ကြက်ဥတောင်မကြော်တက်ဘူး ဂုဏ်ယူပြီးပြောနေတဲ့ မိန်းမဖျင်းတွေအတွက်
လူထုဒေါ်အမာ၏ သဘောကျသော အမှာစကား မိန်းမဆိုတာ ထမင်းဟင်း ချက်တတ်ရမယ်။ ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။ ယောင်္ကျားနဲ့ ကလေးတွေကိုချက်ကျွေးဖို့ မဟုတ်ဘူး။လူတစ်ယောက်အနေနဲ့ လောကမှာအသက်ရှင် နေထိုင်ဖို့ တစ်ယောက်တည်း နေလည်း လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ။
မိန်းမဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။ လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။ ကိုယ့်ဘဝ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ့်ယုံကြည်ချက်ရှိရှိ ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ။ မိန်းမဆိုတာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု တတ်ကိုတတ်ထားရမယ် လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘဝတစ်ခုလုံး ပုံအပ်ပြီး လောကအလယ်မှာ အားငယ်စွာ မနေထိုင်ရဖို့ပါ။
မိန်းမဆိုတာ အိမ်မှု့ကိစ္စ ကောင်းစွာစီစဉ် ကိုင်တွယ်နိုင်ရမယ်။ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာလုပ်နိုင်ဖို့ မဟုတ်ဘူး။ ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင် အစီစဉ်တကျ သန့်ရှင်းသပ်ရပ်စွာ မထားနိုင်ဘဲနဲ့ မိမိပတ်ဝန်းကျင် မိမိအလုပ်၊ မိမိလူမျိုး တိုးတက် ပြောင်းလဲဖို့ကောင်းစွာ အစီစဉ်တကျ လုပ်နိုင်စွမ်း ရှိမှာ မဟုတ်လို့ပါ။
မိန်းမဆိုတာ လှပစွာ ပြင်ဆင်ဝတ်စား တတ်ရမယ်။ ကိုယ်ဟာ လှပစွာ တည်ရှိနေတယ်ဆိုတဲ့ စိတ်ဟာ ကိုယ့်ကိုယုံကြည်ချက် အများကြီး ပေးနိုင်လို့ပါ။ မိန်းမဆိုတာ မနက်စောစော ထရမယ်။ ကိုယ့်ရည်မှန်းချက်တွေဆီ မြန်မြန်ရောက်နိုင်အောင် အလုပ်တွေ ပိုမိုပြီးမြောက်အောင်ရထားတဲ့ အချိန်ကလေး ကို လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ။
မိန်းမဆိုတာ အလှူအတန်း ရက်ရောရမယ်။ ယောင်္ကျားလှူု သမျှကို ပါရမီ လိုက်ဖြည့်နေဖို့မဟုတ်ဘူး။ ဘာကိုမှ မျှော်လင့်ချက်မရှိဘဲ လွတ်လပ်စွာ လှူတန်းရခြင်းဟာ ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခုဖြစ်နေလို့ပါ။ ဒါတွေအားလုံးကို ယောင်္ကျား တစ်ယောက်ကလည်း ကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။ ယောင်္ကျားမို့ မိန်းမမို့ မဟုတ်ဘူး လူတစ်ယောက် ဖြစ်နေ လို့ပါ။
နေ့စဉ်လုပ်နေတဲ့ အရာတွေက အကြောင်းအရာခြင်း တယရင်တောင် ရည်ရွယ်ချက်နဲ့ ခံယူချက်မတူရင် ဘဝတန်ဖိုးကလည်း တူမှာမဟုတ်ဘူး။ တစ်ဖက်စောင်းနင်းတဲ့ အတွေးအခေါ် မျိုးကလူ့ ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။ ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာတစ်ခုကို သူများလည်း လောင်မြိုက် ပါစေဆိုပြီး ဖြန့်ဝေနေခြင်းက ကြီးစွာသောအကုသိုလ် ဖြစ်စေ ပါတယ်။
“လူ”ဆိုတာ တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာမဟုတ်ဘူး။ ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့တန်ဖိုးနဲ့ ရပ်တည်ချက်တွေကို ကောင်းကောင်း နားလည်စေချင်မိတယ်။
Credit ; လူထုဒေါ်အမာ ( ကြိုက်နှစ်သက်၍ ကူးယူဖေါ်ပြပါသည်။ မူရင်းရေးသားသူကို credit ပေးပါသည်။ )
Zawgyi
ၾကက္ဥေတာင္မေၾကာ္တက္ဘူး ဂုဏ္ယူၿပီးေျပာေနတဲ့ မိန္းမဖ်င္းေတြအတြက္
လူထုေဒၚအမာ၏ သေဘာက်ေသာ အမွာစကား မိန္းမဆိုတာ ထမင္းဟင္း ခ်က္တတ္ရမယ္။ ဒါဟာ အမ်ိဳးသမီးျဖစ္လို႔ မဟုတ္ဘူး။ ေယာက်ၤားနဲ႔ ကေလးေတြကိုခ်က္ေကြၽးဖို႔ မဟုတ္ဘူး။လူတစ္ေယာက္အေနနဲ႔ ေလာကမွာအသက္ရွင္ ေနထိုင္ဖို႔ တစ္ေယာက္တည္း ေနလည္း လုပ္ကို လုပ္တတ္ရမယ့္ အရာျဖစ္လို႔ပါ။
မိန္းမဆိုတာ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထား တတ္ရမယ္။ လင္ေကာင္းသားေကာင္းရဖို႔ မဟုတ္ဘူး။ ကိုယ့္ဘဝ၊ ကိုယ့္ခံယူခ်က္နဲ႔ ကိုယ့္ယုံၾကည္ခ်က္ရွိရွိ ဂုဏ္ယူစြာ ရပ္တည္ႏိုင္ဖို႔ပါ။ မိန္းမဆိုတာ အသက္ေမြးဝမ္းေၾကာင္း ပညာတစ္ခုခု တတ္ကိုတတ္ထားရမယ္ လင္ေယာက်ၤားကို ရွာေကြၽးဖို႔ မဟုတ္ဘူး။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဘဝတစ္ခုလုံး ပုံအပ္ၿပီး ေလာကအလယ္မွာ အားငယ္စြာ မေနထိုင္ရဖို႔ပါ။
မိန္းမဆိုတာ အိမ္မႈ႕ကိစၥ ေကာင္းစြာစီစဥ္ ကိုင္တြယ္ႏိုင္ရမယ္။ေယာကၡမနဲ႔ ေယာက်ၤားခိုင္းတာလုပ္ႏိုင္ဖို႔ မဟုတ္ဘူး။ ကိုယ္ေနထိုင္တဲ့ အိမ္ကိုေတာင္ အစီစဥ္တက် သန္႔ရွင္းသပ္ရပ္စြာ မထားႏိုင္ဘဲနဲ႔ မိမိပတ္ဝန္းက်င္ မိမိအလုပ္၊ မိမိလူမ်ိဳး တိုးတက္ ေျပာင္းလဲဖို႔ေကာင္းစြာ အစီစဥ္တက် လုပ္ႏိုင္စြမ္း ရွိမွာ မဟုတ္လို႔ပါ။
မိန္းမဆိုတာ လွပစြာ ျပင္ဆင္ဝတ္စား တတ္ရမယ္။ ကိုယ္ဟာ လွပစြာ တည္ရွိေနတယ္ဆိုတဲ့ စိတ္ဟာ ကိုယ့္ကိုယုံၾကည္ခ်က္ အမ်ားႀကီး ေပးႏိုင္လို႔ပါ။ မိန္းမဆိုတာ မနက္ေစာေစာ ထရမယ္။ ကိုယ့္ရည္မွန္းခ်က္ေတြဆီ ျမန္ျမန္ေရာက္ႏိုင္ေအာင္ အလုပ္ေတြ ပိုမိုၿပီးေျမာက္ေအာင္ရထားတဲ့ အခ်ိန္ကေလး ကို လုံေလာက္စြာ အသုံးခ် ႏိုင္ဖို႔ပါ။
မိန္းမဆိုတာ အလႉအတန္း ရက္ေရာရမယ္။ ေယာက်ၤားလႉု သမွ်ကို ပါရမီ လိုက္ျဖည့္ေနဖို႔မဟုတ္ဘူး။ ဘာကိုမွ ေမွ်ာ္လင့္ခ်က္မရွိဘဲ လြတ္လပ္စြာ လႉတန္းရျခင္းဟာ ႀကီးမားတဲ့ မြန္ျမတ္ျခင္း တစ္ခုျဖစ္ေနလို႔ပါ။ ဒါေတြအားလုံးကို ေယာက်ၤား တစ္ေယာက္ကလည္း ေကာင္းမြန္စြာ တတ္ေျမာက္ထားရ ပါမယ္။ ေယာက်ၤားမို႔ မိန္းမမို႔ မဟုတ္ဘူး လူတစ္ေယာက္ ျဖစ္ေန လို႔ပါ။
ေန႔စဥ္လုပ္ေနတဲ့ အရာေတြက အေၾကာင္းအရာျခင္း တယရင္ေတာင္ ရည္႐ြယ္ခ်က္နဲ႔ ခံယူခ်က္မတူရင္ ဘဝတန္ဖိုးကလည္း တူမွာမဟုတ္ဘူး။ တစ္ဖက္ေစာင္းနင္းတဲ့ အေတြးအေခၚ မ်ိဳးကလူ႔ ပတ္ဝန္းက်င္ကို အက်ိဳးမျပဳေစဘူး။ ကိုယ့္ကို ေလာင္ၿမိဳက္ေနတဲ့ အရာတစ္ခုကို သူမ်ားလည္း ေလာင္ၿမိဳက္ ပါေစဆိုၿပီး ျဖန္႔ေဝေနျခင္းက ႀကီးစြာေသာအကုသိုလ္ ျဖစ္ေစ ပါတယ္။
“လူ”ဆိုတာ တဏွာတစ္ခုတည္းအတြက္ ရွင္သန္ေနတာမဟုတ္ဘူး။ ကိုယ္ရွင္သန္ေနတဲ့ ဘဝရဲ႕တန္ဖိုးနဲ႔ ရပ္တည္ခ်က္ေတြကို ေကာင္းေကာင္း နားလည္ေစခ်င္မိတယ္။
Credit ; လူထုေဒၚအမာ ( ႀကိဳက္ႏွစ္သက္၍ ကူးယူေဖၚျပပါသည္။ မူရင္းေရးသားသူကို credit ေပးပါသည္။ )