အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပုံ

အေထြအေထြဗဟုသုတ

အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပုံ

အိမ်ရှေ့ကိုယ်တော်ကြီးကို လုပ်ကြံခံရမည့်မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့ တက်ရာ ဗောင်းတော်ကျွတ်ကျလေသည်။ ထိုအခါ မိဖုရား လိူင်ထိပ်ထားက ကောက်ပေးရာ အရိပ်ထဲတွင် အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်သဖြင့် နိမိတ်မကောင်းပါ၊ လွှတ်တော်မတက်ရန် လျှောက်ထားပါတယ်။သို့သော် ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး ဆင်စီးပြီး လွှတ်တော်သွားတက် ပါတယ်။

ထိုအချိန်တွင် နန်းတော်အတွင်း မင်းသားတွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ရာ တူတော်မြင်းကွန်းတို့၏ လူပ်ရှားမူကား ပုံမှန် မဟုတ်သဖြင့် ကနောင်မင်းသားက လွှတ်တော်သို့ မတင်မီ ကိုယ်ရံတော်တပ် တို့ကို လွှတ်တော်အပြီး တွင် မြင်းကွန်းတို့ကို ဖမ်းလာရန် အ မိန့် ပေးထားခဲ့သည်။သို့သော် မြင်းကွန်းတို့က ငါတို့ကား မင်းသားဖြစ်သည်၊ ဘုရင်မှတပါး ငါ့တို့ကို မဖမ်းနိုင်ဆိုပြီး လာဖမ်းသည်ကို အာ ဏာဖီဆန်လေသည်။ မင်းတုန်းမင်းက လွှတ်တော်ကို ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေးကျင်းပရသည်။ကနောင်မင်းသားလည်း လွှတ်တော်(ယာယီ)တွင် စည်းဝေးနေစဉ် မြင်းကွန်းညီနောင်မှာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်းအတွင်း ပြေးဝင်လာသည်။

(ဥပဒေအရ လွှတ်တော်အစည်းအဝေး အတွင်း မည်သူမျှ လက်နက်ကိုင်လို့မရပါ။ထိုချိန် ကနောင်မင်းသားတွင် ဓားပါခြင်းမရှိပါ။ ) မင်းသားနှစ်ပါး ရန်ဖြစ်သလို လုပ်နေသဖြင့် မည်သူမျှ မတားနိုင်ခဲ့ပါ။ ထိုအချိန် သူရဲဝန်ဦးရွှေလုံးက မူမမှန် သည်ကို ရိပ်စားမိသဖြင့် ” ရန်သူတော်ဖြစ်ပါသည် ဘုရား ရှောင်တော်မူပါ” ဟု သတိပေးကာ လွှတ်တော်စောင့်နေသော ကိုယ်ရံတော်တပ်တွေကို “ ဟဲ့.. ကိုယ်ရံတော်များ သေနတ် ခဲယမ်းထိုးကြ” ဟု အမိန့်ပေးပြီး လွှတ်တော် လှေကားမှ ဆင်းလာကြ၏။ထိုချိန် မြင်းကွန်း၏ အသင့်ပုန်းနေ သော ငယ်ကျွန်တို့က လက်နက်ကိုယ်စီဖြင့် လွှတ်တော်စောင့် များကို သတ်ပြီး လွှတ်တော်ဝန်းအတွင်း စီနင်းလာနေ၏။

ထိုချိန် မြင်းကွန်းက သေနတ်ဝန်ကို ဓားဖြင့် အမိအရ ခုတ်မိလေသည်။ ကနောင်ကိုယ်တော်ကိုလည်း လိုက်လံခုတ်ရာ ကနောင်ကိုယ်တော်မှ မရှောင်နိုင်ခဲံ့ပဲ ဦးခေါင်းတော်ကို ခုတ်မိရာ ပြတ်တော်မူလေသည်။ ထိုချိန် လွှတ်တော်ရောက်လာသော မင်းသားသုံးပါး( မလွန်၊ပြင်စည်နှင့် စကု) တို့ကိုလည်း ထိုနေရာတွင် သတ်ပစ်လေသည်။ထိုခဏ မြို့ပြင်က လွှတ်တော်ကို မြင်းကွန်းတို့ အပိုင်စီးပြီးသားဖြစ်လေသည်။ ထိုအ ချိန်တွင် ယာယီစံနန်းတွင် လွှတ်တော်လာမတက်သေးသော မင်းတုန်းမင်းမှာ ထို သတင်းကို ကြားသဖြင့် မက္ခရာမင်းသားကိုယ်တိုင် ခမည်းတော်ကို ကျောပိုး ပြီး ထပြေး လေသည်။

လမ်းမှာ စကုမင်းသား၏ မြင်းထိန်း မြင်းစီးလာသည်ကို တွေ့သဖြင့် မြင်းစီးပြီး မြို့တော်တွင်းသို့ အလျင်အမြန်ဝင်နိုင်လေသည်။ ထိုအချိန် နန်းတော်အတွင်းရှိ လွှတ်တော်ကိုလည်း သူပုန်မြင်းကွန်း၏ တပ် သိမ်းပြီးလေပြီ။ ရှင်ဘုရင်မှာ မြေနန်းတော်အတွင်းမှ စစ်သည်တော် ၇၀ ကျော်ကျော် ဖြင့် ခုခံနေလေ၏။မြင်းကွန်းလည်း မြေနန်းတော်ကို ထိုးဖောက် ဖို့ကြိုးစားပေးမယ့် မထိုးဖောက်နိုင်ပါ။ မက္ခရာမင်းသားနှင့် မှူးမတ် တွေရဲ့ ကြိုးစားခုခံမူကြောင့် တံခါးနီကို မဖောက်နိုင်ပဲရှိနေလေ၏။

ထိုချိန်တွင် အိမ်ရှေ့ကိုယ် တော်၏ စစ်တဲတွင် ကျန်ခဲ့သော ကိုယ်ရံတော် တပ်သားများက လက်နက်သံစုံ ကြား၍ မြို့ပြင်လွှတ်တော်(ယာယီ)သို့ လိုက်ရာ အကြောင်းစုံကို မြင်သဖြင့် နန်းတော်တို့ အမှီလာကြကုန်၏။ထိုအခါ ကိုယ်ရံတော်တပ်တို့ကလည်း အနောက်ကနေ အသေတိုက်သဖြင့် မြင်းကွန်းဘက် တော်သားတို့ ဆုတ်ရလေသည်။ မြင်းကွန်းတို့လည်း အရေးနိမ့်သဖြင့် အသင့်ပြင်ထားသော မီးသင်္ဘောဖြင့် အင်္ဂလိပ်တို့အုပ်ချုပ်ရာ အောက်မြန်မာပြည်သို့ ပြေးလေသည်။

Credit – သုတစွယ်စုံကျမ်း

zawgyi

အိမ္ေရွ႕စံ ကေနာင္မင္းသားႀကီး လုပ္ႀကံခံရပုံ

အိမ္ေရွ႕ကိုယ္ေတာ္ႀကီးကို လုပ္ႀကံခံရမည့္မနက္မွာ အိမ္ေတာ္မွ အထြက္ ဆင္ေတာ္သို႔ တက္ရာ ေဗာင္းေတာ္ကြၽတ္က်ေလသည္။ ထိုအခါ မိဖုရား လိူင္ထိပ္ထားက ေကာက္ေပးရာ အရိပ္ထဲတြင္ အိမ္ေရွ႕ကိုယ္ေတာ္၏ ဦးေခါင္း ရိပ္ကိုမျမင္သျဖင့္ နိမိတ္မေကာင္းပါ၊ လႊတ္ေတာ္မတက္ရန္ ေလွ်ာက္ထားပါတယ္။သို႔ေသာ္ ကေနာင္မင္းသားက “ ငါ့ကို ရန္ျပဳႏိုင္သူ မေမြးေသး” ဆိုၿပီး ဆင္စီးၿပီး လႊတ္ေတာ္သြားတက္ ပါတယ္။

ထိုအခ်ိန္တြင္ နန္းေတာ္အတြင္း မင္းသားေတြနဲ႔ ပတ္သက္ၿပီး ေကာလဟလ ထြက္ရာ တူေတာ္ျမင္းကြန္းတို႔၏ လူပ္ရွားမူကား ပုံမွန္ မဟုတ္သျဖင့္ ကေနာင္မင္းသားက လႊတ္ေတာ္သို႔ မတင္မီ ကိုယ္ရံေတာ္တပ္ တို႔ကို လႊတ္ေတာ္အၿပီး တြင္ ျမင္းကြန္းတို႔ကို ဖမ္းလာရန္ အ မိန႔္ ေပးထားခဲ့သည္။သို႔ေသာ္ ျမင္းကြန္းတို႔က ငါတို႔ကား မင္းသားျဖစ္သည္၊ ဘုရင္မွတပါး ငါ့တို႔ကို မဖမ္းႏိုင္ဆိုၿပီး လာဖမ္းသည္ကို အာ ဏာဖီဆန္ေလသည္။ မင္းတုန္းမင္းက လႊတ္ေတာ္ကို ကိန္းခန္းအရ ၿမိဳ႕အျပင္တြင္ ထြက္ၿပီး လႊတ္ေတာ္စည္းေဝးက်င္းပရသည္။ကေနာင္မင္းသားလည္း လႊတ္ေတာ္(ယာယီ)တြင္ စည္းေဝးေနစဥ္ ျမင္းကြန္းညီေနာင္မွာ ရန္ျဖစ္သလို ဓားခ်င္းခုတ္ၿပီး လႊတ္ေတာ္ဝန္းအတြင္း ေျပးဝင္လာသည္။

(ဥပေဒအရ လႊတ္ေတာ္အစည္းအေဝး အတြင္း မည္သူမွ် လက္နက္ကိုင္လို႔မရပါ။ထိုခ်ိန္ ကေနာင္မင္းသားတြင္ ဓားပါျခင္းမရွိပါ။ ) မင္းသားႏွစ္ပါး ရန္ျဖစ္သလို လုပ္ေနသျဖင့္ မည္သူမွ် မတားႏိုင္ခဲ့ပါ။ ထိုအခ်ိန္ သူရဲဝန္ဦးေ႐ႊလုံးက မူမမွန္ သည္ကို ရိပ္စားမိသျဖင့္ ” ရန္သူေတာ္ျဖစ္ပါသည္ ဘုရား ေရွာင္ေတာ္မူပါ” ဟု သတိေပးကာ လႊတ္ေတာ္ေစာင့္ေနေသာ ကိုယ္ရံေတာ္တပ္ေတြကို “ ဟဲ့.. ကိုယ္ရံေတာ္မ်ား ေသနတ္ ခဲယမ္းထိုးၾက” ဟု အမိန႔္ေပးၿပီး လႊတ္ေတာ္ ေလွကားမွ ဆင္းလာၾက၏။ထိုခ်ိန္ ျမင္းကြန္း၏ အသင့္ပုန္းေန ေသာ ငယ္ကြၽန္တို႔က လက္နက္ကိုယ္စီျဖင့္ လႊတ္ေတာ္ေစာင့္ မ်ားကို သတ္ၿပီး လႊတ္ေတာ္ဝန္းအတြင္း စီနင္းလာေန၏။

ထိုခ်ိန္ ျမင္းကြန္းက ေသနတ္ဝန္ကို ဓားျဖင့္ အမိအရ ခုတ္မိေလသည္။ ကေနာင္ကိုယ္ေတာ္ကိုလည္း လိုက္လံခုတ္ရာ ကေနာင္ကိုယ္ေတာ္မွ မေရွာင္ႏိုင္ခဲံ့ပဲ ဦးေခါင္းေတာ္ကို ခုတ္မိရာ ျပတ္ေတာ္မူေလသည္။ ထိုခ်ိန္ လႊတ္ေတာ္ေရာက္လာေသာ မင္းသားသုံးပါး( မလြန္၊ျပင္စည္ႏွင့္ စကု) တို႔ကိုလည္း ထိုေနရာတြင္ သတ္ပစ္ေလသည္။ထိုခဏ ၿမိဳ႕ျပင္က လႊတ္ေတာ္ကို ျမင္းကြန္းတို႔ အပိုင္စီးၿပီးသားျဖစ္ေလသည္။ ထိုအ ခ်ိန္တြင္ ယာယီစံနန္းတြင္ လႊတ္ေတာ္လာမတက္ေသးေသာ မင္းတုန္းမင္းမွာ ထို သတင္းကို ၾကားသျဖင့္ မကၡရာမင္းသားကိုယ္တိုင္ ခမည္းေတာ္ကို ေက်ာပိုး ၿပီး ထေျပး ေလသည္။

လမ္းမွာ စကုမင္းသား၏ ျမင္းထိန္း ျမင္းစီးလာသည္ကို ေတြ႕သျဖင့္ ျမင္းစီးၿပီး ၿမိဳ႕ေတာ္တြင္းသို႔ အလ်င္အျမန္ဝင္ႏိုင္ေလသည္။ ထိုအခ်ိန္ နန္းေတာ္အတြင္းရွိ လႊတ္ေတာ္ကိုလည္း သူပုန္ျမင္းကြန္း၏ တပ္ သိမ္းၿပီးေလၿပီ။ ရွင္ဘုရင္မွာ ေျမနန္းေတာ္အတြင္းမွ စစ္သည္ေတာ္ ၇၀ ေက်ာ္ေက်ာ္ ျဖင့္ ခုခံေနေလ၏။ျမင္းကြန္းလည္း ေျမနန္းေတာ္ကို ထိုးေဖာက္ ဖို႔ႀကိဳးစားေပးမယ့္ မထိုးေဖာက္ႏိုင္ပါ။ မကၡရာမင္းသားႏွင့္ မႉးမတ္ ေတြရဲ႕ ႀကိဳးစားခုခံမူေၾကာင့္ တံခါးနီကို မေဖာက္ႏိုင္ပဲရွိေနေလ၏။

ထိုခ်ိန္တြင္ အိမ္ေရွ႕ကိုယ္ ေတာ္၏ စစ္တဲတြင္ က်န္ခဲ့ေသာ ကိုယ္ရံေတာ္ တပ္သားမ်ားက လက္နက္သံစုံ ၾကား၍ ၿမိဳ႕ျပင္လႊတ္ေတာ္(ယာယီ)သို႔ လိုက္ရာ အေၾကာင္းစုံကို ျမင္သျဖင့္ နန္းေတာ္တို႔ အမွီလာၾကကုန္၏။ထိုအခါ ကိုယ္ရံေတာ္တပ္တို႔ကလည္း အေနာက္ကေန အေသတိုက္သျဖင့္ ျမင္းကြန္းဘက္ ေတာ္သားတို႔ ဆုတ္ရေလသည္။ ျမင္းကြန္းတို႔လည္း အေရးနိမ့္သျဖင့္ အသင့္ျပင္ထားေသာ မီးသေဘၤာျဖင့္ အဂၤလိပ္တို႔အုပ္ခ်ဳပ္ရာ ေအာက္ျမန္မာျပည္သို႔ ေျပးေလသည္။

Credit – သုတစြယ္စုံက်မ္း

Leave a Reply

Your email address will not be published. Required fields are marked *