” အရည်းကြီးတွေမိခဲ့တဲ့ ကျိန်စာနဲ့ ဥရောပအလယ်ခေတ်က ပန်းဦးလွှတ်ခြင်းဓလေ့ ”

ၾကားသိရသမွ်

ပုဂံရာဇဝင်ကို ပြန်လှန်တဲ့အခါတိုင်း လူညစ်ထေးတွေအဖြစ် နှစ်ပေါင်းထောင်ချီ တံဆိပ်အကပ်ခံထားရတဲ့ လူတစ်စုရှိတယ်။

အရည်းကြီးတွေကို ငယ်ငယ်တုန်းက အိပ်ယာဝင် ပုဂံ ပုံပြင်တွေကစလို့ စာပေဝတ္ထုနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာပါ အမြဲတမ်း ဗီလိန်အဖြစ်နဲ့ပဲ မြင်နေခဲ့ရပါတယ်။

ရာဇဝင်တွေမှာတော့ ပုဂံပြည် အနော်ရထာမင်းလက်ထက် မတိုင်ခင် စစ်မှန်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ မထွန်းကားသေးခင်မှာ သာသနာရေးဟာ ရှုပ်ထွေးနေခဲ့တယ်။ဗြဟ္မဏအယူဝါဒတွေ၊ ဟိန္ဒူအယူဝါဒ၊ မဟာယာနဗုဒ္ဓဘာသာ၊ တန္တရ၊ မန္တရ ဝါဒတွေအပြင် အရည်းကြီးသာသနာဟာလည်း အင်အားကြီးဝါဒတစ်ခုပါပဲ။

(Brahminy, Hindu, Mahayana, Tantric, Mantra and Ari)ပုပ္ပါးတောင်အနီးမှာရှိတဲ့ သမထီးအရပ်မှာ ဌာနချုပ်တည်တဲ့ အရည်းကြီးသာသနာဟာ ခရစ်သက္ကရာဇ် ၉၃၁ ခုနှစ် တောင်သူကြီးမင်းလက်ထက်မှာတော့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါတယ်။

သမိုင်းထဲမှာတော့ ဆရာကြီး အပါး ၃၀ နဲ့ တပည့်တပမ်း ၆၀၀၀၀ အထိ ပုဂံပြည်မှာ တန်ခိုးထွားခဲ့ကြတယ်။အရည်းကြီးတွေကို ပညာရှင်တချို့က မြောက်ပိုင်းမဟာယာနအနွယ်ဝင်တွေလို့ ယူဆကြသလို တချို့ကလည်း တောင်ပိုင်း တန္တရအဆက်အနွယ်တွေလို့လည်း ကောက်ချက်ချကြတယ်။

သူတို့ဟာ ဆံပင်ကို လက်လေးသစ်အထိအရှည်ထားကြတယ်၊ မုတ်ဆိတ်ကျင်စွယ်ကို မပယ်သတ်ကြဘူး၊ နက်ပြာရောင် သင်္ကန်းကိုပဲဝတ်ဆင်ကြတယ်။

” ရေငုတ်၊ တုံးခုန်၊ မီးလှုံ၊ ဇယ်ခုတ် ” ဆိုတဲ့ ကျင့်စဉ်တွေကို ကျင့်ကြတယ်။အဆိုးဆုံးနဲ့ နာမည်အကြီးဆုံးကျင့်စဉ်ကတော့ ” ပန်းဦးလွှတ်ခြင်း ” လို့ခေါ်တဲ့ မင်္ဂလာဦးညမှာ သတို့သမီးရဲ့ အပျိုရည်ကို ဆက်သရတာပါပဲ။ရာဇဝင်တွေမှာလည်း အဲဒီလိုဖော်ပြခဲ့ကြတယ်။စာပေ ရုပ်ရှင်တွေမှာလည်း ဒီလိုပဲ ပုံဖော်ခဲ့ကြတယ်။

” အရည်းကြီးတွေ ပုဂံမှာ တကယ်ရှိခဲ့သလား ” ဆိုတာ သက်သေပြနိုင်ဖို့ ပညာရှင်တွေကြိုးပမ်းကြတဲ့အခါခရစ်သက္ကရာဇ် ၁၂၀၀ ဝန်းကျင်ခန့် ရေးထိုးခဲ့တဲ့ ကျောက်စာတစ်ခုမှာ ” ထမင်းအပြည့်နှင့် သပိတ်တစ်ထောင်ကို အရည်းကြီးရဟန်းတို့အား ကပ်လှူပါ၏ ” ဆိုပြီး တွေ့ခဲ့ရတယ်။

အဲဒါအပြင် မင်းနန်သူရွာအနီးက ဘုရားသုံးဆူနဲ့ နန္ဒပညာ ဂူနံရံက နံရံဆေးရေးပန်းချီတွေမှာလည်း အရည်းကြီးများ ပန်းဦးလွှတ်နေဟန် လို့ယူဆရတဲ့ ပန်းချီတွေကို သွားတွေ့ရပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲဒီပုံတွေဟာ မြတ်စွာဘုရားကို မာရ်နတ်ဖျားယောင်းနေဟန်တွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပုံဂံပြည်မှာ အရည်းကြီးတွေရှိခဲ့တာကတော့ သေချာသလောက်ရှိနေပါတယ်။ဒါပေမယ့် ခေတ်အဆက်ဆက် ပုံအဖော်ခံခဲ့ရသလို သူတို့တွေဟာ တကယ် လူညစ်ထေးတွေပဲလား . .ပုံအဖော်ခံခဲ့ရသလောက်ဆိုးညစ်ခဲ့ကြသလား . . ဆိုတာကိုတော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇဝင် (နိဒါန်း) မှာ ဒီလို ဖော်ပြထားပါတယ်။

၁။ အရည်းကြီးဂိုဏ်းသည် ပြောသလောက်မဆိုး။

၂။ အရည်းကြီးဂိုဏ်းကို ဘယ်သောအခါမှ မင်းမိန့်နှင့် မနှိပ်ကွပ်။

၃။ ပုဂံခေတ်တစ်လျှောက်လုံးမှာ အရည်းကြီးဂိုဏ်းသည် အမျိုးသားဂိုဏ်း(မြန်မာဂိုဏ်း)ဖြစ်၍ သူတို့ကို ဆန့်ကျင်သော ဂိုဏ်းမှာ နိုင်ငံခြားဂိုဏ်း(သီဟိုဠ်ဂိုဏ်း)သာဖြစ်ရကား သီဟိုဠ်ဆန်သောဆရာတော်များသည် ဝိနည်းကို အလွန်အကြူးရိုသေသည်ကို ကျေနပ်သော်လည်း အမျိုးသားဂိုဏ်း အရည်းကြီးတို့ကိုလည်း မကဲ့ရဲ့၊ မရှုတ်ချပေ။

၄။ ဓမ္မစေတီခေါ် ရာဇဓိပတိလက်ထက် အေဒီ ၁၄၈၀ တွင်မှ မင်းအားပေးလွန်းသဖြင့် သီဟိုဠ်ဂိုဏ်းက အနိုင်ရသွားခြင်းဖြစ်ရာ ၁၆ ရာစုနှစ်တွင် ရာဇဝင်ကိုရေးကြရာ အရည်းကြီးတို့ကို အလွန်ဆိုးလေဟန် ရေးကြခြင်းဖြစ်သည်။

၅။ ပန်းဦးလွှတ်ခြင်းကို အကျယ်ချဲ့ရေးသော်လည်း ယင်းအကျင့်မျိုးရှိဖူကြောင်း သက်သေအထောက်အထားမရှိချေ။ဆရာကြီးဒေါက်တာသန်းထွန်းကတော့ အရည်းကြီးနဲ့ ပက်သက်တဲ့ သူ့ရဲ့ အမြင်ကို အထောက်အထားနဲ့ အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။

ဗဟုသုတအဖြစ်နဲ့ ပန်းဦးလွှတ်ခြင်း ဓလေ့ဟာ ပုဂံခေတ်မှာ တကယ်ရှိခဲ့ မရှိခဲ့ အထောက်အထားမပြနိုင်ပေမယ့် အနောက်နိုင်ငံတွေမှာလည်း ဒီလိုအလားတူအကျင့်မျိုးတွေရှိခဲ့တယ်ဆိုတဲ့ ပြောစကားတွေရှိပါတယ်။

အထူးသဖြင့် အလယ်ခေတ် Mediveal Age (AD 5th- AD 15th) တွေမှာပါ။ပန်းဦးလွှတ်ခြင်းကို အနီးစပ်ဆုံးဘာသာပြန်ချင်ရင်တော့ deflower လို့ပဲ ပြန်ရမယ်။ဒါပေမယ့် လက်တင်ဘာသာကဆင်းသက်လာတဲ့ တိုက်ရိုက် စကားလုံးရှိပါတယ်။

” jus primae noctis ” သို့မဟုတ် ” Droit du seigneur ” ပါ။The practice of jus primae moctis ကို အင်္ဂလိပ်က ” Right of the first night ” လို့ ဘာသာပြန်ပါတယ်။

မြေယာပိုင်ရှင်သခင်တွေဆီမှာ(Feudal Lords) အမှုထမ်းနေရတဲ့ လက်အောက်စေပါး အမျိုးသမီးငယ် (subordinate women)တွေဟာ သူတို့ရဲ့ မင်္ဂလာဦးညကို အဲဒီသခင်ကြီးတွေဆီမှာပဲ အပျိုရည်ဆက်ရပါတယ်။

ဒါပေမယ့် အဲဒီအယူအဆဟာလည်း ပညာရှင်တွေအကြားမှာ အငြင်းပွားနေဆဲပါပဲ။ပြောစကားသာရှိခဲ့ပေမယ့် စာရွက်စာတမ်း အမှတ်အသား မရှိခဲ့ပါဘူးတဲ့။အဲဒီလို အပျိုရည်ဆက်ခဲ့ရသူတွေရဲ့ အထောက်အထားတွေလည်း ဘာမှမရှိခဲ့ပါဘူးတဲ့။ဒါပေမယ့် ၁၉၉၅ မှာ ထွက်ရှိထားတဲ့ The Braveheart ဇာတ်ကားမှာတော့ အဲဒီဇာတ်ဝင်ခန်းတစ်ခုကို ထည့်သွင်းရိုက်ကူးထားပါတယ်။

အချုပ်ပြောရရင်တော့ နှစ်ပေါင်းထောင်ချီအောင် လူညစ်ထေးတွေအဖြစ် ပုံဖော်ခံခဲ့ရတဲ့ အရည်းကြီးတွေဟာ အဲဒီလောက် ဆိုးညစ်ခဲ့တာ ဟုတ်ရဲ့လား။သမိုင်းဆိုတာဟာ နိုင်သူရေးစမြဲမို့ အရည်းကြီးတွေ ရှုံးနိမ့်ခဲ့တာကတော့ သေချာပါတယ်။

အနော်ရထာမင်းနဲ့ ကျန်စစ်သားမင်းတို့ကြောင့် မြန်မာနိုင်ငံတော်ကြီးမှာ ပိဋကတ် ၃ ပုံပြည့်ပြည့်စုံစုံနဲ့ စစ်မှန်တဲ့ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် သမိုင်းမှာ တစ်ချိန်လုံး နာမည်ဆိုးနဲ့အကျဉ်းချခံထားရတဲ့ အရည်းကြီးတွေကိုလည်း လွတ်မြောက်ခွင့်ပေးဖို့ ကျွန်တော်တို့တွေ သမိုင်းကိုဆက်လေ့လာဖို့ လိုသေးတယ်။

ကိုးကား ။ ။– ဒေါက်တာသန်းထွန်း – ခေတ်ဟောင်းမြန်မာရာဇဝင်

crd Travel Soul (J)

Zawgyi

ပုဂံရာဇဝင္ကို ျပန္လွန္တဲ့အခါတိုင္း လူညစ္ေထးေတြအျဖစ္ ႏွစ္ေပါင္းေထာင္ခ်ီ တံဆိပ္အကပ္ခံထားရတဲ့ လူတစ္စုရွိတယ္။

အရည္းႀကီးေတြကို ငယ္ငယ္တုန္းက အိပ္ယာဝင္ ပုဂံ ပုံျပင္ေတြကစလို႔ စာေပဝတၳဳနဲ႔ ႐ုပ္ရွင္ဇာတ္လမ္းေတြမွာပါ အၿမဲတမ္း ဗီလိန္အျဖစ္နဲ႔ပဲ ျမင္ေနခဲ့ရပါတယ္။

ရာဇဝင္ေတြမွာေတာ့ ပုဂံျပည္ အေနာ္ရထာမင္းလက္ထက္ မတိုင္ခင္ စစ္မွန္တဲ့ ေထရဝါဒဗုဒၶဘာသာ မထြန္းကားေသးခင္မွာ သာသနာေရးဟာ ရႈပ္ေထြးေနခဲ့တယ္။ျဗဟၼဏအယူဝါဒေတြ၊ ဟိႏၵဴအယူဝါဒ၊ မဟာယာနဗုဒၶဘာသာ၊ တႏၲရ၊ မႏၲရ ဝါဒေတြအျပင္ အရည္းႀကီးသာသနာဟာလည္း အင္အားႀကီးဝါဒတစ္ခုပါပဲ။

(Brahminy, Hindu, Mahayana, Tantric, Mantra and Ari)ပုပၸါးေတာင္အနီးမွာရွိတဲ့ သမထီးအရပ္မွာ ဌာနခ်ဳပ္တည္တဲ့ အရည္းႀကီးသာသနာဟာ ခရစ္သကၠရာဇ္ ၉၃၁ ခုႏွစ္ ေတာင္သူႀကီးမင္းလက္ထက္မွာေတာ့ အထြတ္အထိပ္ကို ေရာက္လာခဲ့ပါတယ္။

သမိုင္းထဲမွာေတာ့ ဆရာႀကီး အပါး ၃၀ နဲ႔ တပည့္တပမ္း ၆၀၀၀၀ အထိ ပုဂံျပည္မွာ တန္ခိုးထြားခဲ့ၾကတယ္။အရည္းႀကီးေတြကို ပညာရွင္တခ်ိဳ႕က ေျမာက္ပိုင္းမဟာယာနအႏြယ္ဝင္ေတြလို႔ ယူဆၾကသလို တခ်ိဳ႕ကလည္း ေတာင္ပိုင္း တႏၲရအဆက္အႏြယ္ေတြလို႔လည္း ေကာက္ခ်က္ခ်ၾကတယ္။

သူတို႔ဟာ ဆံပင္ကို လက္ေလးသစ္အထိအရွည္ထားၾကတယ္၊ မုတ္ဆိတ္က်င္စြယ္ကို မပယ္သတ္ၾကဘူး၊ နက္ျပာေရာင္ သကၤန္းကိုပဲဝတ္ဆင္ၾကတယ္။

” ေရငုတ္၊ တုံးခုန္၊ မီးလႈံ၊ ဇယ္ခုတ္ ” ဆိုတဲ့ က်င့္စဥ္ေတြကို က်င့္ၾကတယ္။အဆိုးဆုံးနဲ႔ နာမည္အႀကီးဆုံးက်င့္စဥ္ကေတာ့ ” ပန္းဦးလႊတ္ျခင္း ” လို႔ေခၚတဲ့ မဂၤလာဦးညမွာ သတို႔သမီးရဲ႕ အပ်ိဳရည္ကို ဆက္သရတာပါပဲ။ရာဇဝင္ေတြမွာလည္း အဲဒီလိုေဖာ္ျပခဲ့ၾကတယ္။စာေပ ႐ုပ္ရွင္ေတြမွာလည္း ဒီလိုပဲ ပုံေဖာ္ခဲ့ၾကတယ္။

” အရည္းႀကီးေတြ ပုဂံမွာ တကယ္ရွိခဲ့သလား ” ဆိုတာ သက္ေသျပႏိုင္ဖို႔ ပညာရွင္ေတြႀကိဳးပမ္းၾကတဲ့အခါခရစ္သကၠရာဇ္ ၁၂၀၀ ဝန္းက်င္ခန္႔ ေရးထိုးခဲ့တဲ့ ေက်ာက္စာတစ္ခုမွာ ” ထမင္းအျပည့္ႏွင့္ သပိတ္တစ္ေထာင္ကို အရည္းႀကီးရဟန္းတို႔အား ကပ္လႉပါ၏ ” ဆိုၿပီး ေတြ႕ခဲ့ရတယ္။

အဲဒါအျပင္ မင္းနန္သူ႐ြာအနီးက ဘုရားသုံးဆူနဲ႔ နႏၵပညာ ဂူနံရံက နံရံေဆးေရးပန္းခ်ီေတြမွာလည္း အရည္းႀကီးမ်ား ပန္းဦးလႊတ္ေနဟန္ လို႔ယူဆရတဲ့ ပန္းခ်ီေတြကို သြားေတြ႕ရပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဲဒီပုံေတြဟာ ျမတ္စြာဘုရားကို မာရ္နတ္ဖ်ားေယာင္းေနဟန္ေတြ ျဖစ္တယ္လို႔ ပညာရွင္ေတြက သုံးသပ္ၾကျပန္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ပုံဂံျပည္မွာ အရည္းႀကီးေတြရွိခဲ့တာကေတာ့ ေသခ်ာသေလာက္ရွိေနပါတယ္။ဒါေပမယ့္ ေခတ္အဆက္ဆက္ ပုံအေဖာ္ခံခဲ့ရသလို သူတို႔ေတြဟာ တကယ္ လူညစ္ေထးေတြပဲလား . .ပုံအေဖာ္ခံခဲ့ရသေလာက္ဆိုးညစ္ခဲ့ၾကသလား . . ဆိုတာကိုေတာ့ ဆရာႀကီး ေဒါက္တာသန္းထြန္းရဲ႕ ေခတ္ေဟာင္းျမန္မာရာဇဝင္ (နိဒါန္း) မွာ ဒီလို ေဖာ္ျပထားပါတယ္။

၁။ အရည္းႀကီးဂိုဏ္းသည္ ေျပာသေလာက္မဆိုး။

၂။ အရည္းႀကီးဂိုဏ္းကို ဘယ္ေသာအခါမွ မင္းမိန္႔ႏွင့္ မႏွိပ္ကြပ္။

၃။ ပုဂံေခတ္တစ္ေလွ်ာက္လုံးမွာ အရည္းႀကီးဂိုဏ္းသည္ အမ်ိဳးသားဂိုဏ္း(ျမန္မာဂိုဏ္း)ျဖစ္၍ သူတို႔ကို ဆန္႔က်င္ေသာ ဂိုဏ္းမွာ ႏိုင္ငံျခားဂိုဏ္း(သီဟိုဠ္ဂိုဏ္း)သာျဖစ္ရကား သီဟိုဠ္ဆန္ေသာဆရာေတာ္မ်ားသည္ ဝိနည္းကို အလြန္အၾကဴး႐ိုေသသည္ကို ေက်နပ္ေသာ္လည္း အမ်ိဳးသားဂိုဏ္း အရည္းႀကီးတို႔ကိုလည္း မကဲ့ရဲ႕၊ မရႈတ္ခ်ေပ။

၄။ ဓမၼေစတီေခၚ ရာဇဓိပတိလက္ထက္ ေအဒီ ၁၄၈၀ တြင္မွ မင္းအားေပးလြန္းသျဖင့္ သီဟိုဠ္ဂိုဏ္းက အႏိုင္ရသြားျခင္းျဖစ္ရာ ၁၆ ရာစုႏွစ္တြင္ ရာဇဝင္ကိုေရးၾကရာ အရည္းႀကီးတို႔ကို အလြန္ဆိုးေလဟန္ ေရးၾကျခင္းျဖစ္သည္။

၅။ ပန္းဦးလႊတ္ျခင္းကို အက်ယ္ခ်ဲ႕ေရးေသာ္လည္း ယင္းအက်င့္မ်ိဳးရွိဖူေၾကာင္း သက္ေသအေထာက္အထားမရွိေခ်။ဆရာႀကီးေဒါက္တာသန္းထြန္းကေတာ့ အရည္းႀကီးနဲ႔ ပက္သက္တဲ့ သူ႔ရဲ႕ အျမင္ကို အေထာက္အထားနဲ႔ အခုလို မွတ္တမ္းတင္ခဲ့ပါတယ္။

ဗဟုသုတအျဖစ္နဲ႔ ပန္းဦးလႊတ္ျခင္း ဓေလ့ဟာ ပုဂံေခတ္မွာ တကယ္ရွိခဲ့ မရွိခဲ့ အေထာက္အထားမျပႏိုင္ေပမယ့္ အေနာက္ႏိုင္ငံေတြမွာလည္း ဒီလိုအလားတူအက်င့္မ်ိဳးေတြရွိခဲ့တယ္ဆိုတဲ့ ေျပာစကားေတြရွိပါတယ္။

အထူးသျဖင့္ အလယ္ေခတ္ Mediveal Age (AD 5th- AD 15th) ေတြမွာပါ။ပန္းဦးလႊတ္ျခင္းကို အနီးစပ္ဆုံးဘာသာျပန္ခ်င္ရင္ေတာ့ deflower လို႔ပဲ ျပန္ရမယ္။ဒါေပမယ့္ လက္တင္ဘာသာကဆင္းသက္လာတဲ့ တိုက္႐ိုက္ စကားလုံးရွိပါတယ္။

” jus primae noctis ” သို႔မဟုတ္ ” Droit du seigneur ” ပါ။The practice of jus primae moctis ကို အဂၤလိပ္က ” Right of the first night ” လို႔ ဘာသာျပန္ပါတယ္။

ေျမယာပိုင္ရွင္သခင္ေတြဆီမွာ(Feudal Lords) အမႈထမ္းေနရတဲ့ လက္ေအာက္ေစပါး အမ်ိဳးသမီးငယ္ (subordinate women)ေတြဟာ သူတို႔ရဲ႕ မဂၤလာဦးညကို အဲဒီသခင္ႀကီးေတြဆီမွာပဲ အပ်ိဳရည္ဆက္ရပါတယ္။

ဒါေပမယ့္ အဲဒီအယူအဆဟာလည္း ပညာရွင္ေတြအၾကားမွာ အျငင္းပြားေနဆဲပါပဲ။ေျပာစကားသာရွိခဲ့ေပမယ့္ စာ႐ြက္စာတမ္း အမွတ္အသား မရွိခဲ့ပါဘူးတဲ့။အဲဒီလို အပ်ိဳရည္ဆက္ခဲ့ရသူေတြရဲ႕ အေထာက္အထားေတြလည္း ဘာမွမရွိခဲ့ပါဘူးတဲ့။ဒါေပမယ့္ ၁၉၉၅ မွာ ထြက္ရွိထားတဲ့ The Braveheart ဇာတ္ကားမွာေတာ့ အဲဒီဇာတ္ဝင္ခန္းတစ္ခုကို ထည့္သြင္း႐ိုက္ကူးထားပါတယ္။

အခ်ဳပ္ေျပာရရင္ေတာ့ ႏွစ္ေပါင္းေထာင္ခ်ီေအာင္ လူညစ္ေထးေတြအျဖစ္ ပုံေဖာ္ခံခဲ့ရတဲ့ အရည္းႀကီးေတြဟာ အဲဒီေလာက္ ဆိုးညစ္ခဲ့တာ ဟုတ္ရဲ႕လား။သမိုင္းဆိုတာဟာ ႏိုင္သူေရးစၿမဲမို႔ အရည္းႀကီးေတြ ရႈံးနိမ့္ခဲ့တာကေတာ့ ေသခ်ာပါတယ္။

အေနာ္ရထာမင္းနဲ႔ က်န္စစ္သားမင္းတို႔ေၾကာင့္ ျမန္မာႏိုင္ငံေတာ္ႀကီးမွာ ပိဋကတ္ ၃ ပုံျပည့္ျပည့္စုံစုံနဲ႔ စစ္မွန္တဲ့ေထရဝါဒဗုဒၶဘာသာကို ကိုးကြယ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ သမိုင္းမွာ တစ္ခ်ိန္လုံး နာမည္ဆိုးနဲ႔အက်ဥ္းခ်ခံထားရတဲ့ အရည္းႀကီးေတြကိုလည္း လြတ္ေျမာက္ခြင့္ေပးဖို႔ ကြၽန္ေတာ္တို႔ေတြ သမိုင္းကိုဆက္ေလ့လာဖို႔ လိုေသးတယ္။

ကိုးကား ။ ။– ေဒါက္တာသန္းထြန္း – ေခတ္ေဟာင္းျမန္မာရာဇဝင္

crd Travel Soul (J)

Leave a Reply

Your email address will not be published. Required fields are marked *