လူတွေရဲ့ ဝေဖန်သံတွေကို ဘယ်လိုအသုံးချမလဲ

KNOWLEDGE

လူတွေရဲ့ ဝေဖန်သံတွေကို ဘယ်လိုအသုံးချမလဲ

ဖိလစ်ပိုင် ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။တစ်ခါတုန်းက ဖားလေးတစ်ကောင်ဟာ ရေကန်ကြီးတစ်ကန်ဘေးမှာ ဆော့ကစားနေရင်း ၂ ပေခွဲလောက်နက်တဲ့ တွင်းတစ်တွင်းထဲကို ပြုတ်ကျသွားတယ်။
တွင်းထဲပြုတ်ကျသွားတော့ ဖားလေးလည်း ကြောက်လန့်ပြီး တဂွမ်ဂွမ်နဲ့ အော်ဟစ် အကူအညီတောင်းတာပေါ့။ ဖားလေးအော်တဲ့အသံကြားတော့ သိပ်မလှမ်းမကမ်းတစ်နေရာမှာဆော့နေတဲ့ တခြားဖားလေးတွေ ရောက်လာတယ်။

ရောက်လာလာချင်းပဲ တွင်းထဲကို ငုံကြည့်ပြီး ” နည်းတောင်နည်းသေးတယ်၊ အရမ်းဆော့တာကိုး၊ အခုတော့ တွင်းထဲ ကျပြီးမလား၊ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ၊ ငါတို့လည်း မကယ်တတ်ဘူး” ဆိုပြီး ဒီတိုင်း ပစ်ထားခဲ့ကြတယ်။

အဲ့လိုနဲ့ နောက်တစ်ရက်လောက်လည်းနေရော ဖားလေးဟာ တွင်းပေါ်ကို ပြန်ရောက်နေတယ်။ သူ့ကိုမကယ်ခဲ့တဲ့တခြားဖားတွေဟာ ဖားလေးတွင်းပေါ် ပြန်ရောက်နေတာ မြင်တော့ “မင်း ဘယ်လိုလုပ်ပြီး တွင်းပေါ် ပြန်ရောက်နေတာလဲ၊ မင်းကို ဘယ်သူကယ်တာလဲ” ဆိုပြီး မေးကြတာပေါ့။

ဒါပေမဲ့ ဖားလေးက ပြန်မဖြေဘူးတဲ့။ အကြိမ်ကြိမ်အခါခါ မေးတော့မှ ဖားလေးက…
“မင်းတို့ ငါ့ကို ဘာပြောနေတာလဲ၊ ငါ နားပင်းနေလို့ မင်းတို့ပြောတာ မကြားရဘူး” လို့ ပြန်ပြောလိုက်တယ်တဲ့။ တကယ်တော့ ဖားလေးဟာ နားတကယ်မကြားတာ မဟုတ်ပါဘူး။ သူ နားမကြားချင်ယောင်ဟန်ဆောင်နေတာပါ။

သူဒုက္ခရောက်နေတဲ့အချိန် သူ့ကို မကယ်ဘဲ အပြစ်တင်နေသူတွေရဲ့ ပြောစကားတွေကို မကြားချင်ယောင်ဆောင်ခဲ့တာပါ။ မကြားချင်ယောင်ဆောင်ပြီး “သူတို့ငါ့ကို အားပေးနေတာပဲ” လို့ သဘောထားကာ တွင်းပေါ်ကို ခုန်လိုက်တဲ့အတွက် ဖားလေး လွတ်မြောက်သွားတာ ဖြစ်တယ်။လက်တွေ့ ဘဝမှာလည်း ကျွနိတော်တို့တွေဟာ ဖားလေးလို့ တစ်ခါတလေ နားမကြားချင်ယောင်ဆောင်ဖို့ လိုတဲ့အချိန်တွေ ရှိလာတတ်တယ်။

ကိုယ့်ကို ဝေဖန်ပြစ်တင်နေတဲ့စကားတွေ၊ ကိုယ့်ကိုမကောင်းပြောနေတာတွေ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ၊ “ငါ့ကို အားပေးနေတာ၊ ငါ့ကို အကောင်းပြောနေတာ” လို့သာ သဘောထားလိုက်ပါ။
တစ်ခါတလေမှာ ကျွန်တော်တို့ကို ပြစ်တင်ဝေဖန်နေသူတွေရဲ့ ပြောစကားဟာ ကျွန်တော်တို့ကို အမြင့်ကိုရောက်စေဖို့ တွန်းအားတစ်ခုလို ဖြစ်စေတတ်ပါတယ်။

Credit

Zawgyi

လူေတြရဲ႕ ေဝဖန္သံေတြကို ဘယ္လိုအသုံးခ်မလဲ

ဖိလစ္ပိုင္ ပုံျပင္ေလးတစ္ပုဒ္ေျပာျပမယ္။တစ္ခါတုန္းက ဖားေလးတစ္ေကာင္ဟာ ေရကန္ႀကီးတစ္ကန္ေဘးမွာ ေဆာ့ကစားေနရင္း ၂ ေပခြဲေလာက္နက္တဲ့ တြင္းတစ္တြင္းထဲကို ျပဳတ္က်သြားတယ္။
တြင္းထဲျပဳတ္က်သြားေတာ့ ဖားေလးလည္း ေၾကာက္လန္႔ၿပီး တဂြမ္ဂြမ္နဲ႔ ေအာ္ဟစ္ အကူအညီေတာင္းတာေပါ့။ ဖားေလးေအာ္တဲ့အသံၾကားေတာ့ သိပ္မလွမ္းမကမ္းတစ္ေနရာမွာေဆာ့ေနတဲ့ တျခားဖားေလးေတြ ေရာက္လာတယ္။

ေရာက္လာလာခ်င္းပဲ တြင္းထဲကို ငုံၾကည့္ၿပီး ” နည္းေတာင္နည္းေသးတယ္၊ အရမ္းေဆာ့တာကိုး၊ အခုေတာ့ တြင္းထဲ က်ၿပီးမလား၊ ကိုယ့္ထိုက္နဲ႔ ကိုယ္ကံပဲ၊ ငါတို႔လည္း မကယ္တတ္ဘူး” ဆိုၿပီး ဒီတိုင္း ပစ္ထားခဲ့ၾကတယ္။

အဲ့လိုနဲ႔ ေနာက္တစ္ရက္ေလာက္လည္းေနေရာ ဖားေလးဟာ တြင္းေပၚကို ျပန္ေရာက္ေနတယ္။ သူ႔ကိုမကယ္ခဲ့တဲ့တျခားဖားေတြဟာ ဖားေလးတြင္းေပၚ ျပန္ေရာက္ေနတာ ျမင္ေတာ့ “မင္း ဘယ္လိုလုပ္ၿပီး တြင္းေပၚ ျပန္ေရာက္ေနတာလဲ၊ မင္းကို ဘယ္သူကယ္တာလဲ” ဆိုၿပီး ေမးၾကတာေပါ့။

ဒါေပမဲ့ ဖားေလးက ျပန္မေျဖဘူးတဲ့။ အႀကိမ္ႀကိမ္အခါခါ ေမးေတာ့မွ ဖားေလးက…
“မင္းတို႔ ငါ့ကို ဘာေျပာေနတာလဲ၊ ငါ နားပင္းေနလို႔ မင္းတို႔ေျပာတာ မၾကားရဘူး” လို႔ ျပန္ေျပာလိုက္တယ္တဲ့။ တကယ္ေတာ့ ဖားေလးဟာ နားတကယ္မၾကားတာ မဟုတ္ပါဘူး။ သူ နားမၾကားခ်င္ေယာင္ဟန္ေဆာင္ေနတာပါ။

သူဒုကၡေရာက္ေနတဲ့အခ်ိန္ သူ႔ကို မကယ္ဘဲ အျပစ္တင္ေနသူေတြရဲ႕ ေျပာစကားေတြကို မၾကားခ်င္ေယာင္ေဆာင္ခဲ့တာပါ။ မၾကားခ်င္ေယာင္ေဆာင္ၿပီး “သူတို႔ငါ့ကို အားေပးေနတာပဲ” လို႔ သေဘာထားကာ တြင္းေပၚကို ခုန္လိုက္တဲ့အတြက္ ဖားေလး လြတ္ေျမာက္သြားတာ ျဖစ္တယ္။လက္ေတြ႕ ဘဝမွာလည္း ကြၽနိေတာ္တို႔ေတြဟာ ဖားေလးလို႔ တစ္ခါတေလ နားမၾကားခ်င္ေယာင္ေဆာင္ဖို႔ လိုတဲ့အခ်ိန္ေတြ ရွိလာတတ္တယ္။

ကိုယ့္ကို ေဝဖန္ျပစ္တင္ေနတဲ့စကားေတြ၊ ကိုယ့္ကိုမေကာင္းေျပာေနတာေတြ ဘယ္ေလာက္ပဲ ဆိုးသြမ္းေနပါေစ၊ “ငါ့ကို အားေပးေနတာ၊ ငါ့ကို အေကာင္းေျပာေနတာ” လို႔သာ သေဘာထားလိုက္ပါ။
တစ္ခါတေလမွာ ကြၽန္ေတာ္တို႔ကို ျပစ္တင္ေဝဖန္ေနသူေတြရဲ႕ ေျပာစကားဟာ ကြၽန္ေတာ္တို႔ကို အျမင့္ကိုေရာက္ေစဖို႔ တြန္းအားတစ္ခုလို ျဖစ္ေစတတ္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *