လိမ္မာပါးနပ်သော မိန်းမ

အေထြအေထြဗဟုသုတ

လိမ္မာပါးနပ်သော မိန်းမ

ရှေးတုန်းကဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်စဉ်ကာလ နယ်စပ်ကျေးရွာလေးတွေမှာ ခိုးသားဓားပြတွေ သောင်းကျန်းနေလို့ ဘုရင့် စစ်သည်တော်တွေကို လွှတ်ပြီး နှိမ်နင်းစေခဲ့ပါတယ်။ခိုးသားဓားပြတွေဟာ ဘုရင့်စစ်တပ်လာမယ်ဆိုတာ ကြားကတည်းက အားလုံးတောထဲပြေးဝင် ခိုအောင်းသွားကြပါတော့တယ်။ ဘုရင့် စစ်သည်တော်တွေ ရောက်လာတော့ဘယ် ခိုးသားဓားပြမှမတွေ့ရတော့ပါဘူး။

ဒီတိုင်းပြန်သွားရင်လည်း မင်းပြစ်မင်းဒဏ် သင့်မှာဆိုတော့ စစ်သည်တွေဟာ နယ်စပ် ဇနပုဒ်လေးတစ်ခုမှာ လယ်လုပ်ကိုင်းခုတ်နေကြတဲ့ မိ သားတစ်စုကို အကြောင်းရှာပြီး ဖမ်းဆီးလိုက်ကြပါတယ်။ယောက်ျားကြီးတစ်ယောက် ၊ လူလတ်ပိုင်းတစ်ယောက် လူငယ်လေးက တစ်ယောက်နဲ့ မိန်းမတစ်ယောက်မှာ မိန်းမကိုတော့မဖမ်းဘူး..။ကျန် သုံးယောက်စလုံးကို တုပ်နှောင်ဖမ်းဆီးပြီး မင်းနေပြည်ကို ခေါ်ဆောင် သွားပါတော့တယ်။မိန်းမက ငိုယို တောင်းပန်ပေမယ့် မရပါဘူး။

ခိုးသားဓားပြ အကြောင်းပြ၍ ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။စစ်သည်တော်တို့ ဖမ်းဆီးခဲ့သူများအနက် လူကြီးကတော့ သူ၏လင်ယောက်ျားဖြစ်တယ်။ လူလတ်မှာသူမ၏ မောင်ငယ်ဖြစ်ပြီး လူငယ်လေးမှာ သူမ ၏ သားဖြစ်ပါတယ်။မတရားခံခဲ့ရတဲ့မိန်းမဟာ မကျေနပ်နိုင်လို့ မင်းနေပြည်ကိုတက်လိုက်သွားပြီး နန်းရင်ပြင်က ဟစ်တိုင်မှာ စည်ကြီးကိုထုပြီး အောက်ပါအတိုင်းဟစ်ကြွေးနေတော့တာပေါ့။”

ကျွန်တော်မျိုးမကို အဝတ်ပေးတော်မူပါဘုရား..အဝတ်ပေးတော်မူပါ.. “တစာစာဟစ်ကြွေးနေသံကိုကြားတော့ဘုရင်မင်းတရားက အမတ်တွေလွှတ်ပြီး အဝတ်တွေ ပေးခိုင်း လိုက်ပါတယ်။ ဒီလို ပေးပြန် တော့လဲ မဟုတ်သေးဘဲ အောက်ပါအတိုင်းပြောပြန်ပါတယ်။” ကျွန်တော်မျိုးမ လိုချင်တာ ဒီအဝတ်တွေ မဟုတ်ပါဘူး..လင်ယောက်ျားဆိုတဲ့ အဝတ်ကို တောင်းခံနေတာ ဖြစ်ပါတယ် ဘိုးဘိုးတို့ “မိန်းမငယ်ရဲ့စကားကအဆန်းဖြစ်နေတော့ ဉာဏ်ရည်မြင့်တဲ့ ဘိုးဘိုးတောင်လိုက်မမှီနိုင်ဘူးဖြစ်နေတယ်။

နောက် ဆုံး မင်းကြီးကိုယ်တိုင် ရောက်လာပြီး မေးယူရတော့တယ်။” သင်ဘာကိုဆိုလိုတာလဲ အမိငယ် “သည်တော့မှ မိန်းမငယ်က မင်းကြီးကို အောက်ပါအတိုင်း ရှင်းလင်း ပြောကြားပါတော့တယ်..။” မှန်လှပါအရှင်မင်းကြီး မြစ်ရေတို့မည်သည်မှာ တည်ငြိမ်နေလို့မတင့်တယ်.. စီးဆင်းနေမှသာ တင့်တယ်ပါတယ်.. ။တိုင်းပြည်တစ်ပြည်မှာလည်း အုပ်ချုပ်မယ့် ဘုရင်မရှိလျှင်မဖြစ်..ဘုရင်ရှိမြှပည့်စုံပါတယ်..

ဒီလိုပါပဲ.. ကျွန် တော်မျိုးမတို့မိန်းမသားတွေ ဘဝမှာလည်း မောင်တစ်ကျိပ်ပင် ရှိလင့်ကစား..လင်တစ်ယောက်မှ မရှိလျှင်အဝတ်မဲ့သလို လုံခြုံမှုမရှိပါဘုရား..သို့ဖြစ်ပါ၍ လင်ယောက်ျားဆိုသည့် အဝတ်ကို တောင်းဆိုနေရခြင်း ဖြစ်ပါတယ်ဘုရား “” အိမ်း..ကောင်းလေစွ ကောင်းလေစွ..။

ဒါနဲ့..အမိငယ်ကို ငါက ဘယ် လင်ကိုရှာပေးစားရမှာလဲ.. ဘုရင်ကို လင်တက်ရှာခိုင်းတာ နင်တစ်ယောက်ပဲ တွေ့ဘူးသေးတယ် “ဥာဏ်လိုက်မမှီတဲ့ဘုရင်ကို မိန်းမငယ်က အဖြစ်မှန်တွေ ရှင်းပြလိုက်ပါတယ်။ဒီတော့မှ ဘုရင်ဟာအပြစ်မရှိပဲ ဖမ်းဆီးခံရတဲ့ လူသုံးယောက်အကြောင်းကို သိသွားပါတော့တယ်။ ဒါပေမယ့် သည်မိန်းမငယ်ရဲ့ဉာဏ်ကိုစမ်းသပ်ချင်သေးတာနဲ့..အမတ်များနဲ့ တိုင်ပင်ပြီး အမိန့်တော်တစ်ခု ချမှတ်လိုက်ပါတယ်။”

ဒီမှာ အမိငယ်..ငါမင်းကြီးအနေနဲ့ အပြစ်သားသုံးယောက်စလုံးတော့ လွှတ်မပေးနိုင်ဘူး..ဒီအထဲက တစ်ယောက်ကိုပဲ လွှတ် ပေးနိုင်မယ်..ဒါကြောင့်..အဘယ်တစ်ယောက်ကို သင်တောင်းဆိုမလဲ “ထိုအခါ မိန်းမငယ်က မဆိုင်းမတွပင်..” လွှတ်ပေးနိုင်မယ်ဆိုရင်လည်း အကုန်လွှတ်ပေးတော်မူပါဘုရား.. တစ်ယောက်ထဲကိုပဲ လွှတ်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်မျိုးမ၏ မောင်ငယ်ကိုသာ လွှတ်ပေးတော်မူပါအရှင်မင်းကြီး “မိန်းမငယ်၏စကားကြောင့် မင်းကြီးအံ့အားသင့်ကာ..” အလို ခုနကတော့လင်ယောက်ျားအဝတ်ကို တောင်းဆိုခဲ့တယ်..

အ ခုတစ်ယောက်ပဲရွေးရမယ်ဆိုပြန်တော့မောင်ငယ်ဖြစ်သွားပြန်ရော..အပြောင်းအလဲမြန်လှချည်လားအမိရဲ့ “” ဒီလိုရှိပါတယ် အရှင်မင်းကြီး.. ကျွန်တော်မျိုးမဟာ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးသည့်အတွက် လင်ယောက်ျားတစ်ယောက်ကို အချိန်မရွေးထပ်၍ယူနိုင်သလို..သားသမီးလည်း ထပ်ယူလို့ ရနိုင်ပါသေးတယ်ဘုရား.. မောင်ငယ်ကတော့ တစ်မိပေါက် သည်တစ်ယောက်သာရှိတာမို့ နောက်ထပ် မောင်အစား မရှိနိုင်တော့သည့်အတွက် မောင်ငယ်ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်ဘုရား “မိန်းမငယ်၏အဖြေစကားကို မင်းကြီးသဘောကျတော်မူသွားပါတယ်။”

ပညာဉာဏ်ထက်မြက်လှပါပေတယ် အမိ..သင့်မိသားစုမှာ တကယ်အပြစ်မရှိတာကိုလည်း ငါကိုယ်တော်ယုံကြည်ခန့်မှန်းမိပါတယ် .. ဒါကြောင့် အားလုံးကိုလွှတ်ပေးလိုက်ပါတော့မယ် ” ဟု..မိန့်တော်မူကာ ဆုတော်ငွေများနှင့်တကွ သုံးယောက်စလုံးကို လွှတ်ပေးလိုက်ပါတော့တယ်။ဒီဇာတ်လမ်းအရ မိန်းမတစ်ယောက်ရဲ့တကယ် လိမ်မာပါးနပ်တယ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ပညာ ထက်မြက်မှုဆိုလိုတာကို တွေ့မြင်နိုင်မှာပါ။

ဉာဏ်ပညာပြည့်စုံတဲ့ မိန်းမတစ်ယောက်ဟာ ဉာဏ်အမြင်နဲ့ အရာရာကို ဆင်ခြင် သုံးသပ်နိုင်လိမ့်မယ်..ဝေဖန်ပိုင်းခြားနိုင်မယ်.. အကောင်းနဲ့ အဆိုးခွဲခြားဆုံးဖြတ်နိုင်မယ်..ဒီလို မိန်းမမျိုးဟာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့လည်း အလိုလို စိတ်ချနေရမှာပဲဖြစ်ပါတယ်။အစစ အရာရာ ဝေဖန်ပိုင်းခြားနိုင်ပြီး ဆင်ခြင်သုံးသပ်နိုင်သော အမျိုးသမီးကောင်းများဖြစ်ကြဖို့စာဖတ်ခြင်းဖြစ်လိမ်မာပါးနပ်မူ့ကိုရယူပါလိမ်မာပါးနပ်သော အမျိုးသမီးများ ပေါ်ပေါက်ထွန်းကားနိုင်ကြပါစေ..။

Credit မူရင်း

zawgyi

လိမၼာပါးနပ္ေသာ မိန္းမ

ေရွးတုန္းကဗာရာဏသီျပည္ ျဗဟၼဒတ္မင္းႀကီးအုပ္ခ်ဳပ္စဥ္ကာလ နယ္စပ္ေက်း႐ြာေလးေတြမွာ ခိုးသားဓားျပေတြ ေသာင္းက်န္းေနလို႔ ဘုရင့္ စစ္သည္ေတာ္ေတြကို လႊတ္ၿပီး ႏွိမ္နင္းေစခဲ့ပါတယ္။ခိုးသားဓားျပေတြဟာ ဘုရင့္စစ္တပ္လာမယ္ဆိုတာ ၾကားကတည္းက အားလုံးေတာထဲေျပးဝင္ ခိုေအာင္းသြားၾကပါေတာ့တယ္။ ဘုရင့္ စစ္သည္ေတာ္ေတြ ေရာက္လာေတာ့ဘယ္ ခိုးသားဓားျပမွမေတြ႕ရေတာ့ပါဘူး။

ဒီတိုင္းျပန္သြားရင္လည္း မင္းျပစ္မင္းဒဏ္ သင့္မွာဆိုေတာ့ စစ္သည္ေတြဟာ နယ္စပ္ ဇနပုဒ္ေလးတစ္ခုမွာ လယ္လုပ္ကိုင္းခုတ္ေနၾကတဲ့ မိ သားတစ္စုကို အေၾကာင္းရွာၿပီး ဖမ္းဆီးလိုက္ၾကပါတယ္။ေယာက္်ားႀကီးတစ္ေယာက္ ၊ လူလတ္ပိုင္းတစ္ေယာက္ လူငယ္ေလးက တစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္မွာ မိန္းမကိုေတာ့မဖမ္းဘူး..။က်န္ သုံးေယာက္စလုံးကို တုပ္ေႏွာင္ဖမ္းဆီးၿပီး မင္းေနျပည္ကို ေခၚေဆာင္ သြားပါေတာ့တယ္။မိန္းမက ငိုယို ေတာင္းပန္ေပမယ့္ မရပါဘူး။

ခိုးသားဓားျပ အေၾကာင္းျပ၍ ဖမ္းဆီးသြားတယ္လို႔ဆိုပါတယ္။စစ္သည္ေတာ္တို႔ ဖမ္းဆီးခဲ့သူမ်ားအနက္ လူႀကီးကေတာ့ သူ၏လင္ေယာက္်ားျဖစ္တယ္။ လူလတ္မွာသူမ၏ ေမာင္ငယ္ျဖစ္ၿပီး လူငယ္ေလးမွာ သူမ ၏ သားျဖစ္ပါတယ္။မတရားခံခဲ့ရတဲ့မိန္းမဟာ မေက်နပ္ႏိုင္လို႔ မင္းေနျပည္ကိုတက္လိုက္သြားၿပီး နန္းရင္ျပင္က ဟစ္တိုင္မွာ စည္ႀကီးကိုထုၿပီး ေအာက္ပါအတိုင္းဟစ္ေႂကြးေနေတာ့တာေပါ့။”

ကြၽန္ေတာ္မ်ိဳးမကို အဝတ္ေပးေတာ္မူပါဘုရား..အဝတ္ေပးေတာ္မူပါ.. “တစာစာဟစ္ေႂကြးေနသံကိုၾကားေတာ့ဘုရင္မင္းတရားက အမတ္ေတြလႊတ္ၿပီး အဝတ္ေတြ ေပးခိုင္း လိုက္ပါတယ္။ ဒီလို ေပးျပန္ ေတာ့လဲ မဟုတ္ေသးဘဲ ေအာက္ပါအတိုင္းေျပာျပန္ပါတယ္။” ကြၽန္ေတာ္မ်ိဳးမ လိုခ်င္တာ ဒီအဝတ္ေတြ မဟုတ္ပါဘူး..လင္ေယာက္်ားဆိုတဲ့ အဝတ္ကို ေတာင္းခံေနတာ ျဖစ္ပါတယ္ ဘိုးဘိုးတို႔ “မိန္းမငယ္ရဲ႕စကားကအဆန္းျဖစ္ေနေတာ့ ဉာဏ္ရည္ျမင့္တဲ့ ဘိုးဘိုးေတာင္လိုက္မမွီႏိုင္ဘူးျဖစ္ေနတယ္။

ေနာက္ ဆုံး မင္းႀကီးကိုယ္တိုင္ ေရာက္လာၿပီး ေမးယူရေတာ့တယ္။” သင္ဘာကိုဆိုလိုတာလဲ အမိငယ္ “သည္ေတာ့မွ မိန္းမငယ္က မင္းႀကီးကို ေအာက္ပါအတိုင္း ရွင္းလင္း ေျပာၾကားပါေတာ့တယ္..။” မွန္လွပါအရွင္မင္းႀကီး ျမစ္ေရတို႔မည္သည္မွာ တည္ၿငိမ္ေနလို႔မတင့္တယ္.. စီးဆင္းေနမွသာ တင့္တယ္ပါတယ္.. ။တိုင္းျပည္တစ္ျပည္မွာလည္း အုပ္ခ်ဳပ္မယ့္ ဘုရင္မရွိလွ်င္မျဖစ္..ဘုရင္ရွိျမႇပည့္စုံပါတယ္..

ဒီလိုပါပဲ.. ကြၽန္ ေတာ္မ်ိဳးမတို႔မိန္းမသားေတြ ဘဝမွာလည္း ေမာင္တစ္က်ိပ္ပင္ ရွိလင့္ကစား..လင္တစ္ေယာက္မွ မရွိလွ်င္အဝတ္မဲ့သလို လုံၿခဳံမႈမရွိပါဘုရား..သို႔ျဖစ္ပါ၍ လင္ေယာက္်ားဆိုသည့္ အဝတ္ကို ေတာင္းဆိုေနရျခင္း ျဖစ္ပါတယ္ဘုရား “” အိမ္း..ေကာင္းေလစြ ေကာင္းေလစြ..။

ဒါနဲ႔..အမိငယ္ကို ငါက ဘယ္ လင္ကိုရွာေပးစားရမွာလဲ.. ဘုရင္ကို လင္တက္ရွာခိုင္းတာ နင္တစ္ေယာက္ပဲ ေတြ႕ဘူးေသးတယ္ “ဥာဏ္လိုက္မမွီတဲ့ဘုရင္ကို မိန္းမငယ္က အျဖစ္မွန္ေတြ ရွင္းျပလိုက္ပါတယ္။ဒီေတာ့မွ ဘုရင္ဟာအျပစ္မရွိပဲ ဖမ္းဆီးခံရတဲ့ လူသုံးေယာက္အေၾကာင္းကို သိသြားပါေတာ့တယ္။ ဒါေပမယ့္ သည္မိန္းမငယ္ရဲ႕ဉာဏ္ကိုစမ္းသပ္ခ်င္ေသးတာနဲ႔..အမတ္မ်ားနဲ႔ တိုင္ပင္ၿပီး အမိန႔္ေတာ္တစ္ခု ခ်မွတ္လိုက္ပါတယ္။”

ဒီမွာ အမိငယ္..ငါမင္းႀကီးအေနနဲ႔ အျပစ္သားသုံးေယာက္စလုံးေတာ့ လႊတ္မေပးႏိုင္ဘူး..ဒီအထဲက တစ္ေယာက္ကိုပဲ လႊတ္ ေပးႏိုင္မယ္..ဒါေၾကာင့္..အဘယ္တစ္ေယာက္ကို သင္ေတာင္းဆိုမလဲ “ထိုအခါ မိန္းမငယ္က မဆိုင္းမတြပင္..” လႊတ္ေပးႏိုင္မယ္ဆိုရင္လည္း အကုန္လႊတ္ေပးေတာ္မူပါဘုရား.. တစ္ေယာက္ထဲကိုပဲ လႊတ္ေပးႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္မ်ိဳးမ၏ ေမာင္ငယ္ကိုသာ လႊတ္ေပးေတာ္မူပါအရွင္မင္းႀကီး “မိန္းမငယ္၏စကားေၾကာင့္ မင္းႀကီးအံ့အားသင့္ကာ..” အလို ခုနကေတာ့လင္ေယာက္်ားအဝတ္ကို ေတာင္းဆိုခဲ့တယ္..

အ ခုတစ္ေယာက္ပဲေ႐ြးရမယ္ဆိုျပန္ေတာ့ေမာင္ငယ္ျဖစ္သြားျပန္ေရာ..အေျပာင္းအလဲျမန္လွခ်ည္လားအမိရဲ႕ “” ဒီလိုရွိပါတယ္ အရွင္မင္းႀကီး.. ကြၽန္ေတာ္မ်ိဳးမဟာ ငယ္ငယ္႐ြယ္႐ြယ္ပဲ ရွိေသးသည့္အတြက္ လင္ေယာက္်ားတစ္ေယာက္ကို အခ်ိန္မေ႐ြးထပ္၍ယူႏိုင္သလို..သားသမီးလည္း ထပ္ယူလို႔ ရႏိုင္ပါေသးတယ္ဘုရား.. ေမာင္ငယ္ကေတာ့ တစ္မိေပါက္ သည္တစ္ေယာက္သာရွိတာမို႔ ေနာက္ထပ္ ေမာင္အစား မရွိႏိုင္ေတာ့သည့္အတြက္ ေမာင္ငယ္ကို ေ႐ြးခ်ယ္ရျခင္းျဖစ္ပါတယ္ဘုရား “မိန္းမငယ္၏အေျဖစကားကို မင္းႀကီးသေဘာက်ေတာ္မူသြားပါတယ္။”

ပညာဉာဏ္ထက္ျမက္လွပါေပတယ္ အမိ..သင့္မိသားစုမွာ တကယ္အျပစ္မရွိတာကိုလည္း ငါကိုယ္ေတာ္ယုံၾကည္ခန႔္မွန္းမိပါတယ္ .. ဒါေၾကာင့္ အားလုံးကိုလႊတ္ေပးလိုက္ပါေတာ့မယ္ ” ဟု..မိန႔္ေတာ္မူကာ ဆုေတာ္ေငြမ်ားႏွင့္တကြ သုံးေယာက္စလုံးကို လႊတ္ေပးလိုက္ပါေတာ့တယ္။ဒီဇာတ္လမ္းအရ မိန္းမတစ္ေယာက္ရဲ႕တကယ္ လိမ္မာပါးနပ္တယ္ဆိုတာ အဖိုးမျဖတ္ႏိုင္တဲ့ ဉာဏ္ပညာ ထက္ျမက္မႈဆိုလိုတာကို ေတြ႕ျမင္ႏိုင္မွာပါ။

ဉာဏ္ပညာျပည့္စုံတဲ့ မိန္းမတစ္ေယာက္ဟာ ဉာဏ္အျမင္နဲ႔ အရာရာကို ဆင္ျခင္ သုံးသပ္ႏိုင္လိမ့္မယ္..ေဝဖန္ပိုင္းျခားႏိုင္မယ္.. အေကာင္းနဲ႔ အဆိုးခြဲျခားဆုံးျဖတ္ႏိုင္မယ္..ဒီလို မိန္းမမ်ိဳးဟာ ကိုယ္က်င့္တရားနဲ႔ ပတ္သက္လို႔လည္း အလိုလို စိတ္ခ်ေနရမွာပဲျဖစ္ပါတယ္။အစစ အရာရာ ေဝဖန္ပိုင္းျခားႏိုင္ၿပီး ဆင္ျခင္သုံးသပ္ႏိုင္ေသာ အမ်ိဳးသမီးေကာင္းမ်ားျဖစ္ၾကဖို႔စာဖတ္ျခင္းျဖစ္လိမ္မာပါးနပ္မူ႔ကိုရယူပါလိမ္မာပါးနပ္ေသာ အမ်ိဳးသမီးမ်ား ေပၚေပါက္ထြန္းကားႏိုင္ၾကပါေစ..။

Credit မူရင္း

Leave a Reply

Your email address will not be published. Required fields are marked *