နှလုံးသားကို ဒဏ်ရာ မပေးပါနဲ့

KNOWLEDGE

နှလုံးသားကို ဒဏ်ရာ မပေးပါနဲ့

တစ်ခါက အက်ဒီဆင်ဟာ မီးလုံးကိုတီထွင်ပြီးခါစမှာ သူ့ရဲ့တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်…။

စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်က သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက် ကို သူ့ရဲ့မီးလုံးကို သွားယူခိုင်းပါတယ်…။

ကောင်လေးဟာ မီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်…။

ဒါပေမယ့် အင်ဒီဆင်ကတော့ ကောင်လေးကို ဘာမှမပြောပဲ.. စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်…။ သူအသစ်ထပ်မံပြုလုပ်ပြီးရင် ပြန်လည်ဖိတ် ကြားပါမယ်ပေါ့…။

ကောင်လေးကတော့ သူ့ရဲ့နမော်နမဲ့နိုင်မှုကြောင့် ဒီလိုဖြစ်သွားရတာကို စိုးရိမ်ကြောက်ရွံ့နေပါသတဲ့…။အက်ဒီဆင်ဟာလည်း ဒီမီးလုံးကို ထပ်မံပြုလုပ်ဖို့ရာ လနဲ့ချီပြီးအချိန်ယူလုပ်ဆောင်လိုက်ရပါသတဲ့…။

မီးလုံးပြီးသွားချိန်မှာတော့ စာနယ်ဇင်းသမားတွေကိုထပ်မံဖိတ်ခေါ်လိုက်ပြန်ပါသတဲ့…။ သတင်းထောက်တွေရောက်လာပြီးအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ သူရဲ့မီးလုံးကိုသွားယူဖို့ရာ ယခင်ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်…။

ကောင်လေးဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်…။ စာနယ်ဇင်းမိတ်ဆက်ပွဲပြီးဆုံးချိန်မှာတော့ သတင်း ထောက်တစ်ချို့က မေးပါတယ်…။

“မစ္စတာအက်ဒီဆင်ခင်ဗျား… မီးလုံးသွားယူတဲ့ကောင်လေးဟာဟိုတစ်ခါ သူ့ကြောင့် မီးလုံးကျကွဲသွားဖူးတယ်မဟုတ်လား…ဆရာ့မှာ တစ်ခြားခိုင်းစရာလူတွေအများကြီးရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ပြန်ခိုင်းရတာလဲ…

ဒီတစ်ခါကျကွဲသွားရင် နောက်တစ်ခါ အချိန်အများကြီးပြန်ယူရမှာမစိုးရိမ်ဘူးလား …”လို့မေးပါသတဲ့…။ဒီတော့ အက်ဒီဆင်ကြီးပြန်ဖြေလိုက်ပုံကတော့…

“ကျုပ်တမင်တကာ သူ့ကိုခိုင်းလိုက်တာဗျ… မီးလုံးထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ရပါတယ်…

ဒါပေမယ့် ဒီတစ်ခါဒီကောင်လေးကို အခွင့် အရေးပေးပြီး ထပ်မခိုင်းခဲ့ရင်ဒီကောင်လေးရဲ့ နှလုံးသားကျကွဲသွားမှာဗျ…”လို့ပြန်ဖြေလိုက်ပါတော့သတဲ့…။

နှလုံး သားဆိုတာ အင်မတန်နူးညံ့ပါတယ်…ကွဲကြေသွားတဲ့နှလုံးသားကို ပြန်လည်ကုစားဖို့ဆိုတာ အချိန်ကာလသတ်မှတ်လို့မရနိုင်ပါဘူး…။

ကိုယ့်ကြောင့် ဘယ်သူ့ဘယ်သူရဲ့ နှလုံးသားကိုမှ မကွဲကြေပါစေနဲ့…။

လေးစားစွာဖြင့် credit – မူရင်းရေးသားသူ

Zawgyi

ႏွလုံးသားကို ဒဏ္ရာ မေပးပါနဲ႔

တစ္ခါက အက္ဒီဆင္ဟာ မီးလုံးကိုတီထြင္ၿပီးခါစမွာ သူ႔ရဲ႕တီထြင္မႈကို မိတ္ဆက္ဖို႔ စာနယ္ဇင္းသမားေတြကို ဖိတ္ေခၚလိုက္ပါတယ္…။

စာနယ္ဇင္းသမားေတြေရာက္လာၿပီး အားလုံးအဆင္သင့္ျဖစ္တဲ့အခ်ိန္မွာေတာ့ အက္ဒီဆင္က သူအိမ္ကအလုပ္သမားေကာင္ေလးတစ္ေယာက္ ကို သူ႔ရဲ႕မီးလုံးကို သြားယူခိုင္းပါတယ္…။

ေကာင္ေလးဟာ မီးလုံးကိုယူလာၿပီး ေရာက္ခါနီးမွ ခလုတ္တိုက္လဲၿပီး မီးလုံးဟာ က်ကြဲသြားပါတယ္…။ ဒီမီးလုံးဟာ အက္ဒီဆင္ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားအားထုတ္ခဲ့တာ အားလုံးသိပါတယ္…။

ဒါေပမယ့္ အင္ဒီဆင္ကေတာ့ ေကာင္ေလးကို ဘာမွမေျပာပဲ.. စာနယ္ဇင္းသမားေတြကိုသာ ေတာင္းပန္လိုက္ပါတယ္…။ သူအသစ္ထပ္မံျပဳလုပ္ၿပီးရင္ ျပန္လည္ဖိတ္ ၾကားပါမယ္ေပါ့…။

ေကာင္ေလးကေတာ့ သူ႔ရဲ႕နေမာ္နမဲ့ႏိုင္မႈေၾကာင့္ ဒီလိုျဖစ္သြားရတာကို စိုးရိမ္ေၾကာက္႐ြံ႕ေနပါသတဲ့…။အက္ဒီဆင္ဟာလည္း ဒီမီးလုံးကို ထပ္မံျပဳလုပ္ဖို႔ရာ လနဲ႔ခ်ီၿပီးအခ်ိန္ယူလုပ္ေဆာင္လိုက္ရပါသတဲ့…။

မီးလုံးၿပီးသြားခ်ိန္မွာေတာ့ စာနယ္ဇင္းသမားေတြကိုထပ္မံဖိတ္ေခၚလိုက္ျပန္ပါသတဲ့…။ သတင္းေထာက္ေတြေရာက္လာၿပီးအားလုံးအဆင္သင့္ျဖစ္ခ်ိန္မွာေတာ့ သူရဲ႕မီးလုံးကိုသြားယူဖို႔ရာ ယခင္ေကာင္ေလးကိုပဲ သြားယူခိုင္းျပန္ပါတယ္…။

ေကာင္ေလးဟာလည္း ဝမ္းသာအားရ ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး ယူလာခဲ့ပါတယ္…။ စာနယ္ဇင္းမိတ္ဆက္ပြဲၿပီးဆုံးခ်ိန္မွာေတာ့ သတင္း ေထာက္တစ္ခ်ိဳ႕က ေမးပါတယ္…။

“မစၥတာအက္ဒီဆင္ခင္ဗ်ား… မီးလုံးသြားယူတဲ့ေကာင္ေလးဟာဟိုတစ္ခါ သူ႔ေၾကာင့္ မီးလုံးက်ကြဲသြားဖူးတယ္မဟုတ္လား…ဆရာ့မွာ တစ္ျခားခိုင္းစရာလူေတြအမ်ားႀကီးရွိတဲ့အနက္က ဒီေကာင္ေလးကိုပဲ ဘာလို႔ျပန္ခိုင္းရတာလဲ…

ဒီတစ္ခါက်ကြဲသြားရင္ ေနာက္တစ္ခါ အခ်ိန္အမ်ားႀကီးျပန္ယူရမွာမစိုးရိမ္ဘူးလား …”လို႔ေမးပါသတဲ့…။ဒီေတာ့ အက္ဒီဆင္ႀကီးျပန္ေျဖလိုက္ပုံကေတာ့…

“က်ဳပ္တမင္တကာ သူ႔ကိုခိုင္းလိုက္တာဗ်… မီးလုံးထပ္ကြဲသြားရင္ က်ဳပ္ျပန္လုပ္လို႔ရပါတယ္…

ဒါေပမယ့္ ဒီတစ္ခါဒီေကာင္ေလးကို အခြင့္ အေရးေပးၿပီး ထပ္မခိုင္းခဲ့ရင္ဒီေကာင္ေလးရဲ႕ ႏွလုံးသားက်ကြဲသြားမွာဗ်…”လို႔ျပန္ေျဖလိုက္ပါေတာ့သတဲ့…။

ႏွလုံး သားဆိုတာ အင္မတန္ႏူးညံ့ပါတယ္…ကြဲေၾကသြားတဲ့ႏွလုံးသားကို ျပန္လည္ကုစားဖို႔ဆိုတာ အခ်ိန္ကာလသတ္မွတ္လို႔မရႏိုင္ပါဘူး…။

ကိုယ့္ေၾကာင့္ ဘယ္သူ႔ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔…။

ေလးစားစြာျဖင့္ credit – မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *