သွားစရာတွေ ရှိတဲ့အခါ ဝက်ခြံတွေကို အလျင်မြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်း (၇) ခု

Beauty

သွားစရာတွေ ရှိတဲ့အခါ ဝက်ခြံတွေကို အလျင်မြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်း (၇) ခု

သွားစရာ၊ လာစရာရှိတဲ့အခါ၊ ပွဲတွေတက်စရာရှိတဲ့အခါ ဝက်ခြံတွေက အလိုက်မသိဘဲ ပေါက်လာတတ်ပါတယ်။ အဲဒီလိုအခိုက်အတန့်တွေရှိလာရင် စိတ်ပူစရာမလိုတော့ပါဘူး။ ဝက်ခြံတွေကို လျင်လျင်မြန်မြန်ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငှက်ပျောသီး၊ မုန့်ဖုတ်ဆိုဒါ၊ သံပုရာသီး

ငှက်ပျောသီးကို ခက်ရင်းနဲ့ချေပြီး သံပုရာသီးအလုံးတစ်ဝက်ကို ညှစ်ထည့်ပါ။ အဲဒီနောက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်းထပ်ထည့်ပါ။ အားလုံးကို နှံ့သွားအောင် မွှေလိုက်ပြီး ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ မိနစ်၂၀ ခန့်ထားပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။

၂။ သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းထားပီး တစ်ညထားလိုက်ပါ။ မနက်မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို ရေဓာတ်ဖြည့်ခင်ရင်မ်တစ်ခု လိမ်းပါ။

နောက်တစ်နည်းကတော့ သွားတိုက်ဆေးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရောပြီး ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းလိုက်ပါ။ တစ်ညထားပြီး ပုံမှန်အတိုင်း မျက်နှာသစ်လိုက်ရုံပါပဲ။

၃။ နနွင်းနဲ့ လက်ဖက်ဆီ

ဟိုတစ်နေရာ သည်တစ်နေရာထွက်နေတဲ့ဝက်ခြံတွေကို မြန်မြန်ပျောက်စေဖို့အတွက် နနွင်းမှုန့်ကို ရေအနည်းငယ်နဲ့ ရောပြီး လက်ဖက်ဆီ ၄ စက်ခန့် ထည့်ပါ။ သမအောင်မွှေပြီးနောက် ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းထားပါ။ တစ်ညခန့်ထားပြီးနောက် မနက်ကျရင် ရေဆေးချလိုက်လို့ရပါပြီ။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဝက်ခြံတွေ အများကြီးပေါက်နေတဲ့အခါ နနွင်းကို mask ပုံစံအသုံးပြုပါ။ နနွင်း၊ ရွှံ့အဖြူ၊ ဒိန်ချဉ်၊ ပျားရည်တို့ကို ရောပြီး မျက်နှာမှာ mask အဖြစ်ကပ်ထားပါ။ ၁၅ မိနစ်ခန့် ကြာပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။

၄။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူတစ်မွှာကို အလယ်ကနေ ပိုင်းဖြတ်လိုက်ပြီး မျက်နှာမှာလိမ်းပေးပါ။ လိမ်းပေးပြီး ၁၀ မိနစ်ခန့်ကြာထားပြီးနောက် မျက်နှာသစ်လိုက်လို့ရပါပြီ။ အဲဒီနောက် မျက်နှာကို ရေဓာတ်ဖြည့်ခရင်မ်တစ်ခု လိမ်းပေးပါ။

၅။ ကလေးပေါင်ဒါနဲ့ ရေ

ကလေးပေါင်ဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရေအနည်းငယ်ကို ရေပြီး ပျစ်အောင် မွှေပါ။ ရလာတဲ့အခါမှာတော့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက်မှာတော့ မျက်နှာကို ရေဆေးချလိုက်ပါ။

၆။ သံပုရာသီးနဲ့ ရှားစောင်းလက်ပတ်

သံပုရာရည်အနည်းငယ်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့ကို ရောမွှေပြီး ရေခဲတုံးလေးတွေဖြစ်လာအောင် အအေးခံပါ။ ရှားစောင်းလက်ပတ်က အသားအရေနာကျင်တာကို သက်သာစေပါတယ်။ သံပုရာသီးကတော့ ဝက်ခြံရဲ့အရွယ်အစားကို လျော့ပါးစေပါတယ်။ ရေခဲတုံးလေးတွေ ရလာရင် ဝက်ခြံရှိတဲ့နေရာတွေကို ပွတ်ပေးပါ။

၇။ လက်ဖက်စိမ်း၊ ရှားစောင်းလက်ပတ်နဲ့ အုန်းဆီ

ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ လက်ဖက်စိမ်းရွက်အနည်းငယ်တို့ကို ရောမွှေပြီး ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။ လက်ဖက်စိမ်း maskက အသားအရေ ထိလွယ်ရှလွယ်သူတွေအတွက်လည်း သင့်တော်ပါတယ်။

Credit

Zawgyi

သြားစရာေတြ ရွိတဲ့အခါ ဝက္ၿခံေတြကို အလ်င္ျမန္ဆုံးေပ်ာက္ကင္းေစမယ့္ နည္းလမ္း (၇) ခု

သြားစရာ၊ လာစရာရွိတဲ့အခါ၊ ပြဲေတြတက္စရာရွိတဲ့အခါ ဝက္ၿခံေတြက အလိုက္မသိဘဲ ေပါက္လာတတ္ပါတယ္။ အဲဒီလိုအခိုက္အတန႔္ေတြရွိလာရင္ စိတ္ပူစရာမလိုေတာ့ပါဘူး။ ဝက္ၿခံေတြကို လ်င္လ်င္ျမန္ျမန္ဖယ္ရွားႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ငွက္ေပ်ာသီး၊ မုန႔္ဖုတ္ဆိုဒါ၊ သံပုရာသီး

ငွက္ေပ်ာသီးကို ခက္ရင္းနဲ႔ေခ်ၿပီး သံပုရာသီးအလုံးတစ္ဝက္ကို ညႇစ္ထည့္ပါ။ အဲဒီေနာက္ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၄ ဇြန္းထပ္ထည့္ပါ။ အားလုံးကို ႏွံ႔သြားေအာင္ ေမႊလိုက္ၿပီး ဝက္ၿခံရွိတဲ့ေနရာမွာ လိမ္းေပးပါ။ မိနစ္၂၀ ခန႔္ထားၿပီးရင္ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။

၂။ သြားတိုက္ေဆး

သြားတိုက္ေဆးကို ဝက္ၿခံေပါက္တဲ့ေနရာမွာ လိမ္းထားပီး တစ္ညထားလိုက္ပါ။ မနက္မ်က္ႏွာသစ္ၿပီးတဲ့အခါ မ်က္ႏွာကို ေရဓာတ္ျဖည့္ခင္ရင္မ္တစ္ခု လိမ္းပါ။

ေနာက္တစ္နည္းကေတာ့ သြားတိုက္ေဆးနဲ႔ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ေရာၿပီး ဝက္ၿခံေပါက္တဲ့ေနရာမွာ လိမ္းလိုက္ပါ။ တစ္ညထားၿပီး ပုံမွန္အတိုင္း မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

၃။ နႏြင္းနဲ႔ လက္ဖက္ဆီ

ဟိုတစ္ေနရာ သည္တစ္ေနရာထြက္ေနတဲ့ဝက္ၿခံေတြကို ျမန္ျမန္ေပ်ာက္ေစဖို႔အတြက္ နႏြင္းမႈန႔္ကို ေရအနည္းငယ္နဲ႔ ေရာၿပီး လက္ဖက္ဆီ ၄ စက္ခန႔္ ထည့္ပါ။ သမေအာင္ေမႊၿပီးေနာက္ ဝက္ၿခံေပါက္တဲ့ေနရာမွာ လိမ္းထားပါ။ တစ္ညခန႔္ထားၿပီးေနာက္ မနက္က်ရင္ ေရေဆးခ်လိုက္လို႔ရပါၿပီ။

ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ဝက္ၿခံေတြ အမ်ားႀကီးေပါက္ေနတဲ့အခါ နႏြင္းကို mask ပုံစံအသုံးျပဳပါ။ နႏြင္း၊ ႐ႊံ႕အျဖဴ၊ ဒိန္ခ်ဥ္၊ ပ်ားရည္တို႔ကို ေရာၿပီး မ်က္ႏွာမွာ mask အျဖစ္ကပ္ထားပါ။ ၁၅ မိနစ္ခန႔္ ၾကာၿပီးရင္ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။

၄။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴတစ္မႊာကို အလယ္ကေန ပိုင္းျဖတ္လိုက္ၿပီး မ်က္ႏွာမွာလိမ္းေပးပါ။ လိမ္းေပးၿပီး ၁၀ မိနစ္ခန႔္ၾကာထားၿပီးေနာက္ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။ အဲဒီေနာက္ မ်က္ႏွာကို ေရဓာတ္ျဖည့္ခရင္မ္တစ္ခု လိမ္းေပးပါ။

၅။ ကေလးေပါင္ဒါနဲ႔ ေရ

ကေလးေပါင္ဒါ လက္ဖက္ရည္ဇြန္း ၃ ဇြန္းနဲ႔ ေရအနည္းငယ္ကို ေရၿပီး ပ်စ္ေအာင္ ေမႊပါ။ ရလာတဲ့အခါမွာေတာ့ ဝက္ၿခံေပါက္ေနတဲ့ေနရာေတြကို လိမ္းေပးပါ။ ၁၀ မိနစ္ခန႔္ ထားၿပီးေနာက္မွာေတာ့ မ်က္ႏွာကို ေရေဆးခ်လိုက္ပါ။

၆။ သံပုရာသီးနဲ႔ ရွားေစာင္းလက္ပတ္

သံပုရာရည္အနည္းငယ္နဲ႔ ရွားေစာင္းလက္ပတ္ဂ်ယ္လ္တို႔ကို ေရာေမႊၿပီး ေရခဲတုံးေလးေတြျဖစ္လာေအာင္ အေအးခံပါ။ ရွားေစာင္းလက္ပတ္က အသားအေရနာက်င္တာကို သက္သာေစပါတယ္။ သံပုရာသီးကေတာ့ ဝက္ၿခံရဲ႕အ႐ြယ္အစားကို ေလ်ာ့ပါးေစပါတယ္။ ေရခဲတုံးေလးေတြ ရလာရင္ ဝက္ၿခံရွိတဲ့ေနရာေတြကို ပြတ္ေပးပါ။

၇။ လက္ဖက္စိမ္း၊ ရွားေစာင္းလက္ပတ္နဲ႔ အုန္းဆီ

ရွားေစာင္းလက္ပတ္ဂ်ယ္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္း၊ အုန္းဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ လက္ဖက္စိမ္း႐ြက္အနည္းငယ္တို႔ကို ေရာေမႊၿပီး ဝက္ၿခံေပါက္တဲ့ေနရာေတြမွာ လိမ္းေပးပါ။ ၁၅ မိနစ္ခန႔္ ထားၿပီးေနာက္ မ်က္ႏွာသစ္လိုက္ပါ။ လက္ဖက္စိမ္း maskက အသားအေရ ထိလြယ္ရွလြယ္သူေတြအတြက္လည္း သင့္ေတာ္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *