အိပ်နေရင်း ရုတ်တရတ် ခန္ဓာကိုယ်သိမ့်ခနဲ တုန်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

အေထြအေထြဗဟုသုတ

အိပ်နေရင်း ရုတ်တရတ် ခန္ဓာကိုယ်သိမ့်ခနဲ တုန်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

အိပ်နေစဉ် အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျ သလို၊ ချော်လဲ သလို မျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက် မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြ ပါလိမ့်မယ်။

ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို ဒီဆောင်းပါးလေး ကနေ တစ်ဆင့် စာဖတ်ပရိတ်တို့နားလည် သိရှိ ရအောင် ရှင်းပြပေး သွားပါ့ မယ်။

တော်တော်များများက တစ်ခုခုနဲ့ တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက် လိုက်သလို မျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်း ဆတ်ခနဲ တုန်သွား တတ်ကြပေမဲ့ တချို့တလေ ကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထား သလို မျိုးကြောင့် တုန်တတ်ကြပါတယ်။

သင်ဟာ ဒီလိုမျိုး မကြာခဏဖြစ် တတ်သူ ဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေ သုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေ ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

အိုခေ … ဒီလိုဆိုရင် ဘာကြောင့် အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလို ခံစားရ တာလဲ ဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွား လိုက်ကြ ရအောင်ပါ။

ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်း မအိပ်စက်သေး ပါဘူး။

ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်က ခန္ဓာကိုယ်ကို မြန်မြန်နိုးထစေဖို့ရာ အိမ်မက်အနေနဲ့ ဖန်တီးသတိပေး လိုက်တာမျိုးလည်း ဖြစ်ပါတယ်။

Zawgyi

အိပ္ေနရင္း ႐ုတ္တရတ္ ခႏၶာကိုယ္သိမ့္ခနဲ တုန္ရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း

အိပ္ေနစဥ္ အတြင္း အျမင့္တစ္ခုခုေပၚကျပဳတ္က် သလို၊ ေခ်ာ္လဲ သလို မ်ိဳးေၾကာင့္ ခႏၶာကိုယ္ဆတ္ခနဲတုန္တက္လာရတဲ့ ခံစားခ်က္ မ်ိဳးကို ကြၽန္ေတာ္တို႔အားလုံး ႀကဳံဖူးၾက ပါလိမ့္မယ္။

ဒီလိုမ်ိဳးေတြခဏ၊ ခဏျဖစ္တာ ဘာေၾကာင့္လဲ ဆိုတဲ့ အေျဖကို ဒီေဆာင္းပါးေလး ကေန တစ္ဆင့္ စာဖတ္ပရိတ္တို႔နားလည္ သိရွိ ရေအာင္ ရွင္းျပေပး သြားပါ့ မယ္။

ေတာ္ေတာ္မ်ားမ်ားက တစ္ခုခုနဲ႔ တိုက္မိသလို၊ တစ္စုံတစ္ေယာက္က႐ိုက္ လိုက္သလို မ်ိဳးနဲ႔ တစ္ေနရာရာက ျပဳတ္က်သလိုမ်ိဳးေၾကာင့္ အိပ္ေနရင္း ဆတ္ခနဲ တုန္သြား တတ္ၾကေပမဲ့ တခ်ိဳ႕တေလ ကေတာ့ တစ္ေယာက္ေယာက္က တက္ဖိထားသလို၊ ညႇစ္ထား သလို မ်ိဳးေၾကာင့္ တုန္တတ္ၾကပါတယ္။

သင္ဟာ ဒီလိုမ်ိဳး မၾကာခဏျဖစ္ တတ္သူ ဆိုရင္ေတာ့ ကဖင္းဓာတ္နဲ႔ ေဆးလိပ္ေတြ သုံးစြဲျခင္းကို အမွန္တကယ္ကို ေလ်ာ့ခ်သင့္ပါၿပီ။ ဒါ့အျပင္ ၎ဓာတ္ႏွစ္မ်ိဳးဟာ သင့္ရဲ႕အိပ္စက္မႈေတြ ကိုပါ ထိခိုက္လာေစႏိုင္ပါတယ္။

အိုေခ … ဒီလိုဆိုရင္ ဘာေၾကာင့္ အိပ္ေနရင္းနဲ႔ အျမင့္တစ္ေနရာေပၚကေန ျပဳတ္က်သလို ခံစားရ တာလဲ ဆိုတဲ့ ေခါင္းစဥ္ဆီကို ျပန္သြား လိုက္ၾက ရေအာင္ပါ။

ပင္ပန္းမႈေတြ၊ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြနဲ႔ အိပ္စက္လိုက္တဲ့အခါ ခႏၶာကိုယ္ကအိပ္စက္သြားေပမဲ့ ဦးေႏွာက္ကေတာ့ တကယ္တမ္း မအိပ္စက္ေသး ပါဘူး။

ဒီအခ်ိန္မ်ိဳးမွာ ဦးေႏွာက္က အိပ္စက္ေနတဲ့ ခႏၶာကိုယ္ကို ႏိုးထဖို႔ အခ်က္ျပသတိေပးျခင္းပဲ ျဖစ္ပါတယ္။ ဦးေႏွာက္က ခႏၶာကိုယ္ကို ျမန္ျမန္ႏိုးထေစဖို႔ရာ အိမ္မက္အေနနဲ႔ ဖန္တီးသတိေပး လိုက္တာမ်ိဳးလည္း ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *