ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာစေဖို့အတွက် နည်းလမ်း (၁၀) ခု

အေထြအေထြဗဟုသုတ

ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာစေဖို့အတွက် နည်းလမ်း (၁၀) ခု

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကလေးတွေကို တင်းတင်းကြပ်ကြပ် ပြောသင့်သလို တစ်ခါတရံမှာလည်း လွတ်လပ်ခွင့်တွေ ပေးဖို့လိုပါတယ်။

ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်သွားတဲ့အခါမှာတော့ အများကြီးထိန်းချုပ်စရာ မလိုတော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ့်ကိုယ် အားကိုးတတ်ပြီး ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုပါ။

၁။ နေရာတကာ လိုက်လုပ်ပေးစရာမလိုပါဘူး။

တစ်ခါတရံမှာ သင်က အလုပ်များနေပြီး သင့်ကလေးက သူကိုယ်တိုင်လုပ်နိုင်တဲ့အရာကို သင့်ကို စောင့်နေတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုအပြုအမူက ရေရှည်မှာတော့ မကောင်းပါဘူး။ ကလေးတွေက အမှားတွေကို လုပ်ရင်းကိုင်ရင်းနဲ့ ပြုပြင်သွားနိုင်ပါတယ်။

အဲဒါကြောင့် အချို့အရာတွေက မိဘက နေရာတကာလိုက်မလုပ်ပေးဘဲ သူတို့ကိုယ်တိုင်လုပ်ခိုင်းပြီး လွဲမှားနေတဲ့အခါ ပဲ့ပြင်ပေးပါ။ အဲဒီအခါ ကလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပြီး ကိုယ်တိုင်လုပ်ကိုင်သွားနိုင်ပါတယ်။

၂။ နေ့စဉ်လုပ်ဆောင်မှုတွေကို ချီးကျူးပေးပါ။

ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ သန်မာဖို့အတွက်၊ ပျော်ရွှင်ဖို့အတွက် ချီးကျူးပေးတာက တကယ်ကို လိုအပ်ပါတယ်။ သင်က အလုပ်များကောင်း များနေနိုင်ပေမယ့် နေ့စဉ်သူတို့လုပ်ဆောင်တတ်တဲ့အရာတွေကို အသိအမှတ်ပြုပေးပါ။ အိမ်စာပြီးတာ၊ ပန်းကန်ဆေးတာ၊ အခြားသူတွေကို ကူညီတာ စတဲ့အပြုအမူတွေပေါ်မူတည်ပြီး ချီးကျူးစကားဆိုပေးပါ။

၃။ အိမ်အလုပ်တွေကို လုပ်ကူခိုင်းပါ။

ကလေးတွေက သင့်ရဲ့အတွေ့အကြုံတွေကို အိမ်အလုပ်လုပ်ကူခြင်းကနေ ရနိုင်ပါတယ်။ အိမ်မှုကိစ္စတွေ လုပ်ကိုင်တဲ့နေရာမှာ လုပ်ကူခိုင်းတဲ့အခါ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုကိုပါ ထည့်သွင်းသင်ကြားနိုင်ပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကိုလိုက်ပြီး ကလေးတွေကို အိမ်မှုကိစ္စတွေ တာဝန်ပေးသင့်ပါတယ်။

၄။ သေးငယ်တဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ခိုင်းပါ။

ရင့်ကျက်ပြီး ပြည့်ဝသူတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်ကတည်းက ဆုံးဖြတ်ချက်ချတတ်တဲ့ အရည်အချင်းဟာ အရေးကြီးတဲ့အရာပါ။ ဥပမာအားဖြင့် သူတို့ကြိုက်တဲ့မုန့်ကို ကိုယ်တိုင်ရွေးချယ်ခိုင်းတာ၊ ဒီနေ့ဝတ်မယ့်အဝတ်အစားကို ကိုယ်တိုင်ရွေးခိုင်းတာက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေတဲ့အရာပါ။

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားခိုင်းပါ။

ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပေးထားတာက အရမ်းကို အကျိုးရှိစေပါတယ်။ အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားရပြီဆိုရင် သူတို့အတွက် အစာကျွေးဖို့၊ ကစားပေးဖို့၊ စောင့်ရှောက်ပေးဖို့ စတဲ့တာဝန်ယူမှုတွေကို နားလည်လာမှာပါ။ ဒါ့အပြင် တိရစ္ဆာန်လေးတွေအ‌ပေါ် ကြင်နာတတ်တဲ့စိတ်လည်း ရရှိစေမှာပါ။

၆။ အနည်းဆုံးတစ်လတစ်ခါ စိန်ခေါ်မှုအသစ်တွေ ပေးပါ။

ကလေးတွေအတွက် စိန်ခေါ်မှုတွေဟာ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့အရာပါ။ အဲဒါကြောင့် သူတို့ရဲ့အသက်အရွယ်ကို လိုက်ပြီး ပုံဆွဲခိုင်းတာ၊ သီချင်းဆိုခိုင်းတာ၊ စာစီစာကုံးရေးခိုင်းတာ စတဲ့စိန်ခေါ်မှုတွေကို ဖန်တီးပေးပါ။

၇။ စိတ်ရှည်ပေးပါ။

တစ်ခါမှမလုပ်ဖူးတဲ့ အရာတစ်ခုကို ပထမဆုံးစလုပ်တဲ့အခါမှာ အမှားတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါ ကလေးတွေအပေါ် စိတ်ရှည်ပေးပြီး သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ အမြဲလိုလို အပြစ်တင်ဝေဖန်တာက အမှားကို ပြုပြင်သွားနိုင်မှာမဟုတ်ဘဲ စိတ်ပျော်ရွှင်မှုကိုလည်း ထိခိုက်စေမှာပါ။

၈။ ရှေ့ကနေ သင်ကြားပေးပါ။

မိဘတွေက ကလေးရဲ့ပထမဆုံးဆရာပါ။ အဲဒါကြောင့် နေ့စဉ်အလုပ်တွေကို မိဘတွေက ရှေ့ကနေ သင်ကြားပေးပြီး နောက်ကနေ လိုက်‌လုပ်ခိုင်းပါ။ တစ်ဆင့်ချင်း သင်ကြားပြီးနောက်မှာတော့ ကလေးက သူတို့ရဲ့အလုပ်တွေကို တာဝန်ယူတတ်သွားပါတယ်။

၉။ ကလေးတွေ ကြောက်တတ်တဲ့အရာတွေကို မေးမြန်းပါ။

ကလေးအရွယ်မှာဖြစ်တတ်တဲ့ ကြောက်စိတ်က လုံးဝပုံမှန်ပါ။ ဒါပေမယ့် လူကြီးတွေက ကလေးတွေရဲ့ကြောက်စိတ်တွေကို သတိမူမိဖို့၊ ကြောက်စိတ်တွေကို ဖျောက်ပေးဖို့ လိုအပ်ပါတယ်။ ကြောက်စိတ်တွေကို ကျော်လွှားနိုင်သွားရင် ထင်ထားတဲ့အရာတွေက ကြောက်စရာ မကောင်းတော့ပါဘူး။

၁၀။ သူတို့လုပ်နိုင်ကြောင်း အားပေးပါ။

ကလေးတွေ လုပ်နိုင်ကြောင်း မိဘတွေက ယုံကြည်မှုပေးရင် ကလေးတွေအတွက် အားတက်စေပါတယ်။ ယုံကြည်မှုက ကလေး‌တွေရဲ့ အားအင်တွေ၊ ပြင်းပြတဲ့ဆန္ဒတွေကို ပိုမိုအရောင်တင်ပေးနိုင်ပါတယ်။ အားပေးတိုက်တွန်းခြင်းက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်စေပါတယ်။

Zombie (lovemedia)

Zawgyi

ကိုယ့္အားကိုယ္ကိုးၿပီး ယုံၾကည္မႈရွိတဲ့ ကေလးတစ္ေယာက္ ျဖစ္လာေစဖို႔အတြက္ နည္းလမ္း (၁၀) ခု

ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ရတာ လြယ္ကူတဲ့အရာေတာ့ မဟုတ္ပါဘူး။ တစ္ခါတရံမွာ ကေလးေတြကို တင္းတင္းၾကပ္ၾကပ္ ေျပာသင့္သလို တစ္ခါတရံမွာလည္း လြတ္လပ္ခြင့္ေတြ ေပးဖို႔လိုပါတယ္။

ကေလးေတြဟာ ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္သြားတဲ့အခါမွာေတာ့ အမ်ားႀကီးထိန္းခ်ဳပ္စရာ မလိုေတာ့ပါဘူး။ အဲဒါေၾကာင့္ ကိုယ့္ကိုယ့္ကိုယ္ အားကိုးတတ္ၿပီး ယုံၾကည္မႈရွိတဲ့ လူတစ္ေယာက္အျဖစ္ ႀကီးျပင္းလာေစဖို႔အတြက္ ဒီနည္းလမ္းေတြကို အသုံးျပဳပါ။

၁။ ေနရာတကာ လိုက္လုပ္ေပးစရာမလိုပါဘူး။

တစ္ခါတရံမွာ သင္က အလုပ္မ်ားေနၿပီး သင့္ကေလးက သူကိုယ္တိုင္လုပ္ႏိုင္တဲ့အရာကို သင့္ကို ေစာင့္ေနတာမ်ိဳး ရွိႏိုင္ပါတယ္။ ဒီလိုအျပဳအမူက ေရရွည္မွာေတာ့ မေကာင္းပါဘူး။ ကေလးေတြက အမွားေတြကို လုပ္ရင္းကိုင္ရင္းနဲ႔ ျပဳျပင္သြားႏိုင္ပါတယ္။

အဲဒါေၾကာင့္ အခ်ိဳ႕အရာေတြက မိဘက ေနရာတကာလိုက္မလုပ္ေပးဘဲ သူတို႔ကိုယ္တိုင္လုပ္ခိုင္းၿပီး လြဲမွားေနတဲ့အခါ ပဲ့ျပင္ေပးပါ။ အဲဒီအခါ ကေလးမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ တိုးၿပီး ကိုယ္တိုင္လုပ္ကိုင္သြားႏိုင္ပါတယ္။

၂။ ေန႔စဥ္လုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးေပးပါ။

ကေလးေတြရဲ႕စိတ္ပိုင္းဆိုင္ရာ သန္မာဖို႔အတြက္၊ ေပ်ာ္႐ႊင္ဖို႔အတြက္ ခ်ီးက်ဴးေပးတာက တကယ္ကို လိုအပ္ပါတယ္။ သင္က အလုပ္မ်ားေကာင္း မ်ားေနႏိုင္ေပမယ့္ ေန႔စဥ္သူတို႔လုပ္ေဆာင္တတ္တဲ့အရာေတြကို အသိအမွတ္ျပဳေပးပါ။ အိမ္စာၿပီးတာ၊ ပန္းကန္ေဆးတာ၊ အျခားသူေတြကို ကူညီတာ စတဲ့အျပဳအမူေတြေပၚမူတည္ၿပီး ခ်ီးက်ဴးစကားဆိုေပးပါ။

၃။ အိမ္အလုပ္ေတြကို လုပ္ကူခိုင္းပါ။

ကေလးေတြက သင့္ရဲ႕အေတြ႕အႀကဳံေတြကို အိမ္အလုပ္လုပ္ကူျခင္းကေန ရႏိုင္ပါတယ္။ အိမ္မႈကိစၥေတြ လုပ္ကိုင္တဲ့ေနရာမွာ လုပ္ကူခိုင္းတဲ့အခါ တာဝန္သိတတ္မႈ၊ တာဝန္ယူတတ္မႈကိုပါ ထည့္သြင္းသင္ၾကားႏိုင္ပါတယ္။ အဲဒါေၾကာင့္ အသက္အ႐ြယ္ကိုလိုက္ၿပီး ကေလးေတြကို အိမ္မႈကိစၥေတြ တာဝန္ေပးသင့္ပါတယ္။

၄။ ေသးငယ္တဲ့ဆုံးျဖတ္ခ်က္ေတြကို ကိုယ္တိုင္ခ်မွတ္ခိုင္းပါ။

ရင့္က်က္ၿပီး ျပည့္ဝသူတစ္ေယာက္ျဖစ္ဖို႔ ငယ္စဥ္ကတည္းက ဆုံးျဖတ္ခ်က္ခ်တတ္တဲ့ အရည္အခ်င္းဟာ အေရးႀကီးတဲ့အရာပါ။ ဥပမာအားျဖင့္ သူတို႔ႀကိဳက္တဲ့မုန႔္ကို ကိုယ္တိုင္ေ႐ြးခ်ယ္ခိုင္းတာ၊ ဒီေန႔ဝတ္မယ့္အဝတ္အစားကို ကိုယ္တိုင္ေ႐ြးခိုင္းတာက ကေလးေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ တိုးေစတဲ့အရာပါ။

၅။ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ ေဆာ့ကစားခိုင္းပါ။

ကေလးေတြအတြက္ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးေပးထားတာက အရမ္းကို အက်ိဳးရွိေစပါတယ္။ အိမ္မွာ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ ေမြးထားရၿပီဆိုရင္ သူတို႔အတြက္ အစာေကြၽးဖို႔၊ ကစားေပးဖို႔၊ ေစာင့္ေရွာက္ေပးဖို႔ စတဲ့တာဝန္ယူမႈေတြကို နားလည္လာမွာပါ။ ဒါ့အျပင္ တိရစာၦန္ေလးေတြအ‌ေပၚ ၾကင္နာတတ္တဲ့စိတ္လည္း ရရွိေစမွာပါ။

၆။ အနည္းဆုံးတစ္လတစ္ခါ စိန္ေခၚမႈအသစ္ေတြ ေပးပါ။

ကေလးေတြအတြက္ စိန္ေခၚမႈေတြဟာ ကိုယ္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေစတဲ့အရာပါ။ အဲဒါေၾကာင့္ သူတို႔ရဲ႕အသက္အ႐ြယ္ကို လိုက္ၿပီး ပုံဆြဲခိုင္းတာ၊ သီခ်င္းဆိုခိုင္းတာ၊ စာစီစာကုံးေရးခိုင္းတာ စတဲ့စိန္ေခၚမႈေတြကို ဖန္တီးေပးပါ။

၇။ စိတ္ရွည္ေပးပါ။

တစ္ခါမွမလုပ္ဖူးတဲ့ အရာတစ္ခုကို ပထမဆုံးစလုပ္တဲ့အခါမွာ အမွားေတြ ရွိလာႏိုင္ပါတယ္။ အဲဒီအခါ ကေလးေတြအေပၚ စိတ္ရွည္ေပးၿပီး သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳေပးပါ။ အၿမဲလိုလို အျပစ္တင္ေဝဖန္တာက အမွားကို ျပဳျပင္သြားႏိုင္မွာမဟုတ္ဘဲ စိတ္ေပ်ာ္႐ႊင္မႈကိုလည္း ထိခိုက္ေစမွာပါ။

၈။ ေရွ႕ကေန သင္ၾကားေပးပါ။

မိဘေတြက ကေလးရဲ႕ပထမဆုံးဆရာပါ။ အဲဒါေၾကာင့္ ေန႔စဥ္အလုပ္ေတြကို မိဘေတြက ေရွ႕ကေန သင္ၾကားေပးၿပီး ေနာက္ကေန လိုက္‌လုပ္ခိုင္းပါ။ တစ္ဆင့္ခ်င္း သင္ၾကားၿပီးေနာက္မွာေတာ့ ကေလးက သူတို႔ရဲ႕အလုပ္ေတြကို တာဝန္ယူတတ္သြားပါတယ္။

၉။ ကေလးေတြ ေၾကာက္တတ္တဲ့အရာေတြကို ေမးျမန္းပါ။

ကေလးအ႐ြယ္မွာျဖစ္တတ္တဲ့ ေၾကာက္စိတ္က လုံးဝပုံမွန္ပါ။ ဒါေပမယ့္ လူႀကီးေတြက ကေလးေတြရဲ႕ေၾကာက္စိတ္ေတြကို သတိမူမိဖို႔၊ ေၾကာက္စိတ္ေတြကို ေဖ်ာက္ေပးဖို႔ လိုအပ္ပါတယ္။ ေၾကာက္စိတ္ေတြကို ေက်ာ္လႊားႏိုင္သြားရင္ ထင္ထားတဲ့အရာေတြက ေၾကာက္စရာ မေကာင္းေတာ့ပါဘူး။

၁၀။ သူတို႔လုပ္ႏိုင္ေၾကာင္း အားေပးပါ။

ကေလးေတြ လုပ္ႏိုင္ေၾကာင္း မိဘေတြက ယုံၾကည္မႈေပးရင္ ကေလးေတြအတြက္ အားတက္ေစပါတယ္။ ယုံၾကည္မႈက ကေလး‌ေတြရဲ႕ အားအင္ေတြ၊ ျပင္းျပတဲ့ဆႏၵေတြကို ပိုမိုအေရာင္တင္ေပးႏိုင္ပါတယ္။ အားေပးတိုက္တြန္းျခင္းက ကေလးေတြကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိၿပီး ကိုယ့္အားကိုယ္ကိုးတတ္ေစပါတယ္။

Zombie (lovemedia)

Leave a Reply

Your email address will not be published. Required fields are marked *