ဆရာ လင်းညှို့တာရာရဲ့ ဟောကိန်းတွေ ထပ်ဖြစ်လာဦးမှာလား

ၾကားသိရသမွ်

ဆရာ လင်းညှို့တာရာရဲ့ ဟောကိန်းတွေ ထပ်ဖြစ်လာဦးမှာလား

လင်းညှို့တာရာ ဟောကိန်းနဲ့ ထူးဆန်းစွာ တိုက်ဆိုင်နေတဲ့ ဆရာအကြည်တော် ကွယ်လွန်ခြင်း

မြန်မာစာပေလောကရဲ့ လူကြိုက်အများဆုံး စာရေးဆရာ တယောက်ဖြစ်တဲ့ ဆရာအကြည်တော်ဟာ မနေ့ (၉-၁၁-၂၀၂၂) က ည ၈ နာရီ ၂၃ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အတွေးကောင်း အရေးကောင်းတဲ့ စာရေးဆရာတဦး ကွယ်လွန်သွားခဲ့ခြင်းဟာ မြန်မာစာပေလောကရဲ့ ဆုံးရှုံးမှုကြီး တခု ဖြစ်ပါတယ်။

 

ဆရာအကြည်တော် ကွယ်လွန်ခြင်းနဲ့ ထူးခြားစွာ တိုက်ဆိုင်နေတာကတော့ မကြာမီအချိန်က အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ဗေဒင်ဆရာ လင်းညှို့တာရာရဲ့ ဟောကိန်းတွေပဲ ဖြစ်ပါတယ်။ ဆရာ လင်းညှို့တာရာဟာ ၂၀၂၁ ခုနှစ် တနှစ်လုံးအတွက် ဟောကိန်းတွေ ထုတ်ခဲ့ပြီး အာဏာသိမ်းပြီးကာစမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျိန်စာတိုက်တဲ့ ကိစ္စကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

အကျဉ်းထောင်အတွင်း ရောက်ရှိနေတာကြောင့် ၂၀၂၂ ခုနှစ်အတွက် ဟောကိန်းတွေ မထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယခင်ဟောကိန်းတွေထဲက ကိစ္စရပ်တွေ တခုပြီး တခု ဆက်တိုက် ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။
လူတွေ အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးမယ်ဆိုတဲ့ ဟောကိန်းလည်း မှန်ကုန်ခဲ့တာကို တွေ့ရပါတယ်။

ဟောကိန်းတွေထဲမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေ ကွယ်လွန်မယ်ဆိုတဲ့ ဟောကိန်း တခု ပါဝင်ပြီး တိုက်ဆိုင်စွာပင် ယခု ဆရာ အကြည်တော် ကွယ်လွန်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ဆရာလင်းညှို့တာရာရဲ့ ဟောကိန်းတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

၁။ အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။ ၂။ ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။ ၃။ မြန်မာပြည်ကြီး၏ အမြင့်ဆုံးအဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။

၄။ ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများနှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါးသို့ သုံးယောက်သေဆုံးမှု ဖြစ်မည်။ ၅။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ သတင်းများထိုးတက်အောင်ကို အပြောင်းအလဲ အဆိုးအကောင်းများစွာ ဖြစ်ပေါ်တတ်သည်။ ၆။ တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခုသို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။

၇။ အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။ ၈။ နာမည်ကြီး တန်ခိုးကြီးဘုရားတစ်ဆူပြိုလဲခြင်းသို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။ ၉။ နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခုသို့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။

၁၀။ တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်းစသော ရေနှင့်မြေကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။ ၁၁။ ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။ ၁၂။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။

၁၃။ ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။ ၁၄။ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။ ၁၅။ ရာဇဝတ်မှုများနှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။

၁၆။ ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာကသိသိသာသာ သိရှိလာတတ်သည်။

၁၇။ အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။

၁၈။ ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦးများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။

၁၉။ သိသာထင်ရှားပေါ်ပေါက်လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။ ၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။

အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည် တိုးတက်လာတတ်ပြီးနိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။

လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။ ဒီအရာက သာမန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။ စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။ မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း ၂၁ ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။

Credit to Blacker

Zawgyi

ဆရာ လင္းညႇိဳ႕တာရာရဲ႕ ေဟာကိန္းေတြ ထပ္ျဖစ္လာဦးမွာလား

လင္းညႇိဳ႕တာရာ ေဟာကိန္းနဲ႔ ထူးဆန္းစြာ တိုက္ဆိုင္ေနတဲ့ ဆရာအၾကည္ေတာ္ ကြယ္လြန္ျခင္း

ျမန္မာစာေပေလာကရဲ႕ လူႀကိဳက္အမ်ားဆုံး စာေရးဆရာ တေယာက္ျဖစ္တဲ့ ဆရာအၾကည္ေတာ္ဟာ မေန႔ (၉-၁၁-၂၀၂၂) က ည ၈ နာရီ ၂၃ မိနစ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အေတြးေကာင္း အေရးေကာင္းတဲ့ စာေရးဆရာတဦး ကြယ္လြန္သြားခဲ့ျခင္းဟာ ျမန္မာစာေပေလာကရဲ႕ ဆုံးရႈံးမႈႀကီး တခု ျဖစ္ပါတယ္။

ဆရာအၾကည္ေတာ္ ကြယ္လြန္ျခင္းနဲ႔ ထူးျခားစြာ တိုက္ဆိုင္ေနတာကေတာ့ မၾကာမီအခ်ိန္က အက်ဥ္းေထာင္ထဲကေန လြတ္ေျမာက္လာတဲ့ ေဗဒင္ဆရာ လင္းညႇိဳ႕တာရာရဲ႕ ေဟာကိန္းေတြပဲ ျဖစ္ပါတယ္။ ဆရာ လင္းညႇိဳ႕တာရာဟာ ၂၀၂၁ ခုႏွစ္ တႏွစ္လုံးအတြက္ ေဟာကိန္းေတြ ထုတ္ခဲ့ၿပီး အာဏာသိမ္းၿပီးကာစမွာ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို က်ိန္စာတိုက္တဲ့ ကိစၥေၾကာင့္ ဖမ္းဆီးခံခဲ့ရပါတယ္။

အက်ဥ္းေထာင္အတြင္း ေရာက္ရွိေနတာေၾကာင့္ ၂၀၂၂ ခုႏွစ္အတြက္ ေဟာကိန္းေတြ မထုတ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ယခင္ေဟာကိန္းေတြထဲက ကိစၥရပ္ေတြ တခုၿပီး တခု ဆက္တိုက္ ျဖစ္ေပၚလာေနတာကို ေတြ႕ရပါတယ္။
လူေတြ အစုလိုက္ အၿပဳံလိုက္ အသက္ဆုံးရႈံးမယ္ဆိုတဲ့ ေဟာကိန္းလည္း မွန္ကုန္ခဲ့တာကို ေတြ႕ရပါတယ္။

ေဟာကိန္းေတြထဲမွာ နာမည္ႀကီး ပုဂၢိဳလ္ေတြ ကြယ္လြန္မယ္ဆိုတဲ့ ေဟာကိန္း တခု ပါဝင္ၿပီး တိုက္ဆိုင္စြာပင္ ယခု ဆရာ အၾကည္ေတာ္ ကြယ္လြန္ခဲ့ရၿပီး ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆရာလင္းညႇိဳ႕တာရာရဲ႕ ေဟာကိန္းေတြကို ျပန္လည္ ေဖာ္ျပ ေပးလိုက္ပါတယ္-

၁။ အခ်ိဳ႕ေသာ လက္နက္ကိုင္မ်ားျဖင့္ ခ်စ္ၾကည္ေရးျဖစ္ၿပီး ေျပလည္မႈမ်ား ျဖစ္တတ္သည္။ ၂။ ျပည္တြင္းစစ္မ်ား သိသာစြာ အားနည္းလာတတ္ေသာ္လည္း စီးပြားေရးထိုးစစ္မ်ားျဖင့္ အၿပိဳင္အဆိုင္မ်ား ျဖစ္ေပၚလာတတ္သည္။ ၃။ ျမန္မာျပည္ႀကီး၏ အျမင့္ဆုံးအဖြဲ႕အစည္းမ်ားစြာတို႔ အေျပာင္းအလဲမ်ားစြာျဖစ္တတ္သည္။

၄။ ဩဇာအာဏာႀကီးမားေသာ ဆရာေတာ္ႀကီးမ်ားႏွင့္ ပုဂၢိဳလ္ႀကီးမ်ား သုံးပါးသို႔ သုံးေယာက္ေသဆုံးမႈ ျဖစ္မည္။ ၅။ ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ၏ သတင္းမ်ားထိုးတက္ေအာင္ကို အေျပာင္းအလဲ အဆိုးအေကာင္းမ်ားစြာ ျဖစ္ေပၚတတ္သည္။ ၆။ တန္ဖိုးႀကီး အလြန္ရွားပါးေသာ ရတနာႀကီးတစ္ခုသို႔ တစ္ခုထက္ မနည္း တူးေဖာ္ရရွိတတ္သည္။

၇။ အစိုးရပိုင္းဆိုင္ရာ ရာထူးအေျပာင္းအလဲမ်ား အလြန္မ်ားေသာႏွစ္ျဖစ္ၿပီး စပ္စပ္ထိမခံေသာ အစိုးရတစ္ရပ္ ျဖစ္ေပၚတတ္သည္။ ၈။ နာမည္ႀကီး တန္ခိုးႀကီးဘုရားတစ္ဆူၿပိဳလဲျခင္းသို႔ ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။ ၉။ ႏိုင္ငံေတာ္တစ္ဝွမ္း စီးပြားေရးအလြန္အားေကာင္းလာၿပီး စီးပြားေရးျဖင့္ ပတ္သက္ေသာ ေၾကျငာခ်က္အသစ္တစ္ခုသို႔ ဥပေဒတစ္ရပ္ ျဖစ္ေပၚလာတတ္သည္။

၁၀။ တိုက္ၿပိဳျခင္း ေျမၿပိဳျခင္း တံတားက်ိဳးျခင္းစေသာ ေရႏွင့္ေျမေၾကာင့္ လူအစုလိုက္အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚတတ္သည္။ ၁၁။ ကမာၻမွာ ေရာဂါဆန္းေပၚလာတတ္ေသာ္လည္း ကို႐ိုနာေလာက္ Epidemic မျဖစ္တတ္ေခ်။ ၁၂။ ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားၾကားထဲတြင္ ျမန္မာႏိုင္ငံသည္ သိသိသာသာ ေရပန္းစားလာတတ္သည္။

၁၃။ ကာလအတန္ၾကာေပ်ာက္ဆုံးေနၾကေသာ ပုဂၢိဳလ္ေဟာင္းမ်ား လူေဟာင္းမ်ား မ်က္ႏွာေဖာ္၍ ျပန္လည္ေပၚေပါက္လာတတ္သည္။ ၁၄။ ဩဇာအာဏာႀကီးမားေသာ ပုဂၢိဳလ္တစ္ဦး က်န္းမာေရးဆိုင္ရာ အေျပာင္းအလဲ ရွိတတ္သည္။ ၁၅။ ရာဇဝတ္မႈမ်ားႏွင့္ မိမိကိုယ္မိမိ သတ္ေသေသာအမႈမ်ား ပိုမိုမ်ားျပားလာတတ္သည္။

၁၆။ ဂမၻီရဆိုင္ရာဆရာမ်ား မ်ားျပားလာတတ္ၿပီး ျမန္မာျပည္အေျခစိုက္ ဂမၻီရပညာမ်ား ကမာၻကသိသိသာသာ သိရွိလာတတ္သည္။

၁၇။ အထင္ကရ နတ္ပုံေတာ္မ်ား ပ်က္စီးျခင္း နိမိတ္မေကာင္းေသာအျခင္းအရာမ်ား ျဖစ္ျခင္း ျဖစ္ေပၚတတ္သည္။

၁၈။ ထူးျခားထင္ရွားေသာ သာသနာနယ္ေျမမ်ား သာသနာအေဆာက္အဦးမ်ား ဘုရားမ်ား ပုံမွန္ထက္ပိုလြန္ၿပီး ထူးျခားစြာျဖစ္ေပၚတတ္သည္။ ဥပမာ – ကမာၻ႔ပထမဆုံး ဘုရား ၊ အႀကီးဆုံးဘုရား စသျဖင့္ပါ။

၁၉။ သိသာထင္ရွားေပၚေပါက္လာတတ္ေသာ အေမွာင္ျဖစ္ရပ္မ်ားစြာ ျဖစ္ေပၚတတ္သည္။ ထိုအေျခအေနမ်ား မေပၚခင္မွာ ဦးစြာ သတင္းေပးမည္ ျဖစ္ပါသည္။ ၂၀၂၁ သည္ ၂၀၂၀ ထက္စာရင္ ပိုမိုေကာင္းမြန္ေသာ ေန႔ရက္မ်ားစြာ ရွိတတ္ပါသည္။

အစိုးရပိုင္းဆိုင္ရာ ရႈပ္ေထြးမႈမ်ားသည္ သာမန္ထက္ပိုမို လြန္ကဲတတ္ၿပီး အတြင္းပိုင္း ျပႆနာမ်ားျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေနတတ္သည္။ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ စီးပြားေရးမ်ား ျပန္လည္ တိုးတက္လာတတ္ၿပီးႏိုင္ငံတကာျဖင့္ လက္တြဲႏိုင္သည့္ လုပ္ငန္းမ်ားစြာ တျဖည္းျဖည္း ျပန္လည္တိုးတက္လာေစေသာ ႏွစ္တစ္ႏွစ္ေလးပါ။

လူေတြအေနနဲ႔ အရင္ထက္ ေလာဘ ၊ ေဒါသ ၊ ေမာဟ ပိုမို မ်ားျပားလာတတ္ပါသည္။ ဒီအရာက သာမန္မဟုတ္ေသာ ေသဆုံးျခင္းဆီကို ပို႔ေဆာင္ေပးတတ္ပါသည္။ စိတ္ေၾကာင့္ပိုမို ေသဆုံးမႈမ်ား ျဖစ္တတ္ေပသည္။ ကမာၻလုံးဆိုင္ရာအားျဖင့္ အလြန္ႀကီးမားေသာ ရွာေဖြေတြ႕ ရွိမႈႀကီးတစ္ခု ဒီႏွစ္မွာ ရွာေဖြမိတတ္ေပသည္။ ျမန္မာႏိုင္ငံျဖင့္ မသက္ဆိုင္ေသာ္ျငားလည္း ၂၁ ရာစု၏ အႀကီးဆုံး ေတြ႕ရွိမႈႀကီးတစ္ခု ျဖစ္သြားတတ္ေပသည္။

Credit to Blacker

Leave a Reply

Your email address will not be published. Required fields are marked *