ႔လုပ္ငန္းက တအားလွိမ့္ဝင္သြားတာကို……… အဲ့… သူ႔အိမ္ေရွ႕အဝင္ ဝ မွာ လွိမ့္ဝင္ စဥ့္အ႐ုပ္ေလးကို အိမ္ဘက္လွိမ့္ဝင္ေနတဲ့ ပုံခ်ိတ္ထားတာေတြ႕ရပါတယ္ အိမ္ဧည့္ခန္းမွာေတာ့ စဥ့္အိုးေလးတည္ေနတဲ့ပုံကို တင္ထားတာေတြ႕ရပါတယ္…… ေမးၾကည့္ေတာ့ လွိမ့္ ဝင္ တည္ သုံးေလတဲ့…… စီးပြားျဖစ္တယ္ လုပ္ငန္းေကာင္းတယ္တဲ့ဗ်ာ……
၂။ ကြၽန္ေတာ္တို႔ ၿမိဳ႕မွာ ထမင္းဆိုင္တစ္ဆိုင္ ရွိတယ္… အရမ္းကိုေရာင္းရတယ္…… အလႉေပးေနသလိုကိုေရာင္းရတာ…သူတို႔အိမ္မွာလည္း အိမ္ေရွ႕သံတံခါး အုတ္ခုံမွာ အဲဒီ လွိမ့္ဝင္ အ႐ုပ္ေလး အိမ္ဘက္ကို လွိမ့္ဝင္ေနတဲ့ ပုံေလး တင္ထားတာေတြ႕ရပါတယ္…သူ႔ထမင္းဆိုင္ကေတာ့ လူေတြ လွိမ့္ဝင္ေနေတာ့တာပါပဲဗ်ာ……
၃။ အဲ ဒါနဲ႔ လူမဝင္ လုပ္ငန္းမေကာင္းတဲ့ သူနဲ႔ အေႂကြးတင္ေနတဲ့မိတ္ေဆြ တစ္ေယာက္ ႏွစ္ေယာက္ကို အဲဒီ အ႐ုပ္ေလး ႏွစ္ခုကို ထားဖို႔ ေျပာလိုက္တာ သူတို႔လည္း ေက်ာက္ဆည္ တေပါင္းပြဲနဲ႔ႀကဳံေတာ့ စဥ့္ကူးက စဥ္အိုးသည္ေတြ လာတာနဲ႔ အဲဒီ အ႐ုပ္ေလးကို တစ္႐ုပ္ကို အိမ္ေရွမွာထားၿပီး တစ္႐ုပ္ကို အိမ္ထဲမွာထားဖို႔ ေျပာလိုက္တာ အဲဒီ ၃ေယာက္ဟာ ၆လအတြင္း လုံးဝ မဆပ္ႏိုင္ေတာ့ဘူးလို႔ ထင္ထားတဲ့ အေႂကြးေတြ ေၾကၿပီး အဆင္ေျပ သူေတြျဖစ္ေနပါၿပီဗ်ာ………
”လွိမ့္ဝင္ တည္သုံး” စဥ့္အိုးေလးေတြ ဘယ္လို ဓာတ္ဆင္ရတာပါလဲ”
အဲဒီလွိမ့္ဝင္ တည္သုံး အ႐ုပ္ေလးေတြ က ဟို အရင္ ေလာကီပညာရွင္ (ဆန္းပညာရွင္) ေတြ လုပ္သြားခဲ့တာပါ ။ ပညႇပ္သြားရာ ဓါတ္သက္ပါ ဆိုသလို လူအမ်ားသုံးစကား လွိမ့္ဝင္ ဆိုတာကို ယူၿပီး လွိမ့္ဝင္ ေနတဲ့ …အ႐ုပ္ကေလး ေတြ ကို စီရင္ေပးသြားတာပါ ။
အဲဒီမွာ စဥ့္အိုး ေလး ကို လွိမ့္ဝင္ေနတဲ့ ေကာင္ေလး( ၂ ၄ ) ပုံ ေလးပါ ။ စဥ့္အိုးကို ဘာလို႔သုံးလဲ . တစ္ျခားဟာတစ္ခုခုကိုလည္း လွိမ့္ဝင္ လို႔ ရတာပဲ လို႔ ေတြးမိေတာ့ .. စဥ့္အိုး = ၃ ၁ ဆိုတာ ေအာင္ေစ = ေအးေစ = ၁ ၃ ကို ကက္ကင္း႐ိုက္သြားတယ္ ထင္ပါ တယ္ ။ လွိမ့္ဝင္ ဆိုတာကေတာ့ဗ်ာ လွမ့္ဝင္ = ၄ ၄ = ေ႐ႊလာ = လူလာ = လိုရာ = ရလာ ဓါတ္ေပါ့.. လွိမ့္ဝင္ ၿပီးေတာ့ဘာလုပ္မလဲ ဆိုေတာ့ တည္သုံးေလ တစ္႐ုပ္လုပ္သြားပါတယ္။ လွိမ့္ဝင္လာတဲ့ဟာေတြကို ဘုရားတည္ ။ ေက်ာင္းတည္ ။ ဇရပ္ တည္ ။ သာသနာ တည္ ႏိုင္တဲ့ အထိ သုံး ႏိုင္ဖို႔ ေလာကီဝိဇၨာ အဘမ်ားက စီရင္ သြားခဲ့တဲ့ ဓါတ္အ႐ုပ္ေလးေတြပါ ။
“ဘယ္လို သုံးမလဲ ၊ ဘယ္လို ေဆာင္မလဲ”
သန ေခ် ရပါတယ္။ အညံ့ေျခရပါတယ္။ ကိုယ့္စီးပြားအတြက္ အထြဋ္ အျမတ္ေဆာင္ မည့္ ပစၥည္းဟာ ကားနဲ႔သယ္လားရင္ အမ်ိဳးသား အမ်ိဳးသမီး ကေလး လူႀကီး ေက်ာ္ခြသြားတာ မ်ိဳး ၊ ကားထိုင္ခံေအာက္ထဲထည့္ သယ္လာတာမ်ိဳး ေတြရွိတတ္ပါတယ္။ အဲဒီလို အညံ့ဓါတ္ေတြ ကင္းဖို႔ ဆားရည္ (ေရ ၁ ဂါလံ ကို ဆား ၂ ဇြန္းထည့္ၿပီး)ကို ဇလုံထဲထည့္ၿပီး လက္ဆယ္ ေခ်ာင္းက ေဆးျဖစ္ေစ ဆိုၿပီး ၃ ခါ ေျပာၿပီး လက္ႏွစ္ဖက္ကို ဇလုံထဲထည့္ၿပီး သနပ္ခါး ေသြးသလို လက္ယာရစ္ ေမႊၿပီး ပါးစပ္မွလည္း ““ ဥဳမ္ သန သန သန အေပါင္း ေထာင္ေသာင္း ေၾကစရာ ေၾက ”” ဆိုၿပီး ၃၇ ေခါက္ ႐ြတ္ၿပီး မွ အဲဒီ အ႐ုပ္ မ်ားကို ၎ေရနဲ႔ ေဆးပါ ။ ၿပီးမွ ၎ အ႐ုပ္မ်ားကို ေရေမႊး (နဝင္းေရ) ရည္နဲ႔ ပက္ျဖန္းၿပီးမွာ အိမ္ဘက္ သို႔ အိုးလွိမ့္ ဝင္ေနတဲ့ ပုံ အိုး ကို အိမ္ဘက္ အတြင္းသို႔ ထားၿပီး အိမ္ေရွ႕မွာ ထားလိုက္ပါ ။ တည္သုံး အိုး ေလးကိုေတာ့ အလုပ္စားပြဲ ၊ အိပ္ခန္းစားပြဲ ၊ အိမ္ထဲမွာ ထားထားလိုက္ ထူးထူးျခားျခား အဆင္ေျပလာတာကို ေတြ႕ရပါလိမ့္မယ္ ခင္ဗ်ာ ။
လွိမ့္ဝင္အိုးကို အိမ္အျပင္ က ေန အိမ္ထဲ ဖက္ကို လွည့္ထားရပါမယ္။ ျဖစ္ႏိုင္ရင္ အိမ္အဝင္ အျမင့္တေနရာမွာထားပါ။ တည္အိုးကို မိမိအိမ္ထဲမွ-ဂဟပတိ အရပ္သို႔ လွည့္ထားေပးပါ ။ ဂဟပတိအရပ္ဟူသည္
တနဂၤေႏြ (သား-သမီး အတြက္) အ ေနာက္ေတာင္ အရပ္ဟူ၍မွတ္ပါေလ။ တနလၤာ (သား-သမီး အတြက္) အ ေနာက္ စူးစူး အရပ္ ဟူ၍မွတ္ပါေလ။ အဂၤါ (သား-သမီး အတြက္) အ ေနာက္ ေျမာက္ အရပ္ ဟူ၍မွတ္ပါေလ။ ဗုဒၶဟူး (သား-သမီး အတြက္) -ေျမာက္ အရပ္ ဟူ၍မွတ္ပါေလ။ ရာဟု – (သား-သမီး အတြက္) အ ေရွ႕ေတာင္ အရပ္ ဟူ၍မွတ္ပါေလ။ ၾကာသပေတး – (သား-သမီး အတြက္) အ ေရွ႕စူးစူး အရပ္ ဟူ၍မွတ္ပါေလ။ ေသာၾကာ (သား-သမီး အတြက္) ေတာင္ အရပ္ ဟူ၍မွတ္ပါေလ။ စေန -(သား-သမီး အတြက္) အ ေရွ႕ေျမာက္ အရပ္ ဟူ၍မွတ္ပါေလ။
လွိမ့္ဝင္=တည္သုံး အိုးႏွစ္လုံးကို မိမိေမြးေန႔မနက္ ၆နာရီကေနရနာရီခြဲအတြင္း စတင္ၿပီးထားပါ။ ေန႔စဥ္ရွင္သီဝလိ ၁၀ ဂါထာ႐ြတ္ေပးပါ။ (ေန႔စဥ္႐ြတ္ဆိုပါရန္) လွိမ့္ဝင္အိုးမွာေကာ တည္သုံးအိုးမွာပါ ေငြ ၃၆၀၀ က်ပ္စီထည့္ေပးထားပါ။
သိသိသာသာေငြဝင္လာပါလိမ့္မည္။ ေခ်းထားၿပီးျပန္မရေသာေငြမ်ား အ႐ူံးေပၚေနေသာလုပ္ငန္းမ်ား ေငြေၾကးကိစၥနဲ႔ပတ္သက္ေသာလုပ္ငန္းကိစၥမွန္သမွ် သိသိသာသာ အဆင္ေျပလာပါလိမ့္မည္။ ေငြကံပြင့္လာပါက မၾကာခဏဒါနျပဳပါ။ ပံ့သကူဒါနပစ္ပါ။ ေငြအိုးႀကီးလွိမ့္ယူလာၿပီ ေ႐ႊေတြတည္သုံးမည္။
လူ မ ဝင္ေသာ ဆိုင္မ်ား တည္းခိုခန္းမ်ား ဟိုတယ္မ်ား လူမ်ားလွိမ့္ဝင္လာ ပါလိမ့္မယ္ ။ အေရာင္းအဝယ္ လုပ္ငန္းမ်ား သိသိသာသာတိုးတက္လာ တာကို ေတြ႕ရပါလိမ့္မည္ ။ တစ္ပတ္ ေလာက္ လွိမ့္ဝင္ေနၿပီး ေနာက္ပိုင္းနည္းနည္း ပါးသြားတာ မ်ိဳးျဖစ္ခဲ့ရင္ေတာ့ လွိမ့္ဝင္ အ႐ုပ္ကေလး ကို မ်က္ႏွာသစ္ေပးလိုက္ပါ ။ ၿပီးေတာ့ ေရေမႊးေလး ျဖန္ေပးလိုက္ပါ ။ ၿပီးေတာ့ ““လာထား လာထား”” ဆိုၿပီး လက္ခုတ္တီးၿပီးေျပာလိုက္ပါ ။ ဝင္လာပါလိမ့္မယ္ဗ်ာ .. ပထမဆုံး ဝင္ေသာေငြမွ အနည္းအက်င္းကို ဘုရားလႉ လိုက္ပါ ။ ၿပီးမွ က်န္တဲ့ ပိုက္ဆံကို သုံးပါေလ ။ ပထမ ဆုံးဝင္တဲ့ ပိုက္ဆံကို အနိဌ ပစၥည္းေတြ ဝယ္မသုံးလိုက္ပါနဲ႔ ။
ေနာက္ၿပီး လာဒ္တိတ္ေစ တဲ့ အေၾကာင္းတရားေတြ ကို ေရွာင္ေပးရပါတယ္။ အရင္ က ေရးခဲ့ဖူးပါတယ္။ အခုျပန္ေရး ျပလိုက္ရပါတယ္ ဗ်ာ။
၁။ မနက္ အိပ္ယာထလွ်င္ အိမ္သာ ထဲသို တန္း မသြားရ ၊ မီးဖို ေခ်ာင္ထဲသို႔ တန္းသြားၿပီး မီးေမြးျခင္း ထမင္းအိုးတည္းျခင္း တန္းမလုပ္ရပါ။ လာဒ္တိတ္တတ္ပါသည္။ ၂။ ထမင္းစားလွ်င္ ေဘးမွာက်ေနသာ အမႈိက္မ်ားကို ထမင္းစားၿပီး လွ်င္ မိမိပန္းကန္ထဲသို႔ ထည့္ၿပီး ေဆးဖို႔ မယူသြားရပါ။ ၃။ စားၿပီး အိုးခြက္ပန္းကန္မ်ားကို မနက္မွ ေဆးေတာ့ပါမယ္ ဆိုၿပီး မီးဖို ေခ်ာင္ထဲမွာ မေဆးပဲ တစ္ညလုံး ပုံမထား သင့္ပါ။
၄။ အိမ္ေထာင္ဦး အမ်ိဳးသား၏ အက်ီး ၊ စြတ္က်ယ္ ၊ တဘက္ ၊ ပုဆိုး အေဟာင္းမ်ားကို ၾကမ္းသုတ္ လက္သုတ္ ဖုန္သုတ္မလုပ္ရပါ။ ၅။ လင္မယားအခ်င္းခ်င္း ၉ နာရီ မေက်ာ္မီ ေစာေစာစီးစီးစကားမ်ား ရန္ မျဖစ္ရ။ မျငဴစူးရ ၊ ေဒါသမျဖစ္ရပါ။ ေစာေစာ စီးစီး နိမိတ္ မေကာင္းေသာ အမဂၤလာ သီခ်င္းမ်ား မဖြင့္ရပါ။
အဲဒီ ၅ ခ်က္ ၂ ခ်က္ေလာက္ လုပ္မိလွ်င္ လာဒ္တိတ္ေစတတ္ပါတယ္။ ေငြဝင္ပါလွ်င္လည္း အသာလြတ္ ျပန္ျပန္ထြက္သြားတတ္ပါသည္။ ထို႔ေၾကာင့္ အဲဒီ အခ်က္မ်ား ကို ေရွာင္သင့္ပါသည္။
အားလုံး ေငြေၾကး ရတနာမ်ား လုပ္ငန္းေကာင္းမ်ား လွိမ့္ဝင္ၾကၿပီး အလႉ အတမ္း ၊ ဘာသာေရး ၊ သာသာနာေရး ။ ပရဟိတ အေရး အတြက္ တည္သုံးႏိုင္ၾကပါေစ လို႔ ဆုေတာင္း ေမတၱာ ပို႔သ ရင္း …
ထြန္းေအာင္လူ
Zawgyi