နွားလို မကျင့်နှင့် ကျွဲလို ကျင့်ပါ
ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှု့ခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ် ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူတွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။
အဲဒါကြောင့် ကျွန်တော်ဟာ..ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေ ချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုင်းတိုက်ရင်သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။ အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် ..တချိူ့ နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။ ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။
မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်း တည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။အဲဒီခဏလေးကိုကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။စိတ်ပူတယ်။ သောကရောက်တယ်။ကံကောင်းရင် ပြဿနာ အလိုလိုပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။
မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာ ခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်။ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီးနေမယ်ဆိုရင်ပြဿနာဟာ နောက်က လိုက်လာမှာပါ။ပြဿနာက ဒုက္ခပေးနေမှာပါ။
ပြဿနာဆိုတာ ဖြစ်လာရင်အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိူး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါ .. ပြဿနာ မဟုတ်ဘူး။ ဒါကြောင့်..ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလိုပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက်ဖြေရှင်းလိုက်ရင်..စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကိုကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။
Credit – ဆရာ ဗန်းမော်သိန်းဖေ
zawgyi
ႏြားလို မက်င့္ႏွင့္ ကြၽဲလို က်င့္ပါ
ကြၽန္ေတာ္ဟာ အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္ အလယ္ပိုင္းက ဘူလ္ဒါ႐ြာေလးမွာ ႀကီးျပင္းခဲ့ပါတယ္။ ေကာ္လိုရာဒိုနယ္ေျမဟာ လွပတဲ့ေက်ာက္ေတာင္ႀကီးေတြ ရွိတာေၾကာင့္ ရႈ႕ခင္းလွပလို႔ နာမည္ေက်ာ္ၾကားပါတယ္။ ေက်ာက္ေတာင္ေတြၾကားမွာ စိမ္းလန္းၿပီး က်ယ္ ျပန႔္တဲ့ ျမက္ခင္းလြင္ျပင္ႀကီးေတြ ရွိတယ္။ ႏြားစားက်က္လုပ္လို႔ ေနရာေကာင္းလို႔ အဲဒီမွာကြၽဲေတြေရာ၊ ႏြားေတြေရာ ေတြ႕ရတယ္။ ကမာၻေပၚမွာ ကြၽဲအုပ္နဲ႔ ႏြားအုပ္ကိုအတူတူေတြ႕ရတာ ဒီတေနရာထဲ ရွိပါတယ္။
အဲဒါေၾကာင့္ ကြၽန္ေတာ္ဟာ..ကြၽဲေတြနဲ႔ ႏြားေတြရဲ႕ သဘာဝကို ေသေသ ခ်ာခ်ာ ေလ့လာခြင့္ရခဲ့တယ္။ အဲဒီအထဲက ေလျပင္းမုန္တိုင္းတိုက္ရင္သူတို႔ရဲ႕ တုံ႔ျပန္ပုံ မတူၾကတာပါ။ အေနာက္ဖက္ကေန မုန္တိုင္းလာၿပီဆိုတာနဲ႔ ႏြားအုပ္ႀကီးဟာ အေရွ႕ဖက္ကို ေျပးၾကတယ္။ ႏြားဆိုတာက အေျပးသန္ၾကတာမွာ မဟုတ္ဘူး။ ဒါေၾကာင့္ မုန္တိုင္းဟာ ခဏနဲ႔ သူတို႔ကို မွီလာတယ္။ မုန္တိုင္းရဲ႕ ေလျပင္းဟာ ႏြားေတြကို ကစင့္ကရဲ လြင့္စင္သြားေစတယ္။ ဒါေၾကာင့္ ..တခ်ိဴ႕ ႏြားေတြဟာ က်ိဳးပဲ့ ဒဏ္ရာရကုန္ၾကတယ္။ ကြၽဲေတြက်ေတာ့ အဲဒီလို မဟုတ္ဘူး။ အေနာက္ဖက္က လာေနတဲ့ မုန္တိုင္းကို အားလုံးဟာ ရပ္ၿပီး ေစာင့္ေနၾကတယ္။
မုန္တိုင္းအနားကို ေရာက္ၿပီဆိုမွ မုန္တိုင္း တည့္တည့္ဆီကို အတင္းေျပးၾကတယ္။ ဒါေၾကာင့္ သူတို႔ဟာ မုန္တိုင္းေအာက္မွာ ၾကာၾကာမမိလိုက္ဘဲ ခဏနဲ႔ မုန္တိုင္းေအာက္က လြတ္သြားၾကတယ္။အဲဒီခဏေလးကိုႀကိတ္မွိတ္ေနလိုက္ေတာ့ ခဏပဲ ေဝဒနာခံစားရတယ္။ကြၽန္ေတာ္တို႔ဟာ ျပႆနာတစ္ခုခုနဲ႔ ႀကဳံလာရင္ အဲဒီကိစၥကိုပဲ ေတြးေနတယ္။စိတ္ပူတယ္။ ေသာကေရာက္တယ္။ကံေကာင္းရင္ ျပႆနာ အလိုလိုေပ်ာက္ကြယ္သြားမယ္လို႔ ထင္ေနတယ္။
မေပ်ာက္လို႔ ၾကာလာေတာ့ စိတ္ဆင္းရဲေဝဒနာ ခံစားေနရတယ္။ အဲဒါ ေကာ္လိုရာဒိုက ႏြားေတြလိုပါပဲ။မုန္တိုင္းနဲ႔ ေဝးရာဆီကို ေျပးလို႔ မုန္တိုင္းေအာက္မွာ ၾကာၾကာမိေနတယ္။ျပႆနာကို မေျဖရွင္းခ်င္လို႔ အခ်ိန္ဆြဲေနမယ္။ျပႆနာနဲ႔ ေဝးရာကို ထြက္ေျပးၿပီးေနမယ္ဆိုရင္ျပႆနာဟာ ေနာက္က လိုက္လာမွာပါ။ျပႆနာက ဒုကၡေပးေနမွာပါ။
ျပႆနာဆိုတာ ျဖစ္လာရင္ေအာင္းထားလို႔ မေကာင္းဘူး။ ျပႆနာဆိုတာ သူ႔ အလိုလို ေပ်ာက္သြားတာမ်ိဴး မဟုတ္ဘူး။ ေပ်ာက္သြားတယ္ဆိုရင္ အဲဒါ .. ျပႆနာ မဟုတ္ဘူး။ ဒါေၾကာင့္..ကြၽဲေတြ မုန္တိုင္းကို တည့္တည့္ဝင္တိုးလို႔မုန္တိုင္းနဲ႔ ခဏပဲ မိၿပီး ေဝဒနာမခံစားရသလိုျပႆနာကို မေရွာင္ပဲ ျမန္ျမန္ထက္ထက္ေျဖရွင္းလိုက္ရင္..စိတ္ညစ္၊ စိတ္ဆင္းရဲ ေသာကေဝဒနာကိုၾကာရွည္ခံစားရမွာ မဟုတ္ပါဘူး။
Credit – ဆရာ ဗန္းေမာ္သိန္းေဖ