ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ

အေထြအေထြဗဟုသုတ

ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ

တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါစားချင်ပါတယ် ဆိုပြီး ဂျီနေလို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ်ပြီး သွားဝယ်ရပါတယ်။

ဘာဂါဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်းမှသာ ထွက်ပါတယ်။ စေတနာနဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာစောင့်နေတဲ့သူ သုံးလေးယောက်တော့ အမြဲလိုလို ရှိတတ်ပါတယ်။

ထုံးစံ အတိုင်း ကိုယ့်ရှေ့က မှာထားတဲ့သူတွေ စောင့်နေရတာနဲ့ပဲ နာရီဝက်သာသာ လောက်တော့ ကြာသွား လို့ အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ မီးပွိုင့်ကို ရှောင်ချင်တာကြောင့် လမ်းမကြီးကမမောင်းတော့ဘဲ လူနေရပ်ကွက်ကနေ ဖြတ်ဖို့အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။

လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်းအိမ်လေးတွေနဲ့ ခြံဝန်းသီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ်ထွေးထွေးဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာခဏ ဆိုသလိုပဲ လမ်းမှားလေ့ရှိပါတယ်။

လမ်းသွယ်လေး တစ်ခုထဲကို ချိုးဝင်လိုက်တဲ့ အခါမှာ ခွေးတစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင်ကြီးတစ်ကောင် လမ်းဘေးက ပန်းခြုံအနီးမှာ ကားမီးရောင်ကို စူးစိုက်ပြီး ကြည့်နေတာ တွေ့လိုက်ရလို့ ရုတ်တရက်ကြက်သီးဖြန်းဖြန်းထပြီး ဘရိတ်ကိုယောင်ပြီး နင်းလိုက်မိပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားမှာက ဒါမျိုးတွေ ပေါတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။

အနှီ သတ္တဝါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက်ကြည့်နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ်တဲ့ စိတ်နဲ့ အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

တကယ်ဆို ကျနော် အဲဒီ အကောင်မျိုးကို သဘာဝအတိုင်း တွေ့ရတာဒါဟာ ဒုတိယအကြိမ်မြောက်ပါ။

ပထမ အကြိမ်က လွန်ခဲ့တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စတုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေအတိုင်း လျှောက်သွားနေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ဝရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။

ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည်ကောင် မျှော်စင်ညီနောင်နဲ့ မလှမ်းမကမ်းမှာတွေ့ ရတာကိုပါ။

အဲဒီ ကြောင်နံ့ သာ (သို့) ကြောင်ကတိုး လို့ အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက်ဘက်က ကျွန်းတွေမှာ ကျက်စားတယ် လို့ဆိုပါတယ်။

ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစုတွေမှာလည်း အများအပြားတွေ့ရ တတ်တယ်လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတော်တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုးတူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ်လို့ ဆိုရမှာပါ။

တောကြောင် လို့ ယေဘုယျခေါ်နေပေသောြ်ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေရုံမျှသာဖြစ်ပြီး ကြောင်အမျိုးအနွယ် လုံးဝ မဟုတ်ပါဘူး။

လှုပ်ရှားမှု မြန်ဆန် သွက်လက်ပေသောြ်ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်းများရဲ့ အစာအဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ်လို့ ဆိုပါတယ်။

ကြောင်နံ့သာ အမ တွေဟာ နှစ်လလောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် ၄ကောင်ခန့်အထိ ပေါက်ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ်အထိ မိခင်ကစောင့်ရှောက်ပေးပါတယ်။

သူတို့ တွေဟာ အသက် နှစ်ဆယ်ခန့်အထိ နေနိုင်ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ဆိုပါတယ်။ ပုံမှန်ကြောင်နံ့သာ တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရှည်ကတော့ ၁၇လက်မ ကနေ ၂၈လက်မခန့် အထိရှိတတ်ပြီး အလေးချိန်ကတော့ ၁၁ပေါင်ခန့်အထိ ရှိတတ်ပါတယ်။

ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းဆီးစားသောက်တတ်တဲ့ တောရိုင်း သတ္တဝါဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။

ရုပ်သံကြည့်ရန်

 

Zawgyi

ေၾကာင္နံ႔သာ ( သို႔ ) စိတ္ဝင္စားစရာေကာင္းတဲ့ ေၾကာင္ကတိုး အေၾကာင္း သိေကာင္းစရာ

တေန႔ က ညဆယ္နာရီ ေက်ာ္ေက်ာ္ေလာက္မွာ မွ သမီး အႀကီးမေလး က ဘာဂါစားခ်င္ပါတယ္ ဆိုၿပီး ဂ်ီေနလို႔ အျပင္မထြက္ခ်င္ေတာ့ ပဲ ပ်င္းေနတဲ့စိတ္ကို အသာခ်ိဳးႏွိမ္ၿပီး သြားဝယ္ရပါတယ္။

ဘာဂါဆိုင္က ဆဲဗင္းအလဲဗင္း ဆိုင္ကို အမွီျပဳ ဖြင့္ထားတာ ျဖစ္ၿပီး ညပိုင္းမွသာ ထြက္ပါတယ္။ ေစတနာနဲ႔ လက္ရာေလးက ေကာင္းေတာ့ အဲဒီ ဘာဂါဆိုင္မွာေစာင့္ေနတဲ့သူ သုံးေလးေယာက္ေတာ့ အၿမဲလိုလို ရွိတတ္ပါတယ္။

ထုံးစံ အတိုင္း ကိုယ့္ေရွ႕က မွာထားတဲ့သူေတြ ေစာင့္ေနရတာနဲ႔ပဲ နာရီဝက္သာသာ ေလာက္ေတာ့ ၾကာသြား လို႔ အိမ္ကို အျမန္ေရာက္ခ်င္ေဇာနဲ႔ မီးပြိဳင့္ကို ေရွာင္ခ်င္တာေၾကာင့္ လမ္းမႀကီးကမေမာင္းေတာ့ဘဲ လူေနရပ္ကြက္ကေန ျဖတ္ဖို႔အႀကံနဲ႔ ကားကို ေကြ႕ဝင္လိုက္ပါတယ္။

လူေနရပ္ကြက္ ဆိုေပမယ့္ လုံးခ်င္းအိမ္ေလးေတြနဲ႔ ၿခံဝန္းသီးသန႔္ နဲ႔ ဆိပ္ၿငိမ္ရပ္ကြက္ ဆိုေတာ့ သစ္ပင္ေတြ အုပ္အုပ္ ဆိုင္းဆိုင္း နဲ႔ ခပ္ေမွာင္ေမွာင္ပါ။ လမ္းသြယ္ေလးေတြ ရႈပ္ရႈပ္ေထြးေထြးဆိုေတာ့ မၾကာခဏ သြားေနက် ဆိုေပမယ့္ မၾကာခဏ ဆိုသလိုပဲ လမ္းမွားေလ့ရွိပါတယ္။

လမ္းသြယ္ေလး တစ္ခုထဲကို ခ်ိဳးဝင္လိုက္တဲ့ အခါမွာ ေခြးတစ္ေကာင္ေလာက္ အ႐ြယ္ရွိတဲ့ မီးခိုးေရာင္ အေကာင္ႀကီးတစ္ေကာင္ လမ္းေဘးက ပန္းၿခဳံအနီးမွာ ကားမီးေရာင္ကို စူးစိုက္ၿပီး ၾကည့္ေနတာ ေတြ႕လိုက္ရလို႔ ႐ုတ္တရက္ၾကက္သီးျဖန္းျဖန္းထၿပီး ဘရိတ္ကိုေယာင္ၿပီး နင္းလိုက္မိပါတယ္။

မေလးရွားနဲ႔ အင္ဒိုနီးရွားမွာက ဒါမ်ိဳးေတြ ေပါတယ္ဆိုၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေလ့ ရွိတတ္တယ္ေလ။

အႏွီ သတၱဝါကေတာ့ စကၠန႔္ အနည္းငယ္ မ်က္လုံးစိမ္းစိမ္း တစ္စုံနဲ႔ ေသခ်ာ စူးစိုက္ၾကည့္ေနရာက ႐ုတ္တရက္ မီးခိုးလိုမ်ိဳး အေငြ႕ေတြ ထြက္လာၿပီး လမ္းေဘး ကြန္ကရစ္ေျမာင္းေဘးကို ခုန္ဆင္း ေပ်ာက္ကြယ္သြားပါတယ္။

ဒါေပမယ့္ သူဘာေကာင္ ဆိုတာ သိလိုက္ရၿပီ ျဖစ္လို႔ ေၾကာက္စိတ္ထက္ ေက်နပ္ ပီတိျဖစ္တဲ့ စိတ္နဲ႔ အိမ္ကို ျပန္လာခဲ့ပါေတာ့တယ္။

တကယ္ဆို က်ေနာ္ အဲဒီ အေကာင္မ်ိဳးကို သဘာဝအတိုင္း ေတြ႕ရတာဒါဟာ ဒုတိယအႀကိမ္ေျမာက္ပါ။

ပထမ အႀကိမ္က လြန္ခဲ့တဲ့ ငါးႏွစ္ က်ေနာ္ မေလးရွားကို ေရာက္စတုန္းက အဲဒီအေကာင္မ်ိဳး တစ္ေကာင္ ၿခံစည္း႐ိုး အေပၚမွာ တတ္ထားတဲ့ သံဆူးႀကိဳး အေခြအတိုင္း ေလွ်ာက္သြားေနတာကို က်ေနာ္ေနထိုင္ရာ ကြန္ဒို ဝရံတာကေန လွမ္းေတြ႕ ခဲ့ဘူးပါတယ္။

က်ေနာ့္စိတ္ထဲ မွာ ထူးဆန္းေနတာက အဲဒီလို ေတာနက္ထဲမွာသာရွိသင့္တဲ့ အေကာင္မ်ိဳးကို ကြာလာလမ္ပူ ၿမိဳ႕လည္ေကာင္ ေမွ်ာ္စင္ညီေနာင္နဲ႔ မလွမ္းမကမ္းမွာေတြ႕ ရတာကိုပါ။

အဲဒီ ေၾကာင္နံ႔ သာ (သို႔) ေၾကာင္ကတိုး လို႔ အမည္ရတဲ့ ေတာေၾကာင္ႀကီးမ်ိဳးကို မေလးလို မူဆန္း လို႔ ေခၚၿပီး မေလးရွားကြၽန္းဆြယ္ အႏွံ႔အျပား အျပင္ အေရွ႕ဘက္နဲ႔ အေနာက္ဘက္က ကြၽန္းေတြမွာ က်က္စားတယ္ လို႔ဆိုပါတယ္။

ဒါ့အျပင္ ေဘာ္နီယို၊ ဆုမၾတ နဲ႔ ဖိလစ္ပိုင္ ကြၽန္းစုေတြမွာလည္း အမ်ားအျပားေတြ႕ရ တတ္တယ္လို႔ သိရပါတယ္။ တကယ္ေတာ့ ေၾကာင္နံ႔သာ အေနနဲ႔ အေရွ႕ေတာင္ အာရွ ႏိုင္ငံေတာ္ေတာ္မ်ားမ်ား မွာ ေဒသခံအေနနဲ႔ ေတြ႕ရတတ္ၿပီး တျခားမ်ိဳးတူ တစ္ဝမ္းကြဲ မိသားစုဝင္ေတြနဲ႔ မတူတာက သူ႔ရဲ႕ အမည္းေရာင္ ေျခေလးေျခာင္းနဲ႔ မီးခိုးေရာင္ အကြက္ေတြ အျပင္၊ အၿမီးကို အလွဆင္ထားတဲ့ အျဖဴ မီးခိုး အစင္းအၾကားေတြေၾကာင့္ သိသာထင္ရွားတဲ့ သြင္ျပင္လကၡဏာ ရွိတယ္လို႔ ဆိုရမွာပါ။

ေတာေၾကာင္ လို႔ ေယဘုယ်ေခၚေနေပေသာျ္ငား ေၾကာင္ နဲ႔ အနည္းငယ္ ဆင္သလို ျဖစ္ေန႐ုံမွ်သာျဖစ္ၿပီး ေၾကာင္အမ်ိဳးအႏြယ္ လုံးဝ မဟုတ္ပါဘူး။

လႈပ္ရွားမႈ ျမန္ဆန္ သြက္လက္ေပေသာျ္ငား ေၾကာင္ႀကီး မ်ိဳးႏြယ္ ေတြျဖစ္တဲ့ က်ား၊ က်ားသစ္ တို႔ အျပင္ စပါးႀကီး၊ စပါးအုံး လို ေႁမြႀကီးမ်ား၊ မိေက်ာင္းမ်ားရဲ႕ အစာအျဖစ္ကိုေတာ့ မၾကာခဏ က်ေရာက္တတ္တယ္လို႔ ဆိုပါတယ္။

ေၾကာင္နံ႔သာ အမ ေတြဟာ ႏွစ္လေလာက္ ကိုယ္ဝန္ေဆာင္ၿပီးတာ နဲ႔ သားငယ္ ၄ေကာင္ခန႔္အထိ ေပါက္ၿပီး ကေလးေတြ အ႐ြယ္ေရာက္၊ ကိုယ့္အစာ ကိုယ္ရွာစားတတ္တဲ့ အ႐ြယ္အထိ မိခင္ကေစာင့္ေရွာက္ေပးပါတယ္။

သူတို႔ ေတြဟာ အသက္ ႏွစ္ဆယ္ခန႔္အထိ ေနႏိုင္ေပမယ့္ အဲဒီ အ႐ြယ္အထိ အသက္ရွည္ရွည္ ေနႏိုင္တဲ့ အေကာင္မ်ိဳး အလြန္ေတြ႕ ရခဲတယ္ လို႔ဆိုပါတယ္။ ပုံမွန္ေၾကာင္နံ႔သာ တစ္ေကာင္ရဲ႕ ခႏၶာကိုယ္အရွည္ကေတာ့ ၁၇လက္မ ကေန ၂၈လက္မခန႔္ အထိရွိတတ္ၿပီး အေလးခ်ိန္ကေတာ့ ၁၁ေပါင္ခန႔္အထိ ရွိတတ္ပါတယ္။

ေၾကာင္နံ႔သာ ေတြဟာ သဘာဝအရ သားေကာင္ငယ္ေတြကို ဖမ္းဆီးစားေသာက္တတ္တဲ့ ေတာ႐ိုင္း သတၱဝါျဖစ္လို႔ အိမ္ေမြးတိရိစာၦန္အျဖစ္ ေမြးလို႔ မရပါဘူး။

႐ုပ္သံၾကည့္ရန္

Leave a Reply

Your email address will not be published. Required fields are marked *