ဦးပိန်တံတား (သို့) တောင်သမန် တံတား သမိုင်း

အေထြအေထြဗဟုသုတ

ဦးပိန်တံတား (သို့) တောင်သမန် တံတား သမိုင်း

အင်း ကာ အော် ညီး-ဆောက်လုပ်ပြီး-တဲ့။ ၁၂၁၃-ခုနှစ်က ဒီ တံတားကြီးကို ဆောက်လုပ်ပြီးတာပါ။ ၁။ ဦးအောင်ဇေယျ(၁၁၁၄-၁၁၂၂-ခု)။ ၂။ နောင်တော်ကြီးမင်း(၁၁၂၂-၁၁၂၅ခု)။ ၃။ ဆင်ဖြူရှင်မင်း(၁၁၂၅-၁၁၃၈ခု)။ ၄။ စဉ့်ကူးမင်း(၁၁၃၈-၁၁၄၃ခု)။ ၅။ ဖောင်းကားစား မောင်မောင် (၁၁၄၃-ခု)။ ၆။ ဘိုးတော်ဦးဝိုင်း(၁၁၄၃-၁၁၈၁)။ ၇။ စစ်ကိုင်းမင်း=ဘကြီးတော်မင်း(၁၁၈၁-၁၁၉၉ခု)။ ၈။ သာယာ၀တီမင်း=ရွှေဘိုမင်း=ကုန်းဘောင်မင်း(၁၁၉၉-၁၂၀၈-ခု)။ ၉။ ပုဂံမင်း(၁၂၀၈-၁၂၁၄-ခု)။

၁၀။ မင်းတုန်းမင်း(၁၂၁၄-၁၂၄၀-ခု)။၁၁။ သီပေါမင်း(၁၂၄၀-၁၂၄၇-ခု)ဆိုပြီးကုန်းဘောင်မင်းဆက် ၁၁-ဆက်ရှိပါတယ်။ နှစ်ပေါင်း ၁၃၃-နှစ် အုပ်ချုပ် မင်းလုပ်ခဲ့ကြပါတယ်။ဒီတံတားဟာ ၁၂၁၃-ခုနှစ် ဆောက် လုပ်ပြီးတာဆိုတော့ ပုဂံမင်းလက်ထက်ကဖြစ်ပါတယ်။ပုဂံမင်းနဲ့ စကြာဒေဝီတို့ဟာ မင်းတုန်းမင်း၊ ကနောင်မင်းသားတို့နဲ့ အဖေတူ (=သာ ယာ၀တီမင်း)အမေကွဲများဖြစ်ကြပါတယ်။ နောင်တချိန် မင်းတုန်းမင်းက စကြာဒေဝီကို မိဖုရားကြီးမြှောက်ပါတယ်။

ပုဂံမင်းဟာ မယ်တော်ဖြစ်တဲ့ ကျပင်းမိဖုရားကြီးရဲ့အကူအညီနဲ့ အဖေတူ အမေကွဲ ညီနောင်များကို ရှင်းလင်းပြီး အမရပူရထီးနန်းကို ခြောက်နှစ်တိုင် တက်ထိုင်ခဲ့သူဖြစ်ပါတယ်။ဘုရင်တပါးဖြစ်သော်လဲ-သာမန်အရပ်သားတယောက်လို-အရက်သောက်၊ ကြက်တိုက်၊ ခါတယ်၊ ငှက်ဖမ်း-စတဲ့ အပျော် အပါးတွေသာ ဝါသနာပါတဲ့အတွက် ယောက်ဖဖြစ်တဲ့ ဦးကျောက်လုံးနဲ့ အတွင်း၀န် ဦးပါးတို့ကိုသာ တိုင်းရေးပြည်ရေး ကိစ္စအားလုံးကို လွှဲအပ်ထားပါတယ်။

တောင်သမန်အင်းရဲ့ တဖက်ကမ်းမှာ ဗုန်းအိုး-ဆိုတဲ့ရွာတရွာရှိပါတယ်။ ဘိုးတော်ဝိုင်းလက်ထက်က အာသံ မဏိပူရကနေ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်လာခဲ့တဲ့ အစ္စလာမ်ဘာသာ၀င်တွေနေဖို့ တည်ပေးထားတဲ့ ရွာဖြစ်ပါတယ်။ အဲဒီ ရွာသားတွေဟာ ဘုရင့်အ မြောက်တပ်မှာ အမှုထမ်းတဲ့သူမှတပါး ကျန်တဲ့သူတွေဟာ တောလိုက်မုဆိုးဘ၀နဲ့ အသက်မွေးကြရတာပါ။ပုဂံမင်းဟာ မင်းသားဘ၀ကတဲက အပျော်အပါးကြိုက်တာပါ။ ဒါကို-ဗုန်းအိုးရွာသား ဘိုင်ဆပ်-လို့ခေါ်တဲ့ ကုလားတယောက်က သိလေတော့-မင်းသားစိတ်တိုင်းကျ ပျော်ရအောင် တိရစ္ဆာန်တိုက်ပွဲမျိုးစုံကို ဖန်တီးပေးပါတယ်။

ပုဂံမင်းသားလဲ ဘိုင်ဆပ်ကိုသဘောကျပြီး သူဘုရင်ဖြစ်လာတဲ့အခါ မြို့၀န်အဖြစ်ခန့်လိုက်ပါတယ်။ဘိုင်ဆပ်ဟာ မြို့၀န်ဖြစ်လာတော့ အမရပူရနန်းတော်အတွင်း တိရစ္ဆာန်တိုက်ပွဲများ ကျင်းပတဲ့အခါ အသုံးပြုဖို့ ရေကန်တွေတူးပေးတယ်။ ဘုရင်နဲ့အမတ်များ အလောင်းအစားလုပ်တဲ့အခါ ဘုရင်အနိုင်ရအောင် အကူအညီပေးလေတော့ အမရပူရမြို့တော်ပေါ်မှာသာမက ဘုရင့်အပေါ်မှာတောင် သူရဲ့ သြဇာအရှိန်အဝါတွေ လွှမ်းမိုးပြီး သူလုပ်ချင်ရာလုပ်လာပါတယ်။နောက်ဆုံး-သူ့ရွာသားများဖြစ်တဲ့-ငပိန်-ကို မြို့စားရေးရာထူးပေးတယ်။ရွှေဘော်-ကို တံခါးမှူးးရာထူးပေးတယ်။ငမှုံ-ကို စျေးခေါင်း ရာထူးပေးတယ်။

ငရှင်-ကို ထန်းခေါင်းရားထူးပေးတယ်။ ရှင်ဘုရင်ကတော့ တိရစ္ဆာန်တိုက်ပွဲတွေနဲ့ ပျော်နေလျက်။ ဘာမှ မသိ။ ဘာဆို ဘာမှမသိ။ဘိုင်ဆပ်တို့အဖွဲ့ဟာ နေရာအသီးသီးမှာ ရာထူးကြီးကြီးနဲ့ အာဏာရထားတာဆိုတော့-စေတီ ပုထိုးများရဲ့ ဌာပနာတွေကို ဖောက်ပြီးခိုးကြပါတယ်။ မြန် မာအမျိုးသမီးများကိုလဲ မုဒိန်းကျင့် စော်ကား ဖျက်ဆီးရုံသာမက အဓမ္မသိမ်းပိုက်ပြီး ပေါင်းသင်းနေတဲ့ မယားပေါင်း လေးဆယ်ကျော်ရှိပါတယ်။ တချို့မိန်းကလေးတွေဆို အမရပူရမှာ မနေရဲလို့ တခြားနေရာ ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ ဘိန်းထုပ်ပစ်ပြီး အမှုဆင်ဖမ်းကာ သက်ဆိုင်ရာမိသားစုတွေဆီကနေ ငွေတောင်းကြပါတယ်။ သူတို့တောင်းတဲ့ငွေ မပေးသူတွေနဲ့ သူတို့အမြင်ကပ်သူတွေကိုတော့ နှိပ်စက်တယ်။ သတ်တယ်။ ဒီအတွက် လူတွေ သုံးထောင်လောက် သေကြရပါတယ်။(ဒါ-ကျုပ်တို့ကို ပခုံးပုတ် သတိပေးနေတာပါ။)ဒီလို ပြစ်မှု လွန်ကျူနေတဲ့ ဘိုင်ဆပ်အဖွဲ့ကို ဘယ်သူကမှ ဘုရင်ကို တင်ပြလျှောက်ထားခြင်းမရှိကြပါဘူး။ မြန်မာတွေဟာ အဲဒီကတဲက လူတော မတိုးတဲ့သဘောပါ။ လအတွေလို့ ပြောရမှာပါ။

အုပ်ချုပ်ရေးဘက်မှာ ဥပေက္ခာပြုထားတဲ့ ဘုရင်ရဲ့ အားနည်းချက်ကို သူတို့အဖွဲ့က သိလေတော့-မြို့တော်ကို အာဏာသိမ်းယူတဲ့အခါ သူတို့ရွာသားများထံကနေ အကူအညီ လိုအပ်သလို ရယူဖုိ့-မြန်မြန် နန်းသိမ်းနိုင်ဖို့အတွက် တောင်သမန်အင်းကို တံတားဆောက်ဖို့ လိုအပ်လာပါတယ်။ဒါနဲ့-အင်း၀နဲ့ စစ်ကိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဟောင်း၊ သာသနိက အဆောက်အဦး ဓမ္မာရုံ၊ ဇရပ်၊ ဘုရားတန်ဆောင်း၊ နန်းတော်ဟောင်းတို့မှ ဖျက်ယူအသုံးပြုခွင့်ရရေးအတွက် ဘုရင့်ထံ ခွင့်ပြုချက်တောင်းလိုက်ရာ ဘုရင်ကခွင့်ပြုချက်ပေးလိုက်ပါတယ်။တံတားဆောက်လုပ်ခွင့်ရတဲ့အခါ မောင်ပိန်ကို ဆောက်လုပ်ရေးတာ၀န်ခံအဖြစ် ပေးအပ်ပြီး အမရပူရပြည်သူတွေရဲ့ အင်အားနဲ့ တံတားကြီးကို တည်ဆောက်ခဲ့ပါတယ်။

လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်အောင်အဖြောင့်မဆောက်ဘဲ တောင်ဘက်ကို ခေါင်းမော့ ကွေ့ဝိုက်၍ ဆောက်လုပ်ခဲ့ပါတယ်။ ဦးဆောင်သူ ကုလားဦးပိန်ကိုအစွဲပြုပြီး-တံတားအမည်ကို-ဦးပိန်တံတား-လို့ခေါ်ခဲ့ကြတာနဲ့ တူပါတယ်။ဒီတံတားကြီးဟာ အဖိုးတန်ကျွန်းသစ်တွေနဲ့ တည်ဆောက်ခဲ့တာမို့ ဒီလောက်ခိုင်ခံ့ပြီး သမိုင်းတွင်နေတာပါ။ ဒါပေမယ့်-အကောင်းစား ကျွန်းသစ်လုံးကြီးတွေကိုတော့ ငပိန်က နိုင်ငံခြားရောင်းစားပစ်လိုက်ပါသေးတယ်။ အခု တံတားမှာ မြင်နေရတဲ့ သစ်တွေကတော့ နိုင်ငံခြားမှာ အ၀ယ်မလိုက်လို့ ကျန်ခဲ့တဲ့ သစ်တွေနဲ့ အဖိုးတန် ကျွန်းသစ်တချို့ပဲဖြစ်ပါတယ်။

အမရပူရမြို့တော်မှာ သူတို့အုပ်စုကိုကြောက်လို့ ဘယ်သူမှ မပြောရဲသော်လဲ-မျိုးနွယ်မတူ၊ ဘယ်ကလူ။ ပြည်ဆူပွက်အောင် ထားပါလိမ့်။ချို့ငှက်တည်ရာ၊ တွေ့ခဲ့ပါ၊ ပြည်တော်ဘယ်မှာသာပါလိမ့်–ဆိုပြီး စာချိုးပစ်သူတွေတော့ ရှိပါတယ်။နောက်ဆုံး-သူတို့ရဲ့ဒဏ်ကို သည်းမခံနိုင်လေတော့-ရုပ်သေးပညာရှင်များနဲ့ မိဖုရားခေါင်ကြီတို့ တိုင်ပင်ကာ မြောက်စမုတ်ဆောင်မှာ ရုပ်စုံသဘင် က-ပြ တင်ဆက်ပါတယ်။ အဲဒီမှ-ရှင်ဘုရင်က သိတာပါ။

ရှင်ဘုရင် မခံရပ်နိုင်ဆုံးက-မိဖုရားနဲ့ အပျိုတော်များနေတဲ့ နန်းတွင်းအနောက်ဆောင်(မိဖုရားဆောင်)ကို ဘုရင်မှတပါး ဘယ်သူမှ သွား လာခွင့်မရှိဘူးဆိုတာသိရက်နဲ့ မိဖုရားများနဲ့ စကားအဆက်အသွယ်ရှိနေကြခြင်းပင်။ဒါနဲ့-မြို့လယ်ခေါင်မှာ အများမြင်အောင် ကားစင်တင် ဖားကင်စေပြီး တံကျင်ထိုး သတ်ပစ်လိုက်ပါတယ်။တောင်သမန်းတံတားဟာ-မြေတသူ၊ ထူးမူနှစ်ချက်၊ နှစ်ဘက်၀ရန်တာ-လို့ဆိုတဲ့အတိုင်း တံတားတိုင်က မြေအ၀င်(တသူဆိုတာ-လက်ခုတ်တဖောင်)၇-ပေခန့်ရှိပြီး၊ (ထူးမူနှစ်ချက်ဆိုတာ)-အဲဒီ တိုင်မှာ ကြက်ခြေခတ် သို့မဟုတ် ဆံပြုတ်မွှေတဲ့ ဒုတ်တံလို လုပ်ထားတယ်။ ၀ရန်တာ လဲ ပါပါတယ်။ တိုင်က ၉၈၄-တိုင်ရှိပါတယ်။

နောက်တော့-တံတားနှစ်ဘက်ထိပ်မှာရှိတဲ့ အုတ်တံတားကိုဖြုတ်ပြီး အသားတံတား အစားထိုးလုပ်လိုက်တော့ တိုင်က ၁၀၈၆-တိုင်ရှိပြီး အရှည်ကလဲ ၃၉၆၇-ပေရှိလာပါတယ်။။ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ-တောင်သမန်အင်း ရေကြီးလို့ ရေအောက် တံတားနစ်သွားခဲ့ဖူးပါတယ်။ တချို့တိုင်များ၊ အခန်းများ ပျက်စီးသွားလို့ တောင်သမန်ရွာမှာနေတဲ့ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။၁၉၇၃-ခုမှာလဲ ရေကြီးလို့ အခန်းပေါင်း ရှစ်ဆယ်လောက် ရေထဲမျောပါ ပျက်စီးသွားလို့ ဂန္ဓာရုံဆရာတော်ကြီးနဲ့ မြို့နယ်လူကြီးမိဘများက ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။

Credit _ သော်တာမင်း

zawgyi

ဦးပိန္တံတား (သို႔) ေတာင္သမန္ တံတား သမိုင္း

အင္း ကာ ေအာ္ ညီး-ေဆာက္လုပ္ၿပီး-တဲ့။ ၁၂၁၃-ခုႏွစ္က ဒီ တံတားႀကီးကို ေဆာက္လုပ္ၿပီးတာပါ။ ၁။ ဦးေအာင္ေဇယ်(၁၁၁၄-၁၁၂၂-ခု)။ ၂။ ေနာင္ေတာ္ႀကီးမင္း(၁၁၂၂-၁၁၂၅ခု)။ ၃။ ဆင္ျဖဴရွင္မင္း(၁၁၂၅-၁၁၃၈ခု)။ ၄။ စဥ့္ကူးမင္း(၁၁၃၈-၁၁၄၃ခု)။ ၅။ ေဖာင္းကားစား ေမာင္ေမာင္ (၁၁၄၃-ခု)။ ၆။ ဘိုးေတာ္ဦးဝိုင္း(၁၁၄၃-၁၁၈၁)။ ၇။ စစ္ကိုင္းမင္း=ဘႀကီးေတာ္မင္း(၁၁၈၁-၁၁၉၉ခု)။ ၈။ သာယာ၀တီမင္း=ေ႐ႊဘိုမင္း=ကုန္းေဘာင္မင္း(၁၁၉၉-၁၂၀၈-ခု)။ ၉။ ပုဂံမင္း(၁၂၀၈-၁၂၁၄-ခု)။

၁၀။ မင္းတုန္းမင္း(၁၂၁၄-၁၂၄၀-ခု)။၁၁။ သီေပါမင္း(၁၂၄၀-၁၂၄၇-ခု)ဆိုၿပီးကုန္းေဘာင္မင္းဆက္ ၁၁-ဆက္ရွိပါတယ္။ ႏွစ္ေပါင္း ၁၃၃-ႏွစ္ အုပ္ခ်ဳပ္ မင္းလုပ္ခဲ့ၾကပါတယ္။ဒီတံတားဟာ ၁၂၁၃-ခုႏွစ္ ေဆာက္ လုပ္ၿပီးတာဆိုေတာ့ ပုဂံမင္းလက္ထက္ကျဖစ္ပါတယ္။ပုဂံမင္းနဲ႔ စၾကာေဒဝီတို႔ဟာ မင္းတုန္းမင္း၊ ကေနာင္မင္းသားတို႔နဲ႔ အေဖတူ (=သာ ယာ၀တီမင္း)အေမကြဲမ်ားျဖစ္ၾကပါတယ္။ ေနာင္တခ်ိန္ မင္းတုန္းမင္းက စၾကာေဒဝီကို မိဖုရားႀကီးေျမႇာက္ပါတယ္။

ပုဂံမင္းဟာ မယ္ေတာ္ျဖစ္တဲ့ က်ပင္းမိဖုရားႀကီးရဲ႕အကူအညီနဲ႔ အေဖတူ အေမကြဲ ညီေနာင္မ်ားကို ရွင္းလင္းၿပီး အမရပူရထီးနန္းကို ေျခာက္ႏွစ္တိုင္ တက္ထိုင္ခဲ့သူျဖစ္ပါတယ္။ဘုရင္တပါးျဖစ္ေသာ္လဲ-သာမန္အရပ္သားတေယာက္လို-အရက္ေသာက္၊ ၾကက္တိုက္၊ ခါတယ္၊ ငွက္ဖမ္း-စတဲ့ အေပ်ာ္ အပါးေတြသာ ဝါသနာပါတဲ့အတြက္ ေယာက္ဖျဖစ္တဲ့ ဦးေက်ာက္လုံးနဲ႔ အတြင္း၀န္ ဦးပါးတို႔ကိုသာ တိုင္းေရးျပည္ေရး ကိစၥအားလုံးကို လႊဲအပ္ထားပါတယ္။

ေတာင္သမန္အင္းရဲ႕ တဖက္ကမ္းမွာ ဗုန္းအိုး-ဆိုတဲ့႐ြာတ႐ြာရွိပါတယ္။ ဘိုးေတာ္ဝိုင္းလက္ထက္က အာသံ မဏိပူရကေန သုံ႔ပန္းအျဖစ္ ဖမ္းဆီးေခၚလာခဲ့တဲ့ အစၥလာမ္ဘာသာ၀င္ေတြေနဖို႔ တည္ေပးထားတဲ့ ႐ြာျဖစ္ပါတယ္။ အဲဒီ ႐ြာသားေတြဟာ ဘုရင့္အ ေျမာက္တပ္မွာ အမႈထမ္းတဲ့သူမွတပါး က်န္တဲ့သူေတြဟာ ေတာလိုက္မုဆိုးဘ၀နဲ႔ အသက္ေမြးၾကရတာပါ။ပုဂံမင္းဟာ မင္းသားဘ၀ကတဲက အေပ်ာ္အပါးႀကိဳက္တာပါ။ ဒါကို-ဗုန္းအိုး႐ြာသား ဘိုင္ဆပ္-လို႔ေခၚတဲ့ ကုလားတေယာက္က သိေလေတာ့-မင္းသားစိတ္တိုင္းက် ေပ်ာ္ရေအာင္ တိရစာၦန္တိုက္ပြဲမ်ိဳးစုံကို ဖန္တီးေပးပါတယ္။

ပုဂံမင္းသားလဲ ဘိုင္ဆပ္ကိုသေဘာက်ၿပီး သူဘုရင္ျဖစ္လာတဲ့အခါ ၿမိဳ႕၀န္အျဖစ္ခန္႔လိုက္ပါတယ္။ဘိုင္ဆပ္ဟာ ၿမိဳ႕၀န္ျဖစ္လာေတာ့ အမရပူရနန္းေတာ္အတြင္း တိရစာၦန္တိုက္ပြဲမ်ား က်င္းပတဲ့အခါ အသုံးျပဳဖို႔ ေရကန္ေတြတူးေပးတယ္။ ဘုရင္နဲ႔အမတ္မ်ား အေလာင္းအစားလုပ္တဲ့အခါ ဘုရင္အႏိုင္ရေအာင္ အကူအညီေပးေလေတာ့ အမရပူရၿမိဳ႕ေတာ္ေပၚမွာသာမက ဘုရင့္အေပၚမွာေတာင္ သူရဲ႕ ၾသဇာအရွိန္အဝါေတြ လႊမ္းမိုးၿပီး သူလုပ္ခ်င္ရာလုပ္လာပါတယ္။ေနာက္ဆုံး-သူ႔႐ြာသားမ်ားျဖစ္တဲ့-ငပိန္-ကို ၿမိဳ႕စားေရးရာထူးေပးတယ္။ေ႐ႊေဘာ္-ကို တံခါးမႉးးရာထူးေပးတယ္။ငမႈံ-ကို ေစ်းေခါင္း ရာထူးေပးတယ္။

ငရွင္-ကို ထန္းေခါင္းရားထူးေပးတယ္။ ရွင္ဘုရင္ကေတာ့ တိရစာၦန္တိုက္ပြဲေတြနဲ႔ ေပ်ာ္ေနလ်က္။ ဘာမွ မသိ။ ဘာဆို ဘာမွမသိ။ဘိုင္ဆပ္တို႔အဖြဲ႕ဟာ ေနရာအသီးသီးမွာ ရာထူးႀကီးႀကီးနဲ႔ အာဏာရထားတာဆိုေတာ့-ေစတီ ပုထိုးမ်ားရဲ႕ ဌာပနာေတြကို ေဖာက္ၿပီးခိုးၾကပါတယ္။ ျမန္ မာအမ်ိဳးသမီးမ်ားကိုလဲ မုဒိန္းက်င့္ ေစာ္ကား ဖ်က္ဆီး႐ုံသာမက အဓမၼသိမ္းပိုက္ၿပီး ေပါင္းသင္းေနတဲ့ မယားေပါင္း ေလးဆယ္ေက်ာ္ရွိပါတယ္။ တခ်ိဳ႕မိန္းကေလးေတြဆို အမရပူရမွာ မေနရဲလို႔ တျခားေနရာ ထြက္ေျပး တိမ္းေရွာင္ၾကရပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ေတြကိုလဲ ဘိန္းထုပ္ပစ္ၿပီး အမႈဆင္ဖမ္းကာ သက္ဆိုင္ရာမိသားစုေတြဆီကေန ေငြေတာင္းၾကပါတယ္။ သူတို႔ေတာင္းတဲ့ေငြ မေပးသူေတြနဲ႔ သူတို႔အျမင္ကပ္သူေတြကိုေတာ့ ႏွိပ္စက္တယ္။ သတ္တယ္။ ဒီအတြက္ လူေတြ သုံးေထာင္ေလာက္ ေသၾကရပါတယ္။(ဒါ-က်ဳပ္တို႔ကို ပခုံးပုတ္ သတိေပးေနတာပါ။)ဒီလို ျပစ္မႈ လြန္က်ဴေနတဲ့ ဘိုင္ဆပ္အဖြဲ႕ကို ဘယ္သူကမွ ဘုရင္ကို တင္ျပေလွ်ာက္ထားျခင္းမရွိၾကပါဘူး။ ျမန္မာေတြဟာ အဲဒီကတဲက လူေတာ မတိုးတဲ့သေဘာပါ။ လအေတြလို႔ ေျပာရမွာပါ။

အုပ္ခ်ဳပ္ေရးဘက္မွာ ဥေပကၡာျပဳထားတဲ့ ဘုရင္ရဲ႕ အားနည္းခ်က္ကို သူတို႔အဖြဲ႕က သိေလေတာ့-ၿမိဳ႕ေတာ္ကို အာဏာသိမ္းယူတဲ့အခါ သူတို႔႐ြာသားမ်ားထံကေန အကူအညီ လိုအပ္သလို ရယူဖုိ႔-ျမန္ျမန္ နန္းသိမ္းႏိုင္ဖို႔အတြက္ ေတာင္သမန္အင္းကို တံတားေဆာက္ဖို႔ လိုအပ္လာပါတယ္။ဒါနဲ႔-အင္း၀နဲ႔ စစ္ကိုင္းမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းေဟာင္း၊ သာသနိက အေဆာက္အဦး ဓမၼာ႐ုံ၊ ဇရပ္၊ ဘုရားတန္ေဆာင္း၊ နန္းေတာ္ေဟာင္းတို႔မွ ဖ်က္ယူအသုံးျပဳခြင့္ရေရးအတြက္ ဘုရင့္ထံ ခြင့္ျပဳခ်က္ေတာင္းလိုက္ရာ ဘုရင္ကခြင့္ျပဳခ်က္ေပးလိုက္ပါတယ္။တံတားေဆာက္လုပ္ခြင့္ရတဲ့အခါ ေမာင္ပိန္ကို ေဆာက္လုပ္ေရးတာ၀န္ခံအျဖစ္ ေပးအပ္ၿပီး အမရပူရျပည္သူေတြရဲ႕ အင္အားနဲ႔ တံတားႀကီးကို တည္ေဆာက္ခဲ့ပါတယ္။

လႈိင္းဒဏ္၊ ေလဒဏ္ခံႏိုင္ေအာင္အေျဖာင့္မေဆာက္ဘဲ ေတာင္ဘက္ကို ေခါင္းေမာ့ ေကြ႕ဝိုက္၍ ေဆာက္လုပ္ခဲ့ပါတယ္။ ဦးေဆာင္သူ ကုလားဦးပိန္ကိုအစြဲျပဳၿပီး-တံတားအမည္ကို-ဦးပိန္တံတား-လို႔ေခၚခဲ့ၾကတာနဲ႔ တူပါတယ္။ဒီတံတားႀကီးဟာ အဖိုးတန္ကြၽန္းသစ္ေတြနဲ႔ တည္ေဆာက္ခဲ့တာမို႔ ဒီေလာက္ခိုင္ခံ့ၿပီး သမိုင္းတြင္ေနတာပါ။ ဒါေပမယ့္-အေကာင္းစား ကြၽန္းသစ္လုံးႀကီးေတြကိုေတာ့ ငပိန္က ႏိုင္ငံျခားေရာင္းစားပစ္လိုက္ပါေသးတယ္။ အခု တံတားမွာ ျမင္ေနရတဲ့ သစ္ေတြကေတာ့ ႏိုင္ငံျခားမွာ အ၀ယ္မလိုက္လို႔ က်န္ခဲ့တဲ့ သစ္ေတြနဲ႔ အဖိုးတန္ ကြၽန္းသစ္တခ်ိဳ႕ပဲျဖစ္ပါတယ္။

အမရပူရၿမိဳ႕ေတာ္မွာ သူတို႔အုပ္စုကိုေၾကာက္လို႔ ဘယ္သူမွ မေျပာရဲေသာ္လဲ-မ်ိဳးႏြယ္မတူ၊ ဘယ္ကလူ။ ျပည္ဆူပြက္ေအာင္ ထားပါလိမ့္။ခ်ိဳ႕ငွက္တည္ရာ၊ ေတြ႕ခဲ့ပါ၊ ျပည္ေတာ္ဘယ္မွာသာပါလိမ့္–ဆိုၿပီး စာခ်ိဳးပစ္သူေတြေတာ့ ရွိပါတယ္။ေနာက္ဆုံး-သူတို႔ရဲ႕ဒဏ္ကို သည္းမခံႏိုင္ေလေတာ့-႐ုပ္ေသးပညာရွင္မ်ားနဲ႔ မိဖုရားေခါင္ႀကီတို႔ တိုင္ပင္ကာ ေျမာက္စမုတ္ေဆာင္မွာ ႐ုပ္စုံသဘင္ က-ျပ တင္ဆက္ပါတယ္။ အဲဒီမွ-ရွင္ဘုရင္က သိတာပါ။

ရွင္ဘုရင္ မခံရပ္ႏိုင္ဆုံးက-မိဖုရားနဲ႔ အပ်ိဳေတာ္မ်ားေနတဲ့ နန္းတြင္းအေနာက္ေဆာင္(မိဖုရားေဆာင္)ကို ဘုရင္မွတပါး ဘယ္သူမွ သြား လာခြင့္မရွိဘူးဆိုတာသိရက္နဲ႔ မိဖုရားမ်ားနဲ႔ စကားအဆက္အသြယ္ရွိေနၾကျခင္းပင္။ဒါနဲ႔-ၿမိဳ႕လယ္ေခါင္မွာ အမ်ားျမင္ေအာင္ ကားစင္တင္ ဖားကင္ေစၿပီး တံက်င္ထိုး သတ္ပစ္လိုက္ပါတယ္။ေတာင္သမန္းတံတားဟာ-ေျမတသူ၊ ထူးမူႏွစ္ခ်က္၊ ႏွစ္ဘက္၀ရန္တာ-လို႔ဆိုတဲ့အတိုင္း တံတားတိုင္က ေျမအ၀င္(တသူဆိုတာ-လက္ခုတ္တေဖာင္)၇-ေပခန္႔ရွိၿပီး၊ (ထူးမူႏွစ္ခ်က္ဆိုတာ)-အဲဒီ တိုင္မွာ ၾကက္ေျခခတ္ သို႔မဟုတ္ ဆံျပဳတ္ေမႊတဲ့ ဒုတ္တံလို လုပ္ထားတယ္။ ၀ရန္တာ လဲ ပါပါတယ္။ တိုင္က ၉၈၄-တိုင္ရွိပါတယ္။

ေနာက္ေတာ့-တံတားႏွစ္ဘက္ထိပ္မွာရွိတဲ့ အုတ္တံတားကိုျဖဳတ္ၿပီး အသားတံတား အစားထိုးလုပ္လိုက္ေတာ့ တိုင္က ၁၀၈၆-တိုင္ရွိၿပီး အရွည္ကလဲ ၃၉၆၇-ေပရွိလာပါတယ္။။ဒုတိယကမာၻစစ္ႀကီးၿပီးတဲ့ေနာက္မွာ-ေတာင္သမန္အင္း ေရႀကီးလို႔ ေရေအာက္ တံတားနစ္သြားခဲ့ဖူးပါတယ္။ တခ်ိဳ႕တိုင္မ်ား၊ အခန္းမ်ား ပ်က္စီးသြားလို႔ ေတာင္သမန္႐ြာမွာေနတဲ့ အမရပူရအမတ္ ဦးဘသီက ျပန္လည္ျပဳျပင္ေပးခဲ့ပါတယ္။၁၉၇၃-ခုမွာလဲ ေရႀကီးလို႔ အခန္းေပါင္း ရွစ္ဆယ္ေလာက္ ေရထဲေမ်ာပါ ပ်က္စီးသြားလို႔ ဂႏၶာ႐ုံဆရာေတာ္ႀကီးနဲ႔ ၿမိဳ႕နယ္လူႀကီးမိဘမ်ားက ျပန္လည္ျပဳျပင္ေပးခဲ့ပါတယ္။

Credit _ ေသာ္တာမင္း

Leave a Reply

Your email address will not be published. Required fields are marked *